Premier League

အဆုံးထိစိတ်ဓာတ်ကျနေတဲ့ မန်စီးတီးကို ဖလား ၃ လုံးလမ်းကြောင်းပေါ် ဂွါဒီယိုလာဘယ်လိုဆွဲတင်ခဲ့သလဲ

မန်စီးတီး အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုက ဒီရာသီတာထွက်မှာ အဆုံးထိစိတ်ဓာတ်ကျဆင်းနေတဲ့ မန်စီးတီးတသင်းလုံးကို ဟာရီကိန်းမုန်တိုင်းလို ပေါက်ကွဲစေပြီး ထူးထူးခြားခြား ပြောင်းလဲပစ်ခဲ့သလို ပရီးမီးယားလိဂ်ဖလားနဲ့ လက်တကမ်းအလိုကို ရောက်ရှိလာစေခဲ့တဲ့ နည်းပြဂွါဒီယိုလာရဲ့ လုပ်ဆောင်မှုတွေကို ဖွင့်ဟလာခဲ့ပါတယ်။

မန်စီးတီးဟာ လက်ရှိမှာ အဆင့် ၂ နေရာက ယူနိုက်တက်ကို ၁၁ မှတ်ဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို လီဗာပူးလ်အသင်းဆီက လက်လွှဲယူဖို့ အခြေအနေအကောင်းဆုံးဖြစ်နေပေမယ့် ရာသီအစပိုင်းမှာတော့ အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ဂွါဒီယိုလာရဲ့အသင်းက အခုလိုပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်မထားခဲ့ကြတာပါ။

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုသလို အမှတ်ပေးဇယားမှာ အဖြစ်ဆိုးကြုံပြီး စိတ်ဓာတ်တွေ အောက်ဆုံးထိစိုက်ဆင်းနေတဲ့ မန်စီးတီးဟာ ပေါက်ကွဲအားနဲ့အတူ နိုင်လိုစိတ်တွေပျောက်ဆုံးနေရာကနေ ဆန့်ကျင်ဘက်အဖြစ်ကို ပြောင်းလဲသွားခဲ့ပုံကို ဖာနန်ဒင်ညိုက အခုလိုပြောပါတယ်။

” ကျွန်တော်တို့ရဲ့ ခံယူချက်တွေ၊ အားထုတ်မှုတွေနဲ့ ကစားပုံတွေက သိသိသာသာကြီးကို ကျဆင်းနေခဲ့တာပါ။ ဘောလုံးပေးလိုက်ရင်တလွဲတွေနဲ့ လူဆီမရောက်သလို ဘောလုံးနောက်ကိုလည်း ပြန်မလိုက်ချင်ကြတော့ဘူး။ တသင်းလုံးက ကစားဖို့ကို စိတ်မပါလက်မပါနဲ့ ပျော့ညံ့လိုက်တာဗျာ ”

” ဒါက မန်စီးတီးအသင်းမဟုတ်ဘူး။ ကျွန်တော်တို့အစစ် မဟုတ်ဘူး။ ပရီးမီးယားလိဂ် ကို နှစ်နှစ်ဆက်တိုက် သိမ်းပိုက်ခဲ့တဲ့ မာနတွေ ဘယ်ရောက်သွားပြီလဲ? ဂွါဒီယိုလာက တရက်တော့ ကျွန်တော့်ကို ခေါ်တယ်။ အသင်းရဲ့ကပ္ပတိန်အနေနဲ့ပေါ့။ သူပြောစရာရှိတာတွေကို တဲ့တိုးပြောခဲ့တယ် ”

” ဒီအသင်းမှာ မင်းတို့ကစားမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ပါ။ ရာနှုန်းပြည့် မပေးဆပ်နိူင်ရင်တော့ အိမ်မှာပဲ အိပ်နေလိုက်ကြပါတော့။ ကွင်းထဲကို ဝင်ပြီဆိုတာနဲ့ ဘာဆင်ခြင်မှ မလိုချင်ဘူးတဲ့။ သူပြောတာဟာ မှန်ကန်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလားက သူများလက်ထဲပါသွားမှာကို ရပ်ကြည့်နေမလား? ”

” အဲဒီနောက်မှာတော့ ချယ်လ်ဆီးနဲ့ ကျွန်တော်တို့ ကစားရတယ်။ ဒီအသင်းက အမြင့်ပျံနေချိန်ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့က ပထမပိုင်းမှာတင် ၃ ဂိုးသွင်းချပစ်လိုက်တယ်။ အောင်စိတ်တွေ၊ ပေါက်ကွဲမှုတွေ၊ နိုင်လိုစိတ်တွေ၊ ငါတို့လုံးဝရှုံးလို့မရတဲ့ပွဲဆိုတဲ့ ဆာလောင်မှုတွေနဲ့ ကျွန်တော်တို့ စိတ်ဓာတ်တွေ ပြန်ရောက်လာခဲ့တယ် ” လို့ ဖာနန်ဒင်ညိုက ဆိုသွားခဲ့ပါတယ်။

မန်စီးတီးဟာ ချယ်လ်ဆီးနဲ့ နိုင်ပွဲအပြီးမှာ ဒီဇင်ဘာနဲ့ မတ်လအတွင်း ပရီးမီးယားလိဂ် ၁၅ ပွဲဆက် အနိုင်ရလဒ်ကို တည်ဆောက်နိုင်ခဲ့ပြီး ဘယ်အသင်းကမှ သူတို့ကို ကျော်လို့မရတဲ့ခြေစွမ်းကို ပြသခဲ့တယ်။

ဖလား ၄ လုံးလမ်းကြောင်းပေါ်ကနေ FA ဆီမီးကနေ ထွက်ခဲ့ရလို့ လက်ရှိမှာ ဂွါဒီယိုလာရဲ့ ဖလား ၃ လုံးအိပ်မက်က ဆက်လက်အသက်ဝင်နေဆဲဖြစ်ပြီး ဒီနေ့ညမှာ စပါးစ်နဲ့ကစားရမယ့် ကာရာဘောင်းဗိုလ်လုပွဲဟာ သူ့ရဲ့ ပထမခြေလှမ်းအဖြစ် အောင်မြင်နင်းပြီလားဆိုတာကတော့.။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္စီးတီးကြင္းလယ္လူ ဖာနန္ဒင္ညိဳက ဒီရာသီတာထြက္မွာ အဆုံးထိစိတ္ဓာတ္က်ဆင္းေနတဲ့ မန္စီးတီးတသင္းလုံးကို ဟာရီကိန္းမုန္တိုင္းလို ေပါက္ကြဲေစၿပီး ထူးထူးျခားျခား ေျပာင္းလဲပစ္ခဲ့သလို ပရီးမီးယားလိဂ္ဖလားနဲ႔ လက္တကမ္းအလိုကို ေရာက္ရွိလာေစခဲ့တဲ့ နည္းျပဂြါဒီယိုလာရဲ႕ လုပ္ေဆာင္မႈေတြကို ဖြင့္ဟလာခဲ့ပါတယ္။

မန္စီးတီးဟာ လက္ရွိမွာ အဆင့္ ၂ ေနရာက ယူႏိုက္တက္ကို ၁၁ မွတ္ျဖစ္ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို လီဗာပူးလ္အသင္းဆီက လက္လႊဲယူဖို႔ အေျခအေနအေကာင္းဆုံးျဖစ္ေနေပမယ့္ ရာသီအစပိုင္းမွာေတာ့ အဆင့္ ၈ ေနရာမွာ ရပ္တည္ေနတဲ့ ဂြါဒီယိုလာရဲ႕အသင္းက အခုလိုေျပာင္းလဲသြားလိမ့္မယ္လို႔ ဘယ္သူမွ ထင္မွတ္မထားခဲ့ၾကတာပါ။

ငုပ္မိသဲတိုင္ တက္ႏိုင္ဖ်ားေရာက္ဆိုသလို အမွတ္ေပးဇယားမွာ အျဖစ္ဆိုးႀကဳံၿပီး စိတ္ဓာတ္ေတြ ေအာက္ဆုံးထိစိုက္ဆင္းေနတဲ့ မန္စီးတီးဟာ ေပါက္ကြဲအားနဲ႔အတူ ႏိုင္လိုစိတ္ေတြေပ်ာက္ဆုံးေနရာကေန ဆန႔္က်င္ဘက္အျဖစ္ကို ေျပာင္းလဲသြားခဲ့ပုံကို ဖာနန္ဒင္ညိဳက အခုလိုေျပာပါတယ္။

” ကြၽန္ေတာ္တို႔ရဲ႕ ခံယူခ်က္ေတြ၊ အားထုတ္မႈေတြနဲ႔ ကစားပုံေတြက သိသိသာသာႀကီးကို က်ဆင္းေနခဲ့တာပါ။ ေဘာလုံးေပးလိုက္ရင္တလြဲေတြနဲ႔ လူဆီမေရာက္သလို ေဘာလုံးေနာက္ကိုလည္း ျပန္မလိုက္ခ်င္ၾကေတာ့ဘူး။ တသင္းလုံးက ကစားဖို႔ကို စိတ္မပါလက္မပါနဲ႔ ေပ်ာ့ညံ့လိုက္တာဗ်ာ ”

” ဒါက မန္စီးတီးအသင္းမဟုတ္ဘူး။ ကြၽန္ေတာ္တို႔အစစ္ မဟုတ္ဘူး။ ပရီးမီးယားလိဂ္ ကို ႏွစ္ႏွစ္ဆက္တိုက္ သိမ္းပိုက္ခဲ့တဲ့ မာနေတြ ဘယ္ေရာက္သြားၿပီလဲ? ဂြါဒီယိုလာက တရက္ေတာ့ ကြၽန္ေတာ့္ကို ေခၚတယ္။ အသင္းရဲ႕ကပၸတိန္အေနနဲ႔ေပါ့။ သူေျပာစရာရွိတာေတြကို တဲ့တိုးေျပာခဲ့တယ္ ”

” ဒီအသင္းမွာ မင္းတို႔ကစားမယ္ဆိုရင္ ၁၀၀ ရာခိုင္ႏႈန္း ေပးဆပ္ပါ။ ရာႏႈန္းျပည့္ မေပးဆပ္ႏိူင္ရင္ေတာ့ အိမ္မွာပဲ အိပ္ေနလိုက္ၾကပါေတာ့။ ကြင္းထဲကို ဝင္ၿပီဆိုတာနဲ႔ ဘာဆင္ျခင္မွ မလိုခ်င္ဘူးတဲ့။ သူေျပာတာဟာ မွန္ကန္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ဖလားက သူမ်ားလက္ထဲပါသြားမွာကို ရပ္ၾကည့္ေနမလား? ”

” အဲဒီေနာက္မွာေတာ့ ခ်ယ္လ္ဆီးနဲ႔ ကြၽန္ေတာ္တို႔ ကစားရတယ္။ ဒီအသင္းက အျမင့္ပ်ံေနခ်ိန္ေပါ့ဗ်ာ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ပထမပိုင္းမွာတင္ ၃ ဂိုးသြင္းခ်ပစ္လိုက္တယ္။ ေအာင္စိတ္ေတြ၊ ေပါက္ကြဲမႈေတြ၊ ႏိုင္လိုစိတ္ေတြ၊ ငါတို႔လုံးဝရႈံးလို႔မရတဲ့ပြဲဆိုတဲ့ ဆာေလာင္မႈေတြနဲ႔ ကြၽန္ေတာ္တို႔ စိတ္ဓာတ္ေတြ ျပန္ေရာက္လာခဲ့တယ္ ” လို႔ ဖာနန္ဒင္ညိဳက ဆိုသြားခဲ့ပါတယ္။

မန္စီးတီးဟာ ခ်ယ္လ္ဆီးနဲ႔ ႏိုင္ပြဲအၿပီးမွာ ဒီဇင္ဘာနဲ႔ မတ္လအတြင္း ပရီးမီးယားလိဂ္ ၁၅ ပြဲဆက္ အႏိုင္ရလဒ္ကို တည္ေဆာက္ႏိုင္ခဲ့ၿပီး ဘယ္အသင္းကမွ သူတို႔ကို ေက်ာ္လို႔မရတဲ့ေျခစြမ္းကို ျပသခဲ့တယ္။

ဖလား ၄ လုံးလမ္းေၾကာင္းေပၚကေန FA ဆီမီးကေန ထြက္ခဲ့ရလို႔ လက္ရွိမွာ ဂြါဒီယိုလာရဲ႕ ဖလား ၃ လုံးအိပ္မက္က ဆက္လက္အသက္ဝင္ေနဆဲျဖစ္ၿပီး ဒီေန႔ညမွာ စပါးစ္နဲ႔ကစားရမယ့္ ကာရာေဘာင္းဗိုလ္လုပြဲဟာ သူ႔ရဲ႕ ပထမေျခလွမ္းအျဖစ္ ေအာင္ျမင္နင္းၿပီလားဆိုတာကေတာ့.။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.