Premier League

အာဆင်နယ်က ဝီလော့ခ်ကြောင့် အသက်ရှုကျပ်ဦးမယ့် ကလော့ပ် လီဗာပူးလ် 1-1 ကာဆယ် ပွဲအပြီး ထုတ်နုတ်ပြောစရာ 7 ချက်

တိုက်စစ်ပိုင်းဖြုန်းတီးမှုနဲ့ ရင်ကွဲခဲ့ရတဲ့ လီဗာပူးလ်
လီဗာပူးလ်က ဂိုးကန်သွင်းချက် ၂၂ ကြိမ် အထိ ရှိခဲ့ပေမယ့် တဂိုးသာရခဲ့တာထက် ပိုပြီးဆိုးရွားတာက လီဗာပူးလ်ရဲ့ အဆုံးသတ်ပိုင်း ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ယူဆခံထားရတဲ့ မာနေးနဲ့ ဂျိုတာတို့ဟာ အထူး၊ အထူးကို ဂိုးဖြုန်းတီးပစ်ခဲ့ကြပါတယ်။

နှလုံးသည်းပွတ်ကို ဆွဲစုတ်ခံလိုက်ရတဲ့ ပရိသတ်တွေအတွက် ဘာပြန်လုပ်ပေးမလဲ
အကြောင်းရင်းကတော့ ဥရောစူပါလိဂ်နဲ့အတူ လီဗာပူးလ်အသင်းကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်တွေရဲ့ နှလုံးသည်းပွတ်ဟာ ဆွဲစုတ်ခံလိုက်ရလို ကိုယ့်ရဲ့ အမာခံအားပေးတဲ့အသင်းကို ပြန်လည်မြတ်နိုးနိုင်ဖို့ အချိန်တခုယူရတော့မှာဖြစ်တယ်။ လီဗာပူးလ်ရဲ့ ကွင်းတွင်းရလဒ်တွေက အကောင်းဘက်ကို ရောက်လာရင်တော့ ပရိသတ်တွေက စိတ်ပြေသွားဖို့ ရှိနေတာဟာ အသင်းပိုင်ရှင်တွေကို မုန်းတီးနေကြတာသက်သက်ဖြစ်ပြီး ကစားသမားတွေကိုတော့ သစ္စာရှိရှိ ဆက်လက်အားပေးနေတာကို တွေ့ရတယ်။

ရွှေဖိနပ်အတွက် ဟာရီကိန်းကို အပြိုင်စိန်ခေါ်လိုက်တဲ့ မိုဆာလား
ဒီနေ့ပွဲက သွင်းဂိုးက မိုဆာလားအတွက် လက်ရှိရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ ပြည့်သွားခဲ့တယ်။ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဟာရီကိန်းနဲ့ အပြိုင်စိန်ခေါ်လိုက်တဲ့ဂိုးဖြစ်လာခဲ့ပြီး ကိန်းထက် တဂိုးသာလျော့နည်းတာဖြစ်တယ်။ မိုဆာလားက EPL နောက်ဆုံး ၄ နှစ်မှာ ရွှေဖိနပ်ဆုကို ၃ ကြိမ်တိတိဆွတ်ခူးထားတာဟာ ဒဏ်ရာရထားတဲ့ ကိန်းကို ကောင်းကောင်းခြိမ်းခြောက်ဦးမှာပါ။

အထင်ကြီးစရာခြေစွမ်းနဲ့ ကြောက်စရာကောင်းခဲ့တဲ့ အယ်လ်ကန်တာရာ
ဒီရာသီက သူ့အတွက် ထူးဆန်းတဲ့ရာသီဖြစ်ပြီး ဘိုင်ယန်မှာ မြူးကြွခဲ့သလောက် အန်ဖီးလ်မှာ ဒဏ်ရာနဲ့ ရုန်းကန်ရပြီး EPL အသားကျမှုက ချက်ချင်းဖြစ်မလာခဲ့ပေမယ့် ဒီနေ့ညမှယ အထင်ကြီးစရာခြေစွမ်းနဲ့ ကြောက်စရာကောင်းခဲ့တဲ့ အယ်လ်ကန်တာရာက နယူးကာဆယ်ရဲ့ခံစစ်ကို ဘောလုံးလမ်းကြောင်းမျိုးစုံ အသုံးချပြီး ဖြိုခွဲသွားခဲ့တယ်ကို တွေ့ရတယ်။

အဝယ်စာရင်းထဲတိုးလာတဲ့ အလန်စိန့် မက်ဆင်မင်
၂၄ နှစ်သားက နယူးကာဆယ်အသင်းဖော်တွေထက် ခေါင်းတလုံးသာနေတဲ့ ခြေစွမ်းမျိုးကို ပြသပြီး သူ့စွမ်းဆောင်ရည်က ထိထိရောက်ရောက်ရှိခဲ့ပြီး လီဗာပူးလ်ခံစစ်ကို ခေါင်းမွေးထောင်စေခဲ့တယ်။ နောက်တဆင့်မြင့်တဲ့ ထက်မြက်မှုမျိုးနဲ့ ခြိမ်းခြောက်ခဲ့တဲ့ ပြင်သစ်တောင်ပံကစားသမားရဲ့ လက်ရှိခြေစွမ်းနဲ့ဆိုရင် လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကြီးတွေရဲ့ အဝယ်စာရင်းထဲမှာ သူ့ကို တွေ့လာရနိုင်ခြေလည်း ရှိလာပါတယ်။

၆ ဂိုးလောက် ရခဲ့သင့်တဲ့ပွဲကို မနိုင်ခဲ့လို့ အဆင့် ၄ အတွက် အသက်ရှုကျပ်ဦးမယ့် ကလော့ပ်
အန်ဖီးလ်မြေမှာ ပထမပိုင်း ဂိုးမရတော့တာ ၁၀ ပွဲဆက် ရှိလာခဲ့တဲ့မှတ်တမ်းကို မိုဆာလားက စောစောစီးစီး အဖွင့်ဂိုးနဲ့ လီဗာပူးလ်တိုက်စစ်ကို ရေတံခါးဖွင့်ချလိုက်သလို ဦးဆောင်ပြခဲ့ပေမယ့် ဂျိုတာက အပိုင်အခွင့်အရေး ၃ ကြိမ်လုံး ဖြုန်းတီးပစ်လိုက်တယ်။

မိုဆာလားပေးပို့လိုက်တဲ့ ဘောလုံးကိုလည်း မာနေးကဂိုးသမားနဲ့ တယောက်ချင်းအတွေ့မှာ အသုံးမချနိုင်ခဲ့ဘူး။ ဒါတွေက ကလော့ပ်ကိုလက်ကျန် ၅ ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ပါ့မလားဆိုတဲ့ သံသယတွေနဲ့ အသက်ရှုကျပ်စေသွားခဲ့ပါတယ်။ ကလော့ပ်တယောက် အိပ်ရေးပျက်ဦးမှာပါ။

ဝက်စ်ဟမ်း 0-1 ချယ်ဆီးပွဲကို အမြတ်မထုတ်နိုင်ချိန်မှာ ယူနိုက်တက်နဲ့ကစားရမယ်
နောက်တပွဲက ယူနိုက်တက်နဲ့ ကစားရတော့မှာဖြစ်လို့ အမှားအယွင်းမခံတော့ချိန်မှာ လီဗာပူးလ်ရဲ့ ဖောက်ထွက်နိုင်မှုက စိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။ ချယ်လ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ကလော့ပ်အတွက် အလင်းတခုဖြစ်ခဲ့ပေမယ့် လီဗာပူးလ်ကိုယ်တိုင်ကပဲ ပြန်အမှောင်ချခဲ့သလားလို့ စဉ်းစားစရာပါ။ နောက် ၅ ပွဲက အဆုံးအဖြတ်ပါ။ တရွေးသားမှ ဖြုန်းတီးမရတော့တဲ့ အခြေအနေကို လီဗာပူးလ်တိုက်စစ်က မြန်မြန်အသိဝင်ဖို့ လိုနေပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တိုက္စစ္ပိုင္းျဖဳန္းတီးမႈနဲ႔ ရင္ကြဲခဲ့ရတဲ့ လီဗာပူးလ္
လီဗာပူးလ္က ဂိုးကန္သြင္းခ်က္ ၂၂ ႀကိမ္ အထိ ရွိခဲ့ေပမယ့္ တဂိုးသာရခဲ့တာထက္ ပိုၿပီးဆိုး႐ြားတာက လီဗာပူးလ္ရဲ႕ အဆုံးသတ္ပိုင္း ျပႆနာကို ေျဖရွင္းေပးႏိုင္မယ္လို႔ ယူဆခံထားရတဲ့ မာေနးနဲ႔ ဂ်ိဳတာတို႔ဟာ အထူး၊ အထူးကို ဂိုးျဖဳန္းတီးပစ္ခဲ့ၾကပါတယ္။

ႏွလုံးသည္းပြတ္ကို ဆြဲစုတ္ခံလိုက္ရတဲ့ ပရိသတ္ေတြအတြက္ ဘာျပန္လုပ္ေပးမလဲ
အေၾကာင္းရင္းကေတာ့ ဥေရာစူပါလိဂ္နဲ႔အတူ လီဗာပူးလ္အသင္းကို ခ်စ္ျမတ္ႏိုးၾကတဲ့ ပရိသတ္ေတြရဲ႕ ႏွလုံးသည္းပြတ္ဟာ ဆြဲစုတ္ခံလိုက္ရလို ကိုယ့္ရဲ႕ အမာခံအားေပးတဲ့အသင္းကို ျပန္လည္ျမတ္ႏိုးႏိုင္ဖို႔ အခ်ိန္တခုယူရေတာ့မွာျဖစ္တယ္။ လီဗာပူးလ္ရဲ႕ ကြင္းတြင္းရလဒ္ေတြက အေကာင္းဘက္ကို ေရာက္လာရင္ေတာ့ ပရိသတ္ေတြက စိတ္ေျပသြားဖို႔ ရွိေနတာဟာ အသင္းပိုင္ရွင္ေတြကို မုန္းတီးေနၾကတာသက္သက္ျဖစ္ၿပီး ကစားသမားေတြကိုေတာ့ သစၥာရွိရွိ ဆက္လက္အားေပးေနတာကို ေတြ႕ရတယ္။

ေ႐ႊဖိနပ္အတြက္ ဟာရီကိန္းကို အၿပိဳင္စိန္ေခၚလိုက္တဲ့ မိုဆာလား
ဒီေန႔ပြဲက သြင္းဂိုးက မိုဆာလားအတြက္ လက္ရွိရာသီ ပရီးမီးယားလိဂ္ သြင္းဂိုး ၂၀ ျပည့္သြားခဲ့တယ္။ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုကို ဟာရီကိန္းနဲ႔ အၿပိဳင္စိန္ေခၚလိုက္တဲ့ဂိုးျဖစ္လာခဲ့ၿပီး ကိန္းထက္ တဂိုးသာေလ်ာ့နည္းတာျဖစ္တယ္။ မိုဆာလားက EPL ေနာက္ဆုံး ၄ ႏွစ္မွာ ေ႐ႊဖိနပ္ဆုကို ၃ ႀကိမ္တိတိဆြတ္ခူးထားတာဟာ ဒဏ္ရာရထားတဲ့ ကိန္းကို ေကာင္းေကာင္းၿခိမ္းေျခာက္ဦးမွာပါ။

အထင္ႀကီးစရာေျခစြမ္းနဲ႔ ေၾကာက္စရာေကာင္းခဲ့တဲ့ အယ္လ္ကန္တာရာ
ဒီရာသီက သူ႔အတြက္ ထူးဆန္းတဲ့ရာသီျဖစ္ၿပီး ဘိုင္ယန္မွာ ျမဴးႂကြခဲ့သေလာက္ အန္ဖီးလ္မွာ ဒဏ္ရာနဲ႔ ႐ုန္းကန္ရၿပီး EPL အသားက်မႈက ခ်က္ခ်င္းျဖစ္မလာခဲ့ေပမယ့္ ဒီေန႔ညမွယ အထင္ႀကီးစရာေျခစြမ္းနဲ႔ ေၾကာက္စရာေကာင္းခဲ့တဲ့ အယ္လ္ကန္တာရာက နယူးကာဆယ္ရဲ႕ခံစစ္ကို ေဘာလုံးလမ္းေၾကာင္းမ်ိဳးစုံ အသုံးခ်ၿပီး ၿဖိဳခြဲသြားခဲ့တယ္ကို ေတြ႕ရတယ္။

အဝယ္စာရင္းထဲတိုးလာတဲ့ အလန္စိန႔္ မက္ဆင္မင္
၂၄ ႏွစ္သားက နယူးကာဆယ္အသင္းေဖာ္ေတြထက္ ေခါင္းတလုံးသာေနတဲ့ ေျခစြမ္းမ်ိဳးကို ျပသၿပီး သူ႔စြမ္းေဆာင္ရည္က ထိထိေရာက္ေရာက္ရွိခဲ့ၿပီး လီဗာပူးလ္ခံစစ္ကို ေခါင္းေမြးေထာင္ေစခဲ့တယ္။ ေနာက္တဆင့္ျမင့္တဲ့ ထက္ျမက္မႈမ်ိဳးနဲ႔ ၿခိမ္းေျခာက္ခဲ့တဲ့ ျပင္သစ္ေတာင္ပံကစားသမားရဲ႕ လက္ရွိေျခစြမ္းနဲ႔ဆိုရင္ လာမယ့္အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အသင္းႀကီးေတြရဲ႕ အဝယ္စာရင္းထဲမွာ သူ႔ကို ေတြ႕လာရႏိုင္ေျခလည္း ရွိလာပါတယ္။

၆ ဂိုးေလာက္ ရခဲ့သင့္တဲ့ပြဲကို မႏိုင္ခဲ့လို႔ အဆင့္ ၄ အတြက္ အသက္ရႈက်ပ္ဦးမယ့္ ကေလာ့ပ္
အန္ဖီးလ္ေျမမွာ ပထမပိုင္း ဂိုးမရေတာ့တာ ၁၀ ပြဲဆက္ ရွိလာခဲ့တဲ့မွတ္တမ္းကို မိုဆာလားက ေစာေစာစီးစီး အဖြင့္ဂိုးနဲ႔ လီဗာပူးလ္တိုက္စစ္ကို ေရတံခါးဖြင့္ခ်လိုက္သလို ဦးေဆာင္ျပခဲ့ေပမယ့္ ဂ်ိဳတာက အပိုင္အခြင့္အေရး ၃ ႀကိမ္လုံး ျဖဳန္းတီးပစ္လိုက္တယ္။ မိုဆာလားေပးပို႔လိုက္တဲ့ ေဘာလုံးကိုလည္း မာေနးကဂိုးသမားနဲ႔ တေယာက္ခ်င္းအေတြ႕မွာ အသုံးမခ်ႏိုင္ခဲ့ဘူး။ ဒါေတြက ကေလာ့ပ္ကိုလက္က်န္ ၅ ပြဲမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရႏိုင္ပါ့မလားဆိုတဲ့ သံသယေတြနဲ႔ အသက္ရႈက်ပ္ေစသြားခဲ့ပါတယ္။ ကေလာ့ပ္တေယာက္ အိပ္ေရးပ်က္ဦးမွာပါ။

ဝက္စ္ဟမ္း 0-1 ခ်ယ္ဆီးပြဲကို အျမတ္မထုတ္ႏိုင္ခ်ိန္မွာ ယူႏိုက္တက္နဲ႔ကစားရမယ္
ေနာက္တပြဲက ယူႏိုက္တက္နဲ႔ ကစားရေတာ့မွာျဖစ္လို႔ အမွားအယြင္းမခံေတာ့ခ်ိန္မွာ လီဗာပူးလ္ရဲ႕ ေဖာက္ထြက္ႏိုင္မႈက စိတ္ဝင္စားစရာေကာင္းလာပါလိမ့္မယ္။ ခ်ယ္လ္ဆီးနဲ႔ ဝက္စ္ဟမ္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ကေလာ့ပ္အတြက္ အလင္းတခုျဖစ္ခဲ့ေပမယ့္ လီဗာပူးလ္ကိုယ္တိုင္ကပဲ ျပန္အေမွာင္ခ်ခဲ့သလားလို႔ စဥ္းစားစရာပါ။ ေနာက္ ၅ ပြဲက အဆုံးအျဖတ္ပါ။ တေ႐ြးသားမွ ျဖဳန္းတီးမရေတာ့တဲ့ အေျခအေနကို လီဗာပူးလ္တိုက္စစ္က ျမန္ျမန္အသိဝင္ဖို႔ လိုေနပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.