Match Report Premier League

ငှက်ကျားဆီ သရေကျဖို့ ကံပါလာခဲ့တော့ VAR နဲ့လည်း ယတြာမကျေခဲ့တဲ့ ကြိုးကြာနီ

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲကို နိုင်သင့်နိုင်ထိုက်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ပြီး တိုက်စစ်မှာ အင်ပြည့်အားပြည့် လူစုံထုတ်ကစားခဲ့သလို ၄-၂-၄ ပုံစံကို ခင်းကျင်းလာခဲ့ချိန်မှာ နယူးကာဆယ်လ်ကတော့ ခံစစ်ဦးစားပေးတဲ့ ၃-၅-၂ ကစားကွက်နဲ့ပဲ အန်းဖီးလ်မှာ ရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။

ဂိုးဧရိယာထဲမှာ Option များများရစေချင်လို့ မာနေး၊ ဂျိုတာ၊ ဖာမီနို၊ ဆာလားတို့ကို တစ်ပြိုင်နက်တည်း ပွဲထုတ်ခဲ့တဲ့ လီဗာပူးလ်တို့ အဖွင့်လှခဲ့ပြီး ပွဲချိန် ၃ မိနစ်မှာကတည်းက ဦးဆောင်နိုင်ခဲ့သလို ဘယ်တောင်ပံက ဖြတ်တင်ဘော ပြန်ကျလာတာကို အီဂျစ်သားက ဒီရာသီ ဂိုး ၂၀ မြောက်အဖြစ် သူ့ကို ကပ်ထားတဲ့ ရစ်ချီကို တစ်ပတ်လှည့်ပြီး ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ရဲ့ တောင်ပံတိုက်စစ်မှူး စန်မက်ဇီမန်ကတော့ နေရာစုံ ပြောင်းလဲထိုးဖောက်ရင်း လီဗာပူးလ်တို့ကို တောက်လျှောက် ဒုက္ခပေးနေခဲ့သလို မမီမကမ်းဖျက်တဲ့ အိုဇန် ကာဘက်ခ်ကို အဝါထိစေခဲ့ပြီး ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေ ခံခဲ့ရပေမယ့်လည်း ပြန်ထနိုင်ခဲ့ပြီး ပွဲချိန်ပြည့် အကောင်းဆုံးကစားသွားနိုင်ခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ ခံစစ်ကတော့ ဒီနေ့မှာ ဘယ်ခြမ်းညာခြမ်း အတွဲနှစ်တွဲ ကွဲနေခဲ့သလို လူကျွံဘောဖမ်းတာတွေမှာလည်း ဖရိုဖရဲဖြစ်နေခဲ့ပြီး ဂိုးသမား အယ်လစ်ဆန် ကာကွယ်မှုတွေ ကောင်းခဲ့လို့သာ ဂိုးပြန်မပေးရတာဖြစ်သလို ပွဲချိန် ၁၆ မိနစ်မှာ ဖက်ဒါရီကို ဖာနန်ဒက်ဇ်က ဂျိုတာရဲ့ မျက်နှာကို လက်နဲ့ ရိုက်ခဲ့တာ အနီမထိဘဲ အဝါထိခဲ့တာကတော့ ကံကောင်းလွန်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂျိုတာနဲ့ မာနေးတို့ အုပ်စုရဲ့ အခွင့်အရေး ဆယ်ကြိမ်လောက်ကို ဖြုန်းတီးပစ်မှုခဲ့ကြောင့်သာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာဖြစ်သလို ဆာလားကတော့ ဂိုးသမားကို လိမ်ပြီး ကန်နိုင်ရဲ့သားနဲ့ လောကြီးမှုကြောင့် လွတ်လွတ်ကျွတ်ကျွတ် ဂိုးရနိုင်ခွင့် လွဲခဲ့ရပြီး လီဗာပူးလ်တိုက်စစ်ပိုင်းက တော်တော်လေးကို ဆိုးရွားနေခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ နယူးကာဆယ်လ်တို့ အခွင့်အရေးတွေ ပိုရခဲ့ပြီး သူတို့ရဲ့ ဂိုးသမား ဒူဘရက်ဗ်ကာကတော့ ပထမဂိုးတုန်းကသာ အလစ် ခံလိုက်ရတာမို့ ဂိုးပေးရတာပါလို့ ဝင့်ကြွားနိုင်လောက်အောင် တည်ငြိမ်နေခဲ့သလို ဂိုးပေါက်တည့်လာတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်သွားခဲ့ပြီး ၈ ကြိမ်အထိ ပိတ်ဆို့နိုင်ခဲ့တာပါ။

ပွဲပြီးခါနီးမှာတော့ လီဗာပူးလ်တို့ ကစားအားအနည်းငယ်ကျသွားခဲ့သလို နယူးကာဆယ်လ်တို့ကတော့ ဒွိုက်ဂိုင်းလ်၊ ဝီလော့ခ်တို့လို တိုးအားကောင်းတဲ့သူတွေနဲ့ ပိုဖိလာခဲ့ပြီး ဖာဘင်ညိုတစ်ယောက် စန်မက်ဇီမန်ကို ဘောလုံးနဲ့ မတားနိုင်လို့ လူကိုပဲ ဖျက်ခဲ့ရပြီး အဝါထိခဲ့သလို မီလ်နာကတော့ အချိန်ဆွဲဖို့ ဒဏ်ရာရဟန်ဆောင်ခဲ့တာကလည်း အန်းဖီးလ်မှာ ရုပ်ပေါက်ခဲ့ပါတယ်။

ပွဲချိန် ၉၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ စန်မက်ဇီမန်ဆီက ထွက်ခဲ့တဲ့ ဘောလုံးကို အာနိုးလ်နဲ့ ကာဘက်ခ်တို့ နှစ်ယောက်ကြားက ပြေးထွက်သွားတဲ့ ကယ်လမ် ဝီလ်ဆန်က ဂိုးသမား အယ်လီဆန်နဲ့အတွေ့မှာ ပုတ်ထုတ်ခံရတာကို ထပ်ကန်ပြီး ချေပနိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးက သူ့ရဲ့လက်နဲ့ ထိခဲ့တာကြောင့် ဖီဖာရဲ့ တိုက်စစ်ကစားသမား လက်မထိရ ဥပဒေအရ VAR နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။

VAR ကြောင့် လီဗာပူးလ်တို့ အနိုင်ရတော့မယ်လို့ ထင်နေတုန်းမှာပဲ သရေကျဖို့ အကုသိုလ်ကြီးလွန်းနေပုံရတဲ့ လီဗာပူးလ်တို့ မရှောင်လွှဲနိုင်ခဲ့ပဲ ပွဲချိန် ၉၅ မိနစ်မှာတော့ လူစားဝင်အတွဲဖြစ်တဲ့ ဒွိုက်ဂိုင်းလ်က ခေါင်းတိုက်ချပေးတာကို ဝီလော့ခ်က ရောဘတ်ဆန်နဲ့ ကာဘက်ခ်တို့ကြားကနေ အပြင်းကန်သွင်းပြီး ချေပဂိုး ရယူသွားခဲ့လို့ အန်းဖီးလ်ရဲ့ ပရီးမီးယားလိဂ်အနိုင်ဟာ ဗီလာနဲ့တစ်ပွဲပဲ ခံခဲ့ပြီး ပျက်ပြယ်ခဲ့ရပြန်ပါတယ်။

ဒီနောက်ကျဂိုးကြောင့် အဆင့် ၄ ကို တက်လှမ်းနိုင်မယ့် အမှတ်နှစ်မှတ်ကို လီဗာပူးလ်တို့ ဆုံးရှုံးခဲ့ရသလို လာမယ့်ပွဲတွေမှာ ဆက်လက်ရုန်းကန်သွားရဖို့ ရှိနေပြီး လူမစုံသေးဘဲ မတည်ငြိမ်တဲ့ နောက်တန်းနဲ့ လူစုံပြီး အဆုံးသတ်မကောင်းတဲ့ ရှေ့တန်းတွေကို နည်းပြ ယာဂန် ကလော့ပ်တစ်ယောက် လာမယ့်ပွဲတွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မဖြစ်မနေ ကြိုးစားပြင်ဆင်ရဦးမှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲကို ႏိုင္သင့္ႏိုင္ထိုက္တဲ့ ေျခစြမ္းကို ပိုင္ဆိုင္ခဲ့ၿပီး တိုက္စစ္မွာ အင္ျပည့္အားျပည့္ လူစုံထုတ္ကစားခဲ့သလို ၄-၂-၄ ပုံစံကို ခင္းက်င္းလာခဲ့ခ်ိန္မွာ နယူးကာဆယ္လ္ကေတာ့ ခံစစ္ဦးစားေပးတဲ့ ၃-၅-၂ ကစားကြက္နဲ႔ပဲ အန္းဖီးလ္မွာ ရင္ဆိုင္လာခဲ့တာျဖစ္ပါတယ္။

ဂိုးဧရိယာထဲမွာ Option မ်ားမ်ားရေစခ်င္လို႔ မာေနး၊ ဂ်ိဳတာ၊ ဖာမီႏို၊ ဆာလားတို႔ကို တစ္ၿပိဳင္နက္တည္း ပြဲထုတ္ခဲ့တဲ့ လီဗာပူးလ္တို႔ အဖြင့္လွခဲ့ၿပီး ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက ဦးေဆာင္ႏိုင္ခဲ့သလို ဘယ္ေတာင္ပံက ျဖတ္တင္ေဘာ ျပန္က်လာတာကို အီဂ်စ္သားက ဒီရာသီ ဂိုး ၂၀ ေျမာက္အျဖစ္ သူ႔ကို ကပ္ထားတဲ့ ရစ္ခ်ီကို တစ္ပတ္လွည့္ၿပီး ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ရဲ႕ ေတာင္ပံတိုက္စစ္မႉး စန္မက္ဇီမန္ကေတာ့ ေနရာစုံ ေျပာင္းလဲထိုးေဖာက္ရင္း လီဗာပူးလ္တို႔ကို ေတာက္ေလွ်ာက္ ဒုကၡေပးေနခဲ့သလို မမီမကမ္းဖ်က္တဲ့ အိုဇန္ ကာဘက္ခ္ကို အဝါထိေစခဲ့ၿပီး ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေတြ ခံခဲ့ရေပမယ့္လည္း ျပန္ထႏိုင္ခဲ့ၿပီး ပြဲခ်ိန္ျပည့္ အေကာင္းဆုံးကစားသြားႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္ရဲ႕ ခံစစ္ကေတာ့ ဒီေန႔မွာ ဘယ္ျခမ္းညာျခမ္း အတြဲႏွစ္တြဲ ကြဲေနခဲ့သလို လူကြၽံေဘာဖမ္းတာေတြမွာလည္း ဖ႐ိုဖရဲျဖစ္ေနခဲ့ၿပီး ဂိုးသမား အယ္လစ္ဆန္ ကာကြယ္မႈေတြ ေကာင္းခဲ့လို႔သာ ဂိုးျပန္မေပးရတာျဖစ္သလို ပြဲခ်ိန္ ၁၆ မိနစ္မွာ ဖက္ဒါရီကို ဖာနန္ဒက္ဇ္က ဂ်ိဳတာရဲ႕ မ်က္ႏွာကို လက္နဲ႔ ႐ိုက္ခဲ့တာ အနီမထိဘဲ အဝါထိခဲ့တာကေတာ့ ကံေကာင္းလြန္းခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဂ်ိဳတာနဲ႔ မာေနးတို႔ အုပ္စုရဲ႕ အခြင့္အေရး ဆယ္ႀကိမ္ေလာက္ကို ျဖဳန္းတီးပစ္မႈခဲ့ေၾကာင့္သာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္သလို ဆာလားကေတာ့ ဂိုးသမားကို လိမ္ၿပီး ကန္ႏိုင္ရဲ႕သားနဲ႔ ေလာႀကီးမႈေၾကာင့္ လြတ္လြတ္ကြၽတ္ကြၽတ္ ဂိုးရႏိုင္ခြင့္ လြဲခဲ့ရၿပီး လီဗာပူးလ္တိုက္စစ္ပိုင္းက ေတာ္ေတာ္ေလးကို ဆိုး႐ြားေနခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ နယူးကာဆယ္လ္တို႔ အခြင့္အေရးေတြ ပိုရခဲ့ၿပီး သူတို႔ရဲ႕ ဂိုးသမား ဒူဘရက္ဗ္ကာကေတာ့ ပထမဂိုးတုန္းကသာ အလစ္ ခံလိုက္ရတာမို႔ ဂိုးေပးရတာပါလို႔ ဝင့္ႂကြားႏိုင္ေလာက္ေအာင္ တည္ၿငိမ္ေနခဲ့သလို ဂိုးေပါက္တည့္လာတိုင္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ကာကြယ္သြားခဲ့ၿပီး ၈ ႀကိမ္အထိ ပိတ္ဆို႔ႏိုင္ခဲ့တာပါ။

ပြဲၿပီးခါနီးမွာေတာ့ လီဗာပူးလ္တို႔ ကစားအားအနည္းငယ္က်သြားခဲ့သလို နယူးကာဆယ္လ္တို႔ကေတာ့ ဒြိဳက္ဂိုင္းလ္၊ ဝီေလာ့ခ္တို႔လို တိုးအားေကာင္းတဲ့သူေတြနဲ႔ ပိုဖိလာခဲ့ၿပီး ဖာဘင္ညိဳတစ္ေယာက္ စန္မက္ဇီမန္ကို ေဘာလုံးနဲ႔ မတားႏိုင္လို႔ လူကိုပဲ ဖ်က္ခဲ့ရၿပီး အဝါထိခဲ့သလို မီလ္နာကေတာ့ အခ်ိန္ဆြဲဖို႔ ဒဏ္ရာရဟန္ေဆာင္ခဲ့တာကလည္း အန္းဖီးလ္မွာ ႐ုပ္ေပါက္ခဲ့ပါတယ္။

ပြဲခ်ိန္ ၉၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန စန္မက္ဇီမန္ဆီက ထြက္ခဲ့တဲ့ ေဘာလုံးကို အာႏိုးလ္နဲ႔ ကာဘက္ခ္တို႔ ႏွစ္ေယာက္ၾကားက ေျပးထြက္သြားတဲ့ ကယ္လမ္ ဝီလ္ဆန္က ဂိုးသမား အယ္လီဆန္နဲ႔အေတြ႕မွာ ပုတ္ထုတ္ခံရတာကို ထပ္ကန္ၿပီး ေခ်ပႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးက သူ႔ရဲ႕လက္နဲ႔ ထိခဲ့တာေၾကာင့္ ဖီဖာရဲ႕ တိုက္စစ္ကစားသမား လက္မထိရ ဥပေဒအရ VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။

VAR ေၾကာင့္ လီဗာပူးလ္တို႔ အႏိုင္ရေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ သေရက်ဖို႔ အကုသိုလ္ႀကီးလြန္းေနပုံရတဲ့ လီဗာပူးလ္တို႔ မေရွာင္လႊဲႏိုင္ခဲ့ပဲ ပြဲခ်ိန္ ၉၅ မိနစ္မွာေတာ့ လူစားဝင္အတြဲျဖစ္တဲ့ ဒြိဳက္ဂိုင္းလ္က ေခါင္းတိုက္ခ်ေပးတာကို ဝီေလာ့ခ္က ေရာဘတ္ဆန္နဲ႔ ကာဘက္ခ္တို႔ၾကားကေန အျပင္းကန္သြင္းၿပီး ေခ်ပဂိုး ရယူသြားခဲ့လို႔ အန္းဖီးလ္ရဲ႕ ပရီးမီးယားလိဂ္အႏိုင္ဟာ ဗီလာနဲ႔တစ္ပြဲပဲ ခံခဲ့ၿပီး ပ်က္ျပယ္ခဲ့ရျပန္ပါတယ္။

ဒီေနာက္က်ဂိုးေၾကာင့္ အဆင့္ ၄ ကို တက္လွမ္းႏိုင္မယ့္ အမွတ္ႏွစ္မွတ္ကို လီဗာပူးလ္တို႔ ဆုံးရႈံးခဲ့ရသလို လာမယ့္ပြဲေတြမွာ ဆက္လက္႐ုန္းကန္သြားရဖို႔ ရွိေနၿပီး လူမစုံေသးဘဲ မတည္ၿငိမ္တဲ့ ေနာက္တန္းနဲ႔ လူစုံၿပီး အဆုံးသတ္မေကာင္းတဲ့ ေရွ႕တန္းေတြကို နည္းျပ ယာဂန္ ကေလာ့ပ္တစ္ေယာက္ လာမယ့္ပြဲေတြမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ မျဖစ္မေန ႀကိဳးစားျပင္ဆင္ရဦးမွာျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.