Bundesliga Premier League

ေဂ်ဒန္ ဆန္ခ်ဳိကို ေခၚယူဖို႔ အသင္းေဟာင္းကို ဂၽြန္တယ္ရီ တိုက္တြန္း

ဒီေႏြရာသီမွာ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ထားတဲ့ ေဒါ့မြန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကို ေခၚယူဖို႔ ႀကဳိးစားသင့္ၿပီး သူဟာ နည္းျပ ဖရန္႔ လမ္းပတ္ရဲ႕ ဗ်ဴဟာေတြနဲ႔ အံဝင္မွာျဖစ္ေၾကာင္း အသင္းေဟာင္း ခ်ဲလ္ဆီးကို အက္စတန္ဗီလာ လက္ေထာက္နည္းျပ ဂၽြန္တယ္ရီက တုိက္တြန္းလိုက္ပါတယ္။

ဂၽြန္တယ္ရီက အဂၤလန္ေတာင္ပံကစားသမား ဆန္ခ်ဳိရဲ႕ ျမင့္မားတဲ့ အရည္အေသြးေတြကို သေဘာက်ႏွစ္သက္ေနၿပီး အသင္းေဖာ္ေဟာင္း လမ္းပတ္ အေကာင္အထည္ေဖာ္မယ့္ လူငယ္ေသြးသစ္ေတြနဲ႔ တည္ေဆာက္မယ့္ ခ်ဲလ္ဆီးအသင္းအတြက္ အေကာင္းဆုံး ကစားေပးႏုိင္မယ့္သူလုိ႔လည္း ထင္ျမင္ေနတာျဖစ္ပါတယ္။

ဒီအသက္ ၁၉ ႏွစ္အရြယ္ ကစားသမားဟာ ဒီႏွစ္ ဘြန္ဒက္စ္လီဂါမွာ ၁၄ ဂိုးသြင္းယူၿပီး ၁၆ ဂိုး ဖန္တီးေပးထားႏုိင္ခဲ့တဲ့ အေကာင္းဆုံးေျခစြမ္းကို ဆက္လက္ျပသေနခဲ့ၿပီး ဒီမွတ္တမ္းအရေတာ့ လမ္းပတ္နဲ႔ ခ်ဲလ္ဆီးတာဝန္ရွိသူေတြ ယုံၾကည္ေစဖို႔ အမ်ားႀကီးတုိက္တြန္းစရာမလိုတဲ့ အေနအထားလည္း ျဖစ္ပါတယ္။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ လမ္းပတ္လက္ထဲမွာ တမ္မီ ေအဘရာဟမ္နဲ႔ ေမဆန္ေမာင့္တုိ႔ ဘယ္လိုေကာင္းလာသလဲဆုိတာ ေျပာခဲ့ၾကၿပီးၿပီ။ ဒီတစ္ခါေတာ့ ကမာၻ႕အေကာင္းဆုံးလူငယ္တစ္ဦးျဖစ္တဲ့ ဆန္ခ်ဳိအေၾကာင္းပဲ ေျပာခ်င္ေတာ့တယ္။ သူဟာ ခ်ဲလ္ဆီးအသင္းကို သိပ္ကိုေကာင္းတဲ့ အေပါင္းလကၡဏာျဖစ္လာႏုိင္ၿပီး ကၽြန္ေတာ္တုိ႔ကို တုိးတက္ေစမွာျဖစ္တယ္”လို႔ ယူက်ဳတင္ဆက္မွဳတစ္ခုမွာ အသင္းေခါင္းေဆာင္ေဟာင္းက ဆုိပါတယ္။

ဒါ့အျပင္ လက္ရွိခ်ဲလ္ဆီးအသင္းရဲ႕ ေျခစြမ္းျပေနခဲ့တဲ့ လူငယ္ေတြျဖစ္တဲ့ ရီးစ္ဂ်ိမ္းစ္၊ ဘီလီ ဂီးလ္မိုး၊ ေအဘရာဟမ္၊ ေမဆန္ေမာင့္တုိ႔ဟာ ပရိသတ္ေတြအေနနဲ႔ လူငယ္အကယ္ဒမီကို အထင္ႀကီးေစဖို႔ ရွိေနၿပီး ဒါကို ဆန္ခ်ဳိနဲ႔ ထပ္မံေပါင္းစပ္လုိက္ရင္ နည္းျပ လမ္းပတ္အတြက္ အေကာင္းဆုံး ျဖစ္လာႏုိင္လုိ႔ အသင္းဆီ ေခၚယူေပးဖို႔ ခ်ဲလ္ဆီးတာဝန္ရွိသူေတြကို ဂၽြန္တယ္ရီက တုိက္တြန္းသြားခဲ့ေၾကာင္း သိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားသင့်ပြီး သူဟာ နည်းပြ ဖရန့် လမ်းပတ်ရဲ့ ဗျူဟာတွေနဲ့ အံဝင်မှာဖြစ်ကြောင်း အသင်းဟောင်း ချဲလ်ဆီးကို အက်စတန်ဗီလာ လက်ထောက်နည်းပြ ဂျွန်တယ်ရီက တိုက်တွန်းလိုက်ပါတယ်။

ဂျွန်တယ်ရီက အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုရဲ့ မြင့်မားတဲ့ အရည်အသွေးတွေကို သဘောကျနှစ်သက်နေပြီး အသင်းဖော်ဟောင်း လမ်းပတ် အကောင်အထည်ဖော်မယ့် လူငယ်သွေးသစ်တွေနဲ့ တည်ဆောက်မယ့် ချဲလ်ဆီးအသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်မယ့်သူလို့လည်း ထင်မြင်နေတာဖြစ်ပါတယ်။

ဒီအသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ဒီနှစ် ဘွန်ဒက်စ်လီဂါမှာ ၁၄ ဂိုးသွင်းယူပြီး ၁၆ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့ အကောင်းဆုံးခြေစွမ်းကို ဆက်လက်ပြသနေခဲ့ပြီး ဒီမှတ်တမ်းအရတော့ လမ်းပတ်နဲ့ ချဲလ်ဆီးတာဝန်ရှိသူတွေ ယုံကြည်စေဖို့ အများကြီးတိုက်တွန်းစရာမလိုတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ လမ်းပတ်လက်ထဲမှာ တမ်မီ အေဘရာဟမ်နဲ့ မေဆန်မောင့်တို့ ဘယ်လိုကောင်းလာသလဲဆိုတာ ပြောခဲ့ကြပြီးပြီ။ ဒီတစ်ခါတော့ ကမ္ဘာ့အကောင်းဆုံးလူငယ်တစ်ဦးဖြစ်တဲ့ ဆန်ချိုအကြောင်းပဲ ပြောချင်တော့တယ်။ သူဟာ ချဲလ်ဆီးအသင်းကို သိပ်ကိုကောင်းတဲ့ အပေါင်းလက္ခဏာဖြစ်လာနိုင်ပြီး ကျွန်တော်တို့ကို တိုးတက်စေမှာဖြစ်တယ်”လို့ ယူကျုတင်ဆက်မှုတစ်ခုမှာ အသင်းခေါင်းဆောင်ဟောင်းက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းပြနေခဲ့တဲ့ လူငယ်တွေဖြစ်တဲ့ ရီးစ်ဂျိမ်းစ်၊ ဘီလီ ဂီးလ်မိုး၊ အေဘရာဟမ်၊ မေဆန်မောင့်တို့ဟာ ပရိသတ်တွေအနေနဲ့ လူငယ်အကယ်ဒမီကို အထင်ကြီးစေဖို့ ရှိနေပြီး ဒါကို ဆန်ချိုနဲ့ ထပ်မံပေါင်းစပ်လိုက်ရင် နည်းပြ လမ်းပတ်အတွက် အကောင်းဆုံး ဖြစ်လာနိုင်လို့ အသင်းဆီ ခေါ်ယူပေးဖို့ ချဲလ်ဆီးတာဝန်ရှိသူတွေကို ဂျွန်တယ်ရီက တိုက်တွန်းသွားခဲ့ကြောင်း သိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.