Premier League UCL&UEL

မန္ခ်က္စတာစီးတီးအသင္းကို ဘာအေၾကာင္းနဲ႔မွ သက္ညႇာသြားဖို႔ မရွိဘူးလို႔ ယူအီးအက္ဖ္ေအ ထုတ္ျပန္

မန္ခ်က္စတာစီးတီးအသင္းကို လာမယ့္ရာသီအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္မေပးဖို႔ဆုိတာ ခုိင္မာတဲ့ ျပစ္ဒဏ္ဆုံးျဖတ္ခ်က္ျဖစ္ၿပီး လာမယ့္ ရာသီမွာ ေငြေၾကးသုံးစြဲမွဳ ကန္႔သတ္ခ်က္စည္းမ်ဥ္းကို ေလွ်ာ့ခ်ေပးႏုိင္ေပမယ့္ အဲ့ဒီအတြက္ သူတုိ႔အသင္းကိုေတာ့ သက္ညႇာခြင့္ေပးမယ္လို႔ ေမွ်ာ္လင့္ဖို႔ ယူအီးအက္ဖ္ေအက သတိေပးေျပာၾကားလုိက္ပါတယ္။

ယူအီးအက္ဖ္ေအအေနနဲ႔ လာမယ့္ရာသီမွာ ေျဖေလွ်ာ့ေပးသြားမယ့္ ကန္႔သတ္ခ်က္ေတြကိုေတာ့ အေသးစိတ္မသိရွိရေသးေပမယ့္ ဒါဟာ မန္စီးတီးအသင္းအတြက္ေတာ့ ဘာအက်ဳိးသက္ေရာက္မွဳမွ ရွိမွာမဟုတ္ေၾကာင္းလည္း ေျပာသြားခဲ့ၿပီး ေလာေလာဆယ္ ခ်မွတ္ထားခဲ့တဲ့ ႏွစ္ႏွစ္ပြဲပယ္ ျပစ္ဒဏ္ကေတာ့ အားကစားခုံ႐ုံးမွာ ၾကန္႔ၾကာေနဆဲလည္းျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလုံးရာသီအတြက္ ဘဏၰာေရးဆုိင္ရာ စာရင္းရွင္းတမ္းနဲ႔ ဝင္ေငြ၊ ရရွိထားတဲ့ စပြန္ဆာေတြကို ေဖာ္ျပဖို႔ မတ္လ ၃၁ ရက္ကေန ဧၿပီလကုန္အထိ အခ်ိန္ကာလတုိးျမႇင့္ေပးထားၿပီး လက္ရွိဥေရာပမွာ အႀကီးအက်ယ္ျဖစ္ပြားေနတဲ့ COVID-19 ကူးစက္ေရာဂါေၾကာင့္ ေလွ်ာ့ေပါ့ေပးထားခဲ့ပါတယ္။

ဒါ့အျပင္ ယူအီးအက္ဖ္ေအအေနနဲ႔ အသင္းေတြကို သုံးရာသီအတြင္း ေပါင္ ၂၇ သန္းသာ အရွဳံးေပၚခြင့္ျပဳထားၿပီး ဒီရာသီမွာေတာ့ ကို႐ိုနာ ဗုိင္းရပ္စ္ေၾကာင့္ ဘဏၰာေရးဆုိင္ရာေတြ ထိခိုက္နစ္နာခဲ့ရၿပီး စည္းမ်ဥ္းနဲ႔ မကိုက္ညီခဲ့ရင္လည္း ေလွ်ာ့ေပါ့စဥ္းစားေပးသြားမယ္လုိ႔ ဆုိထားခဲ့သလို ဒီအတြက္ ပြဲပယ္မွဳေတြ ျပဳလုပ္ဖို႔ မရွိေၾကာင္းလည္း ဆုိပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းရဲ႕ FFP စည္းမ်ဥ္းကို ခ်ဳိးေဖာက္မွဳကေတာ့ လက္ရွိကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳနဲ႔ ဘာမွ မသက္ဆုိင္တဲ့ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အတြင္းမွာ က်ဴးလြန္ခဲ့တာျဖစ္လို႔ ယူအီးအက္ဖ္ေအအေနနဲ႔ ခ်မွတ္ထားတဲ့ ျပစ္ဒဏ္ကို သက္ညႇာေပးဖို႔ ရွိမွာမဟုတ္ဘူးလို႔လည္း ထုတ္ျပန္သြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းကို လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်မပေးဖို့ဆိုတာ ခိုင်မာတဲ့ ပြစ်ဒဏ်ဆုံးဖြတ်ချက်ဖြစ်ပြီး လာမယ့် ရာသီမှာ ငွေကြေးသုံးစွဲမှု ကန့်သတ်ချက်စည်းမျဉ်းကို လျှော့ချပေးနိုင်ပေမယ့် အဲ့ဒီအတွက် သူတို့အသင်းကိုတော့ သက်ညှာခွင့်ပေးမယ်လို့ မျှော်လင့်ဖို့ ယူအီးအက်ဖ်အေက သတိပေးပြောကြားလိုက်ပါတယ်။

ယူအီးအက်ဖ်အေအနေနဲ့ လာမယ့်ရာသီမှာ ဖြေလျှော့ပေးသွားမယ့် ကန့်သတ်ချက်တွေကိုတော့ အသေးစိတ်မသိရှိရသေးပေမယ့် ဒါဟာ မန်စီးတီးအသင်းအတွက်တော့ ဘာအကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ကြောင်းလည်း ပြောသွားခဲ့ပြီး လောလောဆယ် ချမှတ်ထားခဲ့တဲ့ နှစ်နှစ်ပွဲပယ် ပြစ်ဒဏ်ကတော့ အားကစားခုံရုံးမှာ ကြန့်ကြာနေဆဲလည်းဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ဘဏ္ဏာရေးဆိုင်ရာ စာရင်းရှင်းတမ်းနဲ့ ဝင်ငွေ၊ ရရှိထားတဲ့ စပွန်ဆာတွေကို ဖော်ပြဖို့ မတ်လ ၃၁ ရက်ကနေ ဧပြီလကုန်အထိ အချိန်ကာလတိုးမြှင့်ပေးထားပြီး လက်ရှိဥရောပမှာ အကြီးအကျယ်ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် လျှော့ပေါ့ပေးထားခဲ့ပါတယ်။

ဒါ့အပြင် ယူအီးအက်ဖ်အေအနေနဲ့ အသင်းတွေကို သုံးရာသီအတွင်း ပေါင် ၂၇ သန်းသာ အရှုံးပေါ်ခွင့်ပြုထားပြီး ဒီရာသီမှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဘဏ္ဏာရေးဆိုင်ရာတွေ ထိခိုက်နစ်နာခဲ့ရပြီး စည်းမျဉ်းနဲ့ မကိုက်ညီခဲ့ရင်လည်း လျှော့ပေါ့စဉ်းစားပေးသွားမယ်လို့ ဆိုထားခဲ့သလို ဒီအတွက် ပွဲပယ်မှုတွေ ပြုလုပ်ဖို့ မရှိကြောင်းလည်း ဆိုပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းရဲ့ FFP စည်းမျဉ်းကို ချိုးဖောက်မှုကတော့ လက်ရှိကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ ဘာမှ မသက်ဆိုင်တဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ ကျူးလွန်ခဲ့တာဖြစ်လို့ ယူအီးအက်ဖ်အေအနေနဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို သက်ညှာပေးဖို့ ရှိမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်သွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.