Premier League

လက်စတာ​က ချယ်လ်ဆီးကို နိုင်ခဲ့ရင် လွှတ်ပျော်ပြီး အောင်ပွဲခံပစ်မယ်လို့ ဂယ်ရီ လိုင်နီကာ​ပြော

FA ဆီမီးဖိုင်နယ်မှာ ဆောက်သမ်တန်အသင်းကို တစ်ဂိုးနဲ့ ကပ်အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်လာတဲ့ လက်စတာအသင်းဟာ မေလ ၁၅ ရက်နေ့မှာ ချယ်လ်ဆီးအသင်းနဲ့ FA ဖိုင်နယ်ကို ဗိုလ်လုရဖို့ ရှိနေတာဖြစ်ပြီး ဒါဟာ သူတို့အသင်းရဲ့ သမိုင်းဝင်မှတ်တိုင်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

အင်္ဂလန်ဂန္ထဝင်နဲ့ မြေခွေးဟောင်းကြီး ဂယ်ရီ လိုင်နီကာက FA ဗိုလ်လုပွဲမှာ ဖလားနဲ့ ၁၃၇ နှစ်ကြာ ဝေးကွာနေတဲ့ လက်စတာအသင်းဟာ ချယ်လ်ဆီးကို ညှာနေမှာမဟုတ်ဘူးလို့ သုံးသပ်သွားခဲ့ပြီး ထိုင်းသူဌေးပိုင်အသင်းဟာ FA ဖလား ဗိုလ်လုပွဲကို ၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

လိုင်နီကာကတော့ မိမိအသင်းဟောင်းဟာ ချယ်လ်ဆီးကို ကျော်ဖြတ်ပြီး FA ဖလားကို ကိုင်မြှောက်ခဲ့မယ်ဆိုရင်တော့ BBC Sport အတွက် အစီအစဉ်တင်ဆက်နေချိန်မှာတောင် မိမိစိတ်ကို ချုပ်တည်းထားနိုင်မှာ မဟုတ်ဘဲ လွှတ်ပျော်ပြီး အောင်ပွဲခံပစ်မယ်လို့ ပြောသွားခဲ့ပါတယ်။

“လက်စတာသာ FA ဖလားကို ကိုင်မြှောက်ခဲ့ရင်တော့ ကျွန်တော်ကတော့ သိပ်သေချာတယ်ဗျို့။ တီဗီထဲကနေတောင် ကျွန်တော့်စိတ်ကို ထိန်းချုပ်ထားမှာမဟုတ်ဘူး။ ထိန်းမနိုင် သိမ်းမရ ပျော်မိမှာဗျ” လို့ သူက တွစ်တာမှာ ရင်ဖွင့်သွားခဲ့တာပါ။

နည်းပြ တူဟယ်လ်အနေနဲ့ ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးအောင်မြင်မှုအနေနဲ့ FA ဖလားနဲ့ မျက်နှာပန်းလှနိုင်ဖို့ ကြိုးစားနေသလို လက်စတာနည်းပြ ရော့ဂျားစ်ကလည်း အသင်းသမိုင်းမှာ စိတ်မောအောင် စောင့်ဆိုင်းခဲ့ရတဲ့ ဒီဖလားဗိုလ်လုပွဲကို ကျော်ဖြတ်ပြီး သမိုင်းသစ်ရေးဖို့ တွန်းအားပြင်းပြင်းနဲ့ ကြံဆောင်လာမှာဖြစ်တာကြောင့် လာမယ့် FA ဗိုလ်လုပွဲက အတော်လေး စိတ်လှုပ်ရှားဖို့ကောင်းပြီး ပြိုင်ဆိုင်မှုပြင်းထန်လာဖွယ် ရှိနေကြောင်းလည်း ခန့်မှန်းနေကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: FA ဆီမီးဖိုင္နယ္မွာ ေဆာက္သမ္တန္အသင္းကို တစ္ဂိုးနဲ႔ ကပ္အႏိုင္ရၿပီး ဗိုလ္လုပြဲကို တက္ေရာက္လာတဲ့ လက္စတာအသင္းဟာ ေမလ ၁၅ ရက္ေန႔မွာ ခ်ယ္လ္ဆီးအသင္းနဲ႔ FA ဖိုင္နယ္ကို ဗိုလ္လုရဖို႔ ရွိေနတာျဖစ္ၿပီး ဒါဟာ သူတို႔အသင္းရဲ႕ သမိုင္းဝင္မွတ္တိုင္လို႔လည္း ဆိုရမွာျဖစ္ပါတယ္။

အဂၤလန္ဂႏၴဝင္နဲ႔ ေျမေခြးေဟာင္းႀကီး ဂယ္ရီ လိုင္နီကာက FA ဗိုလ္လုပြဲမွာ ဖလားနဲ႔ ၁၃၇ ႏွစ္ၾကာ ေဝးကြာေနတဲ့ လက္စတာအသင္းဟာ ခ်ယ္လ္ဆီးကို ညႇာေနမွာမဟုတ္ဘူးလို႔ သုံးသပ္သြားခဲ့ၿပီး ထိုင္းသူေဌးပိုင္အသင္းဟာ FA ဖလား ဗိုလ္လုပြဲကို ၅၂ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ေရာက္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။

လိုင္နီကာကေတာ့ မိမိအသင္းေဟာင္းဟာ ခ်ယ္လ္ဆီးကို ေက်ာ္ျဖတ္ၿပီး FA ဖလားကို ကိုင္ေျမႇာက္ခဲ့မယ္ဆိုရင္ေတာ့ BBC Sport အတြက္ အစီအစဥ္တင္ဆက္ေနခ်ိန္မွာေတာင္ မိမိစိတ္ကို ခ်ဳပ္တည္းထားႏိုင္မွာ မဟုတ္ဘဲ လႊတ္ေပ်ာ္ၿပီး ေအာင္ပြဲခံပစ္မယ္လို႔ ေျပာသြားခဲ့ပါတယ္။

“လက္စတာသာ FA ဖလားကို ကိုင္ေျမႇာက္ခဲ့ရင္ေတာ့ ကြၽန္ေတာ္ကေတာ့ သိပ္ေသခ်ာတယ္ဗ်ိဳ႕။ တီဗီထဲကေနေတာင္ ကြၽန္ေတာ့္စိတ္ကို ထိန္းခ်ဳပ္ထားမွာမဟုတ္ဘူး။ ထိန္းမႏိုင္ သိမ္းမရ ေပ်ာ္မိမွာဗ်” လို႔ သူက တြစ္တာမွာ ရင္ဖြင့္သြားခဲ့တာပါ။

နည္းျပ တူဟယ္လ္အေနနဲ႔ ခ်ယ္လ္ဆီးနည္းျပဘဝ ပထမဆုံးေအာင္ျမင္မႈအေနနဲ႔ FA ဖလားနဲ႔ မ်က္ႏွာပန္းလွႏိုင္ဖို႔ ႀကိဳးစားေနသလို လက္စတာနည္းျပ ေရာ့ဂ်ားစ္ကလည္း အသင္းသမိုင္းမွာ စိတ္ေမာေအာင္ ေစာင့္ဆိုင္းခဲ့ရတဲ့ ဒီဖလားဗိုလ္လုပြဲကို ေက်ာ္ျဖတ္ၿပီး သမိုင္းသစ္ေရးဖို႔ တြန္းအားျပင္းျပင္းနဲ႔ ႀကံေဆာင္လာမွာျဖစ္တာေၾကာင့္ လာမယ့္ FA ဗိုလ္လုပြဲက အေတာ္ေလး စိတ္လႈပ္ရွားဖို႔ေကာင္းၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္လာဖြယ္ ရွိေနေၾကာင္းလည္း ခန႔္မွန္းေနၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.