Match Report Premier League

ဂရင်းဝုဒ် ခြေစွမ်းပြခဲ့ပြီး ဘန်လေကို ကျော်ဖြတ်၊ မန်စီးတီးနဲ့ ၈ မှတ်ပြန်ကပ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းမှာ လိုအပ်တဲ့ အနိုင်ရလဒ်နဲ့ သုံးမှတ်ကို တည်တည်ငြိမ်ငြိမ် ရှာဖွေသွားနိုင်ခဲ့ပြီး အာရုံ စူးစိုက်မှုနဲ့ အသင်းလိုက်ကစားဟန်က အရေးပါခဲ့သလို တန်းဆင်းဇုန်နဲ့ နီးကပ်နေတဲ့ ဘန်လေကို အကောင်းဆုံး ထိန်းချုပ်ကစားသွားခဲ့ပါတယ်။

တိုက်စစ်မှူး အရှင်ထားပြီး ကစားသွားတဲ့ ပုံစံမှာ ဘောလုံးက ညာခြမ်းက လာရင် ဘယ်တောင်ပံမှာ နေရာထားတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဘယ်ခြမ်းက လာရင် ညာတောင်ပံမှာ နေရာယူထားတဲ့ ဂရင်းဝုဒ်တို့က အထောင်နေရာကို ရွေ့လျားခဲ့ကြပြီး သူတို့ကိုတော့ နောက်က ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့က လိုက်လံ ချိတ်ဆက်ကစားခဲ့ကြတာပါ။

ပွဲအစ စက္ကန့်ပိုင်းအတွင်းမှာ ဘန်လေတိုက်စစ်မှူး ခရစ္စဝုဒ် ဂိုးသွင်းခဲ့ပေမယ့် အနည်းငယ် လူကျွံနေခဲ့တယ်လို့ ယူနိုက်တက်တို့ သက်သာခဲ့ပြီး မိနစ်ပိုင်းအကြာမှာတော့ ဝန်ဘစ်ဆာကာပေးတဲ့ ဘောလုံးကို ကွင်းလယ်လူ မက်တော်မီနေးက ဧရိယာထဲက ပိတ်သွင်းတာကို ပီးကော့-ဖာရဲလ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ရက်ရှ်ဖို့ဒ်ရဲ့ ကန်ချက်ကိုလည်း ဂိုးသမား ပုတ်ထုတ် နိုင်ခဲ့တာကြောင့် ဂိုးရဖို့ ကြန့်ကြာနေခဲ့ပြီး ဘန်လေရဲ့ ရိုးရှင်းတဲ့ ဗျူဟာဖြစ်တဲ့ အမြင့်ဘောတွေကိုတော့ တိုက်စစ်မှူး ခရစ္စဝုဒ်က မကြာခဏ အသုံးချ ခြိမ်းခြောက်နေခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာ ဖရက်ဒ်အစား ကာဗာနီကို ထည့်ခဲ့သလို တိုက်စစ်မြှင့်လာခဲ့တဲ့ ယူနိုက်တက်တို့အနေနဲ့ ၃ မိနစ်အကြာမှာတော့ ဘယ်တောင်ပံကနေ ရက်ရှ်ဖို့ဒ် ဘောလုံးဆွဲပြေးလာခဲ့ပြီး ဧရိယာထဲကို ချိုးပေးရာမှာ ဘရူနို ဖာနန်ဒက်စ် ဘောလုံးမယူဘဲ ဟပေးခဲ့တာကို ညာခြမ်းကနေ အထဲဝင်လာခဲ့တဲ့ ဂရင်းဝုဒ်က အပိုင်ကန်သွင်းယူနိုင်ခဲ့လို့ အိမ်ကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်တို့ရဲ့ အပျော်က နှစ်မိနစ်သာ ခံခဲ့ပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ ထောင့်ကန်ဘောကို လိုက်လံပိတ်ဆို့ရာမှာ သူလိုလို ငါလိုလို ဖြစ်နေတဲ့ ဝန်ဘစ်ဆာကာနဲ့ မက်ဂွိုင်းယားတို့ရဲ့ကြားကနေ ဘန်လေနောက်ခံလူ တာကော့ဗ်စကီးက အနီးကပ် ခေါင်းတိုက်သွင်းယူပြီး ချေပဂိုးနဲ့ ဟန်ဒါဆန်ကို အနိုင်ယူသွားခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာ ဘန်လေတို့ အခွင့်အရေးကောင်း ရခဲ့ပေမယ့် မက်နီးလ်ရဲ့ ကန်ချက်က လူကျွံအနေအထားမှာ ရှိနေတဲ့ ဘရောင်းဟေးလ်နဲ့ ထိပြီး ပြန်ထွက်ခဲ့လို့ ယူနိုက်တက်တို့ ကံကောင်းခဲ့ပြီး ရက်ရှ်ဖို့ဒ်ကတော့ ကိုယ်တိုင်ကန်သွင်းဖို့ ကြိုးစားမှုတွေမှာ တစ်ဖက်နောက်တန်းကို မကျော်နိုင်ဘဲ ရှိနေခဲ့တာပါ။

အနိုင်ဂိုးကို ရယူဖို့ လိုအပ်နေပြီး ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာနှုန်းအထိ ရခဲ့တဲ့ ယူနိုက်တက်တို့ ပွဲချိန် ၈၃ မိနစ်မှာ ဗန်ဒဘိခ်ကို လူစားလဲခဲ့အပြီး တစ်မိနစ်အကြာမှာတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတော့ ဘောလုံးကို ပေါ့ဘာက ညာခြမ်းကို တင်ပေးရာမှာ ဘောလုံးရသွားခဲ့တဲ့ ဂရင်းဝုဒ်က ကန်သွင်းရာမှာ ဂျက်ခ်ကော့ခ်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံရယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တစ်သင်းလုံး ဖိကစားနေခဲ့တဲ့ ဘန်လေရဲ့ လူစားဝင်တိုက်စစ်မှူး ဗစ်ဒရာ ဘောလုံးပျက်ရာကနေ ယူနိုက်တက်တို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ကာဗာနီ၊ ဂရင်းဝုဒ်၊ ဖာနန်ဒက်စ်၊ ဗန်ဒဘိခ်တို့ရဲ့ တွဲလုံးကနေ ဗန်ဒဘိခ် ပြန်ချိုးပေးတာကို ကာဗာနီက အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ အိုးလ်ထရက်ဖို့ဒ်မှာ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲအနိုင်ကြောင့် ယူနိုက်တက်တို့ ပြိုင်ပွဲစုံနဲ့ ပရီးမီးယားလိဂ်တွေမှာ နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရယူနိုင်ခဲ့တာဖြစ်ပြီး ဦးဆောင်သူ မန်စီးတီးနဲ့ကြားက ကွာဟချက်ကို ၈ မှတ်အထိ လျှော့ချနိုင်ခဲ့သလို ၆ ပွဲကျန်သေးချိန်မှာ မြို့ခံပြိုင်ဘက်တို့ကို ၁၀ မှတ် မရရအောင် ရှာဖွေဖို့အတွက် လိုက်လံဖိအားပေးနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အိမ္ကြင္းမွာ လိုအပ္တဲ့ အႏိုင္ရလဒ္နဲ႔ သုံးမွတ္ကို တည္တည္ၿငိမ္ၿငိမ္ ရွာေဖြသြားႏိုင္ခဲ့ၿပီး အာ႐ုံ စူးစိုက္မႈနဲ႔ အသင္းလိုက္ကစားဟန္က အေရးပါခဲ့သလို တန္းဆင္းဇုန္နဲ႔ နီးကပ္ေနတဲ့ ဘန္ေလကို အေကာင္းဆုံး ထိန္းခ်ဳပ္ကစားသြားခဲ့ပါတယ္။

တိုက္စစ္မႉး အရွင္ထားၿပီး ကစားသြားတဲ့ ပုံစံမွာ ေဘာလုံးက ညာျခမ္းက လာရင္ ဘယ္ေတာင္ပံမွာ ေနရာထားတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ ဘယ္ျခမ္းက လာရင္ ညာေတာင္ပံမွာ ေနရာယူထားတဲ့ ဂရင္းဝုဒ္တို႔က အေထာင္ေနရာကို ေ႐ြ႕လ်ားခဲ့ၾကၿပီး သူတို႔ကိုေတာ့ ေနာက္က ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတို႔က လိုက္လံ ခ်ိတ္ဆက္ကစားခဲ့ၾကတာပါ။

ပြဲအစ စကၠန႔္ပိုင္းအတြင္းမွာ ဘန္ေလတိုက္စစ္မႉး ခရစၥဝုဒ္ ဂိုးသြင္းခဲ့ေပမယ့္ အနည္းငယ္ လူကြၽံေနခဲ့တယ္လို႔ ယူႏိုက္တက္တို႔ သက္သာခဲ့ၿပီး မိနစ္ပိုင္းအၾကာမွာေတာ့ ဝန္ဘစ္ဆာကာေပးတဲ့ ေဘာလုံးကို ကြင္းလယ္လူ မက္ေတာ္မီေနးက ဧရိယာထဲက ပိတ္သြင္းတာကို ပီးေကာ့-ဖာရဲလ္က ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေပါ့ဘာ၊ ဖာနန္ဒက္စ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ရက္ရွ္ဖို႔ဒ္ရဲ႕ ကန္ခ်က္ကိုလည္း ဂိုးသမား ပုတ္ထုတ္ ႏိုင္ခဲ့တာေၾကာင့္ ဂိုးရဖို႔ ၾကန႔္ၾကာေနခဲ့ၿပီး ဘန္ေလရဲ႕ ႐ိုးရွင္းတဲ့ ဗ်ဴဟာျဖစ္တဲ့ အျမင့္ေဘာေတြကိုေတာ့ တိုက္စစ္မႉး ခရစၥဝုဒ္က မၾကာခဏ အသုံးခ် ၿခိမ္းေျခာက္ေနခဲ့ၿပီး ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္အစမွာ ဖရက္ဒ္အစား ကာဗာနီကို ထည့္ခဲ့သလို တိုက္စစ္ျမႇင့္လာခဲ့တဲ့ ယူႏိုက္တက္တို႔အေနနဲ႔ ၃ မိနစ္အၾကာမွာေတာ့ ဘယ္ေတာင္ပံကေန ရက္ရွ္ဖို႔ဒ္ ေဘာလုံးဆြဲေျပးလာခဲ့ၿပီး ဧရိယာထဲကို ခ်ိဳးေပးရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္ ေဘာလုံးမယူဘဲ ဟေပးခဲ့တာကို ညာျခမ္းကေန အထဲဝင္လာခဲ့တဲ့ ဂရင္းဝုဒ္က အပိုင္ကန္သြင္းယူႏိုင္ခဲ့လို႔ အိမ္ကြင္းမွာ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္တို႔ရဲ႕ အေပ်ာ္က ႏွစ္မိနစ္သာ ခံခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ေထာင့္ကန္ေဘာကို လိုက္လံပိတ္ဆို႔ရာမွာ သူလိုလို ငါလိုလို ျဖစ္ေနတဲ့ ဝန္ဘစ္ဆာကာနဲ႔ မက္ဂြိဳင္းယားတို႔ရဲ႕ၾကားကေန ဘန္ေလေနာက္ခံလူ တာေကာ့ဗ္စကီးက အနီးကပ္ ေခါင္းတိုက္သြင္းယူၿပီး ေခ်ပဂိုးနဲ႔ ဟန္ဒါဆန္ကို အႏိုင္ယူသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာ ဘန္ေလတို႔ အခြင့္အေရးေကာင္း ရခဲ့ေပမယ့္ မက္နီးလ္ရဲ႕ ကန္ခ်က္က လူကြၽံအေနအထားမွာ ရွိေနတဲ့ ဘေရာင္းေဟးလ္နဲ႔ ထိၿပီး ျပန္ထြက္ခဲ့လို႔ ယူႏိုက္တက္တို႔ ကံေကာင္းခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ကေတာ့ ကိုယ္တိုင္ကန္သြင္းဖို႔ ႀကိဳးစားမႈေတြမွာ တစ္ဖက္ေနာက္တန္းကို မေက်ာ္ႏိုင္ဘဲ ရွိေနခဲ့တာပါ။

အႏိုင္ဂိုးကို ရယူဖို႔ လိုအပ္ေနၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာႏႈန္းအထိ ရခဲ့တဲ့ ယူႏိုက္တက္တို႔ ပြဲခ်ိန္ ၈၃ မိနစ္မွာ ဗန္ဒဘိခ္ကို လူစားလဲခဲ့အၿပီး တစ္မိနစ္အၾကာမွာေတာ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာေတာ့ ေဘာလုံးကို ေပါ့ဘာက ညာျခမ္းကို တင္ေပးရာမွာ ေဘာလုံးရသြားခဲ့တဲ့ ဂရင္းဝုဒ္က ကန္သြင္းရာမွာ ဂ်က္ခ္ေကာ့ခ္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ ဦးေဆာင္ဂိုးတစ္ဂိုး ထပ္မံရယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တစ္သင္းလုံး ဖိကစားေနခဲ့တဲ့ ဘန္ေလရဲ႕ လူစားဝင္တိုက္စစ္မႉး ဗစ္ဒရာ ေဘာလုံးပ်က္ရာကေန ယူႏိုက္တက္တို႔ တန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီး ကာဗာနီ၊ ဂရင္းဝုဒ္၊ ဖာနန္ဒက္စ္၊ ဗန္ဒဘိခ္တို႔ရဲ႕ တြဲလုံးကေန ဗန္ဒဘိခ္ ျပန္ခ်ိဳးေပးတာကို ကာဗာနီက အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့လို႔ အိုးလ္ထရက္ဖို႔ဒ္မွာ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ ယူႏိုက္တက္တို႔ ၿပိဳင္ပြဲစုံနဲ႔ ပရီးမီးယားလိဂ္ေတြမွာ ေနာက္ဆုံး ၅ ပြဲဆက္တိုက္ အႏိုင္ရယူႏိုင္ခဲ့တာျဖစ္ၿပီး ဦးေဆာင္သူ မန္စီးတီးနဲ႔ၾကားက ကြာဟခ်က္ကို ၈ မွတ္အထိ ေလွ်ာ့ခ်ႏိုင္ခဲ့သလို ၆ ပြဲက်န္ေသးခ်ိန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္တို႔ကို ၁၀ မွတ္ မရရေအာင္ ရွာေဖြဖို႔အတြက္ လိုက္လံဖိအားေပးႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.