Match Report Premier League

ကောင်းပါတယ်၊ စိတ်ပျက်ဖို့ဆိုတဲ့ အာဆင်နယ်အတွက် နကီးတီးယားယူပေးတဲ့ သရေတစ်မှတ်

အာဆင်နယ်အသင်းဟာ ဒီနေ့မှာတော့ ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲတစ်ပွဲအတွက် အဝေးကွင်းနှစ်ပွဲဆက် နိုင်ထားတဲ့ ကစားကွက်ကိုပဲ ပွဲထုတ်ခဲ့ပြီး လူစာရင်းကိုတော့ ပါတေးနဲ့ ချိမ်းဘားစ်တို့ နေရာတွေမှာ အယ်လ်နန်နီနဲ့ ဘယ်လာရင်တို့ကို အပြောင်းအလဲလုပ်ခဲ့သလို ဂိုးသမားနေရာမှာတော့ ရိုင်ယန် ပါဝင်လာခဲ့ပြီး လီနိုကို အရန်ခုံမှာပဲ ထားခဲ့တာဖြစ်ပါတယ်။

ငှက်ဖျားက ပြန်မလာသေးတဲ့ အူဘာမီယန်းနေရာမှာ မာတီနယ်လီကိုပဲ ဆက်သုံးခဲ့တဲ့ ဒီနေ့ပွဲမှာတော့ ပွဲအစ တစ်မိနစ်မှာပဲ ဘရာဇီးလ်သားအနေနဲ့ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် လူကျွံထောင်ချောက်ကို ဖောက်ထွက်အပြီးမှာ ဂိုးသမားနဲ့အတွေ့ အမြန်ကန်ခဲ့ရတာမို့ ဂိုးဘေးက လွဲချော်သွားခဲ့သလို ၆ မိနစ်မှာ ရတဲ့ အခွင့်အရေးကိုလည်း စီဘာယော့စ်နဲ့ လုကန်ပြီး ဂိုးသမား အာရီယိုလာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်ကတော့ တန်ပြန်တိုက်စစ်တွေကနေ ဒုက္ခပေးဖို့ ကြိုးစားနေပြီး ရိုင်ယန် ဟန်ချက်ပျက်နေတုန်း လှမ်းကန်တဲ့ မာဂျာရဲ့ ကန်ချက်က ဟိုးလ်ဒင်းနဲ့ ထိပြီး တိုင်ဘေးက ထွက်သွားခဲ့လို့သာ ကံကောင်းခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ ဘယ်ခြမ်းကတော့ တီယာနီ မပါနိုင်ချိန်မှာ ထက်မြက်မှု နည်းပါးခဲ့ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ အာဆင်နယ်တို့ ဂိုးရခွင့်ကြုံခဲ့ပြီး ဘယ်လာရင် တင်ပေးတာကို စီဘာယော့စ် ခေါင်းတိုက်သွင်းနိုင်ခဲ့ပေမယ့် ဖြတ်တင်ဘောကို စတင်ရယူခဲ့တဲ့ ဆာကာရဲ့ ခြေဖျားစွန်းလေး ကျွံနေတယ်ဆိုတဲ့ VAR ရဲ့ မိုက်ခရိုစကုပ်ဆန်ဆန် တိကျမှုနဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တဲ့အတွက် အာဆင်နယ်တို့ ဒုတိယပိုင်းအစမှာ ပိုမိုအားထည့်ကစားလာခဲ့ပေမယ့် ကန်ချက်တွေကတော့ တိုင်ဘေးတွေမှာပဲ များနေခဲ့သလို လာကာဇက်ရဲ့ တိုက်စစ်က မြားဦးကစားပုံကို တိတိပပ လိုက်ပါကူညီရမယ့် တာဝန်ကလည်း ဟိုလူလိုလို ဒီလူလိုလို ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ ဧည့်သည် ဖူလ်ဟမ်တို့ အဖွင့်ဂိုးသွင်းယူသွားနိုင်ခဲ့ပြီး ဂိုးဧရိယာထဲမှာ ဘောလုံးရယူဖို့ ကြိုးစားတဲ့ အာဆင်နယ် နောက်ခံလူ ဂါဘရီယယ်လ်ရဲ့ ဖျက်ထုတ်မှုက အနည်းငယ်ချော်ပြီး လီမီနာရဲ့ ခြေထောက်ကို ထိခဲ့ရာမှာ ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခဲ့လို့ တိုက်စစ်မှူး မာဂျာက ဂိုးသမား ရိုင်ယန်ကို လမ်းမှားပို့ပြီး ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ လာကာဇက်နဲ့ ဘယ်လာရင်တို့ အသင်းခေါင်းဆောင်အဖွဲ့သားတွေ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် အပြောင်းအလဲလုပ်တဲ့အနေနဲ့ အယ်လ်နန်နီနဲ့ ဘယ်လာရင်အစား ပါတေးနဲ့ ပေပေကို ထည့်ကစားခဲ့ပြီး လာကာဇက်ရဲ့ နေရာမှာတော့ နကီးတီးယားကို ထည့်ခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ ဖူလ်ဟမ်ဂိုးသမားကို တစ်ဦးချင်း ကျော်ဖြတ်ပြီး ပြန်တင်ပေးတဲ့ မာတီနယ်လီရဲ့ ဖြတ်တင်ဘောကို ပေပေ ခေါင်းတိုက်ခဲ့ရာမှာ အာရီယိုလာရဲ့ ခြေထောက်နဲ့ထိပြီး ဂိုးစည်းပေါ်က ပြန်ထွက်လာခဲ့လို့ အာဆင်နယ်တို့ ကံဆိုးခဲ့ရပြန်ပြီး ပွဲချိန် ၈၃ မိနစ်မှာတော့ သူ့ရဲ့ ဒဏ်ရာကို ပြုစုကုသခဲ့ရလို့ နာကျင်အချိန်ပို ၇ မိနစ်အထိ ပေးခဲ့ပြီး မိနစ် ၉၀ မပြည့်ခင်ကလေးမှာတော့ မာတီနယ်လီက ဂိုးသမားတည့်တည့်ကိုပဲ ကန်မိခဲ့ပါတယ်။

အချိန်ပိုရဲ့ နောက်ဆုံးမိနစ်မှာတော့ ဖြတ်တင်ဘောကို အန္တရာယ်မရှိဘဲ ဖျက်ထုတ်လိုက်တဲ့ ဒီကော်ဒိုဗာ-ရိဒ်ရဲ့ အမှားကြောင့် အာဆင်နယ်တို့ ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပြီး ပထမကန်ခွင့်က နောက်တစ်ကြိမ်ထပ်ပြီး ထောင့်ကန်ဘောဖြစ်ခဲ့ချိန်မှာ ဆာကာကန်တင်ပေးတာကို ဂိုးသမား ရိုင်ယန် ခေါင်းတိုက်ချပေးရာမှာ စီဘာယော့စ်ရဲ့ ကန်သွင်းခဲ့ပြီး ဂိုးသမား ပုတ်ထုတ်ရာမှာ နကီးတီးယားက ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ ချေပဂိုးရရှိခဲ့ပါတယ်။

ဒီဂိုးအတွက် ဂိုးသမား အာရီယိုလာရဲ့ မြင်ကွင်းကို အာဆင်နယ်နောက်ခံလူ ဟိုးလ်ဒင်းက ပိတ်ဆို့နေတယ်ဆိုပြီး ဖူလ်ဟမ်ဘက်က စောဒက တက်ခဲ့ကြပေမယ့် VAR ပြန်ကြည့်ရာမှာတော့ Clear ဖြစ်ခဲ့လို့ အမ်းမရိတ်မှာ ဂန်းနားတို့ မျက်နှာပျက်ရမယ့်အရေးက လွတ်မြောက်ခဲ့ပေမယ့် ပြင်းထန်လှတဲ့ ပရီးမီးယားလိဂ်တိုက်ပွဲတွေမှာ ဥရောပဝင်ခွင့်အတွက် ရပ်တည်မှုကောင်းဖို့တော့ စိုးရိမ်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ ဒီေန႔မွာေတာ့ ဖူလ္ဟမ္နဲ႔ လန္ဒန္ဒါဘီပြဲတစ္ပြဲအတြက္ အေဝးကြင္းႏွစ္ပြဲဆက္ ႏိုင္ထားတဲ့ ကစားကြက္ကိုပဲ ပြဲထုတ္ခဲ့ၿပီး လူစာရင္းကိုေတာ့ ပါေတးနဲ႔ ခ်ိမ္းဘားစ္တို႔ ေနရာေတြမွာ အယ္လ္နန္နီနဲ႔ ဘယ္လာရင္တို႔ကို အေျပာင္းအလဲလုပ္ခဲ့သလို ဂိုးသမားေနရာမွာေတာ့ ႐ိုင္ယန္ ပါဝင္လာခဲ့ၿပီး လီႏိုကို အရန္ခုံမွာပဲ ထားခဲ့တာျဖစ္ပါတယ္။

ငွက္ဖ်ားက ျပန္မလာေသးတဲ့ အူဘာမီယန္းေနရာမွာ မာတီနယ္လီကိုပဲ ဆက္သုံးခဲ့တဲ့ ဒီေန႔ပြဲမွာေတာ့ ပြဲအစ တစ္မိနစ္မွာပဲ ဘရာဇီးလ္သားအေနနဲ႔ ဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္အၿပီးမွာ ဂိုးသမားနဲ႔အေတြ႕ အျမန္ကန္ခဲ့ရတာမို႔ ဂိုးေဘးက လြဲေခ်ာ္သြားခဲ့သလို ၆ မိနစ္မွာ ရတဲ့ အခြင့္အေရးကိုလည္း စီဘာေယာ့စ္နဲ႔ လုကန္ၿပီး ဂိုးသမား အာရီယိုလာက ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ဖူလ္ဟမ္ကေတာ့ တန္ျပန္တိုက္စစ္ေတြကေန ဒုကၡေပးဖို႔ ႀကိဳးစားေနၿပီး ႐ိုင္ယန္ ဟန္ခ်က္ပ်က္ေနတုန္း လွမ္းကန္တဲ့ မာဂ်ာရဲ႕ ကန္ခ်က္က ဟိုးလ္ဒင္းနဲ႔ ထိၿပီး တိုင္ေဘးက ထြက္သြားခဲ့လို႔သာ ကံေကာင္းခဲ့တာျဖစ္ၿပီး အာဆင္နယ္ရဲ႕ ဘယ္ျခမ္းကေတာ့ တီယာနီ မပါႏိုင္ခ်ိန္မွာ ထက္ျမက္မႈ နည္းပါးခဲ့ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဂိုးရခြင့္ႀကဳံခဲ့ၿပီး ဘယ္လာရင္ တင္ေပးတာကို စီဘာေယာ့စ္ ေခါင္းတိုက္သြင္းႏိုင္ခဲ့ေပမယ့္ ျဖတ္တင္ေဘာကို စတင္ရယူခဲ့တဲ့ ဆာကာရဲ႕ ေျခဖ်ားစြန္းေလး ကြၽံေနတယ္ဆိုတဲ့ VAR ရဲ႕ မိုက္ခ႐ိုစကုပ္ဆန္ဆန္ တိက်မႈနဲ႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့တဲ့အတြက္ အာဆင္နယ္တို႔ ဒုတိယပိုင္းအစမွာ ပိုမိုအားထည့္ကစားလာခဲ့ေပမယ့္ ကန္ခ်က္ေတြကေတာ့ တိုင္ေဘးေတြမွာပဲ မ်ားေနခဲ့သလို လာကာဇက္ရဲ႕ တိုက္စစ္က ျမားဦးကစားပုံကို တိတိပပ လိုက္ပါကူညီရမယ့္ တာဝန္ကလည္း ဟိုလူလိုလို ဒီလူလိုလို ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ဧည့္သည္ ဖူလ္ဟမ္တို႔ အဖြင့္ဂိုးသြင္းယူသြားႏိုင္ခဲ့ၿပီး ဂိုးဧရိယာထဲမွာ ေဘာလုံးရယူဖို႔ ႀကိဳးစားတဲ့ အာဆင္နယ္ ေနာက္ခံလူ ဂါဘရီယယ္လ္ရဲ႕ ဖ်က္ထုတ္မႈက အနည္းငယ္ေခ်ာ္ၿပီး လီမီနာရဲ႕ ေျခေထာက္ကို ထိခဲ့ရာမွာ ဒိုင္လူႀကီးက ပင္နယ္တီ သတ္မွတ္ေပးခဲ့လို႔ တိုက္စစ္မႉး မာဂ်ာက ဂိုးသမား ႐ိုင္ယန္ကို လမ္းမွားပို႔ၿပီး ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ လာကာဇက္နဲ႔ ဘယ္လာရင္တို႔ အသင္းေခါင္းေဆာင္အဖြဲ႕သားေတြ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ အေျပာင္းအလဲလုပ္တဲ့အေနနဲ႔ အယ္လ္နန္နီနဲ႔ ဘယ္လာရင္အစား ပါေတးနဲ႔ ေပေပကို ထည့္ကစားခဲ့ၿပီး လာကာဇက္ရဲ႕ ေနရာမွာေတာ့ နကီးတီးယားကို ထည့္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ဖူလ္ဟမ္ဂိုးသမားကို တစ္ဦးခ်င္း ေက်ာ္ျဖတ္ၿပီး ျပန္တင္ေပးတဲ့ မာတီနယ္လီရဲ႕ ျဖတ္တင္ေဘာကို ေပေပ ေခါင္းတိုက္ခဲ့ရာမွာ အာရီယိုလာရဲ႕ ေျခေထာက္နဲ႔ထိၿပီး ဂိုးစည္းေပၚက ျပန္ထြက္လာခဲ့လို႔ အာဆင္နယ္တို႔ ကံဆိုးခဲ့ရျပန္ၿပီး ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ သူ႔ရဲ႕ ဒဏ္ရာကို ျပဳစုကုသခဲ့ရလို႔ နာက်င္အခ်ိန္ပို ၇ မိနစ္အထိ ေပးခဲ့ၿပီး မိနစ္ ၉၀ မျပည့္ခင္ကေလးမွာေတာ့ မာတီနယ္လီက ဂိုးသမားတည့္တည့္ကိုပဲ ကန္မိခဲ့ပါတယ္။

အခ်ိန္ပိုရဲ႕ ေနာက္ဆုံးမိနစ္မွာေတာ့ ျဖတ္တင္ေဘာကို အႏၲရာယ္မရွိဘဲ ဖ်က္ထုတ္လိုက္တဲ့ ဒီေကာ္ဒိုဗာ-ရိဒ္ရဲ႕ အမွားေၾကာင့္ အာဆင္နယ္တို႔ ေထာင့္ကန္ေဘာ ကန္ခြင့္ရခဲ့ၿပီး ပထမကန္ခြင့္က ေနာက္တစ္ႀကိမ္ထပ္ၿပီး ေထာင့္ကန္ေဘာျဖစ္ခဲ့ခ်ိန္မွာ ဆာကာကန္တင္ေပးတာကို ဂိုးသမား ႐ိုင္ယန္ ေခါင္းတိုက္ခ်ေပးရာမွာ စီဘာေယာ့စ္ရဲ႕ ကန္သြင္းခဲ့ၿပီး ဂိုးသမား ပုတ္ထုတ္ရာမွာ နကီးတီးယားက ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့လို႔ ေခ်ပဂိုးရရွိခဲ့ပါတယ္။

ဒီဂိုးအတြက္ ဂိုးသမား အာရီယိုလာရဲ႕ ျမင္ကြင္းကို အာဆင္နယ္ေနာက္ခံလူ ဟိုးလ္ဒင္းက ပိတ္ဆို႔ေနတယ္ဆိုၿပီး ဖူလ္ဟမ္ဘက္က ေစာဒက တက္ခဲ့ၾကေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ Clear ျဖစ္ခဲ့လို႔ အမ္းမရိတ္မွာ ဂန္းနားတို႔ မ်က္ႏွာပ်က္ရမယ့္အေရးက လြတ္ေျမာက္ခဲ့ေပမယ့္ ျပင္းထန္လွတဲ့ ပရီးမီးယားလိဂ္တိုက္ပြဲေတြမွာ ဥေရာပဝင္ခြင့္အတြက္ ရပ္တည္မႈေကာင္းဖို႔ေတာ့ စိုးရိမ္ခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.