Premier League

ကစားသမားသစ္ေတြနဲ႔ လူငယ္ေတြအတြက္ ကူညီမွဳေတြ ျပဳလုပ္ေနေၾကာင္းေျပာလုိက္တဲ့ မာတာ

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္လူ ဟြမ္မာတာက သူ႕အေနနဲ႔ အသင္းကို ေရာက္ရွိလာခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္လို ကစားသမားသစ္ေတြနဲ႔ အကယ္ဒမီရဲ႕ အစြမ္းအစရွိတဲ့ လူငယ္ေလးေတြကို လမ္းညႊန္မွဳေတြ ျပဳလုပ္ေနၿပီး နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားရဲ႕ အသိအမွတ္ျပဳမွဳနဲ႔အတူ ကူညီေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

၂၀၁၄ ဇန္နဝါရီက ခ်ဲလ္ဆီးအသင္းကေန နည္းျပ ေမာ္ရင္ညဳိနဲ႔ မေျပလည္မွဳေတြအၾကားမွာ ေျပာင္းေရႊ႕လာခဲ့တဲ့ မာတာဟာ အုိးလ္ထရက္ဖုိ႔ဒ္မွာ ေက်နပ္ေလာက္ဖြယ္ေျခစြမ္းကို ပုိင္ဆုိင္ခဲ့ၿပီး Cup Tied ေတြ မိေနလို႔ ဖလားပြဲေတြ ကစားခြင့္မရတဲ့ ေရာက္ေရာက္ခ်င္းရာသီ ပရီးမီးယားလိဂ္ ၁၅ ပြဲမွာ ၆ ဂိုးသြင္းယူျပႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ အသင္းမွာ တစ္ေထာင့္တစ္ေနရာကေန တတ္ႏိုင္သေလာက္ ပါဝင္ကစားေပးေနတဲ့ ဒီစပိန္သားဟာ ဒီႏွစ္မွာဆုိရင္ သူ႕ရဲ႕ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ၇ ရာသီေျမာက္ ေဘာလုံးရာသီကို ျဖတ္သန္းေနခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ဂိုးမရေသးတဲ့ ပထမဆုံးရာသီလို႔ေတာ့ မွတ္တမ္းက လွပျခင္းမရွိခဲ့ေသးဘူးလို႔ သိရပါတယ္။

“ကၽြန္ေတာ့္ စိတ္ထဲမွာေတာ့ ကိုယ့္ကိုယ္ကို ငယ္ရြယ္တယ္လို႔ ထင္ေနတုန္းပါပဲ။ ဒါေပမယ့္ ျပန္စဥ္းစားၾကည့္လိုက္ေတာ့မွ ပေရာ္ဖက္ရွင္နယ္ အဆင့္မွာ ကစားခဲ့တာ ၁၂ ႏွစ္ ၁၃ ႏွစ္ေလာက္ရွိမွန္း သိေတာ့တယ္။ အဲ့ဒီေတာ့ ဒီအေတြ႕အႀကဳံေတြကို လူငယ္ေတြကို ျပန္လည္မွ်ေဝဖို႔ လုပ္ေဆာင္ေနၿပီး ကၽြန္ေတာ့္အထင္ ဒါကို နည္းျပကလည္း တန္ဖိုးထားတယ္လုိ႔ ယူဆပါတယ္။ ကၽြန္ေတာ္ကူညီခဲ့တဲ့အထဲမွာ အသစ္ေရာက္လာခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ အုိဒီယြန္ အီဂါလို၊ လူငယ္ေတြျဖစ္ၾကတဲ့ ဘရန္ဒန္ ဝီလီယမ္စ္၊ ခ်ဳံးဂီ(တာဟစ္ခ်ဳံး)၊ အန္ဟဲလ္ ဂိုမက္စ္နဲ႔ ဂ်င္မီ ဂါနာတုိ႔လည္း ပါဝင္ေနပါတယ္”လို႔ မာတာက သူ႕ရဲ႕ လက္ရွိတာဝန္ယူမွဳကို ေျပာျပပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မာတာဟာ ယူႏုိက္တက္ပထမလူစာရင္းရဲ႕ အသက္အႀကီးဆုံးကစားသမားေတြထဲက တစ္ဦးလည္းျဖစ္ၿပီး သူက အသင္းနဲ႔အတူ ဆုဖလားေတြ ထပ္ရခ်င္ေသးတယ္လုိ႔ ဆုိခဲ့ၿပီး ဒီအသင္းနဲ႔အတူ မရဖူးေသးတဲ့ ပရီးမီးယားလိဂ္ကိုလည္း ဦးစားေပးအျဖစ္ ထပ္မံကိုင္ေျမႇာက္ခ်င္တယ္လုိ႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဟွမ်မာတာက သူ့အနေနဲ့ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်လို ကစားသမားသစ်တွေနဲ့ အကယ်ဒမီရဲ့ အစွမ်းအစရှိတဲ့ လူငယ်လေးတွေကို လမ်းညွှန်မှုတွေ ပြုလုပ်နေပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ အသိအမှတ်ပြုမှုနဲ့အတူ ကူညီနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

၂၀၁၄ ဇန်နဝါရီက ချဲလ်ဆီးအသင်းကနေ နည်းပြ မော်ရင်ညိုနဲ့ မပြေလည်မှုတွေအကြားမှာ ပြောင်းရွှေ့လာခဲ့တဲ့ မာတာဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကျေနပ်လောက်ဖွယ်ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ပြီး Cup Tied တွေ မိနေလို့ ဖလားပွဲတွေ ကစားခွင့်မရတဲ့ ရောက်ရောက်ချင်းရာသီ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၆ ဂိုးသွင်းယူပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အသင်းမှာ တစ်ထောင့်တစ်နေရာကနေ တတ်နိုင်သလောက် ပါဝင်ကစားပေးနေတဲ့ ဒီစပိန်သားဟာ ဒီနှစ်မှာဆိုရင် သူ့ရဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ၇ ရာသီမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဂိုးမရသေးတဲ့ ပထမဆုံးရာသီလို့တော့ မှတ်တမ်းက လှပခြင်းမရှိခဲ့သေးဘူးလို့ သိရပါတယ်။

“ကျွန်တော့် စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကို ငယ်ရွယ်တယ်လို့ ထင်နေတုန်းပါပဲ။ ဒါပေမယ့် ပြန်စဉ်းစားကြည့်လိုက်တော့မှ ပရော်ဖက်ရှင်နယ် အဆင့်မှာ ကစားခဲ့တာ ၁၂ နှစ် ၁၃ နှစ်လောက်ရှိမှန်း သိတော့တယ်။ အဲ့ဒီတော့ ဒီအတွေ့အကြုံတွေကို လူငယ်တွေကို ပြန်လည်မျှဝေဖို့ လုပ်ဆောင်နေပြီး ကျွန်တော့်အထင် ဒါကို နည်းပြကလည်း တန်ဖိုးထားတယ်လို့ ယူဆပါတယ်။ ကျွန်တော်ကူညီခဲ့တဲ့အထဲမှာ အသစ်ရောက်လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ အိုဒီယွန် အီဂါလို၊ လူငယ်တွေဖြစ်ကြတဲ့ ဘရန်ဒန် ဝီလီယမ်စ်၊ ချုံးဂီ(တာဟစ်ချုံး)၊ အန်ဟဲလ် ဂိုမက်စ်နဲ့ ဂျင်မီ ဂါနာတို့လည်း ပါဝင်နေပါတယ်”လို့ မာတာက သူ့ရဲ့ လက်ရှိတာဝန်ယူမှုကို ပြောပြပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတာဟာ ယူနိုက်တက်ပထမလူစာရင်းရဲ့ အသက်အကြီးဆုံးကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပြီး သူက အသင်းနဲ့အတူ ဆုဖလားတွေ ထပ်ရချင်သေးတယ်လို့ ဆိုခဲ့ပြီး ဒီအသင်းနဲ့အတူ မရဖူးသေးတဲ့ ပရီးမီးယားလိဂ်ကိုလည်း ဦးစားပေးအဖြစ် ထပ်မံကိုင်မြှောက်ချင်တယ်လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.