Premier League

နည်းပြတွေ ခယနေရတဲ့ ဝုဒ်ဝဒ်နေရာမှာ လူသစ်နဲ့ဆို ယူနိုက်တက်တို့ ပိုအဆင်ပြေမလား

ဥရောပ ဆူပါလိဂ်အတွက် အမှားကျူးလွန်မှုအပြီးမှာ တချို့အသင်းတွေက အကြီးအကဲ၊ တာဝန်ရှိသူတွေလို ရူးချင်ယောင်မဆောင်ဘဲ ဂျူဗင်တပ်စ်ရဲ့ အန်ဒရီးယား အဂ္ဂနယ်လီနဲ့အတူ တာဝန်ယူမှုအဖြစ် အက်ဒ် ဝုဒ်ဝဒ်အနေနဲ့ အသင်းက နုတ်ထွက်ဖို့ ကြေငြာခဲ့အပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမြင့်မားဆုံးရာထူးတစ်ခုအတွက် လူသစ်တစ်ဦးကို မြင်တွေ့ရဖို့ အကြောင်းဖန်လာခဲ့ပြီဖြစ်ပါတယ်။

အမှုဆောင် ဒုဥက္ကဌရာထူးဟာ တခြားအသင်းတွေမှာတော့ အမှုဆောင်အရာရှိချုပ် စီအီးအိုနဲ့ ရာထူးတူညီပြီး အားကစားဒါရိုက်တာတစ်ဦးရဲ့ အထက်ကနေ ပိုမိုအရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရတဲ့ ဒီနေရာမှာ ယူနိုက်တက်တို့အနေနဲ့ ဘာမှ မစွံသေးတဲ့ ဂျွန် မာတပ်ဖ်ကို ကြီးလေးတဲ့ တာဝန်တွေကနေ ဘေးဖယ်ထားပြီး ဥရောပအကြောင်း နှံ့စပ်သူတစ်ဦးကို ခန့်အပ်သွားဖို့ ရှိနေပြီဖြစ်ပါတယ်။

ဝုဒ်ဝဒ်ရဲ့ နုတ်ထွက်မှုကိုတော့ အသင်းရဲ့ အကယ်ဒမီတာဝန်ခံဟောင်းနဲ့ Class of 92 ကွင်းလယ်လူဟောင်း နစ်ကီဘတ်က ကြိုဆိုခဲ့ပြီး အင်စတာဂရမ်က ပို့စ်ကို ယူနိုက်တက်နောက်ခံလူဟောင်းတွေဖြစ်ကြတဲ့ ဂယ်ရီနဲ့ ဖီးလ် နဗီးလ်ညီနောင်တို့ကလည်း Like လုပ်ခဲ့ကြပါတယ်။

ဒါဟာ ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေကြားမှာ အသင်းရဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ တရားခံဟာ ဝုဒ်ဝဒ်လို့ ရှုမြင်တယ်ဆိုတာကို ပြသလိုက်တာဖြစ်ပြီး နာမည်ကြီးသလောက် အသင်းနဲ့ အံမဝင်တဲ့ လူဝီ ဗန်ငါးလ်(ဗန်ဟားလ်)၊ ဂျိုဆေး မော်ရင်ညို၊ ဒေးဗစ် မွိုက်စ်တို့ကို ရွေးချယ်ခေါ်ယူခဲ့ပြီး လက်ရှိမှာလည်း အိုလီဂန်နာ ဆိုးလ်ရှားရဲ့ စွမ်းဆောင်မှုအနည်းငယ်နဲ့ ကျေနပ်နေတာကို သဘောမကျကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရာသီကုန်ကျရင် လစ်လပ်သွားမယ့် နေရာအတွက် ယူနိုက်တက်ရဲ့ ဂိုးသမားဟောင်းနဲ့ သံတမန်အဖြစ် ဆောင်ရွက်နေပြီး အိုင်းယက်စ်အသင်းမှာ စီအီးအိုအဖြစ် တာဝန်ယူနေတဲ့ အက်ဒ်ဗင် ဗန်ဒါဆားကို အသင့်တော်ဆုံး ဆက်ခံသူအဖြစ် ရှုမြင်ထားကြပြီး ချန်ပီယံလိဂ်ကို ဆွတ်ခူးပေးခဲ့သူဟာ အောင်မြင်မှုတွေကိုလည်း ယူဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

နောက်ထပ် ဒီနေရာအတွက် အရန်အစီအစဉ်အဖြစ် လျာထားသူနှစ်ဦးထဲမှာ တစ်ဦးကတော့ အသင်းရဲ့ လက်ရှိ ကြော်ငြာနဲ့ဈေးကွက်မြှင့်တင်ရေးဒါရိုက်တာ ရစ်ချတ် အာနိုးလ်ဒ်ကို သူရှေ့က ဒီအမြင့်ဆုံးရာထူးကို ယူခဲ့ကြသူတွေဖြစ်တဲ့ ပီတာ ကင်ညွန်၊ ဒေးဗစ်ဂီးလ်နဲ့ ဝုဒ်ဝဒ်တို့လိုမျိုး ရာထူးတိုးပေးဖို့ ကြည့်နေပြီး နောက်တစ်ဦးကတော့ အသင်းရဲ့ ဘဏ္ဏာရေးမှူးချုပ် ကလစ်ဖ် ဘက်တီပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဘယ်သူ့ကို အလိုချင်ဆုံးဖြစ်မယ်ဆိုတာ မေးစရာမလိုဘဲ သိနိုင်ပြီး အိုင်းယက်စ်မှာ အောင်မြင်နေတဲ့ ဗန်ဒါဆားဟာ ဒွန်နီ ဗန်ဒဘိခ်ကို ကူညီပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခြေ မြင့်မားနေသလို လာမယ့်ရာသီမှာ ဘာတွေ အပြောင်းအလဲဖြစ်လာမလား၊ ကစားသမားခေါ်ယူမှုတွေလား၊ မူဝါဒတွေလား၊ နည်းပြလားဆိုတာကိုပါ ရင်ခုန်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဥေရာပ ဆူပါလိဂ္အတြက္ အမွားက်ဴးလြန္မႈအၿပီးမွာ တခ်ိဳ႕အသင္းေတြက အႀကီးအကဲ၊ တာဝန္ရွိသူေတြလို ႐ူးခ်င္ေယာင္မေဆာင္ဘဲ ဂ်ဴဗင္တပ္စ္ရဲ႕ အန္ဒရီးယား အဂၢနယ္လီနဲ႔အတူ တာဝန္ယူမႈအျဖစ္ အက္ဒ္ ဝုဒ္ဝဒ္အေနနဲ႔ အသင္းက ႏုတ္ထြက္ဖို႔ ေၾကျငာခဲ့အၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အျမင့္မားဆုံးရာထူးတစ္ခုအတြက္ လူသစ္တစ္ဦးကို ျမင္ေတြ႕ရဖို႔ အေၾကာင္းဖန္လာခဲ့ၿပီျဖစ္ပါတယ္။

အမႈေဆာင္ ဒုဥကၠဌရာထူးဟာ တျခားအသင္းေတြမွာေတာ့ အမႈေဆာင္အရာရွိခ်ဳပ္ စီအီးအိုနဲ႔ ရာထူးတူညီၿပီး အားကစားဒါ႐ိုက္တာတစ္ဦးရဲ႕ အထက္ကေန ပိုမိုအေရးပါတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ရတဲ့ ဒီေနရာမွာ ယူႏိုက္တက္တို႔အေနနဲ႔ ဘာမွ မစြံေသးတဲ့ ဂြၽန္ မာတပ္ဖ္ကို ႀကီးေလးတဲ့ တာဝန္ေတြကေန ေဘးဖယ္ထားၿပီး ဥေရာပအေၾကာင္း ႏွံ႔စပ္သူတစ္ဦးကို ခန႔္အပ္သြားဖို႔ ရွိေနၿပီျဖစ္ပါတယ္။

ဝုဒ္ဝဒ္ရဲ႕ ႏုတ္ထြက္မႈကိုေတာ့ အသင္းရဲ႕ အကယ္ဒမီတာဝန္ခံေဟာင္းနဲ႔ Class of 92 ကြင္းလယ္လူေဟာင္း နစ္ကီဘတ္က ႀကိဳဆိုခဲ့ၿပီး အင္စတာဂရမ္က ပို႔စ္ကို ယူႏိုက္တက္ေနာက္ခံလူေဟာင္းေတြျဖစ္ၾကတဲ့ ဂယ္ရီနဲ႔ ဖီးလ္ နဗီးလ္ညီေနာင္တို႔ကလည္း Like လုပ္ခဲ့ၾကပါတယ္။

ဒါဟာ ပရိသတ္ေတြနဲ႔ ကစားသမားေဟာင္းေတြၾကားမွာ အသင္းရဲ႕ ေအာင္ျမင္မႈေတြနဲ႔ ေဝးကြာေနတဲ့ တရားခံဟာ ဝုဒ္ဝဒ္လို႔ ရႈျမင္တယ္ဆိုတာကို ျပသလိုက္တာျဖစ္ၿပီး နာမည္ႀကီးသေလာက္ အသင္းနဲ႔ အံမဝင္တဲ့ လူဝီ ဗန္ငါးလ္(ဗန္ဟားလ္)၊ ဂ်ိဳေဆး ေမာ္ရင္ညိဳ၊ ေဒးဗစ္ မြိဳက္စ္တို႔ကို ေ႐ြးခ်ယ္ေခၚယူခဲ့ၿပီး လက္ရွိမွာလည္း အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ စြမ္းေဆာင္မႈအနည္းငယ္နဲ႔ ေက်နပ္ေနတာကို သေဘာမက်ၾကတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ရာသီကုန္က်ရင္ လစ္လပ္သြားမယ့္ ေနရာအတြက္ ယူႏိုက္တက္ရဲ႕ ဂိုးသမားေဟာင္းနဲ႔ သံတမန္အျဖစ္ ေဆာင္႐ြက္ေနၿပီး အိုင္းယက္စ္အသင္းမွာ စီအီးအိုအျဖစ္ တာဝန္ယူေနတဲ့ အက္ဒ္ဗင္ ဗန္ဒါဆားကို အသင့္ေတာ္ဆုံး ဆက္ခံသူအျဖစ္ ရႈျမင္ထားၾကၿပီး ခ်န္ပီယံလိဂ္ကို ဆြတ္ခူးေပးခဲ့သူဟာ ေအာင္ျမင္မႈေတြကိုလည္း ယူေဆာင္ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ေနာက္ထပ္ ဒီေနရာအတြက္ အရန္အစီအစဥ္အျဖစ္ လ်ာထားသူႏွစ္ဦးထဲမွာ တစ္ဦးကေတာ့ အသင္းရဲ႕ လက္ရွိ ေၾကာ္ျငာနဲ႔ေဈးကြက္ျမႇင့္တင္ေရး ဒ႐ိုက္တာ ရစ္ခ်တ္ အာႏိုးလ္ဒ္ကို သူေရွ႕က ဒီအျမင့္ဆုံးရာထူးကို ယူခဲ့ၾကသူေတြျဖစ္တဲ့ ပီတာ ကင္ၫြန္၊ ေဒးဗစ္ဂီးလ္နဲ႔ ဝုဒ္ဝဒ္တို႔လိုမ်ိဳး ရာထူးတိုးေပးဖို႔ ၾကည့္ေနၿပီး ေနာက္တစ္ဦးကေတာ့ အသင္းရဲ႕ ဘဏၰာေရးမႉးခ်ဳပ္ ကလစ္ဖ္ ဘက္တီပဲျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြအတြက္ေတာ့ ဘယ္သူ႔ကို အလိုခ်င္ဆုံးျဖစ္မယ္ဆိုတာ ေမးစရာမလိုဘဲ သိႏိုင္ၿပီး အိုင္းယက္စ္မွာ ေအာင္ျမင္ေနတဲ့ ဗန္ဒါဆားဟာ ဒြန္နီ ဗန္ဒဘိခ္ကို ကူညီၿပီး အသင္းနဲ႔ ျပန္လည္ပူးေပါင္းႏိုင္ေျခ ျမင့္မားေနသလို လာမယ့္ရာသီမွာ ဘာေတြ အေျပာင္းအလဲျဖစ္လာမလား၊ ကစားသမားေခၚယူမႈေတြလား၊ မူဝါဒေတြလား၊ နည္းျပလားဆိုတာကိုပါ ရင္ခုန္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.