Premier League

လီဗာပူးလ္အသင္းဟာ ဆုဖလားနဲ႔ ထိုက္တန္တယ္လုိ႔ ေဒါသေတြကို ရင္ဆုိင္ရႏုိင္ေပမယ့္ ဝန္ခံလုိက္တဲ့ ရြန္နီ

မန္ခ်က္စတာယူႏုိက္တက္နဲ႔ အဲဗာတန္အသင္းတုိ႔ရဲ႕ တုိက္စစ္မွဴးေဟာင္း ဝိန္းရြန္နီက သူ႕အသင္းေဟာင္းႏွစ္သင္းနဲ႔ မဟာၿပဳိင္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံဆုနဲ႔ အမွန္တကယ္ ထိုက္တန္တဲ့ အသင္းျဖစ္တယ္လုိ႔ ဝန္ခံေျပာၾကားလုိက္ပါတယ္။

ဒီလို မွတ္ခ်က္ေပးေျပာၾကားခဲ့တာဟာ ရြန္နီအတြက္ေတာ့ လြယ္ကူတဲ့ ကိစၥေတာ့ မဟုတ္ဘဲ သူ႕အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြရဲ႕ အမ်က္ေဒါသကို ခံရႏုိင္သလို မာေဆးဆုိက္ရဲ႕ အျပာေရာင္ေတာ္ဖီေတြကလည္း သူ႕ကို ၾကည္မွာ မဟုတ္တာကို သိလ်က္နဲ႔ ႀကဳိးစားအားထုတ္ခဲ့ရတာလည္းျဖစ္ပါတယ္။

ရြန္နီဟာ ဒီရာသီမွာ လီဗာပူးလ္အသင္းရဲ႕ ကစားပုံဟာ လက္ဖ်ားခါေလာက္တဲ့ အေနအထားမွာ ရွိတယ္လုိ႔ ေျပာလိုက္ၿပီး လက္ရွိ ပရီးမီးယားလိဂ္ရာသီကို ၿပီးဆုံးေအာင္ ကစားဖို႔နဲ႔ ဒီလိုမဟုတ္ဘဲ ရပ္ဆုိင္းလုိက္ၿပီး ရလဒ္ေတြကို ပယ္ဖ်က္ေၾကာင္း ေၾကျငာမယ္ဆုိရင္ေတာ့ တကယ္ပဲ မမွ်တတဲ့ လုပ္ရပ္ျဖစ္လိမ့္မယ္လုိ႔လည္း ေျပာၾကားလုိက္ပါတယ္။

“လီဗာပူးလ္က ပရီးမီးယားလိဂ္ကို ေအာင္ျမင္မွဳရေတာ့မွာပဲ။ သူတုိ႔ရဲ႕ ကစားပုံေကာင္းမြန္မွဳဟာ လက္မခံလုိ႔ မရတဲ့အရာျဖစ္ၿပီး သူတုိ႔အေနနဲ႔ ဘယ္ေလာက္ႀကဳိးစားထားခဲ့တယ္ဆုိတာကို ျမင္ႏုိင္သလို ဆုနဲ႔လည္း ထိုက္တန္ၾကပါတယ္။ သူတုိ႔အေနနဲ႔ ႏွစ္ ၃၀ ေစာင့္ခဲ့ရတဲ့ အျဖစ္ကို ေတြးၾကည့္ၿပီး ဒါကို မေပးႏုိင္ဘူးဆုိရင္ေတာ့ လြန္လြန္းရာက်လိမ့္မယ္”လို႔ ရြန္နီက သည္တုိင္းမ္စ္ကို ေျပာၾကားလုိက္ပါတယ္။

ဒါ့အျပင္ ရြန္နီက အမွတ္ေပးၿပဳိင္ပြဲတစ္ခုဆုိတာ သူ႕ရဲ႕ ခ်န္ပီယံ၊ တန္းဆင္းတန္းတက္နဲ႔ ရပ္တည္မွဳအရ ရရွိႏုိင္တဲ့ အခြင့္အေရးေတြအားလုံး ျပည့္စုံရမွာျဖစ္ၿပီး တကယ္လုိ႔ ၿပီးဆုံးေအာင္ မကစားဘဲ ရပ္တန္႔လုိက္ရင္ ဝိုင္းၿပီး တရားစြဲၾကမယ့္သူေတြလည္း မနည္းႏုိင္ဘူးလို႔ သုံးသပ္လုိက္ၿပီး လာမယ့္ရာသီကို မကစားျဖစ္ရင္ေတာင္ လက္ရွိရာသီကိုေတာ့ အဆုံးသတ္ရမွာျဖစ္ေၾကာင္း ခုိင္ခိုင္မာမာ ေျပာၾကားသြားတယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက သူ့အသင်းဟောင်းနှစ်သင်းနဲ့ မဟာပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆုနဲ့ အမှန်တကယ် ထိုက်တန်တဲ့ အသင်းဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ဒီလို မှတ်ချက်ပေးပြောကြားခဲ့တာဟာ ရွန်နီအတွက်တော့ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘဲ သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ အမျက်ဒေါသကို ခံရနိုင်သလို မာဆေးဆိုက်ရဲ့ အပြာရောင်တော်ဖီတွေကလည်း သူ့ကို ကြည်မှာ မဟုတ်တာကို သိလျက်နဲ့ ကြိုးစားအားထုတ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ရွန်နီဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့ ကစားပုံဟာ လက်ဖျားခါလောက်တဲ့ အနေအထားမှာ ရှိတယ်လို့ ပြောလိုက်ပြီး လက်ရှိ ပရီးမီးယားလိဂ်ရာသီကို ပြီးဆုံးအောင် ကစားဖို့နဲ့ ဒီလိုမဟုတ်ဘဲ ရပ်ဆိုင်းလိုက်ပြီး ရလဒ်တွေကို ပယ်ဖျက်ကြောင်း ကြေငြာမယ်ဆိုရင်တော့ တကယ်ပဲ မမျှတတဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်လို့လည်း ပြောကြားလိုက်ပါတယ်။

“လီဗာပူးလ်က ပရီးမီးယားလိဂ်ကို အောင်မြင်မှုရတော့မှာပဲ။ သူတို့ရဲ့ ကစားပုံကောင်းမွန်မှုဟာ လက်မခံလို့ မရတဲ့အရာဖြစ်ပြီး သူတို့အနေနဲ့ ဘယ်လောက်ကြိုးစားထားခဲ့တယ်ဆိုတာကို မြင်နိုင်သလို ဆုနဲ့လည်း ထိုက်တန်ကြပါတယ်။ သူတို့အနေနဲ့ နှစ် ၃၀ စောင့်ခဲ့ရတဲ့ အဖြစ်ကို တွေးကြည့်ပြီး ဒါကို မပေးနိုင်ဘူးဆိုရင်တော့ လွန်လွန်းရာကျလိမ့်မယ်”လို့ ရွန်နီက သည်တိုင်းမ်စ်ကို ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ရွန်နီက အမှတ်ပေးပြိုင်ပွဲတစ်ခုဆိုတာ သူ့ရဲ့ ချန်ပီယံ၊ တန်းဆင်းတန်းတက်နဲ့ ရပ်တည်မှုအရ ရရှိနိုင်တဲ့ အခွင့်အရေးတွေအားလုံး ပြည့်စုံရမှာဖြစ်ပြီး တကယ်လို့ ပြီးဆုံးအောင် မကစားဘဲ ရပ်တန့်လိုက်ရင် ဝိုင်းပြီး တရားစွဲကြမယ့်သူတွေလည်း မနည်းနိုင်ဘူးလို့ သုံးသပ်လိုက်ပြီး လာမယ့်ရာသီကို မကစားဖြစ်ရင်တောင် လက်ရှိရာသီကိုတော့ အဆုံးသတ်ရမှာဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောကြားသွားတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.