Analysis Premier League

မော်ရင်ညိုတစ်ယောက် စပါးစ်မှာ အင်္ဂလိပ်ကစားသမားထဲက လူယုံအသတ်ခံခဲ့ရတာလား?

စပါးစ်အသင်းဥက္ကဌ လီဗိုင်းအနေနဲ့ မော်ရင်ညိုကို လက်လွတ်စပယ် ထုတ်ပယ်ခဲ့တာဟာ တကယ့်ကို ကမူးရှူးထိုးလုပ်ရပ်ဖြစ်တယ်လို့ နေးလ်ဝါးနော့ခ်က ဝေဖန်သွားခဲ့သလို ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ မော်ရင်ညိုဟာ လူယုံအသတ်ခံခဲ့ရတာလို့ သူက ယူဆထားကြောင်း သိရပါတယ်။

လီဗိုင်းဟာ ကစားသမားအင်အားစုတွေရဲ့ ပါဝါကို မလွန်ဆန်နိုင်ခဲ့ဘဲ အသင်းကစားသမားတွေအလိုကျ မော်ရင်ညိုကို အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သူ့ရဲ့အဆိုအရ သိရပြီး မော်ရင်ညိုအားအကိုရဆုံး အင်္ဂလန်သားတယောက်က သူ့ကို သစ္စာ စဖောက်ခဲ့တယ်လို့ အတပ်ပြောသွားခဲ့တာပါ။

စပါးစ်အသင်းအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း ကာရာဘောင်ဗိုလ်လုပွဲကို ကစားဖို့ ရှိနေချိန်မှာ မော်ရင်ညိုကို ထုတ်ပယ်ခဲ့ခြင်းက အခု အရမ်းပွဲဆူနေတဲ့ စူပါလိဂ်ပြိုင်ပွဲရဲ့စနက်ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကလည်း အလျှိိုအလျှို ထွက် ပေါ်နေပါသေးတယ်။

လီဗိုင်းရဲ့ မဆင်မခြင်လုပ်ရပ်ဟာ နည်းပြတွေကို မလေးစားမှုဖြစ်ပြီး နည်းပြထက် ကစားသမားတွေကို သြဇာအာဏာပိုပေးထါးတဲ့ သဘောတရားကိုလည်း ဝါးနော့က ထောက်ပြသွားခဲ့ပြီး လီဗိုင်းရဲ့ ဆုံးဖြတ်ချက်ကိုလည်း မေးခွန်းထုတ်သွားခဲ့တာပါ။

” မော်ရင်ညိုကို ခပ်လွယ်လွယ် ထုတ်ခဲ့တဲ့လုပ်ရပ်က လက်ခံချင်စရာ တစက်မှမရှိဘူး။ ကစားသမားတွေက မနှစ်မြို့လို့သာ သူ့ကို အထုတ်ခံရအောင် ဝိုင်းလုပ်လိုက်ကြတာပါ။ ဒါကို အတိတ်ကဖြစ်စဥ်တွေမှာလည်း တွေ့ခဲ့ပြီးပါပြီ”

“စိတ်အချဥ်ပေါက်နေတဲ့ ကစားသမားတွေက နောက်ကျောကို ဓားနဲ့ဝိုင်းထိုးကြတဲ့ မော်ဒန်ဘောလုံးလောကကိုးဗျာ။ အသင်းပိုင်ရှင်တွေက ကစားသမားပါဝါကို ရှေ့တန်းတင်လာကြပြီဗျ။ နည်းပြရဲ့လုပ်ပိုင်ခွင့်ဆိုတာဘာလဲ? ”

” စပါးစ်ရဲ့ နောက်ဆုံးပွဲစဥ်တချို့ကို ခင်ဗျားကြည့်ကြည့်လိုက်။ မော်ရင်ညိုအားကိုးရတဲ့ အင်္ဂလန်သားတယောက်က ဘာအရေးမှမပါသလိုကို ခြေတလှမ်းတောင် မလှမ်းချင်တဲ့ပုံစံနဲ့ ကစားနေတာကို တွေ့ရလိမ့်မယ်။ သူ့ကစားပုံကို မြင်ပြီးချိန်မှာ မော်ရင်ညိုအထုတ်ခံရတော့မယ်ဆိုတာ အနှေးနဲ့အမြန်ပဲလို့ ကြိုတင်တွက်ဆမိခဲ့ပါတယ်” လို့ ဝါးနော့ခ်က ပြောသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပါးစ္အသင္းဥကၠဌ လီဗိုင္းအေနနဲ႔ ေမာ္ရင္ညိဳကို လက္လြတ္စပယ္ ထုတ္ပယ္ခဲ့တာဟာ တကယ့္ကို ကမူးရႉးထိုးလုပ္ရပ္ျဖစ္တယ္လို႔ ေနးလ္ဝါးေနာ့ခ္က ေဝဖန္သြားခဲ့သလို ဒီျဖစ္ရပ္ရဲ႕ေနာက္ကြယ္မွာ ေမာ္ရင္ညိဳဟာ လူယုံအသတ္ခံခဲ့ရတာလို႔ သူက ယူဆထားေၾကာင္း သိရပါတယ္။

လီဗိုင္းဟာ ကစားသမားအင္အားစုေတြရဲ႕ ပါဝါကို မလြန္ဆန္ႏိုင္ခဲ့ဘဲ အသင္းကစားသမားေတြအလိုက် ေမာ္ရင္ညိဳကို အလုပ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သူ႔ရဲ႕အဆိုအရ သိရၿပီး ေမာ္ရင္ညိဳအားအကိုရဆုံး အဂၤလန္သားတေယာက္က သူ႔ကို သစၥာ စေဖာက္ခဲ့တယ္လို႔ အတပ္ေျပာသြားခဲ့တာပါ။

စပါးစ္အသင္းအေနနဲ႔ လာမယ့္ရက္ပိုင္းအတြင္း ကာရာေဘာင္ဗိုလ္လုပြဲကို ကစားဖို႔ ရွိေနခ်ိန္မွာ ေမာ္ရင္ညိဳကို ထုတ္ပယ္ခဲ့ျခင္းက အခု အရမ္းပြဲဆူေနတဲ့ စူပါလိဂ္ၿပိဳင္ပြဲရဲ႕စနက္ျဖစ္တယ္ဆိုတဲ့ သုံးသပ္ခ်က္ေတြကလည္း အလွ်ိိုအလွ်ိဳ ထြက္ ေပၚေနပါေသးတယ္။

လီဗိုင္းရဲ႕ မဆင္မျခင္လုပ္ရပ္ဟာ နည္းျပေတြကို မေလးစားမႈျဖစ္ၿပီး နည္းျပထက္ ကစားသမားေတြကို ၾသဇာအာဏာပိုေပးထါးတဲ့ သေဘာတရားကိုလည္း ဝါးေနာ့က ေထာက္ျပသြားခဲ့ၿပီး လီဗိုင္းရဲ႕ ဆုံးျဖတ္ခ်က္ကိုလည္း ေမးခြန္းထုတ္သြားခဲ့တာပါ။

” ေမာ္ရင္ညိဳကို ခပ္လြယ္လြယ္ ထုတ္ခဲ့တဲ့လုပ္ရပ္က လက္ခံခ်င္စရာ တစက္မွမရွိဘူး။ ကစားသမားေတြက မႏွစ္ၿမိဳ႕လို႔သာ သူ႔ကို အထုတ္ခံရေအာင္ ဝိုင္းလုပ္လိုက္ၾကတာပါ။ ဒါကို အတိတ္ကျဖစ္စဥ္ေတြမွာလည္း ေတြ႕ခဲ့ၿပီးပါၿပီ”

“စိတ္အခ်ဥ္ေပါက္ေနတဲ့ ကစားသမားေတြက ေနာက္ေက်ာကို ဓားနဲ႔ဝိုင္းထိုးၾကတဲ့ ေမာ္ဒန္ေဘာလုံးေလာကကိုးဗ်ာ။ အသင္းပိုင္ရွင္ေတြက ကစားသမားပါဝါကို ေရွ႕တန္းတင္လာၾကၿပီဗ်။ နည္းျပရဲ႕လုပ္ပိုင္ခြင့္ဆိုတာဘာလဲ? ”

” စပါးစ္ရဲ႕ ေနာက္ဆုံးပြဲစဥ္တခ်ိဳ႕ကို ခင္ဗ်ားၾကည့္ၾကည့္လိုက္။ ေမာ္ရင္ညိဳအားကိုးရတဲ့ အဂၤလန္သားတေယာက္က ဘာအေရးမွမပါသလိုကို ေျခတလွမ္းေတာင္ မလွမ္းခ်င္တဲ့ပုံစံနဲ႔ ကစားေနတာကို ေတြ႕ရလိမ့္မယ္။ သူ႔ကစားပုံကို ျမင္ၿပီးခ်ိန္မွာ ေမာ္ရင္ညိဳအထုတ္ခံရေတာ့မယ္ဆိုတာ အေႏွးနဲ႔အျမန္ပဲလို႔ ႀကိဳတင္တြက္ဆမိခဲ့ပါတယ္” လို႔ ဝါးေနာ့ခ္က ေျပာသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.