Premier League Serie A

ဒြန္နာရမ္မာအတြက္ ေအးဂ်င့္ ႐ိုင္ယိုလာဆီကို စုံစမ္းေနတဲ့ ခ်ဲလ္ဆီး

ဂိုးသမား ကီပါ အာရီဇာဘာလာဂါနဲ႔ အရန္ဂိုးသမား ဝီလီ ကာဘယ္လာ႐ို၊ က်န္တဲ့ လူငယ္ဂိုးသမားေတြနဲ႔ ေက်နပ္မွဳ မရွိတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ စီးရီးေအကလပ္ ေအစီမီလန္ရဲ႕ လူငယ္ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို ေခၚယူဖို႔အတြက္ သူ႕ရဲ႕ ေအးဂ်င့္ျဖစ္သူ မီႏို ႐ိုင္ယိုလာဆီ ဆက္သြယ္ စုံစမ္းခဲ့တယ္လုိ႔ သိရပါတယ္။

အီတလီအားကစားဂ်ာနယ္ ဂဇက္တာဒယ္လိုစပုိ႔စ္ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ လက္ရွိဂိုးသမားေတြျဖစ္တဲ့ စပိန္လက္ေရြးစင္ ကီပါနဲ႔အဖြဲ႕ကို စိတ္ကုန္ေနၿပီျဖစ္ၿပီး သူ႕ေနရာမွာ ငယ္ရြယ္ၿပီး လက္စြမ္းတက္ဆဲျဖစ္တဲ့ ဒြန္နာရမ္မာနဲ႔ အစားထိုးဖို႔ အလိုရွိေနတယ္လို႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ေႏြရာသီက အသင္းမွာ ဆက္မေနခ်င္ေတာ့တဲ့ ဂိုးသမား သီဘို ကူတြာကို ရီးရဲလ္မက္ဒရစ္ဆီ ေပါင္ ၃၂ သန္းနဲ႔ ေရာင္းထုတ္ခဲ့ၿပီး ဘီလ္ဘာအိုရဲ႕ ဂိုးသမား ကီပါကို ကမာၻ႕စံခ်ိန္တင္ဂိုးသမားေျပာင္းေရႊ႕ေၾကး ေပါင္ ၇၁.၈ သန္းနဲ႔ ေခၚယူခဲ့ေပမယ့္ ၂၀၁၉-၂၀ ရာသီ မွာေတာ့ ဒီဂိုးသမားရဲ႕ အမွားေတြက လက္မခံႏုိင္စရာျဖစ္ေနခဲ့တာပါ။

နာမည္ႀကီးေအးဂ်င့္ ႐ိုင္ယိုလာရဲ႕ ကစားသမားျဖစ္တဲ့ ဒုတိယဘူဖြန္လုိ႔ အမည္တြင္သူ ဒြန္နာရမ္မာကေတာ့ ၂၀၁၃-၁၄ ေနာက္ပုိင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ မရေတာ့တဲ့ ေအစီမီလန္ကေန ထြက္ခြာခ်င္ေနၿပီလုိ႔ သိရၿပီး ေလာေလာဆယ္မွာလည္း အဂၤလိပ္ဘာသာစကားကို ေလ့လာသင္ယူေနတယ္လို႔ ဆိုပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒြန္နာရမ္မာအတြက္ တစ္ႏွစ္လုပ္ခ ေပါင္ ၇ သန္းေပးမယ္လို႔ ႐ိုင္ယိုလာဆီကို ကမ္းလွမ္းထားတယ္လုိ႔ သိရၿပီး အသင္းတာဝန္ရွိသူေတြအေနနဲ႔ ဒီတစ္ခါမွာလည္း ကမာၻ႕စံခ်ိန္တင္ဂိုးသမားေျပာင္းေရႊ႕ေၾကးကို ထပ္မံ႐ိုက္ခ်ဳိးရဖို႔ အလားအလာရွိေနသလို သူ႕အတြက္ ယူ႐ိုသန္း ၁၀၀ ေလာက္ ေပးေခ်ရႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြက တြက္ခ်က္ခန္႔မွန္းထားေၾကာင္း သိရွိရပါတယ္။

REF: LA GAZETTA DELLO SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဂိုးသမား ကီပါ အာရီဇာဘာလာဂါနဲ့ အရန်ဂိုးသမား ဝီလီ ကာဘယ်လာရို၊ ကျန်တဲ့ လူငယ်ဂိုးသမားတွေနဲ့ ကျေနပ်မှု မရှိတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ စီးရီးအေကလပ် အေစီမီလန်ရဲ့ လူငယ်ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို ခေါ်ယူဖို့အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာဆီ ဆက်သွယ် စုံစမ်းခဲ့တယ်လို့ သိရပါတယ်။

အီတလီအားကစားဂျာနယ် ဂဇက်တာဒယ်လိုစပို့စ်ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်အနေနဲ့ လက်ရှိဂိုးသမားတွေဖြစ်တဲ့ စပိန်လက်ရွေးစင် ကီပါနဲ့အဖွဲ့ကို စိတ်ကုန်နေပြီဖြစ်ပြီး သူ့နေရာမှာ ငယ်ရွယ်ပြီး လက်စွမ်းတက်ဆဲဖြစ်တဲ့ ဒွန်နာရမ်မာနဲ့ အစားထိုးဖို့ အလိုရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ နွေရာသီက အသင်းမှာ ဆက်မနေချင်တော့တဲ့ ဂိုးသမား သီဘို ကူတွာကို ရီးရဲလ်မက်ဒရစ်ဆီ ပေါင် ၃၂ သန်းနဲ့ ရောင်းထုတ်ခဲ့ပြီး ဘီလ်ဘာအိုရဲ့ ဂိုးသမား ကီပါကို ကမ္ဘာ့စံချိန်တင်ဂိုးသမားပြောင်းရွှေ့ကြေး ပေါင် ၇၁.၈ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် ၂၀၁၉-၂၀ ရာသီ မှာတော့ ဒီဂိုးသမားရဲ့ အမှားတွေက လက်မခံနိုင်စရာဖြစ်နေခဲ့တာပါ။

နာမည်ကြီးအေးဂျင့် ရိုင်ယိုလာရဲ့ ကစားသမားဖြစ်တဲ့ ဒုတိယဘူဖွန်လို့ အမည်တွင်သူ ဒွန်နာရမ်မာကတော့ ၂၀၁၃-၁၄ နောက်ပိုင်း ချန်ပီယံလိဂ်ဝင်ခွင့် မရတော့တဲ့ အေစီမီလန်ကနေ ထွက်ခွာချင်နေပြီလို့ သိရပြီး လောလောဆယ်မှာလည်း အင်္ဂလိပ်ဘာသာစကားကို လေ့လာသင်ယူနေတယ်လို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဒွန်နာရမ်မာအတွက် တစ်နှစ်လုပ်ခ ပေါင် ၇ သန်းပေးမယ်လို့ ရိုင်ယိုလာဆီကို ကမ်းလှမ်းထားတယ်လို့ သိရပြီး အသင်းတာဝန်ရှိသူတွေအနေနဲ့ ဒီတစ်ခါမှာလည်း ကမ္ဘာ့စံချိန်တင်ဂိုးသမားပြောင်းရွှေ့ကြေးကို ထပ်မံရိုက်ချိုးရဖို့ အလားအလာရှိနေသလို သူ့အတွက် ယူရိုသန်း ၁၀၀ လောက် ပေးချေရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက တွက်ချက်ခန့်မှန်းထားကြောင်း သိရှိရပါတယ်။

REF: LA GAZETTA DELLO SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.