Serie A

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားနဲ႔ ေအစီမီလန္ဂႏၴဝင္ မာလ္ဒီနီတုိ႔ သားအဖ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တုိက္စစ္မွဴး ေပၚလို ဒီဘားလားနဲ႔ သူ႕ရဲ႕ခ်စ္သူ အုိရီယာနာ ဆဘာတီနီတုိ႔ဟာ ေဆးစစ္မွဳခံယူရာမွာ COVID-19 ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳ ေပါ့စစ္တစ္ျဖစ္ခဲ့ေၾကာင္း သိရၿပီး ဒါကို ကစားသမားကိုယ္တုိင္က သူ႕ရဲ႕ တြစ္တာနဲ႔ အင္စတာဂရမ္အေကာင့္ေတြကေန ထုတ္ျပန္သြားခဲ့ပါတယ္။

မတ္လ ၁၃ ရက္ေန႔ကလည္းက အိမ္မွာ ခြဲျခားေစာင့္ၾကည့္ခံထားရတဲ့ အာဂ်င္တီးနားတုိက္စစ္မွဴး ဒီဘားလားရဲ႕ ကူးစက္မွဳဟာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ေတာ့ တတိယေျမာက္ ကူးစက္ခဲ့ရတဲ့ ကစားသမားလည္း ျဖစ္လာၿပီး သူ႕ေရွ႕ ေနာက္ခံလူ ဒန္နီယယ္လ္ ႐ူဂါနီနဲ႔ ကြင္းလယ္လူ ဘလဲစ္ မာတြီဒီတို႔ဟာလည္း ဒီေရာဂါကူးစက္မွဳကို ခံစားေနခဲ့ရသူေတြျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ တုိက္စစ္မွဴးကေတာ့ သူ႕ရဲ႕ တြစ္တာမွာ အားလုံးအတြက္ သူ႕အေနနဲ႔ သတင္းေပးစရာရွိတယ္လို႔ တည္တည္ၿငိမ္ၿငိမ္ပဲ ေျပာသြားခဲ့ၿပီး သူနဲ႔ သူ႕ခ်စ္သူ အိုရီယာနာတုိ႔ ေဆးစစ္မွဳ ခံယူရာမွာ ႏွစ္ဦးစလုံးမွာ ေပါ့စစ္တစ္ျဖစ္ေနတယ္လို႔ ဆိုခဲ့ေပမယ့္ ကံေကာင္းေထာက္မစြာပဲ သူတုိ႔ႏွစ္ဦးစလုံးရဲ႕ က်န္းမာေရးအေျခအေနေတြ ေကာင္းမြန္ေနၾကတယ္လုိ႔လည္း ဆုိခဲ့ပါတယ္။

မီလန္ၿမဳိ႕မွာေတာ့ ေအစီမီလန္အသင္းရဲ႕ အသက္ ၅၁ ႏွစ္အရြယ္ ဂႏၴဝင္ေနာက္ခံလူ ေပၚလို မာလ္ဒီနီနဲ႔ သူ႕ရဲ႕သားျဖစ္သူ အကယ္ဒမီအသင္းရဲ႕ တုိက္စစ္မွဴး ဒန္နီယယ္လ္တုိ႔မွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံခဲ့ရၿပီး သူတုိ႔ဟာလည္း ႏွစ္ပတ္တာ ခြဲျခားေစာင့္ၾကည့္ခံထားခဲ့ရသူေတြ ျဖစ္ပါတယ္။

ေအစီမီလန္အသင္းရဲ႕ ဝက္ဘ္ဆုိက္ကေတာ့ အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ ေပၚလို မာလ္ဒီနီအေနနဲ႔ ေရာဂါရွိသူေတြနဲ႔ ထိေတြ႕ခဲ့ၿပီးေနာက္ ခြဲျခားေစာင့္ၾကည့္ေနရာမွာ ဒီဗုိင္းရပ္စ္ကူးစက္ျခင္းခံခဲ့ရတယ္လုိ႔ အတည္ျပဳခဲ့ၿပီး သူ႕ရဲ႕သားျဖစ္သူ ဒန္နီယယ္လ္မွာလည္း ကူးစက္ေနခဲ့ၿပီး ႏွစ္ဦးစလုံး က်န္းမာေရးေကာင္းမြန္တယ္လို႔ ဆုိခဲ့သလို က်န္းမာေရးအာဏာပုိင္ေတြ ခ်မွတ္ထားတဲ့အတုိင္း ကုသမွဳေတြ စတင္လုပ္ေဆာင္ေနၿပီလုိ႔လည္း ထုတ္ျပန္သြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS & TWEETS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ပေါ်လို ဒီဘားလားနဲ့ သူ့ရဲ့ချစ်သူ အိုရီယာနာ ဆဘာတီနီတို့ဟာ ဆေးစစ်မှုခံယူရာမှာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပေါ့စစ်တစ်ဖြစ်ခဲ့ကြောင်း သိရပြီး ဒါကို ကစားသမားကိုယ်တိုင်က သူ့ရဲ့ တွစ်တာနဲ့ အင်စတာဂရမ်အကောင့်တွေကနေ ထုတ်ပြန်သွားခဲ့ပါတယ်။

မတ်လ ၁၃ ရက်နေ့ကလည်းက အိမ်မှာ ခွဲခြားစောင့်ကြည့်ခံထားရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားရဲ့ ကူးစက်မှုဟာ ဂျူဗင်တပ်စ်အသင်းအတွက်တော့ တတိယမြောက် ကူးစက်ခဲ့ရတဲ့ ကစားသမားလည်း ဖြစ်လာပြီး သူ့ရှေ့ နောက်ခံလူ ဒန်နီယယ်လ် ရူဂါနီနဲ့ ကွင်းလယ်လူ ဘလဲစ် မာတွီဒီတို့ဟာလည်း ဒီရောဂါကူးစက်မှုကို ခံစားနေခဲ့ရသူတွေဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးကတော့ သူ့ရဲ့ တွစ်တာမှာ အားလုံးအတွက် သူ့အနေနဲ့ သတင်းပေးစရာရှိတယ်လို့ တည်တည်ငြိမ်ငြိမ်ပဲ ပြောသွားခဲ့ပြီး သူနဲ့ သူ့ချစ်သူ အိုရီယာနာတို့ ဆေးစစ်မှု ခံယူရာမှာ နှစ်ဦးစလုံးမှာ ပေါ့စစ်တစ်ဖြစ်နေတယ်လို့ ဆိုခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ သူတို့နှစ်ဦးစလုံးရဲ့ ကျန်းမာရေးအခြေအနေတွေ ကောင်းမွန်နေကြတယ်လို့လည်း ဆိုခဲ့ပါတယ်။

မီလန်မြို့မှာတော့ အေစီမီလန်အသင်းရဲ့ အသက် ၅၁ နှစ်အရွယ် ဂန္ထဝင်နောက်ခံလူ ပေါ်လို မာလ်ဒီနီနဲ့ သူ့ရဲ့သားဖြစ်သူ အကယ်ဒမီအသင်းရဲ့ တိုက်စစ်မှူး ဒန်နီယယ်လ်တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး သူတို့ဟာလည်း နှစ်ပတ်တာ ခွဲခြားစောင့်ကြည့်ခံထားခဲ့ရသူတွေ ဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ ဝက်ဘ်ဆိုက်ကတော့ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ပေါ်လို မာလ်ဒီနီအနေနဲ့ ရောဂါရှိသူတွေနဲ့ ထိတွေ့ခဲ့ပြီးနောက် ခွဲခြားစောင့်ကြည့်နေရာမှာ ဒီဗိုင်းရပ်စ်ကူးစက်ခြင်းခံခဲ့ရတယ်လို့ အတည်ပြုခဲ့ပြီး သူ့ရဲ့သားဖြစ်သူ ဒန်နီယယ်လ်မှာလည်း ကူးစက်နေခဲ့ပြီး နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုခဲ့သလို ကျန်းမာရေးအာဏာပိုင်တွေ ချမှတ်ထားတဲ့အတိုင်း ကုသမှုတွေ စတင်လုပ်ဆောင်နေပြီလို့လည်း ထုတ်ပြန်သွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS & TWEETS CREDIT TO OWNERS
SPORTS A2Z.