Match Report Premier League

တီမိုဗာနာ၏ အနိုင်ဂိုးကြောင့် အဆင့် ၄ နေရာကို အသာစီးရရှိသွားပြီဖြစ်တဲ့ ချဲလ်ဆီး

ဝက်စ်ဟမ်းအသင်းရဲ့ လန်ဒန်စတေဒီယမ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၃-၄-၃ ကစားကွက်ကို ကိုင်စွဲထားကြတဲ့ အသင်းနှစ်သင်းရဲ့ မတူညီတဲ့ ဗျူဟာတွေနဲ့ ပြိုင်ဆိုင်မှုတွေကို တွေ့ခဲ့ရပြီး တိုက်စစ်မှူးစစ်မပါတဲ့ ဟမ်းမားတွေရဲ့ ကောင်တာဦးစားပေး ကစားကွက်နဲ့ တူဟယ်လ်ရဲ့ ပိုမိုစိတ်ရှည်ပြီး ပုံဖော်တဲ့ ကစားကွက်တွေကို ြမင်ခဲ့ရပါတယ်။

ချဲလ်ဆီးတို့ရဲ့ ကစားပုံကတော့ ပိုမိုထိရောက်သလို တောင်ပံကနေ နေရာလွတ်ရှာဖွေနေတဲ့သူတွေဆီ ပို့ပေးပြီးမှ အတွင်းကို ြပန်ချိုးတဲ့ ကစားကွက်က အလုပ်ဖြစ်ခဲ့သလို ပွဲချိန် ၃ မိနစ်မှာ တီမို ဗာနာက ချော်ကန်ခဲ့ပြီး ၉ မိနစ်မှာ မေဆန်မောင့်ရဲ့ ကန်ချက်က ဂိုးသမား ဖာဘီယန်စကီးတည့်တည့်ကို ရောက်သွားခဲ့လို့ ကာကွယ်ခံခဲ့ရပါတယ်။

မေဆန်မောင့်နဲ့ ပူလီရှစ်ချ်တို့ရဲ့ ချဲလ်ဆီးတိုက်စစ်နဲ့ ကွန်တေ၊ ဂျော်ဂျင်ညိုတို့ရဲ့ ကွင်းလယ်အစုအဖွဲ့က ပွဲကို ပိုမိုစိုးမိုးနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုကို ၈၀ ရာခိုင်နှုန်းနီးပါး ကိုင်ကစားနိုင်ခဲ့ပေမယ့် အော့ဘွန်နာ၊ ဂျော့ပ်၊ ဘယ်လ်ဘွေနာတို့ရဲ့ ခံစစ်ကို ကျော်ဖို့ ခက်ခဲနေခဲ့ပြီး ဖာဘီယန်စကီးကလည်း နေရာယူမှန်နေခဲ့လို့ ပွဲက နည်းနည်းအေးနေခဲ့ပါတယ်။

တိုက်စစ်မှူးမပါတဲ့ ဝက်စ်ဟမ်းတိုက်စစ်ကတော့ တဖြည်းဖြည်းနဲ့ အလုပ်မဖြစ်တော့ဘဲ ချဲလ်ဆီးရဲ့ နောက်တန်းကို ဖိအားမပေးနိုင်တော့ဘဲ ပြိုင်ဘက်ရဲ့ ထိန်းချုပ်မှုအောက်ကို တဖြည်းဖြည်းရောက်လာခဲ့သလို လင်ဂတ်နဲ့ ဘိုဝင်တို့ကို ဖော်နယ်လ်စ်နဲ့ ဆိုးချက်ခ်တို့ လိုက်ပါချိတ်ဆက်နိုင်ခြင်းမရှိအောင် ဧည့်သည်တွေက ကောင်းကောင်းကြီး Pressing လုပ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန်နာရီဝက်ကျော်လာချိန်မှာတော့ ဝက်စ်ဟမ်းတို့ ကစားကွက်ပြန်မိလာခဲ့ပြီး မကြာခဏဆိုသလို ဖိအားပေးလာနိုင်ခဲ့သလို ခြိမ်းခြောက်လာမှုတွေကိုတော့ ချဲလ်ဆီးတို့ အဝါကတ်ပါယူပြီး ကာကွယ်နေရချိန်မှာ ဂိုးသမား မန်ဒီရဲ့ ဘောလုံးထိန်းသိမ်းပုံ ချို့ယွင်းမှုကို ပြိုင်ဘက်တွေ အသုံးမချနိုင်ခဲ့လို့သာ တော်ခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးစရခဲ့ပြီး ဂျော့ပ်ရဲ့ ဖိအားကို ရအောင် ရုန်းထွက်ခဲ့တဲ့ တီမို ဗာနာဆီက စတင်ခဲ့တဲ့ တိုက်စစ်ကနေ ပူလီရှစ်ချ်က ခင်းပေးခဲ့တာကို ဘယ်နောက်ခံလူ ချေးလ်ဝဲလ်က ချိုးပေးခဲ့ရာမှာ နားလည်မှုလြဲပြီး သူလိုလို ကိုယ်လိုလိုဖြစ်ပြီး မဖျက်နိုင်ခဲ့ကြတဲ့ ဘယ်လ်ဘွေနာနဲ့ ဆိုးချက်ခ်တို့ကြားကနေ ထွက်လာတဲ့ ဘောလုံးကို တီမို ဗာနာကပဲ ြပန်လည်အဆုံးသတ်နိုင်ခဲ့ြပီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ဦးဆောင်မှုကို ထပ်မံတိုးမြှင့်နိုင်တဲ့ အခွင့်အရေးကို လွဲချော်ခဲ့ပြီး မေဆန်မောင့်ရဲ့ ကန်ချက်ကို ဖာဘီယန်စကီး ကာကွယ်အပြီး ပြန်ထွက်အလာမှာ နောက်က ပါလာခဲ့တဲ့ တီမို ဗာနာက ပိတ်သွင်းခဲ့ပေမယ့် ဂိုးတိုင်ဘေးကနေ ထွက်သွားခဲ့လို့ ဝက်စ်ဟမ်းတို့ သက်သာခဲ့တာပါ။

ပွဲချိန် ၈၁ မိနစ်မှာတော့ VAR ကြည့်ပြီး လူစွမ်းကောင်းလုပ်နေကျဖြစ်တဲ့ ဒိုင်လူကြီး ခရစ္စ ကာဗန်းနားက ချေးဝဲလ်ကို ဘောလုံးဖျက်ထုတ်ရင်း အရှိန်နဲ့ ဆက်ကန်မိခဲ့တဲ့ ဝက်စ်ဟမ်းနောက်ခံလူ ဘယ်လ်ဘွေနာကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပြီး ပါရာဂွေးသားအနေနဲ့ ရည်ရွယ်ချက်မပါခဲ့ပေမယ့် ဒိုင်အတွက်တော့ လုံလောက်သွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးနည်းြပ တူဟယ်လ်အနေနဲ့ တီမို ဗာနာနဲ့ အက်ဇ်ပီလီကွေတာတို့နေရာမှာ အေဘရာဟမ်နဲ့ ရီးစ်ဂျိမ်းစ်တို့ကို ထည့်သွင်းပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို စောင့်ရှောက်ဖို့ ြပင်ဆင်လာခဲ့သလို ဆယ်ယောက်ကျန် ဝက်စ်ဟမ်းတို့ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့တဲ့သွားခဲ့ပုံပေါ်ပြီး သရေရဖို့တောင် အားပျော့သွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာတော့ တန်ပြန်တိုက်စစ်ကနေ ချဲလ်ဆီးတို့ အခွင့်အရေးတွေ ရခဲ့သေးပေမယ့် ကစားသမားတွေရဲ့ ဘောလုံးဦးနှောက်အကန့်အသတ်နဲ့ ဂိုးထပ်မရတော့ဘဲ ပထမပိုင်းက ရလဒ်အတိုင်း တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အဆင့် ၄ နေရာကို တက်ရောက်လာနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဝက်စ်ဟမ်းအသင်းရဲ့ လန်ဒန်စတေဒီယမ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၃-၄-၃ ကစားကွက်ကို ကိုင်စွဲထားကြတဲ့ အသင်းနှစ်သင်းရဲ့ မတူညီတဲ့ ဗျူဟာတွေနဲ့ ပြိုင်ဆိုင်မှုတွေကို တွေ့ခဲ့ရပြီး တိုက်စစ်မှူးစစ်မပါတဲ့ ဟမ်းမားတွေရဲ့ ကောင်တာဦးစားပေး ကစားကွက်နဲ့ တူဟယ်လ်ရဲ့ ပိုမိုစိတ်ရှည်ပြီး ပုံဖော်တဲ့ ကစားကွက်တွေကို မြင်ခဲ့ရပါတယ်။

ချဲလ်ဆီးတို့ရဲ့ ကစားပုံကတော့ ပိုမိုထိရောက်သလို တောင်ပံကနေ နေရာလွတ်ရှာဖွေနေတဲ့သူတွေဆီ ပို့ပေးပြီးမှ အတွင်းကို ပြန်ချိုးတဲ့ ကစားကွက်က အလုပ်ဖြစ်ခဲ့သလို ပွဲချိန် ၃ မိနစ်မှာ တီမို ဗာနာက ချော်ကန်ခဲ့ပြီး ၉ မိနစ်မှာ မေဆန်မောင့်ရဲ့ ကန်ချက်က ဂိုးသမား ဖာဘီယန်စကီးတည့်တည့်ကို ရောက်သွားခဲ့လို့ ကာကွယ်ခံခဲ့ရပါတယ်။

မေဆန်မောင့်နဲ့ ပူလီရှစ်ခ်ျတို့ရဲ့ ချဲလ်ဆီးတိုက်စစ်နဲ့ ကွန်တေ၊ ဂျော်ဂျင်ညိုတို့ရဲ့ ကွင်းလယ်အစုအဖွဲ့က ပွဲကို ပိုမိုစိုးမိုးနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုကို ၈၀ ရာခိုင်နှုန်းနီးပါး ကိုင်ကစားနိုင်ခဲ့ပေမယ့် အော့ဘွန်နာ၊ ဂျော့ပ်၊ ဘယ်လ်ဘွေနာတို့ရဲ့ ခံစစ်ကို ကျော်ဖို့ ခက်ခဲနေခဲ့ပြီး ဖာဘီယန်စကီးကလည်း နေရာယူမှန်နေခဲ့လို့ ပွဲက နည်းနည်းအေးနေခဲ့ပါတယ်။



ပွဲချိန် ၄၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးစရခဲ့ပြီး ဂျော့ပ်ရဲ့ ဖိအားကို ရအောင် ရုန်းထွက်ခဲ့တဲ့ တီမို ဗာနာဆီက စတင်ခဲ့တဲ့ တိုက်စစ်ကနေ ပူလီရှစ်ခ်ျက ခင်းပေးခဲ့တာကို ဘယ်နောက်ခံလူ ချေးလ်ဝဲလ်က ချိုးပေးခဲ့ရာမှာ နားလည်မှုလြဲပြီး သူလိုလို ကိုယ်လိုလိုဖြစ်ပြီး မဖျက်နိုင်ခဲ့ကြတဲ့ ဘယ်လ်ဘွေနာနဲ့ ဆိုးချက်ခ်တို့ကြားကနေ ထွက်လာတဲ့ ဘောလုံးကို တီမို ဗာနာကပဲ ပြန်လည်အဆုံးသတ်နိုင်ခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။



ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးနည်းပြ တူဟယ်လ်အနေနဲ့ တီမို ဗာနာနဲ့ အက်ဇ်ပီလီကွေတာတို့နေရာမှာ အေဘရာဟမ်နဲ့ ရီးစ်ဂျိမ်းစ်တို့ကို ထည့်သွင်းပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို စောင့်ရှောက်ဖို့ ပြင်ဆင်လာခဲ့သလို ဆယ်ယောက်ကျန် ဝက်စ်ဟမ်းတို့ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့တဲ့သွားခဲ့ပုံပေါ်ပြီး သရေရဖို့တောင် အားပျော့သွားခဲ့တာဖြစ်ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.