Premier League

မျက်နှာကို ကြက်ဥနဲ့ပေါက်သလို ခံစားသွားရတဲ့ အာတီတာအတွက် အာဆင်နယ် 1-1 ဖူလ်ဟမ်ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ ၇ ချက်

မျက်နှာကို ကြက်ဥနဲ့ပေါက်သလို ခံစားသွားရတဲ့ အာတီတာ
ဒီပွဲကြိုမှာ အာတီတာပြောခဲ့တဲ့စကားက ပြိုင်ပွဲတခုတည်းကို ပုံအောပြီး အားစိုက်နေမယ်ဆိုရင် မိမိတို့အနေနဲ့ အမှားကြီးမှားလိမ့်မယ်လို့ ရည်ညွှန်းခဲ့တယ်။ ခြင်းတခြင်းထဲမှာ ကြက်ဥအကုန်လုံး ပြွတ်သိပ်ထည့်ထားလို့မရဘူးလို့ သူပြောခဲ့တယ်။ ယူရိုပါလိဂ်ကို တခုတည်းကို အာရုံစိုက်နေရင်း ပရီးမီးယားလိဂ်ရပ်တည်မှုကို အနာမခံနိုင်ဘူးလို့ သူကသင်ကြားပေးခဲ့ပေမယ့် ကြက်ဥတလုံးကတော့ ကွဲသွားပြီလို့ ဆိုရမှာပါ။

ခေါင်တွေကိုမှ ရွေးပစ်နေတဲ့ ဖူလ်ဟမ်ရဲ့အားကစားစိတ်ဓာတ်
ဖူလ်ဟမ်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲက ပြီးသွားပြီလို့ ယူဆရမှာပါ။ တန်းဆင်းဖို့ သေချာသလောက် ရှိနေပါပြီ။ ဒါပေမယ့် ဖူလ်ဟမ်က ပွဲတွေကို ဆန္ဒရှိရှိနဲ့ နိုင်လိုစိတ်ပြင်းပြင်း ရည်ရွယ်ချက်ထည့်ပြီး ကစားနေတယ်။ လီဗာပူးလ်၊ အဲဗာတန်၊ လက်စတာတို့လို ခေါင်အသင်းတွေကို ပိုင်းပစ်ခဲ့ပြီး အခုလည်း အာဆင်နယ်ကို နိုင်ဖို့ မိနစ်ပိုင်းအလိုမှ တမှတ်ခွဲပေးရတာက အားကစားစိတ်ဓာတ်အရ ချီးကျူးရမှာဖြစ်တယ်။

လာကာဇက်ရဲ့ ဒဏ်ရာကို မစိုးရိမ်ရဖို့ မျှော်လင့်ထားရ
ဒီနေ့ သူက ကံမကောင်းခဲ့ပါဘူး။ အာဆင်နယ်တိုက်စစ်ကို ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ တကျော့ပြန်ဦးဆောင်နေချိန်မှ ဒဏ်ရာရသွားခဲ့တယ်။ သူက အားကိုးနေရတဲ့အချိန် အသင်းအထိမနာစေဖို့ ဒဏ်ရာမပြင်းထန်ဖို့သာ မျှော်လင့်ထားရတယ်။ ဆလားဗီးယား ပရာ့ဂ်နဲ့ပွဲမှာ ခြေစွမ်းထိုက်ထိုက်တန်တန်ပြပြီး ချီးကျူးမှုတွေရခဲ့တဲ့သူက ဒဏ်ရာမရခင်အထိတော့ သိပ်ခြေမပေါ်ခဲ့တာကို တွေ့ရတယ်။

အာတီတာရဲ့ သွေးအေးအေးတော်လှန်ရေးမှာ လူငယ်တွေနဲ့ တည်ဆောက်မှာလား
လွန်ခဲ့တဲ့ ၇ လကအတိုင်း ဒီနေ့ပွဲမှာ တိုက်စစ်ကို ဦးစားပေးမယ်ဆိုရင်တော့ ပအကျော့က ဖူလ်ဟမ်ကို တဂိုးသွင်းတဲ့ အူဘာ၊ ၂ ဂိုးဖန်တီးခဲ့တဲ့ ဝီလီယံတို့က ပြန်သတိရစရာလူစာရင်းပါ။ အခုတော့ အာတီတာက စမစ်သ်ရိုး၊ ဘူကာယို ဆာကာ၊ မာတီနယ်လီတို့လို လူငယ်တွေကို လက်ရုံးတပ်ဖွဲ့တခုလို သဘောထားပြီး ပွဲထုတ်လာတယ်။ အာတီတာရဲ့ သွေးအေးအေးတော်လှန်ရေးမှာ လူငယ်တွေနဲ့ တည်ဆောက်မှာလားဆိုတာကတော့ ရလဒ်ကောင်းတွေနဲ့ လူတွေလက်ခံလာအောင် သက်သေပြစရာတွေ ရှိနေသေးတာလည်းအမှန်ပါ။

စက်ရုပ်တွေဝင်ကစားဖို့ နည်းပညာသုံးထားတဲ့ ရယ်ချင်စရာ ဗီအေအာရ်
လက်ရှိ VAR ရဲ့ ပြဿနာကတော့ သူ့စည်းမျဉ်းအတိုင်း ကိုက်ညီဖို့ဆိုရင် စက်ရုပ်တွေကိုသာ ဝင်ကစားစေဖို့သာ ရှိပါတော့တယ်။ ဆာကာကို လူကျွံသတ်မှတ်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပြကွင်းပြကွက်တွေက အတော်လေးရုပ်ဆိုးပြီး အကျည်းတန်နေတယ်။ ရယ်ချင်စရာလည်းကောင်းပါတယ်။

ဆာကာရဲ့ ခြေဦးက ရော်ဘင်ဆန်ထက် တလက်မစာလောက် ရှေ့ရောက်နေခဲ့လို့ဆိုတဲ့ ဆုံးဖြတ်ချက်မှာ VAR ဇာတ်ညွှန်းက တကယ့် ကလေးကလားအဆင့်သာ ရှိနေပါတယ်လို့ မှတ်ချက်ရမှာပါ။

အာတီတာ အဖြေသိသင့်ပြီဖြစ်တဲ့ အာဆင်နယ်ရဲ့ နောက်တန်း ခံစစ်အတွဲအဖက်
ဟိုးလ်ဒင်းနဲ့ မာရီအတွဲက အာဆင်နယ် ခံစစ်အတွက် အကောင်းဆုံး ဗဟိုနောက်တန်းအတွဲဖြစ်တာ သံသယဖြစ်စရာမရှိပဲ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဆလားဘီးယားနဲ့ ပွဲမှာ ဂိုးမပေးရပဲ ကလင်းရှစ်ရရှိခဲ့ပြီး သက်သေထပ်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အာတီတာအနေနဲ့ ဖူလ်ဟမ်နဲ့ပွဲမှာတော့ မာရီနေရာကို ဂါဘရီယယ်လ်ကို ဝင်ကစားစေခဲ့တဲ့ ဆုံးဖြတ်ချက်မှားယွင်းခဲ့ပါတယ်။ ဒီဘရာဇီးလ်သားဟာ ဖူလ်ဟမ်ဘက်ကို ခပ်လွယ်လွယ် ပယ်နယ်တီလက်ဆောင်ပေးခဲ့လိုက်ပြီး ပွဲရဲ့ အလှည့်အပြောင်းကိုပါ ဖြစ်စေခဲ့ပါတယ်။

ဗဟိုနောက်ခံအတွက် ဂါဘရီယယ်လ်နဲ့ အတွဲအညီဆုံး ကစားသမားဟာ ယခုအခါ ဒူးဒဏ်ရာကြောင့် နားနေရတဲ့ ဒေးဗစ်လူးဝဇ်ဖြစ်ပါတယ်။ ဟိုးလ်ဒင်းနဲ့ဂါဘရီယယ်လ်ကို တွဲကစားစေတာ အာဆင်နယ်အသင်း ခံစစ်ကအားအနည်းဆုံးဖြစ်နေတာ ပေါ်လွင်နေပြီး နည်းပြအာတီတာအနေနဲ့ အာဆင်နယ် နောက်တန်းအတွက် ဘယ်အတွဲက အကောင်းဆုံးဖြစ်တာ သိသိနဲ့ ဆက်မမိုက်သင့် မစမ်းသပ်သင့်တော့ပဲ လက်ရှိ အကောင်းဆုံးအတွဲဖြစ်တဲ့ ဟိုးလ်ဒင်းနဲ့ မာရီ ခံစစ်အတွဲကိုသာ ဆက်ပြီးသုံးစွဲသင့်ပါတယ်။

နကီးတီးယားနဲ့ ဘလိုဂန်တို့အတွက် အချိန်အခါကောင်း
အူဘာမီယန်း အဖျားရောဂါကြောင့် နားနေရချိန် အဓိက တိုက်စစ်မှူးလာကာဇက်ပါ ဒဏ်ရာ ထပ်မံရရှိသွားတဲ့အတွက် လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ နကီးတီးယားနဲ့ ဘလိုဂန်တို့အတွက် ခြေစွမ်းပြဖို့ အခွင့်အရေးရရှိမယ့် အချိန်အခါကောင်းဖြစ်ပါတယ်။

နကီးတီးယားအနေနဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ အာဆင်နယ်အတွက် သရေတမှတ်ရရှိစေမယ့် နောက်ကျခြေပဂိုးသွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းကြီးအတွက် ၁၃ ဂိုးသွင်းယူပေးထားပြီး ပျှမ်းမျှ ၅.၈ ကိုက်အကွာအဝေးမှ သွင်းယူပေးခဲ့တာဖြစ်သလို ၈ ဂိုးကတော့ ၆ ကိုက်စည်းအတွင်းမှ သွင်းယူခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

မ်က္ႏွာကို ၾကက္ဥနဲ႔ေပါက္သလို ခံစားသြားရတဲ့ အာတီတာ
ဒီပြဲႀကိဳမွာ အာတီတာေျပာခဲ့တဲ့စကားက ၿပိဳင္ပြဲတခုတည္းကို ပုံေအာၿပီး အားစိုက္ေနမယ္ဆိုရင္ မိမိတို႔အေနနဲ႔ အမွားႀကီးမွားလိမ့္မယ္လို႔ ရည္ၫႊန္းခဲ့တယ္။ ျခင္းတျခင္းထဲမွာ ၾကက္ဥအကုန္လုံး ႁပြတ္သိပ္ထည့္ထားလို႔မရဘူးလို႔ သူေျပာခဲ့တယ္။ ယူ႐ိုပါလိဂ္ကို တခုတည္းကို အာ႐ုံစိုက္ေနရင္း ပရီးမီးယားလိဂ္ရပ္တည္မႈကို အနာမခံႏိုင္ဘူးလို႔ သူကသင္ၾကားေပးခဲ့ေပမယ့္ ၾကက္ဥတလုံးကေတာ့ ကြဲသြားၿပီလို႔ ဆိုရမွာပါ။

ေခါင္ေတြကိုမွ ေ႐ြးပစ္ေနတဲ့ ဖူလ္ဟမ္ရဲ႕အားကစားစိတ္ဓာတ္
ဖူလ္ဟမ္ရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ပြဲက ၿပီးသြားၿပီလို႔ ယူဆရမွာပါ။ တန္းဆင္းဖို႔ ေသခ်ာသေလာက္ ရွိေနပါၿပီ။ ဒါေပမယ့္ ဖူလ္ဟမ္က ပြဲေတြကို ဆႏၵရွိရွိနဲ႔ ႏိုင္လိုစိတ္ျပင္းျပင္း ရည္႐ြယ္ခ်က္ထည့္ၿပီး ကစားေနတယ္။ လီဗာပူးလ္၊ အဲဗာတန္၊ လက္စတာတို႔လို ေခါင္အသင္းေတြကို ပိုင္းပစ္ခဲ့ၿပီး အခုလည္း အာဆင္နယ္ကို ႏိုင္ဖို႔ မိနစ္ပိုင္းအလိုမွ တမွတ္ခြဲေပးရတာက အားကစားစိတ္ဓာတ္အရ ခ်ီးက်ဴးရမွာျဖစ္တယ္။

လာကာဇက္ရဲ႕ ဒဏ္ရာကို မစိုးရိမ္ရဖို႔ ေမွ်ာ္လင့္ထားရ
ဒီေန႔ သူက ကံမေကာင္းခဲ့ပါဘူး။ အာဆင္နယ္တိုက္စစ္ကို ေျခစြမ္းတည္တည္ၿငိမ္ၿငိမ္နဲ႔ တေက်ာ့ျပန္ဦးေဆာင္ေနခ်ိန္မွ ဒဏ္ရာရသြားခဲ့တယ္။ သူက အားကိုးေနရတဲ့အခ်ိန္ အသင္းအထိမနာေစဖို႔ ဒဏ္ရာမျပင္းထန္ဖို႔သာ ေမွ်ာ္လင့္ထားရတယ္။ ဆလားဗီးယား ပရာ့ဂ္နဲ႔ပြဲမွာ ေျခစြမ္းထိုက္ထိုက္တန္တန္ျပၿပီး ခ်ီးက်ဴးမႈေတြရခဲ့တဲ့သူက ဒဏ္ရာမရခင္အထိေတာ့ သိပ္ေျခမေပၚခဲ့တာကို ေတြ႕ရတယ္။

အာတီတာရဲ႕ ေသြးေအးေအးေတာ္လွန္ေရးမွာ လူငယ္ေတြနဲ႔ တည္ေဆာက္မွာလား
လြန္ခဲ့တဲ့ ၇ လကအတိုင္း ဒီေန႔ပြဲမွာ တိုက္စစ္ကို ဦးစားေပးမယ္ဆိုရင္ေတာ့ ပအေက်ာ့က ဖူလ္ဟမ္ကို တဂိုးသြင္းတဲ့ အူဘာ၊ ၂ ဂိုးဖန္တီးခဲ့တဲ့ ဝီလီယံတို႔က ျပန္သတိရစရာလူစာရင္းပါ။ အခုေတာ့ အာတီတာက စမစ္သ္႐ိုး၊ ဘူကာယို ဆာကာ၊ မာတီနယ္လီတို႔လို လူငယ္ေတြကို လက္႐ုံးတပ္ဖြဲ႕တခုလို သေဘာထားၿပီး ပြဲထုတ္လာတယ္။ အာတီတာရဲ႕ ေသြးေအးေအးေတာ္လွန္ေရးမွာ လူငယ္ေတြနဲ႔ တည္ေဆာက္မွာလားဆိုတာကေတာ့ ရလဒ္ေကာင္းေတြနဲ႔ လူေတြလက္ခံလာေအာင္ သက္ေသျပစရာေတြ ရွိေနေသးတာလည္းအမွန္ပါ။

စက္႐ုပ္ေတြဝင္ကစားဖို႔ နည္းပညာသုံးထားတဲ့ ရယ္ခ်င္စရာ ဗီေအအာရ္
လက္ရွိ VAR ရဲ႕ ျပႆနာကေတာ့ သူ႔စည္းမ်ဥ္းအတိုင္း ကိုက္ညီဖို႔ဆိုရင္ စက္႐ုပ္ေတြကိုသာ ဝင္ကစားေစဖို႔သာ ရွိပါေတာ့တယ္။ ဆာကာကို လူကြၽံသတ္မွတ္ခဲ့တဲ့ အေၾကာင္းရင္းနဲ႔ ျပကြင္းျပကြက္ေတြက အေတာ္ေလး႐ုပ္ဆိုးၿပီး အက်ည္းတန္ေနတယ္။ ရယ္ခ်င္စရာလည္းေကာင္းပါတယ္။ ဆာကာရဲ႕ ေျခဦးက ေရာ္ဘင္ဆန္ထက္ တလက္မစာေလာက္ ေရွ႕ေရာက္ေနခဲ့လို႔ဆိုတဲ့ ဆုံးျဖတ္ခ်က္မွာ VAR ဇာတ္ၫႊန္းက တကယ့္ ကေလးကလားအဆင့္သာ ရွိေနပါတယ္လို႔ မွတ္ခ်က္ရမွာပါ။

အာတီတာ အေျဖသိသင့္ၿပီျဖစ္တဲ့ အာဆင္နယ္ရဲ႕ ေနာက္တန္း ခံစစ္အတြဲအဖက္
ဟိုးလ္ဒင္းနဲ႔ မာရီအတြဲက အာဆင္နယ္ ခံစစ္အတြက္ အေကာင္းဆုံး ဗဟိုေနာက္တန္းအတြဲျဖစ္တာ သံသယျဖစ္စရာမရွိပဲ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ဆလားဘီးယားနဲ႔ ပြဲမွာ ဂိုးမေပးရပဲ ကလင္းရွစ္ရရွိခဲ့ၿပီး သက္ေသထပ္ျပခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္ အာတီတာအေနနဲ႔ ဖူလ္ဟမ္နဲ႔ပြဲမွာေတာ့ မာရီေနရာကို ဂါဘရီယယ္လ္ကို ဝင္ကစားေစခဲ့တဲ့ ဆုံးျဖတ္ခ်က္မွားယြင္းခဲ့ပါတယ္။ ဒီဘရာဇီးလ္သားဟာ ဖူလ္ဟမ္ဘက္ကို ခပ္လြယ္လြယ္ ပယ္နယ္တီလက္ေဆာင္ေပးခဲ့လိုက္ၿပီး ပြဲရဲ႕ အလွည့္အေျပာင္းကိုပါ ျဖစ္ေစခဲ့ပါတယ္။

ဗဟိုေနာက္ခံအတြက္ ဂါဘရီယယ္လ္နဲ႔ အတြဲအညီဆုံး ကစားသမားဟာ ယခုအခါ ဒူးဒဏ္ရာေၾကာင့္ နားေနရတဲ့ ေဒးဗစ္လူးဝဇ္ျဖစ္ပါတယ္။ ဟိုးလ္ဒင္းနဲ႔ဂါဘရီယယ္လ္ကို တြဲကစားေစတာ အာဆင္နယ္အသင္း ခံစစ္ကအားအနည္းဆုံးျဖစ္ေနတာ ေပၚလြင္ေနၿပီး နည္းျပအာတီတာအေနနဲ႔ အာဆင္နယ္ ေနာက္တန္းအတြက္ ဘယ္အတြဲက အေကာင္းဆုံးျဖစ္တာ သိသိနဲ႔ ဆက္မမိုက္သင့္ မစမ္းသပ္သင့္ေတာ့ပဲ လက္ရွိ အေကာင္းဆုံးအတြဲျဖစ္တဲ့ ဟိုးလ္ဒင္းနဲ႔ မာရီ ခံစစ္အတြဲကိုသာ ဆက္ၿပီးသုံးစြဲသင့္ပါတယ္။

နကီးတီးယားနဲ႔ ဘလိုဂန္တို႔အတြက္ အခ်ိန္အခါေကာင္း
အူဘာမီယန္း အဖ်ားေရာဂါေၾကာင့္ နားေနရခ်ိန္ အဓိက တိုက္စစ္မႉးလာကာဇက္ပါ ဒဏ္ရာ ထပ္မံရရွိသြားတဲ့အတြက္ လူငယ္တိုက္စစ္မႉးေတြျဖစ္တဲ့ နကီးတီးယားနဲ႔ ဘလိုဂန္တို႔အတြက္ ေျခစြမ္းျပဖို႔ အခြင့္အေရးရရွိမယ့္ အခ်ိန္အခါေကာင္းျဖစ္ပါတယ္။

နကီးတီးယားအေနနဲ႔ ဖူလ္ဟမ္နဲ႔ပြဲမွာ အာဆင္နယ္အတြက္ သေရတမွတ္ရရွိေစမယ့္ ေနာက္က်ေျခပဂိုးသြင္းယူေပးခဲ့ပါတယ္။ အာဆင္နယ္အသင္းႀကီးအတြက္ ၁၃ ဂိုးသြင္းယူေပးထားၿပီး ပွ်မ္းမွ် ၅.၈ ကိုက္အကြာအေဝးမွ သြင္းယူေပးခဲ့တာျဖစ္သလို ၈ ဂိုးကေတာ့ ၆ ကိုက္စည္းအတြင္းမွ သြင္းယူခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.