Premier League

ဘ႐ူႏုိ ဖာနန္ဒက္စ္ဟာ ေခါင္းေဆာင္ေကာင္းတစ္ဦးလို႔ ခ်ီးက်ဴးလုိက္တဲ့ မန္ခ်က္စတာယူႏုိက္တက္ဂႏၴဝင္

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂႏၴဝင္အသင္းေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး ေက်ာနံပါတ္ ၇ နဲ႔ ထင္ရွားခဲ့ဖူးတဲ့ ဘ႐ိုင္ယန္ ေရာ့ဘ္ဆန္က ကြင္းလယ္လူသစ္ ဘ႐ူႏုိ ဖာနန္ဒက္စ္ရဲ႕ သဘာဝကိုက ေခါင္းေဆာင္ေကာင္းပီသသူတစ္ဦးျဖစ္ၿပီး ကြင္းထဲမွာ သူရွိေနတာဟာ အသင္းအတြက္ တစ္မူ ထူးျခားေစေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

ေရာ့ဘ္ဆန္က ဒီေပၚတူဂီကြင္းလယ္ကစားသမားဟာ မန္ခ်က္စတာယူႏုိက္တက္မွာ ႏွစ္ေပါင္းမ်ားစြာ လိုအပ္ေနခဲ့တဲ့ ေခါင္းေဆာင္မွဳ အရည္အခ်င္းနဲ႔ ျပည့္ဝသူျဖစ္ၿပီး အသင္းေဖာ္ေတြကို ေမာင္းႏွင္ေပးႏုိင္တဲ့သူကို ရရွိလိုက္တာဟာ အသင္းအတြက္ တန္ဖိုးရွိလွေၾကာင္းလည္း ဆုိပါတယ္။

စပုိ႔တင္းလစၥဘြန္းအသင္းကေန အုိးလ္ထရက္ဖို႔ဒ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၆၈ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဖာနန္ဒက္စ္ဟာ ကစားခဲ့ၿပီးတဲ့ ၉ ပြဲမွာ ၃ ဂိုးသြင္းယူႏိုင္ခဲ့သလို ၄ ဂိုး ဖန္တီးေပးႏုိင္ခဲ့ၿပီး ေျပာင္းေရႊ႕ေၾကးနဲ႔ ထုိက္တန္တဲ့ အရည္အေသြးကို ျပသေနတာျဖစ္ေၾကာင္း ယူႏုိက္တက္မွာ ၁၉၈၁ ခုႏွစ္ကေန ၁၉၉၄ ခုႏွစ္အထိ ၁၃ ႏွစ္ၾကာကစားခဲ့တဲ့ အသင္းေခါင္းေဆာင္ေဟာင္းက ဆုိပါတယ္။

“သူဟာ စပို႔တင္းလစၥဘြန္းမွာလည္း အသင္းေခါင္းေဆာင္အျဖစ္ ကူညီခဲ့ဖူးပါၿပီ။ ဒါဟာ ေမြးရာပါ အရည္အခ်င္းတစ္ခုျဖစ္ၿပီး ဘ႐ူႏုိအေနနဲ႔ ေကာင္းေကာင္းပုိင္ဆုိင္ထားပါတယ္။ သူ႕ရဲ႕အသင္းေဖာ္ေတြကို ေတာင္းဆုိေနတဲ့ ပုံစံကို ျမင္ရတာလည္း ေကာင္းပါတယ္။ သူဟာ ေရွ႕ကို ခ်ီတက္ဖို႔ပဲ ေတာင္းဆုိေနတဲ့ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ၿပီး လူေတြကို သူနဲ႔အတူပါလာေအာင္ တြန္းအားေပးႏုိင္သူလည္းျဖစ္ပါတယ္”လို႔ ေရာ့ဘ္ဆန္က ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဘ႐ူႏုိ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြက္ အေကာင္းဆုံး ပရီးမီးယားလိဂ္ကစားသမားဆုကိုလည္း ရယူႏုိင္ခဲ့ၿပီး အသင္းသစ္ကို ေရာက္ေရာက္ခ်င္းမွာ ဒီဆုကို ရရွိႏုိင္ခဲ့တဲ့ ၁၂ ဦးေျမာက္ကစားသမားလည္းျဖစ္ခဲ့ၿပီး သူ႕ေရွ႕မွာေတာ့ အသင္းေဖာ္ အန္တုိနီ မာစီယယ္လ္က ၂၀၁၅ စက္တင္ဘာလအတြက္ အခုလိုမ်ဳိး ရယူထားႏုိင္ခဲ့တယ္လုိ႔လည္း မွတ္တမ္းေတြအရ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျောနံပါတ် ၇ နဲ့ ထင်ရှားခဲ့ဖူးတဲ့ ဘရိုင်ယန် ရော့ဘ်ဆန်က ကွင်းလယ်လူသစ် ဘရူနို ဖာနန်ဒက်စ်ရဲ့ သဘာဝကိုက ခေါင်းဆောင်ကောင်းပီသသူတစ်ဦးဖြစ်ပြီး ကွင်းထဲမှာ သူရှိနေတာဟာ အသင်းအတွက် တစ်မူ ထူးခြားစေကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ရော့ဘ်ဆန်က ဒီပေါ်တူဂီကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်မှာ နှစ်ပေါင်းများစွာ လိုအပ်နေခဲ့တဲ့ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ပြည့်ဝသူဖြစ်ပြီး အသင်းဖော်တွေကို မောင်းနှင်ပေးနိုင်တဲ့သူကို ရရှိလိုက်တာဟာ အသင်းအတွက် တန်ဖိုးရှိလှကြောင်းလည်း ဆိုပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းကနေ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ကစားခဲ့ပြီးတဲ့ ၉ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့သလို ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ အရည်အသွေးကို ပြသနေတာဖြစ်ကြောင်း ယူနိုက်တက်မှာ ၁၉၈၁ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ ၁၃ နှစ်ကြာကစားခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်းက ဆိုပါတယ်။

“သူဟာ စပို့တင်းလစ္စဘွန်းမှာလည်း အသင်းခေါင်းဆောင်အဖြစ် ကူညီခဲ့ဖူးပါပြီ။ ဒါဟာ မွေးရာပါ အရည်အချင်းတစ်ခုဖြစ်ပြီး ဘရူနိုအနေနဲ့ ကောင်းကောင်းပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့အသင်းဖော်တွေကို တောင်းဆိုနေတဲ့ ပုံစံကို မြင်ရတာလည်း ကောင်းပါတယ်။ သူဟာ ရှေ့ကို ချီတက်ဖို့ပဲ တောင်းဆိုနေတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လူတွေကို သူနဲ့အတူပါလာအောင် တွန်းအားပေးနိုင်သူလည်းဖြစ်ပါတယ်”လို့ ရော့ဘ်ဆန်က ချီးကျူးသွားခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွက် အကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပြီး အသင်းသစ်ကို ရောက်ရောက်ချင်းမှာ ဒီဆုကို ရရှိနိုင်ခဲ့တဲ့ ၁၂ ဦးမြောက်ကစားသမားလည်းဖြစ်ခဲ့ပြီး သူ့ရှေ့မှာတော့ အသင်းဖော် အန်တိုနီ မာစီယယ်လ်က ၂၀၁၅ စက်တင်ဘာလအတွက် အခုလိုမျိုး ရယူထားနိုင်ခဲ့တယ်လို့လည်း မှတ်တမ်းတွေအရ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.