Premier League

အာဆင္နယ္အေနနဲ႔ အူဘာမီယန္းကို လက္လႊတ္ရရင္ ဆုံးရွဳံးမွဳ ႀကီးမားႏုိင္

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ လက္ရွိဂိုးသြင္းဘုရင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို လက္လႊတ္ရမယ္ဆုိရင္ အသင္းအတြက္ ႀကီးမားတဲ့ ဆုံးရွဳံးမွဳျဖစ္လာႏုိင္ၿပီး သူတို႔အေနနဲ႔ ဂါဘြန္သားမရွိတဲ့ ေနာက္ရာသီေတြကို ေက်ာ္ျဖတ္ဖို႔ ႀကီးႀကီးမားမား ျပင္ဆင္မွဳေတြ ျပဳလုပ္ရႏိုင္သလို နည္းျပ အာတီတာအတြက္လည္း အက်ပ္အတည္းျဖစ္လာႏုိင္ေၾကာင္း ေဒးလီးေမးလ္က ဆုိပါတယ္။

အသင္းအတြက္ ဒီရာသီမွာ ပရီးမီးယားလိဂ္ဂိုး ၁၇ ဂိုးသြင္းယူထားခဲ့တဲ့ အူဘာမီယန္းဟာ အာဆင္နယ္အသင္းရဲ႕ ေျခအမွန္ဆုံးနဲ႔ အထူးခၽြန္ဆုံး ကစားသမားလည္းျဖစ္ၿပီး တြက္ခ်က္မွဳေတြအရ သူရဲ႕သြင္းဂိုးေတြကိုသာ ဖယ္ထုတ္ၾကည့္ရင္ ေျမာက္လန္ဒန္အသင္းအေနနဲ႔ တန္းဆင္းဇုန္ အဆင့္ ၁၉ မွာ ေရာက္ေနမယ္လုိ႔လည္း သိရပါတယ္။

နည္းျပ မုိက္ကယ္ အာတီတာအတြက္ေတာ့ အူဘာမီယန္းမရွိရင္ လူငယ္တုိက္စစ္မွဴး ဂါဘရီယယ္လ္ မာတီနယ္လီကိုသာ အဓိက အားကိုးရဖို႔ ရွိေနၿပီး က်န္တဲ့ ကစားသမားေတြကေတာ့ အဆုံးသတ္ပုိင္းမွာ အာမခံခ်က္ေပးႏုိင္သူမဟုတ္သလို ဒီအသက္ ၃၀ အရြယ္တုိက္စစ္မွဴးကို လက္ရွိမွာ ပီအက္စ္ဂ်ီ၊ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ဘာစီလိုနာအသင္းေတြက စိတ္ဝင္စားေနၾကတာပါ။

မွတ္တမ္းေတြအရေတာ့ အာဆင္နယ္အသင္းရဲ႕ ဒီရာသီမွာ ရရွိခဲ့တဲ့ ဂိုး ၄၀ မွာ အူဘာမီယန္းက ၄၃ ရာခိုင္ႏွဳန္းျဖစ္တဲ့ ၁၇ ဂိုးကို သြင္းယူေပးႏုိင္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြအတြက္လည္း အျမန္ဆုံး ပရီးမီးယားလိဂ္ဂိုး ၅၀ ျပည့္ေျမာက္မယ့္သူအျဖစ္ မွတ္တမ္းဝင္ႏုိင္ဖို႔ နီးစပ္ေနတာျဖစ္ၿပီး ဂိုးတစ္ဂိုးရဖို႔ ၾကာခ်ိန္မွာလည္း အသင္းဂႏၴဝင္ သီယာရီ အြန္နရီရဲ႕ ၁၂၂ မိနစ္စံခ်ိန္ေနာက္မွာ ၁၂၄ မိနစ္နဲ႔ ရပ္တည္ေနပါတယ္။

သြင္းဂိုးေတြအရ ရရွိခဲ့တဲ့ အမွတ္ေတြကို တြက္ခ်က္ၾကည့္ရင္ေတာ့ အူဘာမီယန္းဟာ ဒီရာသီမွာ အာဆင္နယ္အသင္းအတြက္ ၁၆ မွတ္ကို စုစည္းရယူေပးထားႏုိင္ၿပီး အသင္းလုိက္ရရွိထားတဲ့ ရမွတ္ ၄၀ နဲ႔ ယွဥ္ၾကည့္ရင္လည္း သိသာတဲ့ ပမာဏျဖစ္ေနတဲ့အတြက္ သူ႕ကို လက္လႊတ္ခဲ့ရမယ္ ဆုိရင္ေတာ့ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာေကာင္းတဲ့ အေျခအေနလည္းျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ လက်ရှိဂိုးသွင်းဘုရင် ပျယ်-အမ်မရိခ် အူဘာမီယန်းကို လက်လွှတ်ရမယ်ဆိုရင် အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လာနိုင်ပြီး သူတို့အနေနဲ့ ဂါဘွန်သားမရှိတဲ့ နောက်ရာသီတွေကို ကျော်ဖြတ်ဖို့ ကြီးကြီးမားမား ပြင်ဆင်မှုတွေ ပြုလုပ်ရနိုင်သလို နည်းပြ အာတီတာအတွက်လည်း အကျပ်အတည်းဖြစ်လာနိုင်ကြောင်း ဒေးလီးမေးလ်က ဆိုပါတယ်။

အသင်းအတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ဂိုး ၁၇ ဂိုးသွင်းယူထားခဲ့တဲ့ အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ ခြေအမှန်ဆုံးနဲ့ အထူးချွန်ဆုံး ကစားသမားလည်းဖြစ်ပြီး တွက်ချက်မှုတွေအရ သူရဲ့သွင်းဂိုးတွေကိုသာ ဖယ်ထုတ်ကြည့်ရင် မြောက်လန်ဒန်အသင်းအနေနဲ့ တန်းဆင်းဇုန် အဆင့် ၁၉ မှာ ရောက်နေမယ်လို့လည်း သိရပါတယ်။

နည်းပြ မိုက်ကယ် အာတီတာအတွက်တော့ အူဘာမီယန်းမရှိရင် လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီကိုသာ အဓိက အားကိုးရဖို့ ရှိနေပြီး ကျန်တဲ့ ကစားသမားတွေကတော့ အဆုံးသတ်ပိုင်းမှာ အာမခံချက်ပေးနိုင်သူမဟုတ်သလို ဒီအသက် ၃၀ အရွယ်တိုက်စစ်မှူးကို လက်ရှိမှာ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတွေက စိတ်ဝင်စားနေကြတာပါ။

မှတ်တမ်းတွေအရတော့ အာဆင်နယ်အသင်းရဲ့ ဒီရာသီမှာ ရရှိခဲ့တဲ့ ဂိုး ၄၀ မှာ အူဘာမီယန်းက ၄၃ ရာခိုင်နှုန်းဖြစ်တဲ့ ၁၇ ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေအတွက်လည်း အမြန်ဆုံး ပရီးမီးယားလိဂ်ဂိုး ၅၀ ပြည့်မြောက်မယ့်သူအဖြစ် မှတ်တမ်းဝင်နိုင်ဖို့ နီးစပ်နေတာဖြစ်ပြီး ဂိုးတစ်ဂိုးရဖို့ ကြာချိန်မှာလည်း အသင်းဂန္ထဝင် သီယာရီ အွန်နရီရဲ့ ၁၂၂ မိနစ်စံချိန်နောက်မှာ ၁၂၄ မိနစ်နဲ့ ရပ်တည်နေပါတယ်။

သွင်းဂိုးတွေအရ ရရှိခဲ့တဲ့ အမှတ်တွေကို တွက်ချက်ကြည့်ရင်တော့ အူဘာမီယန်းဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၁၆ မှတ်ကို စုစည်းရယူပေးထားနိုင်ပြီး အသင်းလိုက်ရရှိထားတဲ့ ရမှတ် ၄၀ နဲ့ ယှဉ်ကြည့်ရင်လည်း သိသာတဲ့ ပမာဏဖြစ်နေတဲ့အတွက် သူ့ကို လက်လွှတ်ခဲ့ရမယ် ဆိုရင်တော့ ပရိသတ်တွေအတွက် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.