Premier League

အသင္းက ထြက္ခြာႏုိင္တဲ့ ဆာေနးအတြက္ ေဆြးေႏြးဖို႔ မန္စီးတီး ႏွစ္လေစာင့္ရဖြယ္ရွိေန

ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာကတည္းက အသင္းက ထြက္ခြာၿပီး ဂ်ာမန္ေျမကို ျပန္ေတာ့မယ္လို႔ ဆုိေနတဲ့ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးအတြက္ ေဆြးေႏြးသြားဖို႔ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ႏွစ္လေလာက္ ေစာင့္ဆုိင္းရဖြယ္ရွိၿပီး ဧၿပီလမွာမွ ေဆြးေႏြးရဖို႔ရွိေနပါတယ္။

ဒီလိုျဖစ္ခဲ့ရတာကေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလက ဆာေနးဟာ သူ႕ရဲ႕ေအးဂ်င့္ကို ေျပာင္းလဲဖို႔ စီစဥ္ခဲ့လို႔ျဖစ္ၿပီး ေအးဂ်င့္နဲ႔ သေဘာတူညီခ်က္အရ သူ႔အေနနဲ႔ သုံးလႀကဳိတင္ ႏို႔တစ္ေပးရမွာျဖစ္လို႔ ေအးဂ်င့္သစ္နဲ႔ လက္တြဲမယ့္ ဧၿပီလကို မန္စီးတီးဘက္က ေစာင့္ရဖို႔ ရွိေနတာျဖစ္ပါတယ္။

ဂါနာႏြယ္ဖြား ဂ်ာမနီလက္ေရြးစင္ကို ဘုိင္ယန္ျမဴးနစ္အသင္းက အနားယူသြားခဲ့ရတဲ့ အာဂ်န္ ေရာ့ဘင္နဲ႔ ဖရန္႔ခ္ ရီဘာရီတို႔ ေတာင္ပံကစားသမားႏွစ္ဦးေနရာမွာ အားျဖည့္သြားဖို႔ အလုိရွိေနတာျဖစ္ၿပီး လက္ရွိအသင္းမွာ ရွိေနခဲ့တဲ့ ကင္းစလီ ကိုမန္နဲ႔ ဆာ့ဂ်္ ဂနာဘရီတုိ႔ဟာ ဆာေနးေလာက္ အားကိုးရဖြယ္မရွိဘူးလို႔လည္း ထင္ျမင္ေနတာျဖစ္ႏုိင္ပါတယ္။

၂၀၁၉ ၾသဂုတ္လမွာ ဒူးအရြတ္ဒဏ္ရာ ရရွိသြားခဲ့ၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ ရက္သတၱပတ္ထဲက ထရိန္နင္ ျပန္ဆင္းႏုိင္ခဲ့တဲ့ ဆာေနးဟာ အလ်င္စလို ျပန္လည္ကစားႏုိင္ဖို႔ေတာ့ မရွိေသးဘဲ ဒီဒဏ္ရာရဲ႕ သဘာဝအရ ေသေသခ်ာခ်ာ ဂ႐ုစိုက္ေလ့က်င့္ၿပီးမွ ျပန္ကစားရမွာလည္းျဖစ္ပါတယ္။

အသင္းနဲ႔ ေႏြရာသီမွာ တစ္ႏွစ္စာခ်ဳပ္သာ က်န္ရွိေတာ့မယ့္ အသက္ ၂၄ ႏွစ္အရြယ္ ေတာင္ပံကစားသမားရဲ႕ အနာဂတ္အတြက္ မန္စီးတီးတုိ႔အေနနဲ႔ ေစာင့္ဆုိင္းေဆြးေႏြးသြားဖြယ္ရွိၿပီး စာခ်ဳပ္သက္တမ္းမတုိးႏုိင္ရင္ေတာ့ ေရာင္းခ်သြားဖို႔ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: WHO SCORED
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာကတည်းက အသင်းက ထွက်ခွာပြီး ဂျာမန်မြေကို ပြန်တော့မယ်လို့ ဆိုနေတဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးအတွက် ဆွေးနွေးသွားဖို့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ နှစ်လလောက် စောင့်ဆိုင်းရဖွယ်ရှိပြီး ဧပြီလမှာမှ ဆွေးနွေးရဖို့ရှိနေပါတယ်။

ဒီလိုဖြစ်ခဲ့ရတာကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆာနေးဟာ သူ့ရဲ့အေးဂျင့်ကို ပြောင်းလဲဖို့ စီစဉ်ခဲ့လို့ဖြစ်ပြီး အေးဂျင့်နဲ့ သဘောတူညီချက်အရ သူ့အနေနဲ့ သုံးလကြိုတင် နို့တစ်ပေးရမှာဖြစ်လို့ အေးဂျင့်သစ်နဲ့ လက်တွဲမယ့် ဧပြီလကို မန်စီးတီးဘက်က စောင့်ရဖို့ ရှိနေတာဖြစ်ပါတယ်။

ဂါနာနွယ်ဖွား ဂျာမနီလက်ရွေးစင်ကို ဘိုင်ယန်မြူးနစ်အသင်းက အနားယူသွားခဲ့ရတဲ့ အာဂျန် ရော့ဘင်နဲ့ ဖရန့်ခ် ရီဘာရီတို့ တောင်ပံကစားသမားနှစ်ဦးနေရာမှာ အားဖြည့်သွားဖို့ အလိုရှိနေတာဖြစ်ပြီး လက်ရှိအသင်းမှာ ရှိနေခဲ့တဲ့ ကင်းစလီ ကိုမန်နဲ့ ဆာ့ဂျ် ဂနာဘရီတို့ဟာ ဆာနေးလောက် အားကိုးရဖွယ်မရှိဘူးလို့လည်း ထင်မြင်နေတာဖြစ်နိုင်ပါတယ်။

၂၀၁၉ သြဂုတ်လမှာ ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲက ထရိန်နင် ပြန်ဆင်းနိုင်ခဲ့တဲ့ ဆာနေးဟာ အလျင်စလို ပြန်လည်ကစားနိုင်ဖို့တော့ မရှိသေးဘဲ ဒီဒဏ်ရာရဲ့ သဘာဝအရ သေသေချာချာ ဂရုစိုက်လေ့ကျင့်ပြီးမှ ပြန်ကစားရမှာလည်းဖြစ်ပါတယ်။

အသင်းနဲ့ နွေရာသီမှာ တစ်နှစ်စာချုပ်သာ ကျန်ရှိတော့မယ့် အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမားရဲ့ အနာဂတ်အတွက် မန်စီးတီးတို့အနေနဲ့ စောင့်ဆိုင်းဆွေးနွေးသွားဖွယ်ရှိပြီး စာချုပ်သက်တမ်းမတိုးနိုင်ရင်တော့ ရောင်းချသွားဖို့ရှိကြောင်းလည်း သိရှိရပါတယ်။

REF: WHO SCORED
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.