Premier League Serie A

မန္ခ်က္စတာစီးတီးနည္းျပေဟာင္း အီတလီသားရဲ႕ ဝမ္းနည္းစြာ ညည္းတြားခဲ့တဲ့ စကား

ၿပီးခဲ့တဲ့ မတ္လ ၁၉ ရက္ေန႔က ဒီေန႔ေခတ္မွာ အဆုိးရြားဆုံး ကူးစက္ေရာဂါႀကီးျဖစ္ပြားမွဳ စတင္ခဲ့ရာ တ႐ုတ္ႏုိင္ငံရဲ႕ လူအေသအေပ်ာက္ႏွဳန္းကို အီတလီႏုိင္ငံက အခ်ိန္တိုအတြင္းမွာပဲ ေက်ာ္တက္သြားခဲ့တဲ့ေနာက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ နည္းျပေဟာင္း အီတလီ လက္ေရြးစင္အသင္းမန္ေနဂ်ာ ေရာဘတ္တို မန္စီနီက ဒါဟာ ကမာၻေျမျပင္ေပၚက ငရဲပဲလို႔ ညည္းတြားလိုက္ပါတယ္။

စစ္တမ္းေကာက္ယူမွဳေတြအရ တ႐ုတ္ႏုိင္ငံမွာ ဇန္နဝါရီလ ၂၁ ရက္ေန႔မွာ စတင္ျဖစ္ပြားခဲ့တဲ့ ေရာဂါဆုိးႀကီးေၾကာင့္ လက္ရွိအခ်ိန္အထိ လူ ၃၂၆၁ ဦး ေသဆုံးမွဳရွိခဲ့တယ္လုိ႔ သိရၿပီး အီတလီႏုိင္ငံကေတာ့ စတင္ျဖစ္ပြားတဲ့ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ကေန ခုခ်ိန္အထိ ၅၄၇၆ ဦး ေသဆုံးခဲ့ၿပီလို႔လည္း သိရပါတယ္။

အီတလီႏုိင္ငံရဲ႕ တာဝန္ရွိသူေတြအေနနဲ႔ ေသဆုံးသူေတြရဲ႕ ခႏၶာကိုယ္ေတြကို မီးသၿဂဳႋဟ္စက္ေတြဆီ ပုိ႔ေဆာင္ရာမွာေတာင္ လက္ခံဖို႔ ျပည့္က်ပ္ေနခဲ့လို႔ နည္းပါးရာ ေဒသေတြဆီကို စစ္တပ္အင္အားေတြ အသုံးျပဳၿပီး ပုိ႔ေဆာင္ေနခဲ့ရခ်ိန္မွာ ကူးစက္သူေပါင္းလည္း ငါးေသာင္းကိုးေထာင္ေက်ာ္ရွိေနခဲ့ၿပီလို႔ ဆုိပါတယ္။

“စစ္တပ္ရဲ႕ ယာဥ္တန္းေတြနဲ႔ ေခါင္းတလားေတြကို သယ္သြားၾကတာကို ၾကည့္ရတာကေတာ့ မ်က္ႏွာကို အႀကိမ္ႀကိမ္ အထိုးခံလုိက္ရသလိုပါပဲဗ်ာ။ ဘယ္သူကမွ ဒီလိုမ်ဳိး ကမာၻေျမျပင္ေပၚကို ငရဲႀကီး ေရာက္လာလိမ့္မယ္လို႔ ႀကဳိေတြးထားၾကမွာ မဟုတ္ဘူး။ အထူးၾကပ္မတ္ကုသဖို႔ လုံေလာက္မွဳ မရွိလုိ႔ ေသဆုံးေနရတာေတြကလည္း လက္မခံႏိုင္စရာျဖစ္ေနေပမယ့္ သူတုိ႔ကို ကုသေပးေနၾကတဲ့ ဆရာဝန္ေတြကေတာ့ သူရဲေကာင္းေတြပါပဲ”လို႔ မန္စီနီက ဆုိပါတယ္။

ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းက အီတလီႏုိင္ငံ ဂ်ယ္ဆီၿမဳိ႕မွာ ေနထိုင္တဲ့ သူ႕ရဲ႕ငယ္သူငယ္ခ်င္းကို ဆုံး႐ွဳံးလုိက္ရတဲ့ မန္စီနီက သူ႕သူငယ္ခ်င္းကို လြမ္းဆြတ္သတိရေနသလို အဲ့ဒီၿမဳိ႕မွာ ေနထိုင္ဆဲျဖစ္တဲ့ မိဘေတြအတြက္လည္း စိတ္ပူေနတယ္လို႔ဆုိခဲ့ၿပီး ဘယ္လိုပဲျဖစ္ျဖစ္ ဒီေျမဒီေရကို ခြဲခြာမသြားဘဲ ဒီေနရာကပဲ မိမိအတြက္ လုံၿခဳံတယ္လို႔ ယုံၾကည္ေၾကာင္းလည္း ေျပာၾကာသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ဒီနေ့ခေတ်မှာ အဆိုးရွားဆုံး ကူးစက်ရောဂါကြီးဖြစ်ပွားမှု စတင်ခဲ့ရာ တရုတ်နိုင်ငံရဲ့ လူအသေအပျောက်နှုန်းကို အီတလီနိုင်ငံက အချိန်တိုအတွင်းမှာပဲ ကျော်တက်သွားခဲ့တဲ့နောက် မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဟောင်း အီတလီ လက်ရွေးစင်အသင်းမန်နေဂျာ ရောဘတ်တို မန်စီနီက ဒါဟာ ကမ္ဘာမြေပြင်ပေါ်က ငရဲပဲလို့ ညည်းတွားလိုက်ပါတယ်။

စစ်တမ်းကောက်ယူမှုတွေအရ တရုတ်နိုင်ငံမှာ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ရောဂါဆိုးကြီးကြောင့် လက်ရှိအချိန်အထိ လူ ၃၂၆၁ ဦး သေဆုံးမှုရှိခဲ့တယ်လို့ သိရပြီး အီတလီနိုင်ငံကတော့ စတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကနေ ခုချိန်အထိ ၅၄၇၆ ဦး သေဆုံးခဲ့ပြီလို့လည်း သိရပါတယ်။

အီတလီနိုင်ငံရဲ့ တာဝန်ရှိသူတွေအနေနဲ့ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်တွေကို မီးသဂြုႋဟ်စက်တွေဆီ ပို့ဆောင်ရာမှာတောင် လက်ခံဖို့ ပြည့်ကျပ်နေခဲ့လို့ နည်းပါးရာ ဒေသတွေဆီကို စစ်တပ်အင်အားတွေ အသုံးပြုပြီး ပို့ဆောင်နေခဲ့ရချိန်မှာ ကူးစက်သူပေါင်းလည်း ငါးသောင်းကိုးထောင်ကျော်ရှိနေခဲ့ပြီလို့ ဆိုပါတယ်။

“စစ်တပ်ရဲ့ ယာဉ်တန်းတွေနဲ့ ခေါင်းတလားတွေကို သယ်သွားကြတာကို ကြည့်ရတာကတော့ မျက်နှာကို အကြိမ်ကြိမ် အထိုးခံလိုက်ရသလိုပါပဲဗျာ။ ဘယ်သူကမှ ဒီလိုမျိုး ကမ္ဘာမြေပြင်ပေါ်ကို ငရဲကြီး ရောက်လာလိမ့်မယ်လို့ ကြိုတွေးထားကြမှာ မဟုတ်ဘူး။ အထူးကြပ်မတ်ကုသဖို့ လုံလောက်မှု မရှိလို့ သေဆုံးနေရတာတွေကလည်း လက်မခံနိုင်စရာဖြစ်နေပေမယ့် သူတို့ကို ကုသပေးနေကြတဲ့ ဆရာဝန်တွေကတော့ သူရဲကောင်းတွေပါပဲ”လို့ မန်စီနီက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အီတလီနိုင်ငံ ဂျယ်ဆီမြို့မှာ နေထိုင်တဲ့ သူ့ရဲ့ငယ်သူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့ မန်စီနီက သူ့သူငယ်ချင်းကို လွမ်းဆွတ်သတိရနေသလို အဲ့ဒီမြို့မှာ နေထိုင်ဆဲဖြစ်တဲ့ မိဘတွေအတွက်လည်း စိတ်ပူနေတယ်လို့ဆိုခဲ့ပြီး ဘယ်လိုပဲဖြစ်ဖြစ် ဒီမြေဒီရေကို ခွဲခွာမသွားဘဲ ဒီနေရာကပဲ မိမိအတွက် လုံခြုံတယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြာသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.