Match Report Premier League

လိဒ်စ်ကို သရေကျပြီး မြို့ခံပြိုင်ဘက်ဆီ ချန်ပီယံဆုပေးဖို့ နီးလာတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ လိဒ်စ်ယူနိုက်တက်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး အလုပ်မဖြစ်တဲ့ တိုက်စစ်၊ ဘောလုံးပေးကိုင်ထားပြီး ကောင်တာမကစားရဘူးဆိုရင် ဘာလုပ်ရမှန်းမသိတဲ့ Match Plan တွေနဲ့ ဆိုးလ်ရှားတို့ အကြံကုန်သွားချိန်မှာ သရေပွဲတစ်ပွဲပဲ ဖြစ်သွားခဲ့ပါတယ်။

၄-၃-၃ ဆန်ဆန် ပွဲထွက်လာခဲ့တဲ့ ကစားကွက်မှာ အရင်ပွဲတွေက ခြေစွမ်းပြနေကျ ဂရင်းဝုဒ်က လိဒ်စ်ရဲ့ ခံစစ်နှစ်ထပ်ကြားမှာ ပိတ်မိနေခဲ့သလို ဘရူနို ဖာနန်ဒက်စ်ကတော့ ဖြုန်းတီးမှုတွေ များနေခဲ့ပြီး အဆုံးသတ် မကောင်းခဲ့တာဟာ ယူနိုက်တက်တို့ကို ဂိုးတွေနဲ့ ဝေးကွာစေခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေအနေနဲ့ အခွင့်အရေးတွေကို အသုံးချဖို့ အဆင်သင့် မရှိခဲ့တာကို တွေ့မြင်ခဲ့ရပြီး ပွဲချိန် ၁၉ မိနစ်မှာတော့ လုခ်ရှောရဲ့ ပင်နယ်တီဧရိယာထဲက လက်ထိဘောကို ဘောလုံးလောကကနေ အနားယူဖို့ ကောင်းနေပြီဖြစ်တဲ့ VAR ဒိုင် မိုက်ဒင်းန်က ပယ်ချသွားခဲ့လို့ လိဒ်စ်တို့ နစ်နာခဲ့ရပါတယ်။

VAR ဟာ လုံးဝ ယုံကြည်ဖို့ မကောင်းတဲ့ ဒိုင်အဖွဲ့ကို ပိုင်ဆိုင်ထားပြီး လက်ထိဘောကိုလည်း သူတို့ ဒိုင်လူကြီးတွေကြားမှာ အမျိုးမျိုး အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုနေကြသလို ရည်ရွယ်ချက်ရှိတာနဲ့ မရှိတာ၊ ခန္ဓာကိုယ်နဲ့ ဝေးတာ၊ ပိုကြီးအောင် ပြုလုပ်တာတွေကို ပြောဆိုနေကြပေမယ့် အင်္ဂလန်က မတိကျတဲ့ ဒိုင်တွေနဲ့တော့ ဘောလုံးပရိသတ်တွေအတွက် စိတ်ပျက်စရာပဲဖြစ်ခဲ့ရာမှာ လုခ်ရှောကို ပေါလ်စခိုးလ်ကတောင် လက်ထိဘောလို့ပဲ ပြောသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ယူနိုက်တက်တို့ ဖိကစားနိုင်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့ လှပတဲ့ ဖရီးကစ်ကို လိဒ်စ်ဂိုးသမား မေလီယေး ပုတ်ထုတ်နိုင်ခဲ့တာ တစ်ခုပဲ ရင်ခုန်စရာရှိခဲ့ပြီး ပထမပိုင်းဟာ ပွဲကောင်းတစ်ပွဲရဲ့ပုံစံကို မျှော်လင့်ထားသလောက် မပေးစွမ်းနိုင်ခဲ့ဘဲ ဂိုးမရှိသရေသာဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဖာနန်ဒက်စ်တစ်ယောက် ပိုလောလာခဲ့ပြီး ထိုးဖောက်မှုတွေမှာ အစွမ်းပြချင်ဇော များနေခဲ့သလို ပွဲချိန် ၅၆ မိနစ်မှာတော့ ဝန်ဘစ်ဆာကာရဲ့ ဖြတ်တင်ဘောကို ဒန်နီယယ်လ် ဂျိမ်းစ်ကန်ရင် အခွင့်အရေး ပိုကောင်းနိုင်ပေမယ့် သူကပဲ လုကန်သွားတဲ့အခါ တိုင်ဘေးကပဲ အလဟဿဖြစ်ခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်သင်းစလုံး ပုံစံကောင်းမှာ မရှိခဲ့တဲ့ Final Third က Final Touch တွေမှာ စိတ်ပျက်ဖို့ ကောင်းတဲ့ ပုံစံတွေနဲ့ နားလည်မှုတွေကိုပဲ ပြနေခဲ့ကြတာကြောင့် ဂိုးရဖို့ ဘယ်အသင်းကမှ မထိုက်တန်ခဲ့သလို ဇီးဇီးသရေနဲ့ ဘဲဥမကွဲဘဲ ပွဲပြီးဆုံးခဲ့ပြီး ယူနိုက်တက်တို့ကတော့ ငါးပွဲအကျန်မှာ ဆယ်မှတ်အကွာနဲ့ မန်ချက်စတာစီးတီးရဲ့ ချန်ပီယံဖြစ်ခွင့်ကို တားဆီးနိုင်ခြေ နည်းသွားခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ လိဒ္စ္ယူႏိုက္တက္ကို အေဝးကြင္းမွာ ခက္ခက္ခဲခဲ ရင္ဆိုင္ခဲ့ရၿပီး အလုပ္မျဖစ္တဲ့ တိုက္စစ္၊ ေဘာလုံးေပးကိုင္ထားၿပီး ေကာင္တာမကစားရဘူးဆိုရင္ ဘာလုပ္ရမွန္းမသိတဲ့ Match Plan ေတြနဲ႔ ဆိုးလ္ရွားတို႔ အႀကံကုန္သြားခ်ိန္မွာ သေရပြဲတစ္ပြဲပဲ ျဖစ္သြားခဲ့ပါတယ္။

၄-၃-၃ ဆန္ဆန္ ပြဲထြက္လာခဲ့တဲ့ ကစားကြက္မွာ အရင္ပြဲေတြက ေျခစြမ္းျပေနက် ဂရင္းဝုဒ္က လိဒ္စ္ရဲ႕ ခံစစ္ႏွစ္ထပ္ၾကားမွာ ပိတ္မိေနခဲ့သလို ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ ျဖဳန္းတီးမႈေတြ မ်ားေနခဲ့ၿပီး အဆုံးသတ္ မေကာင္းခဲ့တာဟာ ယူႏိုက္တက္တို႔ကို ဂိုးေတြနဲ႔ ေဝးကြာေစခဲ့ပါတယ္။

ဒီပြဲမွာ ယူႏိုက္တက္ကစားသမားေတြအေနနဲ႔ အခြင့္အေရးေတြကို အသုံးခ်ဖို႔ အဆင္သင့္ မရွိခဲ့တာကို ေတြ႕ျမင္ခဲ့ရၿပီး ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ လုခ္ေရွာရဲ႕ ပင္နယ္တီဧရိယာထဲက လက္ထိေဘာကို ေဘာလုံးေလာကကေန အနားယူဖို႔ ေကာင္းေနၿပီျဖစ္တဲ့ VAR ဒိုင္ မိုက္ဒင္းန္က ပယ္ခ်သြားခဲ့လို႔ လိဒ္စ္တို႔ နစ္နာခဲ့ရပါတယ္။

VAR ဟာ လုံးဝ ယုံၾကည္ဖို႔ မေကာင္းတဲ့ ဒိုင္အဖြဲ႕ကို ပိုင္ဆိုင္ထားၿပီး လက္ထိေဘာကိုလည္း သူတို႔ ဒိုင္လူႀကီးေတြၾကားမွာ အမ်ိဳးမ်ိဳး အဓိပၸါယ္ သတ္မွတ္ဖြင့္ဆိုေနၾကသလို ရည္႐ြယ္ခ်က္ရွိတာနဲ႔ မရွိတာ၊ ခႏၶာကိုယ္နဲ႔ ေဝးတာ၊ ပိုႀကီးေအာင္ ျပဳလုပ္တာေတြကို ေျပာဆိုေနၾကေပမယ့္ အဂၤလန္က မတိက်တဲ့ ဒိုင္ေတြနဲ႔ေတာ့ ေဘာလုံးပရိသတ္ေတြအတြက္ စိတ္ပ်က္စရာပဲျဖစ္ခဲ့ရာမွာ လုခ္ေရွာကို ေပါလ္စခိုးလ္ကေတာင္ လက္ထိေဘာလို႔ပဲ ေျပာသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ယူႏိုက္တက္တို႔ ဖိကစားႏိုင္ခဲ့ေပမယ့္ ရက္ရွ္ဖို႔ဒ္ရဲ႕ လွပတဲ့ ဖရီးကစ္ကို လိဒ္စ္ဂိုးသမား ေမလီေယး ပုတ္ထုတ္ႏိုင္ခဲ့တာ တစ္ခုပဲ ရင္ခုန္စရာရွိခဲ့ၿပီး ပထမပိုင္းဟာ ပြဲေကာင္းတစ္ပြဲရဲ႕ပုံစံကို ေမွ်ာ္လင့္ထားသေလာက္ မေပးစြမ္းႏိုင္ခဲ့ဘဲ ဂိုးမရွိသေရသာျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ဖာနန္ဒက္စ္တစ္ေယာက္ ပိုေလာလာခဲ့ၿပီး ထိုးေဖာက္မႈေတြမွာ အစြမ္းျပခ်င္ေဇာ မ်ားေနခဲ့သလို ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ဝန္ဘစ္ဆာကာရဲ႕ ျဖတ္တင္ေဘာကို ဒန္နီယယ္လ္ ဂ်ိမ္းစ္ကန္ရင္ အခြင့္အေရး ပိုေကာင္းႏိုင္ေပမယ့္ သူကပဲ လုကန္သြားတဲ့အခါ တိုင္ေဘးကပဲ အလဟႆျဖစ္ခဲ့ရပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္သင္းစလုံး ပုံစံေကာင္းမွာ မရွိခဲ့တဲ့ Final Third က Final Touch ေတြမွာ စိတ္ပ်က္ဖို႔ ေကာင္းတဲ့ ပုံစံေတြနဲ႔ နားလည္မႈေတြကိုပဲ ျပေနခဲ့ၾကတာေၾကာင့္ ဂိုးရဖို႔ ဘယ္အသင္းကမွ မထိုက္တန္ခဲ့သလို ဇီးဇီးသေရနဲ႔ ဘဲဥမကြဲဘဲ ပြဲၿပီးဆုံးခဲ့ၿပီး ယူႏိုက္တက္တို႔ကေတာ့ ငါးပြဲအက်န္မွာ ဆယ္မွတ္အကြာနဲ႔ မန္ခ်က္စတာစီးတီးရဲ႕ ခ်န္ပီယံျဖစ္ခြင့္ကို တားဆီးႏိုင္ေျခ နည္းသြားခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.