Premier League

မန်ချက်စတာယူနိုက်တက် 3-1 ဘန်လေ ပွဲအပြီး ထူးထူးခြားခြား ထုတ်နုတ်မှတ်သား ပြောစရာ 7 ချက်

ဂရင်းဝုဒ်ရဲ့ အလင်းခေတ်
ဂရင်းဝုဒ်က လိဂ်ဂိုး ၃ ဂိုးဆက်သွင်းပြီး တကျော့ပြန် ခေတ်စားလာခဲ့ပြန်ပါတယ်။ စပါးစ်ကို ပွဲသိမ်းဂိုးသွင်းခဲ့သလို အခုပွဲမှာလည်း ယူနိုက်တက်အတွက် ဦးဆောင်ဂိုး ၂ ဂိုးကို သွင်းယူပြီး မန်စီးတီးကို စိန်ခေါ်ဖို့ ယူနိုက်တက်ကို အဖိုးတန် ၃ မှတ် ရယူပေးခဲ့တာက သူ့အသင်းကို အမှတ်ပေးဇယားဦးဆောင်မှုနဲ့ ၈ မှတ်အကွာကို ရောက်လာစေခဲ့တယ်။

ပေါ့ဘာရဲ့ အကောင်းဆုံးနေရာကို ဆိုးလ်ရှားဆုံးဖြတ်နိုင်ပြီလား
ပေါ့ဘာက ပထမပိုင်းမှာ ဘယ်ခြမ်းတိုက်စစ်မှာ ခြေမြူးနေခဲ့တယ်။ လုခ်ရှောနဲ့တွဲပြီး ဘန်လေကို ကောင်းကောင်းနှိပ်စက်ခဲ့တယ်။ သူ့ရဲ့ ပိရိတဲ့ ဘောလုံးပေးပို့မှုကြောင့် ယူနိုက်တက်က ဂိုးရခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ဖရက်ဒ်နေရာ ကာဗာနီ လူစားဝင်လာခဲ့တော့ ပေါ့ဘာက ကွင်းလယ်ဗဟိုကို ပြန်ဆင်းကစားခဲ့ရတယ်။ ဘယ်ခြမ်းတိုက်စစ်မှာ ပေါ့ဘာကို ဆက်သုံးမယ်ဆိုရင် ကွင်းလယ်လူ ၃ ဦး ကစားကွက်ကို ရွေးချယ်မလားလို့ ဆိုးလ်ရှားက အချိန်ယူစဉ်းစားရမှာပါ။

Set-piece တွေမှာ ကျဆုံးနေဆဲ သရဲနီ
သရဲနီခံတပ်က တည်ကန်ဘောတွေမှာ ပြိုင်ဘက်ရဲ့ အသုံးချဖြစ်နေဆဲပါ။ ပြစ်ချက်များလွန်းတဲ့ ခံစစ်ပြင်ဆင်မှုက တည်ကန်ဘောကတဆင့် ဂိုးခဏခဏပေးနေရတဲ့ ထုံးစံအတိုင်း ဒီနေ့မှာ ဘန်လေရဲ့ခေါင်းတိုက်ဂိုးကို ခွင့်ပြုခဲ့ရပြန်တယ်။ ဒါက မက်ဂွိုင်းယားရဲ့ အမှားလည်းဖြစ်ခဲ့ပါတယ်။

Super-sub သူရဲကောင်းဖြစ်လာတဲ့ ကာဗာနီ
ကာဗာနီက ဒုတိယပိုင်းစတာနဲ့ လူစားဝင်လာခဲ့တယ်။ သူဝင်လာခြင်းက ပြိုင်ဘက်ခံစစ်ကို အလုပ်များစေခဲ့ပြီး ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ကို ဘန်လေဂိုးဧရိယာထဲ နေရာလွတ်များများ ရစေခဲ့တယ်။ စပါးစ်နဲ့ပွဲမှာ အဖိုးတန် အနိုင်ဂိုးသွင်းယူခဲ့သလို အရေးပါတဲ့ လူစားဝင် သွင်းဂိုးအဖြစ် ယူနိုက်တက်အတွက် ၄ ဂိုးသွင်းယူပြီးဖြစ်တယ်။

တိုက်စစ်မှာ ကစားပုံမြူးလာတဲ့ လုခ်ရှောနဲ့ ဘစ်ဆာကာအတွဲရဲ့ တတပ်တအား
ဒီနောက်ခံလူ နှစ်ဦးစလုံးက တိုက်စစ်အားနည်းလွန်းလို့ ဒီအားနည်းချက်ကိုပြင်ပြီး အသင်းတိုက်စစ်ကစားပုံကို တတပ်တအား အကျိုးပြုဖို့ ခဏခဏ တိုက်တွန်းခံရတယ်။ ဒါက အခု တကယ်လက်တွေ့ဖြစ်လာပြီလို့ ဆိုရမှာပါ။ လုခ်ရှောကတော့ ယူနိုက်တက်ရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို သိမ်းပိုက်လာတော့မယ့်အထိ ချီးကျုးစရာကောင်းသလို သူ့ခြေစွမ်းက အတော်လေးထိရောက်ပြီး ရေပန်းစားလာခဲ့တယ်။

ယူနိုက်တက်ရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ် စိတ်မချရသေးတဲ့ ဟန်ဒါဆန်
ဟန်ဒါဆန်က ဒဟဲယားလောက် ဂိုးပေါက်ကို စိတ်ချရစေပြီလားဆိုတဲ့ အကဲဖြတ်မှုကပဲ သူ့ကို အသင်းရဲ့ နံပါတ် ၁ ဂိုးသမားနေရာအတွက် အဆုံးအဖြတ်ပေးသွားမှာပါ။ ဒါက ဒဟဲယားကို ကျော်ဖြတ်ပြီး ပွဲထွက်လိုတဲ့ သူ့အတွက် ကြိုတင်ပြင်ဆင်စရာလည်းဖြစ်တယ်။ ဒီနေ့မှာတော့ ဘန်လေရဲ့ခေါင်းတိုက်ဂိုးကို သူကာကွယ်နိုင်ခဲ့သင့်ပါတယ်။

EPL ၅ ပွဲဆက်အနိုင်နဲ့ တူညီတဲ့ လက်စားချေမှုကို ယူနိုက်တက်အောင်မြင်မလား?
မန်ချက်စတာနှစ်သင်းက လက်ကျန် ၆ ပွဲသာ ကစားဖို့ ရှိတော့တယ်။ ယူနိုက်တက်ရဲ့ အိုးထရက်ဒ်ဖို့ဒ်နိုင်ပွဲအပြီးမှာ အဆင့် ၁ နဲ့ ၂ အကြား ၈ မှတ်သာကွာတော့တယ်။ ဒီရာဇဝင်က ၂၀၁၂ ခုနှစ်က တခါဖြစ်ဖူးတယ်။ အဆင့် ၂ နေရာက မန်စီးတီးက လက်ကျန် ၆ ပွဲ ၈ မှတ်အကွာက ယူနိုက်တက်ကို ကျော်ဖြတ်ပြီး EPL ဗိုလ်ဖြစ်ခဲ့တယ်။ ဖာဂူဆန်ကို ရှော့ခ်ရစေခဲ့တယ်။ အခုတခေါက်မှာတော့ ယူနိုက်တက်က ထပ်တူညီလက်စားချေမှုကို အောင်မြင်နိုင်မလားဆိုတာကတော့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂရင္းဝုဒ္ရဲ႕ အလင္းေခတ္
ဂရင္းဝုဒ္က လိဂ္ဂိုး ၃ ဂိုးဆက္သြင္းၿပီး တေက်ာ့ျပန္ ေခတ္စားလာခဲ့ျပန္ပါတယ္။ စပါးစ္ကို ပြဲသိမ္းဂိုးသြင္းခဲ့သလို အခုပြဲမွာလည္း ယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုး ၂ ဂိုးကို သြင္းယူၿပီး မန္စီးတီးကို စိန္ေခၚဖို႔ ယူႏိုက္တက္ကို အဖိုးတန္ ၃ မွတ္ ရယူေပးခဲ့တာက သူ႔အသင္းကို အမွတ္ေပးဇယားဦးေဆာင္မႈနဲ႔ ၈ မွတ္အကြာကို ေရာက္လာေစခဲ့တယ္။

ေပါ့ဘာရဲ႕ အေကာင္းဆုံးေနရာကို ဆိုးလ္ရွားဆုံးျဖတ္ႏိုင္ၿပီလား
ေပါ့ဘာက ပထမပိုင္းမွာ ဘယ္ျခမ္းတိုက္စစ္မွာ ေျချမဴးေနခဲ့တယ္။ လုခ္ေရွာနဲ႔တြဲၿပီး ဘန္ေလကို ေကာင္းေကာင္းႏွိပ္စက္ခဲ့တယ္။ သူ႔ရဲ႕ ပိရိတဲ့ ေဘာလုံးေပးပို႔မႈေၾကာင့္ ယူႏိုက္တက္က ဂိုးရခဲ့တယ္။ ဒုတိယပိုင္းမွာေတာ့ ဖရက္ဒ္ေနရာ ကာဗာနီ လူစားဝင္လာခဲ့ေတာ့ ေပါ့ဘာက ကြင္းလယ္ဗဟိုကို ျပန္ဆင္းကစားခဲ့ရတယ္။ ဘယ္ျခမ္းတိုက္စစ္မွာ ေပါ့ဘာကို ဆက္သုံးမယ္ဆိုရင္ ကြင္းလယ္လူ ၃ ဦး ကစားကြက္ကို ေ႐ြးခ်ယ္မလားလို႔ ဆိုးလ္ရွားက အခ်ိန္ယူစဥ္းစားရမွာပါ။

Set-piece ေတြမွာ က်ဆုံးေနဆဲ သရဲနီ
သရဲနီခံတပ္က တည္ကန္ေဘာေတြမွာ ၿပိဳင္ဘက္ရဲ႕ အသုံးခ်ျဖစ္ေနဆဲပါ။ ျပစ္ခ်က္မ်ားလြန္းတဲ့ ခံစစ္ျပင္ဆင္မႈက တည္ကန္ေဘာကတဆင့္ ဂိုးခဏခဏေပးေနရတဲ့ ထုံးစံအတိုင္း ဒီေန႔မွာ ဘန္ေလရဲ႕ေခါင္းတိုက္ဂိုးကို ခြင့္ျပဳခဲ့ရျပန္တယ္။ ဒါက မက္ဂြိဳင္းယားရဲ႕ အမွားလည္းျဖစ္ခဲ့ပါတယ္။

Super-sub သူရဲေကာင္းျဖစ္လာတဲ့ ကာဗာနီ
ကာဗာနီက ဒုတိယပိုင္းစတာနဲ႔ လူစားဝင္လာခဲ့တယ္။ သူဝင္လာျခင္းက ၿပိဳင္ဘက္ခံစစ္ကို အလုပ္မ်ားေစခဲ့ၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ကို ဘန္ေလဂိုးဧရိယာထဲ ေနရာလြတ္မ်ားမ်ား ရေစခဲ့တယ္။ စပါးစ္နဲ႔ပြဲမွာ အဖိုးတန္ အႏိုင္ဂိုးသြင္းယူခဲ့သလို အေရးပါတဲ့ လူစားဝင္ သြင္းဂိုးအျဖစ္ ယူႏိုက္တက္အတြက္ ၄ ဂိုးသြင္းယူၿပီးျဖစ္တယ္။

တိုက္စစ္မွာ ကစားပုံျမဴးလာတဲ့ လုခ္ေရွာနဲ႔ ဘစ္ဆာကာအတြဲရဲ႕ တတပ္တအား
ဒီေနာက္ခံလူ ႏွစ္ဦးစလုံးက တိုက္စစ္အားနည္းလြန္းလို႔ ဒီအားနည္းခ်က္ကိုျပင္ၿပီး အသင္းတိုက္စစ္ကစားပုံကို တတပ္တအား အက်ိဳးျပဳဖို႔ ခဏခဏ တိုက္တြန္းခံရတယ္။ ဒါက အခု တကယ္လက္ေတြ႕ျဖစ္လာၿပီလို႔ ဆိုရမွာပါ။ လုခ္ေရွာကေတာ့ ယူႏိုက္တက္ရဲ႕ တႏွစ္တာအေကာင္းဆုံးကစားသမားဆုကို သိမ္းပိုက္လာေတာ့မယ့္အထိ ခ်ီးက်ဳးစရာေကာင္းသလို သူ႔ေျခစြမ္းက အေတာ္ေလးထိေရာက္ၿပီး ေရပန္းစားလာခဲ့တယ္။

ယူႏိုက္တက္ရဲ႕ နံပါတ္ ၁ ဂိုးသမားအျဖစ္ စိတ္မခ်ရေသးတဲ့ ဟန္ဒါဆန္
ဟန္ဒါဆန္က ဒဟဲယားေလာက္ ဂိုးေပါက္ကို စိတ္ခ်ရေစၿပီလားဆိုတဲ့ အကဲျဖတ္မႈကပဲ သူ႔ကို အသင္းရဲ႕ နံပါတ္ ၁ ဂိုးသမားေနရာအတြက္ အဆုံးအျဖတ္ေပးသြားမွာပါ။ ဒါက ဒဟဲယားကို ေက်ာ္ျဖတ္ၿပီး ပြဲထြက္လိုတဲ့ သူ႔အတြက္ ႀကိဳတင္ျပင္ဆင္စရာလည္းျဖစ္တယ္။ ဒီေန႔မွာေတာ့ ဘန္ေလရဲ႕ေခါင္းတိုက္ဂိုးကို သူကာကြယ္ႏိုင္ခဲ့သင့္ပါတယ္။

EPL ၅ ပြဲဆက္အႏိုင္နဲ႔ တူညီတဲ့ လက္စားေခ်မႈကို ယူႏိုက္တက္ေအာင္ျမင္မလား?
မန္ခ်က္စတာႏွစ္သင္းက လက္က်န္ ၆ ပြဲသာ ကစားဖို႔ ရွိေတာ့တယ္။ ယူႏိုက္တက္ရဲ႕ အိုးထရက္ဒ္ဖို႔ဒ္ႏိုင္ပြဲအၿပီးမွာ အဆင့္ ၁ နဲ႔ ၂ အၾကား ၈ မွတ္သာကြာေတာ့တယ္။ ဒီရာဇဝင္က ၂၀၁၂ ခုႏွစ္က တခါျဖစ္ဖူးတယ္။ အဆင့္ ၂ ေနရာက မန္စီးတီးက လက္က်န္ ၆ ပြဲ ၈ မွတ္အကြာက ယူႏိုက္တက္ကို ေက်ာ္ျဖတ္ၿပီး EPL ဗိုလ္ျဖစ္ခဲ့တယ္။ ဖာဂူဆန္ကို ေရွာ့ခ္ရေစခဲ့တယ္။ အခုတေခါက္မွာေတာ့ ယူႏိုက္တက္က ထပ္တူညီလက္စားေခ်မႈကို ေအာင္ျမင္ႏိုင္မလားဆိုတာကေတာ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.