Premier League Serie A

အင္တာမီလန္ေနာက္ခံလူကို ေခၚယူဖို႔ ႀကဳိးစားေနတဲ့ မန္ခ်က္စတာစီးတီး

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ၿပဳိင္ဆုိင္မွဳမွာ လီဗာပူးလ္အသင္းနဲ႔ ႀကီးမားတဲ့ ကြာျခားခ်က္ ျဖစ္ခဲ့တဲ့ အသင္းရဲ႕ ဗဟိုေနာက္ခံလူဌာနကို အင္အားျဖည့္တင္းဖို႔အတြက္ အင္တာမီလန္အသင္းရဲ႕ ခံစစ္ၾကယ္ပြင့္ မီလန္ ရွကရီညာကို ေခၚယူဖို႔ ႀကဳိးစားေနတယ္လုိ႔ ဆိုပါတယ္။

စီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ဒီဆလိုဗက္ကီးယားေနာက္ခံလူကို ႀကီးမားတဲ့ စိတ္ဝင္စားမွဳျပသထားၿပီး ေႏြရာသီမွာ ေခၚယူႏုိင္ဖို႔ ပစ္မွတ္ထားေနသလို အသင္းရဲ႕ ေနာက္တန္းမွာ အဓိကကစားသမားအျဖစ္ ေခၚယူေနရာေပးသြားဖြယ္ရွိတယ္လို႔လည္း နာမည္ႀကီး အီတလီဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္လိုက္ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး အရပ္အေမာင္းျမင့္မားတဲ့ ေနာက္ခံလူကို မန္စီးတီးအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံခံစစ္ကစားသမား ဂ်ဴဗင္တပ္စ္ေနာက္ခံလူေဟာင္း ဂ်ဳိအာအုိ ကန္ဆယ္လိုကို အလုိက္ေပးၿပီး ေခၚယူဖို႔ ကမ္းလွမ္းသြားဖြယ္ရွိေနတယ္လို႔ ႐ိုမာႏုိက ဆုိခဲ့ၿပီး အင္တာဘက္ကေတာ့ ထူးထူးျခားျခား ဘာမွ မရွိေသးဘူးလို႔လည္း ဆုိပါတယ္။

ရွကရီညာဟာ အင္တာမီလန္ကို အတၱလန္တာအသင္းကေန ေျပာင္းေရႊ႕လာစဥ္ကစၿပီး အသင္းအတြက္ ၁၁၅ ပြဲမွာ ၄ ဂိုးသြင္းယူထားၿပီး အဓိက ကစားသမားတစ္ဦးျဖစ္ခဲ့ေပမယ့္ ဆန္စီ႐ိုမွာ ဒီဗ႐ိုင္း၊ ရာႏိုခီယာ၊ ဂိုဒင္နဲ႔ အီတလီယူ-၂၁ လက္ေရြးစင္ ဘက္စတုိနီတို႔လို ခံစစ္မွဴးေကာင္းေတြ ေပါမ်ားေနလို႔ ေငြေၾကးအက်ဳိးအျမတ္အတြက္ မေရာင္းႏုိင္စရာ မရွိဘူးလုိ႔လည္း ခန္႔မွန္းရပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ ခံစစ္ပုိင္းကို လာမယ့္ရာသီမွာ ႀကီးႀကီးမားမား ျပင္ဆင္ဖို႔ ရွိေနၿပီး အသင္းနဲ႔ ေကာင္းေကာင္းအံမဝင္ဘဲ အမွားမ်ားတဲ့ ဂၽြန္စတုန္းစ္နဲ႔ ေအာ့တာမန္ဒီတုိ႔လို ေနာက္ခံလူေတြကိုလည္း ရွင္းထုတ္သြားဖို႔ ျပင္ဆင္ေနၿပီး အေျပာင္းအေရႊ႕ေဈးကြက္မွာ အဝယ္နဲ႔ အေရာင္းကို ဟန္ခ်က္ညီညီ လွဳပ္ရွားသြားဖို႔ ရွိေနၾကာင္းလည္း သိရွိရပါတယ္။

REF: CALCIO MERCATO & GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုမှာ လီဗာပူးလ်အသင်းနဲ့ ကြီးမားတဲ့ ကွာခြားချက် ဖြစ်ခဲ့တဲ့ အသင်းရဲ့ ဗဟိုနောက်ခံလူဌာနကို အင်အားဖြည့်တင်းဖို့အတွက် အင်တာမီလန်အသင်းရဲ့ ခံစစ်ကြယ်ပွင့် မီလန် ရှကရီညာကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ဒီဆလိုဗက်ကီးယားနောက်ခံလူကို ကြီးမားတဲ့ စိတ်ဝင်စားမှုပြသထားပြီး နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေသလို အသင်းရဲ့ နောက်တန်းမှာ အဓိကကစားသမားအဖြစ် ခေါ်ယူနေရာပေးသွားဖွယ်ရှိတယ်လို့လည်း နာမည်ကြီး အီတလီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်လိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး အရပ်အမောင်းမြင့်မားတဲ့ နောက်ခံလူကို မန်စီးတီးအနေနဲ့ သူတို့ရဲ့ တောင်ပံခံစစ်ကစားသမား ဂျူဗင်တပ်စ်နောက်ခံလူဟောင်း ဂျိုအာအို ကန်ဆယ်လိုကို အလိုက်ပေးပြီး ခေါ်ယူဖို့ ကမ်းလှမ်းသွားဖွယ်ရှိနေတယ်လို့ ရိုမာနိုက ဆိုခဲ့ပြီး အင်တာဘက်ကတော့ ထူးထူးခြားခြား ဘာမှ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ရှကရီညာဟာ အင်တာမီလန်ကို အတ္တလန်တာအသင်းကနေ ပြောင်းရွှေ့လာစဉ်ကစပြီး အသင်းအတွက် ၁၁၅ ပွဲမှာ ၄ ဂိုးသွင်းယူထားပြီး အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် ဆန်စီရိုမှာ ဒီဗရိုင်း၊ ရာနိုခီယာ၊ ဂိုဒင်နဲ့ အီတလီယူ-၂၁ လက်ရွေးစင် ဘက်စတိုနီတို့လို ခံစစ်မှူးကောင်းတွေ ပေါများနေလို့ ငွေကြေးအကျိုးအမြတ်အတွက် မရောင်းနိုင်စရာ မရှိဘူးလို့လည်း ခန့်မှန်းရပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ခံစစ်ပိုင်းကို လာမယ့်ရာသီမှာ ကြီးကြီးမားမား ပြင်ဆင်ဖို့ ရှိနေပြီး အသင်းနဲ့ ကောင်းကောင်းအံမဝင်ဘဲ အမှားများတဲ့ ဂျွန်စတုန်းစ်နဲ့ အော့တာမန်ဒီတို့လို နောက်ခံလူတွေကိုလည်း ရှင်းထုတ်သွားဖို့ ပြင်ဆင်နေပြီး အပြောင်းအရွှေ့ဈေးကွက်မှာ အဝယ်နဲ့ အရောင်းကို ဟန်ချက်ညီညီ လှုပ်ရှားသွားဖို့ ရှိနေကြာင်းလည်း သိရှိရပါတယ်။

REF: CALCIO MERCATO & GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.