Premier League

တီယာနီရဲ႕ ဆဲလ္တစ္အသင္းေဖာ္တုိက္စစ္မွဴးကို စိတ္ဝင္စားေနတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ အသင္းရဲ႕အဓိကတုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို လက္လႊတ္ရဖို႔ မ်ားေနၿပီျဖစ္ၿပီး ဒီအတြက္ အသင္းကို ၿပီးခဲ့တဲ့ႏွစ္က ဆဲလ္တစ္အသင္းကေန ေျပာင္းေရႊ႕လာခဲ့တဲ့ ေနာက္ခံလူ ကီရန္ တီယာနီရဲ႕ အသင္းေဖာ္ အရပ္ ၆ ေပ ၂ လက္မ ရွိတဲ့ တုိက္စစ္မွဴးကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လုိ႔ သိရပါတယ္။

ေအာ့စ္ဒြန္း အက္ဒဝပ္လို႔ အမည္ရတဲ့ ဒီျပင္သစ္သားတုိက္စစ္မွဴးဟာ အသက္ ၂၂ ႏွစ္ အရြယ္ရွိၿပီျဖစ္ၿပီး မူဆာ ဒမ္ဘီလီအသင္းကေန ထြက္ခြာသြားခ်ိန္ကတည္းက ဆဲလ္တစ္ေရွ႕တန္းမွာ ေနရာရလာခဲ့သလို ေျခစြမ္းျပဂိုးေတြ သြင္းယူႏုိင္ၿပီး ဖန္တီးေပးပို႔မွဳေတြလည္း ေကာင္းမြန္လို႔ နည္းျပ မုိက္ကယ္ အာတီတာ စိတ္ႀကဳိက္လည္း ျဖစ္ေနခဲ့တာပါ။

အသင္းကေန ၂၀၂၁ ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္မလႊတ္ရခင္ အူဘာမီယန္းကို ေရာင္းခ်သြားဖို႔ အာဆင္နယ္အသင္း တာဝန္ရွိသူေတြက ရည္ရြယ္ေနၾကၿပီး ဒီေနရာအတြက္ တုိက္စစ္မွဴးသစ္အျဖစ္ ဆဲလ္တစ္အတြက္ ၂၇ ပြဲမွာ ၂၁ ဂိုးသြင္းၿပီး ၁၂ ဂိုး ဖန္တီးေပးထားတဲ့ အက္ဒဝပ္ကို အလိုရွိေနခဲ့တာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ အကယ္ဒမီထြက္တုိက္စစ္မွဴးဟာ ဆဲလ္တစ္ကို မေရာက္ခင္ တူးလူးစ္အသင္းမွာလည္း အငွားနဲ႔ ကစားခဲ့ဖူးၿပီး ဂလပ္စဂို အေျခစိုက္အသင္းကိုေတာ့ ေျပာင္းေရႊ႕ေၾကး ေပါင္ ၉ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့ၿပီးတဲ့ေနာက္ ၁၂၆ ပြဲမွာ ၆၂ ဂိုး သြင္းယူထားခဲ့ၿပီး တစ္ႏွစ္ထက္တစ္ႏွစ္ ပုိမုိေျခစြမ္းျပလာႏုိင္ခဲ့ပါတယ္။

ျပင္သစ္ႏုိင္ငံအတြက္ လူငယ္လက္ေရြးစင္အသင္းအဆင့္ဆင့္မွာ ပါဝင္ကစားခဲ့တဲ့ အက္ဒဝပ္ရဲ႕ ေနာက္ဆုံးျပင္သစ္ ယူ-၂၁ နဲ႔ မွတ္တမ္းကေတာ့ ၆ ပြဲမွာ ၁၁ ဂိုးျဖစ္ၿပီး အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔စံခ်ိန္တင္ေပးခဲ့တဲ့ တီယာနီရဲ႕ ေပါင္ ၂၅ သန္းတန္ ဆဲလ္တစ္ရဲ႕ ေျပာင္းေရႊ႕ေၾကးရရွိမွဳစံခ်ိန္ကို ထပ္မံခ်ဳိးဖ်က္သြားဦးမွာလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ အသင်းရဲ့အဓိကတိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို လက်လွှတ်ရဖို့ များနေပြီဖြစ်ပြီး ဒီအတွက် အသင်းကို ပြီးခဲ့တဲ့နှစ်က ဆဲလ်တစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ ကီရန် တီယာနီရဲ့ အသင်းဖော် အရပ် ၆ ပေ ၂ လက်မ ရှိတဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အော့စ်ဒွန်း အက်ဒဝပ်လို့ အမည်ရတဲ့ ဒီပြင်သစ်သားတိုက်စစ်မှူးဟာ အသက် ၂၂ နှစ် အရွယ်ရှိပြီဖြစ်ပြီး မူဆာ ဒမ်ဘီလီအသင်းကနေ ထွက်ခွာသွားချိန်ကတည်းက ဆဲလ်တစ်ရှေ့တန်းမှာ နေရာရလာခဲ့သလို ခြေစွမ်းပြဂိုးတွေ သွင်းယူနိုင်ပြီး ဖန်တီးပေးပို့မှုတွေလည်း ကောင်းမွန်လို့ နည်းပြ မိုက်ကယ် အာတီတာ စိတ်ကြိုက်လည်း ဖြစ်နေခဲ့တာပါ။

အသင်းကနေ ၂၀၂၁ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရခင် အူဘာမီယန်းကို ရောင်းချသွားဖို့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေက ရည်ရွယ်နေကြပြီး ဒီနေရာအတွက် တိုက်စစ်မှူးသစ်အဖြစ် ဆဲလ်တစ်အတွက် ၂၇ ပွဲမှာ ၂၁ ဂိုးသွင်းပြီး ၁၂ ဂိုး ဖန်တီးပေးထားတဲ့ အက်ဒဝပ်ကို အလိုရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ အကယ်ဒမီထွက်တိုက်စစ်မှူးဟာ ဆဲလ်တစ်ကို မရောက်ခင် တူးလူးစ်အသင်းမှာလည်း အငှားနဲ့ ကစားခဲ့ဖူးပြီး ဂလပ်စဂို အခြေစိုက်အသင်းကိုတော့ ပြောင်းရွှေ့ကြေး ပေါင် ၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် ၁၂၆ ပွဲမှာ ၆၂ ဂိုး သွင်းယူထားခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုခြေစွမ်းပြလာနိုင်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံအတွက် လူငယ်လက်ရွေးစင်အသင်းအဆင့်ဆင့်မှာ ပါဝင်ကစားခဲ့တဲ့ အက်ဒဝပ်ရဲ့ နောက်ဆုံးပြင်သစ် ယူ-၂၁ နဲ့ မှတ်တမ်းကတော့ ၆ ပွဲမှာ ၁၁ ဂိုးဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ သူတို့စံချိန်တင်ပေးခဲ့တဲ့ တီယာနီရဲ့ ပေါင် ၂၅ သန်းတန် ဆဲလ်တစ်ရဲ့ ပြောင်းရွှေ့ကြေးရရှိမှုစံချိန်ကို ထပ်မံချိုးဖျက်သွားဦးမှာလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.