Premier League

လင်ဂတ်ကို ချေဖျက်ခဲ့တဲ့ တူဟယ်လ်ရဲ့အကြံအစည်အပါအဝင် ဝက်ဟမ်းစ် 0-1 ချဲလ်ဆီး ပွဲအပြီး ထုတ်နုတ်ပြောစရာ 7 ချက်

လင်ဂတ်ကို ချေဖျက်ခဲ့တဲ့ တူဟယ်လ်ရဲ့အကြံအစည်
ဝက်စ်ဟမ်းတိုက်စစ်မှာ လျင်မြန်ပြီး ဖျတ်လတ်လှတဲ့ လင်ဂတ်နဲ့ ဘိုဝင်တို့ရဲ့ တိုက်စစ်အားသန်မှုကို တူဟယ်လ်ရဲ့အကြံအစည်အရ ဘယ်ညာခံစစ်တောင်ပံမှာ ဘန်ချေးလ်ဝဲလ်နဲ့ အက်ဇ်ပီလီကွေတားကို ခံစစ်အားပြုကစားစေခဲ့ပြီး ချေဖျက်ခဲ့တယ်။ ကောင်းလှပါတယ်ဆိုတဲ့ ဝက်စ်ဟမ်းရဲ့တိုက်စစ်ဟာ တူဟယ်လ်လက်ထဲမှာ ကျိုးပျက်သွားခဲ့တယ်။

ကျားသားမိုးကြိုး ဂိုးထသွင်းတဲ့ ဗာနာရဲ့အောင်ပွဲ
လွန်ခဲ့တဲ့ နိုဝင်ဘာနောက်ပိုင်း ချယ်လ်ဆီးအတွက် EPL သွင်းဂိုး တဂိုးသာသွင်းယူထားတဲ့ တီမိုဗာနာက ဖေဖော်ဝါရီနောက်ပိုင်း သူ့ရဲ့ ၁၀ ပွဲဆက် ဂိုးမိုးခေါင်မှုကို အဆုံးသတ်ပြီး ကျားသားမိုးကြိုး ဂိုးထသွင်းခဲ့လို့ ချယ်လ်ဆီးရဲ့အောင်ပွဲကို ဖြစ်တည်လာစေခဲ့တယ်။ တူဟယ်လ်အနေနဲ့ လာမယ့် ရီးရဲလ်နဲ့ပွဲမှာ သူ့ကို သေချာသုံးဖို့ စီစဥ်လာဖွယ်လည်း ရှိနေပါတယ်။

မောင့်+ဗာနာ+ပူလီရှစ်ချ်အတွဲက တူဟယ်လ်ရဲ့တိုက်စစ်အဖြေလား
ချယ်လ်ဆီးမှာ ခံစစ်ပိုင်းစုဖွဲ့မှုအားကောင်းပြီး မာကျောကျစ်လစ်သလောက် တူဟယ်လ်ခေါင်းအပူရဆုံးအပိုင်းက တိုက်စစ်အဖြေဖြစ်တယ်။ ချယ်လ်ဆီးလူစာရင်းက တောင့်တင်းလွန်းပေမယ့် ဆရာများလို့ သားသေနေတဲ့အနေအထားကနေ ဒီနေ့ပွဲက မောင့်+ဗာနာ+ပူလီရှစ်ချ်အတွဲဟာ ရီးရဲလ်ကို ကြိုတင်ခြိမ်း​​ခြောက်မှုတွေ လှစ်ဟပြသခဲ့တာက တိုက်စစ်ကို အားရစေခဲ့တယ်။

သံမဏိလိုမာကျောတဲ့ ကွန်တေ+ဂျော်ဂျင်ဟိုရဲ့ စိတ်နှလုံးပေါင်းစည်းမှု
ချယ်လ်ဆီးကွင်းလယ်မှာ ကွန်တေက ခြေစွာလှပါတယ်ဆိုတဲ့ ဘိုဝင်ကို ဝပ်သွားစေတဲ့အထိ ဂုဏ်ဆောင်ပြီးကစားသွားခဲ့တယ်။ ဂျော်ဂျင်ဟိုနဲ့ တွဲဖက်ပြီး ပွဲအတော်များများ နားလည်မှုရှိရှိ ချိတ်ဆက်လာခဲ့တဲ့အကျိုးက ဝက်စ်ဟမ်းရဲ့ တန်ပြန်တိုက်စစ်တိုင်းကို ဝါးမျိုသွားခဲ့တယ်။

ဒါက သံမဏိလိုမာကျောတဲ့ ကွန်တေ+ဂျော်ဂျင်ဟိုရဲ့ စိတ်နှလုံးပေါင်းစည်းမှုကို ပြသခဲ့လို့ ရီးရဲလ်ကိုလည်း တပ်လှန့်ပြီးသား ဖြစ်စေခဲ့တယ်။

အဆင့် ၄ အတွက် သာယာသွားပြီလား တူဟယ်လ်
အမှတ်တူအနေအထားကနေ ရပ်တည်ပြီး ဖိအားပေးနေတဲ့ ဝက်စ်ဟမ်းကို အနိုင်ကစားခဲ့လို့ ၃ မှတ်တိတိဖြတ်ပြီး အဆင့် ၄ မှာ မြဲမြဲမြံမြံ ဆက်နေနိုင်ခဲ့တဲ့ ချယ်လ်ဆီးက သူ့နေရာကို ဖိအားပေးနေတဲ့ ဝက်စ်ဟမ်း၊ လီဗာပူးလ်၊ စပါးစ်၊ အဲဗာတန် အသင်းတွေကြောင့် စိတ်ပူနေတဲ့ တူဟယ်လ်ရဲ့စိုးရိမ်မှုဟာ လီဗာပူးလ်ရဲ့သရေပွဲနဲ့အတူ သက်သာစေခဲ့ပြီး တချက်ခုတ်နှစ်ချက်ပြတ် သာယာစေခဲ့တယ်။

ဇီဒန်းကို မျက်ခုံးလှုပ်ပေတော့လို့ ပြဿနာရှာလိုက်သူ
တူဟယ်လ်က ချယ်လ်ဆီးကို ရောက်လာပြီးကတည်းက လူတယောက်သာ ခေါ်ယူထားပေမယ့် ခိုင်မာစနစ်ကျမှုနဲ့အတူ Clean Sheet တွေကို တောက်လျှောက်ယူလာခဲ့ရာကနေ FA ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ဆီမီးအထိ တွန်းတင်ခဲ့တာက ရန်သူကိုသတ်ပြီး ဦးရေကိုခွာယူနေတဲ့ မုဆိုးကြီးတပါးအလား ဇီဒန်းကိုလည်း ထပ်မံ မျက်ခုံးလှုပ်စေဦးမှာ သေချာတဲ့အကြောင်း ထပ်ပြီးသတိပေးလိုက်တဲ့ပွဲစဥ်လို့လည်း ဆိုရမှာပါ။

ဒဏ်ရာနဲ့ ပွဲပယ်တွေက ဒေးဗစ်မွိုက်စ်ရဲ့အိပ်မက်ကို ဖျက်ဆီးတော့မလား?
မျက်စိကျစရာကောင်းနေတဲ့ ဝက်စ်ဟမ်းရဲ့ကစားအားက ဒေကလန်ရိုက်စ်၊ အန်တိုနီယို၊ ခရက်စ်ဝဲလ်တို့လို အဓိကကစားသမားတွေရဲ့ ဒဏ်ရာကြောင့် အပွန်းအပဲ့တွေဖြစ်လာတာကို တွေ့ရတယ်။

ဒီ​နေ့ပွဲမှာ ခရိတ် ဒေါ်ဆန်လည်း ပွဲပယ်ကြောင့် လွဲချော်ခဲ့လို့ အင်အားပျော့နေခဲ့သလို အားကိုရတဲ့ ဗဟိုခံစစ်လူ ဘယ်လ်ဘွေနာကိုပါ ဆုံးရှူံးရဦးမှာလားဆိုတာက ဒေးဗစ်မွိုက်စ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို ဖျက်ဆီးလာနိုင်ဖွယ်လည်း ရှိနေတော့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လင္ဂတ္ကို ေခ်ဖ်က္ခဲ့တဲ့ တူဟယ္လ္ရဲ႕အႀကံအစည္
ဝက္စ္ဟမ္းတိုက္စစ္မွာ လ်င္ျမန္ၿပီး ဖ်တ္လတ္လွတဲ့ လင္ဂတ္နဲ႔ ဘိုဝင္တို႔ရဲ႕ တိုက္စစ္အားသန္မႈကို တူဟယ္လ္ရဲ႕အႀကံအစည္အရ ဘယ္ညာခံစစ္ေတာင္ပံမွာ ဘန္ေခ်းလ္ဝဲလ္နဲ႔ အက္ဇ္ပီလီေကြတားကို ခံစစ္အားျပဳကစားေစခဲ့ၿပီး ေခ်ဖ်က္ခဲ့တယ္။ ေကာင္းလွပါတယ္ဆိုတဲ့ ဝက္စ္ဟမ္းရဲ႕တိုက္စစ္ဟာ တူဟယ္လ္လက္ထဲမွာ က်ိဳးပ်က္သြားခဲ့တယ္။

က်ားသားမိုးႀကိဳး ဂိုးထသြင္းတဲ့ ဗာနာရဲ႕ေအာင္ပြဲ
လြန္ခဲ့တဲ့ ႏိုဝင္ဘာေနာက္ပိုင္း ခ်ယ္လ္ဆီးအတြက္ EPL သြင္းဂိုး တဂိုးသာသြင္းယူထားတဲ့ တီမိုဗာနာက ေဖေဖာ္ဝါရီေနာက္ပိုင္း သူ႔ရဲ႕ ၁၀ ပြဲဆက္ ဂိုးမိုးေခါင္မႈကို အဆုံးသတ္ၿပီး က်ားသားမိုးႀကိဳး ဂိုးထသြင္းခဲ့လို႔ ခ်ယ္လ္ဆီးရဲ႕ေအာင္ပြဲကို ျဖစ္တည္လာေစခဲ့တယ္။ တူဟယ္လ္အေနနဲ႔ လာမယ့္ ရီးရဲလ္နဲ႔ပြဲမွာ သူ႔ကို ေသခ်ာသုံးဖို႔ စီစဥ္လာဖြယ္လည္း ရွိေနပါတယ္။

ေမာင့္+ဗာနာ+ပူလီရွစ္ခ်္အတြဲက တူဟယ္လ္ရဲ႕တိုက္စစ္အေျဖလား
ခ်ယ္လ္ဆီးမွာ ခံစစ္ပိုင္းစုဖြဲ႕မႈအားေကာင္းၿပီး မာေက်ာက်စ္လစ္သေလာက္ တူဟယ္လ္ေခါင္းအပူရဆုံးအပိုင္းက တိုက္စစ္အေျဖျဖစ္တယ္။ ခ်ယ္လ္ဆီးလူစာရင္းက ေတာင့္တင္းလြန္းေပမယ့္ ဆရာမ်ားလို႔ သားေသေနတဲ့အေနအထားကေန ဒီေန႔ပြဲက ေမာင့္+ဗာနာ+ပူလီရွစ္ခ်္အတြဲဟာ ရီးရဲလ္ကို ႀကိဳတင္ၿခိမ္း​​ေျခာက္မႈေတြ လွစ္ဟျပသခဲ့တာက တိုက္စစ္ကို အားရေစခဲ့တယ္။

သံမဏိလိုမာေက်ာတဲ့ ကြန္ေတ+ေဂ်ာ္ဂ်င္ဟိုရဲ႕ စိတ္ႏွလုံးေပါင္းစည္းမႈ
ခ်ယ္လ္ဆီးကြင္းလယ္မွာ ကြန္ေတက ေျခစြာလွပါတယ္ဆိုတဲ့ ဘိုဝင္ကို ဝပ္သြားေစတဲ့အထိ ဂုဏ္ေဆာင္ၿပီးကစားသြားခဲ့တယ္။ ေဂ်ာ္ဂ်င္ဟိုနဲ႔ တြဲဖက္ၿပီး ပြဲအေတာ္မ်ားမ်ား နားလည္မႈရွိရွိ ခ်ိတ္ဆက္လာခဲ့တဲ့အက်ိဳးက ဝက္စ္ဟမ္းရဲ႕ တန္ျပန္တိုက္စစ္တိုင္းကို ဝါးမ်ိဳသြားခဲ့တယ္။

ဒါက သံမဏိလိုမာေက်ာတဲ့ ကြန္ေတ+ေဂ်ာ္ဂ်င္ဟိုရဲ႕ စိတ္ႏွလုံးေပါင္းစည္းမႈကို ျပသခဲ့လို႔ ရီးရဲလ္ကိုလည္း တပ္လွန္႔ၿပီးသား ျဖစ္ေစခဲ့တယ္။

အဆင့္ ၄ အတြက္ သာယာသြားၿပီလား တူဟယ္လ္
အမွတ္တူအေနအထားကေန ရပ္တည္ၿပီး ဖိအားေပးေနတဲ့ ဝက္စ္ဟမ္းကို အႏိုင္ကစားခဲ့လို႔ ၃ မွတ္တိတိျဖတ္ၿပီး အဆင့္ ၄ မွာ ၿမဲၿမဲၿမံၿမံ ဆက္ေနႏိုင္ခဲ့တဲ့ ခ်ယ္လ္ဆီးက သူ႔ေနရာကို ဖိအားေပးေနတဲ့ ဝက္စ္ဟမ္း၊ လီဗာပူးလ္၊ စပါးစ္၊ အဲဗာတန္ အသင္းေတြေၾကာင့္ စိတ္ပူေနတဲ့ တူဟယ္လ္ရဲ႕စိုးရိမ္မႈဟာ လီဗာပူးလ္ရဲ႕သေရပြဲနဲ႔အတူ သက္သာေစခဲ့ၿပီး တခ်က္ခုတ္ႏွစ္ခ်က္ျပတ္ သာယာေစခဲ့တယ္။

ဇီဒန္းကို မ်က္ခုံးလႈပ္ေပေတာ့လို႔ ျပႆနာရွာလိုက္သူ
တူဟယ္လ္က ခ်ယ္လ္ဆီးကို ေရာက္လာၿပီးကတည္းက လူတေယာက္သာ ေခၚယူထားေပမယ့္ ခိုင္မာစနစ္က်မႈနဲ႔အတူ Clean Sheet ေတြကို ေတာက္ေလွ်ာက္ယူလာခဲ့ရာကေန FA ဗိုလ္လုပြဲ၊ ခ်န္ပီယံလိဂ္ဆီမီးအထိ တြန္းတင္ခဲ့တာက ရန္သူကိုသတ္ၿပီး ဦးေရကိုခြာယူေနတဲ့ မုဆိုးႀကီးတပါးအလား ဇီဒန္းကိုလည္း ထပ္မံ မ်က္ခုံးလႈပ္ေစဦးမွာ ေသခ်ာတဲ့အေၾကာင္း ထပ္ၿပီးသတိေပးလိုက္တဲ့ပြဲစဥ္လို႔လည္း ဆိုရမွာပါ။

ဒဏ္ရာနဲ႔ ပြဲပယ္ေတြက ေဒးဗစ္မြိဳက္စ္ရဲ႕အိပ္မက္ကို ဖ်က္ဆီးေတာ့မလား?
မ်က္စိက်စရာေကာင္းေနတဲ့ ဝက္စ္ဟမ္းရဲ႕ကစားအားက ေဒကလန္႐ိုက္စ္၊ အန္တိုနီယို၊ ခရက္စ္ဝဲလ္တို႔လို အဓိကကစားသမားေတြရဲ႕ ဒဏ္ရာေၾကာင့္ အပြန္းအပဲ့ေတြျဖစ္လာတာကို ေတြ႕ရတယ္။

ဒီ​ေန႔ပြဲမွာ ခရိတ္ ေဒၚဆန္လည္း ပြဲပယ္ေၾကာင့္ လြဲေခ်ာ္ခဲ့လို႔ အင္အားေပ်ာ့ေနခဲ့သလို အားကိုရတဲ့ ဗဟိုခံစစ္လူ ဘယ္လ္ေဘြနာကိုပါ ဆုံးရႉံးရဦးမွာလားဆိုတာက ေဒးဗစ္မြိဳက္စ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္အိပ္မက္ကို ဖ်က္ဆီးလာႏိုင္ဖြယ္လည္း ရွိေနေတာ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.