Premier League

ဇီးယက်ရှ်ရဲ့ ဖန်တီးမှုနဲ့ တခြားအရည်အသွေးတွေကို တူဟယ်လ် ဘယ်လို အရောင်တင်မလဲ

ဟာကင်းမ် ဇီးယက်ရှ်ရဲ့ ညက်ညောစွာ ရွေ့လျားမှုတွေဟာ လက်ရှိအနေအထားမှာ မျှော်လင့်နိုင်စရာ အရည်အသွေးတွေဖြစ်ပြီး သူ့ကို အကောင်းဆုံး ဘောလုံးလိမ်ခေါက်သူပါဖြစ်လာအောင် ပြန်လည်အရောင်တင်ပေးသွားနိုင်မယ်လို့ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ယုံကြည်နေသလို တိုက်စစ်မှာ အဓိကလူအဖြစ် အားကိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။

အိုင်းယက်စ်မှာ ခြေစွမ်းပြခဲ့ပေမယ့် ချဲလ်ဆီးကို ရောက်ချိန်မှာ နိုင်ငံသစ်နဲ့ သိပ်အသားမကျတဲ့ ဇီးယက်ရှ်ကို လှပသပ်ရပ်ပြီး မှော်ဆန်တဲ့ ပေးပို့မှုစတွေအပြင် ဘောလုံးဆွဲပြေးနိုင်သူပါဖြစ်လာအောင် အရောင်တင်ပေးသွားမယ်လို့ တူဟယ်လ်က စိတ်ပိုင်းဖြတ်ထားပြီး အသင်းရဲ့အနာဂတ်မှာ ကစားကွက်ဖန်တီးရှင်ထက်ပိုတဲ့ နေရာတစ်ခု ပေးသွားဖွယ်လည်း ရှိနေပါတယ်။

” ပေါ်တိုနဲ့ပွဲ ပထမအကျော့ဆိုရင် ကျွန်တော်တို့အသင်းက Half-space တွေကို အသုံးချဖို့ ခြားနားစွာ ချဉ်းကပ်ခဲ့တယ်။ ဘောလုံးနဲ့အတူ ကျော်ဖြတ်လိမ်ခေါက်ပြီး ဆွဲပြေးမယ့်သူတွေကို ဦးစားပေး ထုတ်သုံးခဲ့တယ် ”

” ဇီးယက်ရှ်က တကယ့်အရည်အချင်းအရ ဘောလုံးလိမ်ခေါက်သူအဖြစ်ပါ အရောင်ထွက်လာမယ်။ ဘောလုံးပေးပို့မှုစွမ်းရည် မြင့်မားတဲ့သူဖြစ်သလို လှုပ်မရအောင် ထိန်းချုပ်ခံထားရရင်လည်း သူက အသာလေး ဖောက်ထွက်ပြနိုင်သူဖြစ်တယ်”

” ဒါအရည်အသွေးတွေကို သူက လေ့ကျင့်ရေးအစီအစဉ်မှာ ကျွန်တော့်ကို သက်သေပြပြီးသားပါ။ သူက အရန်ခုံကနေ အဆင်သင့်ဖြစ်ဖြစ် ထလာခဲ့ပြီး သူ့ခြေစွမ်းနဲ့ပဲ ကျွန်တော့်ကို စကားတွေအများကြီး ပြောသွားခဲ့တယ်” လို့ တူဟယ်လ်က ဇီးယက်ရှ်သာ အလိမ်အခေါက်တွေ ပိုင်နိုင်လာလေလေ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ သေချာလေလေဆိုတဲ့ အသိပေးမှုကိုပါ ပြုလုပ်သွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟာကင္းမ္ ဇီးယက္ရွ္ရဲ႕ ညက္ေညာစြာ ေ႐ြ႕လ်ားမႈေတြဟာ လက္ရွိအေနအထားမွာ ေမွ်ာ္လင့္ႏိုင္စရာ အရည္အေသြးေတြျဖစ္ၿပီး သူ႔ကို အေကာင္းဆုံး ေဘာလုံးလိမ္ေခါက္သူပါျဖစ္လာေအာင္ ျပန္လည္အေရာင္တင္ေပးသြားႏိုင္မယ္လို႔ ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္က ယုံၾကည္ေနသလို တိုက္စစ္မွာ အဓိကလူအျဖစ္ အားကိုးႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အိုင္းယက္စ္မွာ ေျခစြမ္းျပခဲ့ေပမယ့္ ခ်ဲလ္ဆီးကို ေရာက္ခ်ိန္မွာ ႏိုင္ငံသစ္နဲ႔ သိပ္အသားမက်တဲ့ ဇီးယက္ရွ္ကို လွပသပ္ရပ္ၿပီး ေမွာ္ဆန္တဲ့ ေပးပို႔မႈစေတြအျပင္ ေဘာလုံးဆြဲေျပးႏိုင္သူပါျဖစ္လာေအာင္ အေရာင္တင္ေပးသြားမယ္လို႔ တူဟယ္လ္က စိတ္ပိုင္းျဖတ္ထားၿပီး အသင္းရဲ႕အနာဂတ္မွာ ကစားကြက္ဖန္တီးရွင္ထက္ပိုတဲ့ ေနရာတစ္ခု ေပးသြားဖြယ္လည္း ရွိေနပါတယ္။

” ေပၚတိုနဲ႔ပြဲ ပထမအေက်ာ့ဆိုရင္ ကြၽန္ေတာ္တို႔အသင္းက Half-space ေတြကို အသုံးခ်ဖို႔ ျခားနားစြာ ခ်ဥ္းကပ္ခဲ့တယ္။ ေဘာလုံးနဲ႔အတူ ေက်ာ္ျဖတ္လိမ္ေခါက္ၿပီး ဆြဲေျပးမယ့္သူေတြကို ဦးစားေပး ထုတ္သုံးခဲ့တယ္ ”

” ဇီးယက္ရွ္က တကယ့္အရည္အခ်င္းအရ ေဘာလုံးလိမ္ေခါက္သူအျဖစ္ပါ အေရာင္ထြက္လာမယ္။ ေဘာလုံးေပးပို႔မႈစြမ္းရည္ ျမင့္မားတဲ့သူျဖစ္သလို လႈပ္မရေအာင္ ထိန္းခ်ဳပ္ခံထားရရင္လည္း သူက အသာေလး ေဖာက္ထြက္ျပႏိုင္သူျဖစ္တယ္”

” ဒါအရည္အေသြးေတြကို သူက ေလ့က်င့္ေရးအစီအစဥ္မွာ ကြၽန္ေတာ့္ကို သက္ေသျပၿပီးသားပါ။ သူက အရန္ခုံကေန အဆင္သင့္ျဖစ္ျဖစ္ ထလာခဲ့ၿပီး သူ႔ေျခစြမ္းနဲ႔ပဲ ကြၽန္ေတာ့္ကို စကားေတြအမ်ားႀကီး ေျပာသြားခဲ့တယ္” လို႔ တူဟယ္လ္က ဇီးယက္ရွ္သာ အလိမ္အေခါက္ေတြ ပိုင္ႏိုင္လာေလေလ အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ေသခ်ာေလေလဆိုတဲ့ အသိေပးမႈကိုပါ ျပဳလုပ္သြားခဲ့တာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.