Premier League

FA ပြုတ်သွားတဲ့ မန်စီးတီးကို EPL ဖလားပါ ဆုံးရှုံးလာနိုင်ခြေရှိတယ်လို့ နှပ်ကြောင်းခပ်ပါးပါးပေးပြီး မီးနဲ့မြှိုက်သွားခဲ့တဲ့ ဆိုးလ်ရှား

ပြီးခဲ့တဲ့ညက FA ဖလား ဆီမီးဖိုင်နယ်မှာ ချယ်လ်ဆီးအသင်းကို ဝင်ဘလေမှာ ရှူံးနိမ့်ပြီး ဖလား ၄ လုံး မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရတဲ့ မန်စီးတီးကို ယူနိုက်တက်နည်းပြဆိုးလ်ရှားကပရီးမီးယားလိဂ်နဲ့ဖလားပတ်သက်ပြီး ဘောလုံးမှာ ထူးဆန်းတာတွေ ဖြစ်လာတတ်တယ်လို့ အထက်စီးယူပြီး ပြောသွားခဲ့ကြောင်း သိရပါတယ်။

မန်စီးတီးရဲ့ ဖလား ၄ လုံးအိပ်မက်ကို ပျက်စီးစေပြီး FA ဖလားလက်လွှတ်ခဲ့ရတဲ့ ဖိအားတခုကြောင့်နဲ့တင် ပရီးမီးယားလိဂ်မှာပါ ရမှတ်တွေ ဆုံးရှုံးလာနိုင်ခြေရှိတယ်လို့ ဆိုးလ်ရှားက မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာကို နှပ်ကြောင်းခပ်ပါးပါးပေးပြီး မီးနဲ့မြှိုက်သွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ရမှတ်ကွာဟချက် ကြီးမားစွာနဲ့ ယူနိုက်တက်ကို ၁၁ မှတ်ဖြတ်ထားတဲ့ မန်စီးတီးရဲ့ ခြေချော်မှုတွေကို လက်ကျန် ၇ ပွဲ ကစားရဖို့ ရှိနေတဲ့ ယူနိုက်တက်အသင်းအသိုင်းအဝိုင်းနဲ့ ပရိသတ်တွေက မျှော်လင့်နေတာဖြစ်ပြီး အခွင့်ကောင်းကို စောင့်ဆိုင်းနေကြတာပါ။

ဒါက ဂွာဒီယိုလာရဲ့ ပျော့ကွက်ဖြစ်လာမလားလို့ ပရီးမီးယားလိဂ်ဖလားစိန်ခေါ်ပွဲကို စောစောစီးစီး အဆုံးမသတ်နိုင်အောင် ဆိုးလ်ရှားက ယူနိုက်တက်ရဲ့ ဘန်လေနဲ့ပွဲကြို တချက်ထောက်သွားခဲ့တာဖြစ်ပြီး ဘန်လေကိုသာ အနိုင်ကစားနိုင်ခဲ့ရင် ၈ မှတ်အကွာ၊ လက်ကျန် ၆ ပွဲစီ ကစားရမယ့် ရာသီသိမ်းတိုက်ပွဲအတွက် ဖိအားပေးလိုက်တာလို့လည်း ဆိုရမှာပါ။

” ယူနိုက်တက်အတွက် တပွဲချင်းစီက အရေးပါလာပြီ။ ကျွန်တော်တို့ အမှတ်တွေ လျှောက်ဝေနေမှာ မဟုတ်ဘူး။ မန်စီးတီးကို အမီလိုက်ပြီး ကျော်ဖြတ်နိုင်မလားဆိုရင်တော့ ဘောလုံးမှာ ထူးဆန်းတဲ့အရာတွေက ဖြစ်တတ်တယ်ဗျ။ ”

” ကျွန်တော်တို့က ကိုယ့်အမှတ်ကိုယ်ရအောင်ယူမယ်။ ပြီးရင်တော့ နောက်တဆင့်အနေနဲ့ ​သူတို့အသင်း ခွေခေါက်လဲမှာကို စောင့်မျှော်နေပါမယ်။ ကျွန်တော်တို့အသင်းက ဒီရာသီကို ခပ်မြင့်မြင့်သိမ်းပိုက်မယ်လို့ မျှော်မှန်းထားတယ် ”

” ယူရိုပါလိဂ်ဖလားကိုလည်း ကိုင်မြှောက်ချင်ပါတယ်။ မနှစ်က မအောင်မြင်ခဲ့တဲ့ ဒီဖလားကို ရအောင်သိမ်းမယ်။ ပြီးခဲ့တဲ့နှစ်က အမှားနဲ့ အရှုံးက ကျွန်တော်တို့ကို အရမ်းနာကျင်စေပြီး ပိုပြီး အာရုံတစိုက် အလုပ်လုပ်စေခဲ့တယ်။ ဆီမီးဖိုင်နယ်ပွဲ ၄ ကြိမ်ရှုံးပြီးပြီ။ ဒီတခါတော့ အဖြစ်မခံနိုင်တော့ပါဘူး ” လို့ ဆိုးလ်ရှားက ပြောပြသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက FA ဖလား ဆီမီးဖိုင္နယ္မွာ ခ်ယ္လ္ဆီးအသင္းကို ဝင္ဘေလမွာ ရႉံးနိမ့္ၿပီး ဖလား ၄ လုံး ေမွ်ာ္လင့္ခ်က္ကို စြန႔္လႊတ္လိုက္ရတဲ့ မန္စီးတီးကို ယူႏိုက္တက္နည္းျပဆိုးလ္ရွားကပရီးမီးယားလိဂ္နဲ႔ဖလားပတ္သက္ၿပီး ေဘာလုံးမွာ ထူးဆန္းတာေတြ ျဖစ္လာတတ္တယ္လို႔ အထက္စီးယူၿပီး ေျပာသြားခဲ့ေၾကာင္း သိရပါတယ္။

မန္စီးတီးရဲ႕ ဖလား ၄ လုံးအိပ္မက္ကို ပ်က္စီးေစၿပီး FA ဖလားလက္လႊတ္ခဲ့ရတဲ့ ဖိအားတခုေၾကာင့္နဲ႔တင္ ပရီးမီးယားလိဂ္မွာပါ ရမွတ္ေတြ ဆုံးရႈံးလာႏိုင္ေျခရွိတယ္လို႔ ဆိုးလ္ရွားက မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာကို ႏွပ္ေၾကာင္းခပ္ပါးပါးေပးၿပီး မီးနဲ႔ျမႇိဳက္သြားခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ရမွတ္ကြာဟခ်က္ ႀကီးမားစြာနဲ႔ ယူႏိုက္တက္ကို ၁၁ မွတ္ျဖတ္ထားတဲ့ မန္စီးတီးရဲ႕ ေျခေခ်ာ္မႈေတြကို လက္က်န္ ၇ ပြဲ ကစားရဖို႔ ရွိေနတဲ့ ယူႏိုက္တက္အသင္းအသိုင္းအဝိုင္းနဲ႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနတာျဖစ္ၿပီး အခြင့္ေကာင္းကို ေစာင့္ဆိုင္းေနၾကတာပါ။

ဒါက ဂြာဒီယိုလာရဲ႕ ေပ်ာ့ကြက္ျဖစ္လာမလားလို႔ ပရီးမီးယားလိဂ္ဖလားစိန္ေခၚပြဲကို ေစာေစာစီးစီး အဆုံးမသတ္ႏိုင္ေအာင္ ဆိုးလ္ရွားက ယူႏိုက္တက္ရဲ႕ ဘန္ေလနဲ႔ပြဲႀကိဳ တခ်က္ေထာက္သြားခဲ့တာျဖစ္ၿပီး ဘန္ေလကိုသာ အႏိုင္ကစားႏိုင္ခဲ့ရင္ ၈ မွတ္အကြာ၊ လက္က်န္ ၆ ပြဲစီ ကစားရမယ့္ ရာသီသိမ္းတိုက္ပြဲအတြက္ ဖိအားေပးလိုက္တာလို႔လည္း ဆိုရမွာပါ။

” ယူႏိုက္တက္အတြက္ တပြဲခ်င္းစီက အေရးပါလာၿပီ။ ကြၽန္ေတာ္တို႔ အမွတ္ေတြ ေလွ်ာက္ေဝေနမွာ မဟုတ္ဘူး။ မန္စီးတီးကို အမီလိုက္ၿပီး ေက်ာ္ျဖတ္ႏိုင္မလားဆိုရင္ေတာ့ ေဘာလုံးမွာ ထူးဆန္းတဲ့အရာေတြက ျဖစ္တတ္တယ္ဗ်။ ”

” ကြၽန္ေတာ္တို႔က ကိုယ့္အမွတ္ကိုယ္ရေအာင္ယူမယ္။ ၿပီးရင္ေတာ့ ေနာက္တဆင့္အေနနဲ႔ ​သူတို႔အသင္း ေခြေခါက္လဲမွာကို ေစာင့္ေမွ်ာ္ေနပါမယ္။ ကြၽန္ေတာ္တို႔အသင္းက ဒီရာသီကို ခပ္ျမင့္ျမင့္သိမ္းပိုက္မယ္လို႔ ေမွ်ာ္မွန္းထားတယ္ ”

” ယူ႐ိုပါလိဂ္ဖလားကိုလည္း ကိုင္ေျမႇာက္ခ်င္ပါတယ္။ မႏွစ္က မေအာင္ျမင္ခဲ့တဲ့ ဒီဖလားကို ရေအာင္သိမ္းမယ္။ ၿပီးခဲ့တဲ့ႏွစ္က အမွားနဲ႔ အရႈံးက ကြၽန္ေတာ္တို႔ကို အရမ္းနာက်င္ေစၿပီး ပိုၿပီး အာ႐ုံတစိုက္ အလုပ္လုပ္ေစခဲ့တယ္။ ဆီမီးဖိုင္နယ္ပြဲ ၄ ႀကိမ္ရႈံးၿပီးၿပီ။ ဒီတခါေတာ့ အျဖစ္မခံႏိုင္ေတာ့ပါဘူး ” လို႔ ဆိုးလ္ရွားက ေျပာျပသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.