Premier League

ချဲလ်ဆီး 1-0 မန်စီးတီး FA ဖလားဆီမီးဖိုင်နယ် ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်မှတ်သားစရာ ၇ ချက်

ဘယ်ခြေမှော်ဆရာဇီးယက်ရှ်ရဲ့ ဝင်ဘလေအိပ်မက်
ပရီးမီးယားလိဂ်မှာ သူ့ရဲ့တာထွက်ရာသီက ဘယ်လောက်ခက်ခဲလဲဆိုတာ ဇီးယက်ရှ်က မကြာခင်ကပဲ ထုတ်ပြောဖူးတယ်။ သူ့အတွက် အသားကျဖို့ ခက်ခဲနေတယ်ဆိုပေမယ့် အချိန်ယူပြီး သင်ကြားသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဇီးယက်ရှ်က ဒီနေ့မှာ သူ့တန်ဖိုးကို ပြတယ်။ ဗာနာရဲ့ အားထုတ်မှုကတဆင့် ရလာတဲ့အခွင့်အရေးကို အသာအယာပိတ်သွင်းယူခဲ့တဲ့ ဘယ်ခြေမှော်ဆရာလေးက တူဟယ်လ်ကို အခုထက်ပို အံ့အားသင်စေဖို့ ရှိနေပါသေးတယ်။

ညာခြေကျင်းဝတ်ဒဏ်ရာဆိုးကြောင့် အိပ်မက်ဆိုးမက်ခဲ့ရတဲ့ ဒီဘရိုင်းနား
ဇီးယက်ရှ်က ချယ်လ်ဆီးကို နှစ်နှစ်ဆက် FA ဖိုင်နယ်ကို ပို့ဆောင်ပေးလိုက်ပြီး ဝင်ဘလေကို နောက်တကြိမ် ခေါ်ဆောင်သွားချိန်မှာ ဒီထပ်တူအိပ်မက်ကိုပဲ မက်နေတဲ့ ဒီဘရိုင်းနားက ညာခြေကျင်းဝတ်ဒဏ်ရာဆိုးကို ရခဲ့တယ်။ အတော်လေး စိတ်မကောင်းစရာဖြစ်ခဲ့တယ်။ မန်စီးတီးအတွက် အလွန်အားခဲထားတဲ့ သူ့မျက်နှာမှာ အရာရာ ပေါ်လွင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဖိုဒင်နဲ့ လူစားလဲခဲ့ရတယ်။ ပထမပိုင်းမှာ မန်စီးတီးတသင်းလုံးကို သူကပဲ ဦးဆောင်နေခဲ့ရင်း သူထွက်ရချိန်မှာ အသင်းက အထိနာခဲ့တယ်။

ဂွါဒီယိုလာကြောင့် ဖလား ၄ လုံးအိပ်မက်ပျက်စီးခဲ့ပြီးဖန်တီးနိုင်စွမ်းနိမ့်လွန်းတဲ့ စီးတီး
မန်စီးတီးတိုက်စစ်က ဒီလောက်ဖန်တီးနိုင်စွမ်းနိမ့်ပါးခဲ့တာက အတော်လေးရှားပါးဖြစ်စဥ်ပါ။ ချယ်လ်ဆီးရဲ့ ခံစစ်ကစားပုံကိုလည်း Credit ပေးရမယ်။ ဖိုဒင်နဲ့ စတာလင်းဆီက မျှော်လင့်စရာ တချို့ရှိခဲ့ပေမယ့် ပပ်ရဲ့အသင်းက ဒီလောက်ပျောက်ဆုံးနေတာမျိုး မဖြစ်သင့်ခဲ့တာပါ။ ပပ်က သူကိုယ်တိုင် ဗိသုကာဖြစ်သလို သူကိုယ်တိုင် အသင်းကို ငြမ်းဖျက်ပစ်တာမျိုး တခါတခါ လုပ်တတ်တယ်။ ဒေါ့မန်နဲ့ပွဲ လူစာရင်းကို ၈ နေရာအထိ အပြောင်းအလဲလုပ်ခဲ့တာက မန်စီးတီးရဲ့ ဖလား ၄ လုံးအိပ်မက်ကို ပျက်စီးစေခဲ့တယ်။

တိုက်စစ်ကျားရဲအသင်းကို အစွယ်တုံးအောင် ပွတ်သပ်ပေးခဲ့တဲ့ တူဟယ်လ်ရဲ့စဥ်းစားပုံ
ဝါရင့်ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗားကို ထုတ်သုံးခဲ့တဲ့ တူဟယ်လ်ရဲ့ စဥ်းစားပုံက ကောင်းကောင်းအလုပ်ဖြစ်ခဲ့သလို ဘယ်ညာအစွန်တောင်ပံအတွဲဖြစ်တဲ့ ဘန်ချေးလ်ဝဲလ်နဲ့ ရီးစ်ဂျိမ်းစ်တို့က စီးတီးရဲ့ ကန်ဆယ်လိုနဲ့ ဇင်ချန်ကို အတွဲကို ပတ်ပတ်နပ်နပ် ကျောသွားခဲ့တယ်။ စီးတီးလို တိုက်စစ်ကျားရဲအသင်းကို တုံးအစေခဲ့တဲ့အပြင် Clean Sheet ပါ ယူပြခဲ့တာက တူဟယ်လ်ကို သေချာပေါက် ချီးကျူးရမှာဖြစ်တယ်။

အပြာရောင်ကောင်းကင်မှာ လင်းလက်ခဲ့တဲ့ သမ္ဘာရင့်ကြယ်ပွင့် ဆေးလ်ဗား
တူဟယ်လ်က သူ့ကို အားကိုးသလောက် သူကလည်း တကယ်အလုပ်ဖြစ်ခဲ့တယ်။ သူကစားပြတဲ့ပုံက ချယ်လ်ဆီးရဲ့ ကျောက်ဆောင်ခံစစ်ကို နောက်တဆင့်မြင့်ခဲ့တယ်။ ချယ်လ်ဆီးခံစစ်မှာ သူက ရှင်းလင်းဖြတ်ထုတ်မှုအများဆုံးပြုလုပ်ခဲ့သလို ၃၆ အရွယ်နဲ့ မလိုက်ဖက်အောင် လင်းလက်ခဲ့တဲ့ သမ္ဘာရင့်ကြယ်ပွင့်အဖြစ် သက်သေပြပြီး ချယ်လ်ဆီးတသင်းလုံး လုံခြုံစိတ်ချရအောင် ဦးဆောင်မှုအကောင်းဆုံး ပေးခဲ့တယ်။

မိုက်ကယ်ဂျော်ဒန်ရဲ့ ဆင်ခြင်မှုနဲ့လည်း မကယ်ဆယ်နိုင်သေးတဲ့ စတာလင်း
ဒီပွဲမတိုင်ခင်မှာ ဂွါဒီယိုလာက စတာလင်းကို မိုက်ကယ်ဂျော်ဒန်နဲ့ နှိုင်းစာပြီး ဆင်ခြင်စရာအသိတခုနဲ့အတူ မီဒီယာကို သင်ခန်းစာပေးခဲ့တယ်။ လူဘုံရှေ့မှာ စတာလင်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ”ကွင်းထဲမှာ သက်သေပြစမ်းကွာ” ရာဇသံပေးခဲ့တယ်။ ဒါပေမယ့် စတာလင်းရဲ့ခြေစွမ်းက ဖိုဒင်နဲ့သာ ယှဥ်ကြည့်ရင် အများကြီးမှိန်ဖျော့သွားခဲ့ပြီဖြစ်တယ်။ မန်ချက်စတာဒါဘီပွဲကစလို့ နေရာပျောက်နေခဲ့တဲ့ အင်္ဂလန်သားက နောက်ဆုံး ၁၀ ပွဲမှာ ၂ ဂိုးသာ သွင်းနိုင်သလို ဒီပွဲမှာလည်း အရာထင်တာ တခုမှ မရှိခဲ့ဘဲ ချယ်လ်ဆီးကျောက်ဆောင်ခံစစ်အောက်မှာ ယက်ကန်ယက်ကန်သာဖြစ်ပြီး နစ်မြုပ်နေခဲ့တယ်။

ကြည့်​​ကောင်းလွန်းခဲ့တဲ့ ဂွါဒီယိုလာ Vs တူဟယ်လ် နည်းဗျူဟာတိုက်ပွဲ
ဒီပွဲက အ​တော်ပြင်းပါတယ်။ ဂျာမနီက ဘော်ဒါဟောင်းတွေ အင်္ဂလန် FA မှာ ပြန်ဆုံကြာတာဖြစ်တယ်။ အပြင်မှာလည်း ဘောလုံးအကြောင်း ဆွေးနွေးငြင်းခုံကြရင်း ရင်းနှီးလွန်းတဲ့ သူတို့နှစ်ယောက်ရဲ့ နည်းဗျူဟာတိုက်ပွဲက ခပ်ပြင်းပြင်းထန်ထန်နဲ့ ရင်သပ်ရှုမောစရာ ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ ၅ ကြိမ်တွေ့ဆုံမှုမှာ တူဟယ်က ၄ ကြိမ် ကျဆုံးထားတယ်။ ရခဲ့တဲ့ သရေတကြိမ်ကလည်း နှစ်ကျော့လည်းရလဒ် ၁၅ ဂိုး ၅ ဂိုးနဲ့ ပက်ပက်စက်စက် ဂိုးပေးပြီး ရှုံးထားတာဖြစ်ပေမယ့် ဒီတကြိမ်မှာတော့ တူဟယ်လ်က ပပ်ကို ကောင်းကောင်းလက်စားချေသွားခဲ့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ဘယ္ေျခေမွာ္ဆရာဇီးယက္ရွ္ရဲ႕ ဝင္ဘေလအိပ္မက္
ပရီးမီးယားလိဂ္မွာ သူ႔ရဲ႕တာထြက္ရာသီက ဘယ္ေလာက္ခက္ခဲလဲဆိုတာ ဇီးယက္ရွ္က မၾကာခင္ကပဲ ထုတ္ေျပာဖူးတယ္။ သူ႔အတြက္ အသားက်ဖို႔ ခက္ခဲေနတယ္ဆိုေပမယ့္ အခ်ိန္ယူၿပီး သင္ၾကားသြားမယ္လို႔ စိတ္ပိုင္းျဖတ္ထားတဲ့ ဇီးယက္ရွ္က ဒီေန႔မွာ သူ႔တန္ဖိုးကို ျပတယ္။ ဗာနာရဲ႕ အားထုတ္မႈကတဆင့္ ရလာတဲ့အခြင့္အေရးကို အသာအယာပိတ္သြင္းယူခဲ့တဲ့ ဘယ္ေျခေမွာ္ဆရာေလးက တူဟယ္လ္ကို အခုထက္ပို အံ့အားသင္ေစဖို႔ ရွိေနပါေသးတယ္။

ညာေျခက်င္းဝတ္ဒဏ္ရာဆိုးေၾကာင့္ အိပ္မက္ဆိုးမက္ခဲ့ရတဲ့ ဒီဘ႐ိုင္းနား
ဇီးယက္ရွ္က ခ်ယ္လ္ဆီးကို ႏွစ္ႏွစ္ဆက္ FA ဖိုင္နယ္ကို ပို႔ေဆာင္ေပးလိုက္ၿပီး ဝင္ဘေလကို ေနာက္တႀကိမ္ ေခၚေဆာင္သြားခ်ိန္မွာ ဒီထပ္တူအိပ္မက္ကိုပဲ မက္ေနတဲ့ ဒီဘ႐ိုင္းနားက ညာေျခက်င္းဝတ္ဒဏ္ရာဆိုးကို ရခဲ့တယ္။ အေတာ္ေလး စိတ္မေကာင္းစရာျဖစ္ခဲ့တယ္။ မန္စီးတီးအတြက္ အလြန္အားခဲထားတဲ့ သူ႔မ်က္ႏွာမွာ အရာရာ ေပၚလြင္ေနခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ဖိုဒင္နဲ႔ လူစားလဲခဲ့ရတယ္။ ပထမပိုင္းမွာ မန္စီးတီးတသင္းလုံးကို သူကပဲ ဦးေဆာင္ေနခဲ့ရင္း သူထြက္ရခ်ိန္မွာ အသင္းက အထိနာခဲ့တယ္။

ဂြါဒီယိုလာေၾကာင့္ ဖလား ၄ လုံးအိပ္မက္ပ်က္စီးခဲ့ၿပီးဖန္တီးႏိုင္စြမ္းနိမ့္လြန္းတဲ့ စီးတီး
မန္စီးတီးတိုက္စစ္က ဒီေလာက္ဖန္တီးႏိုင္စြမ္းနိမ့္ပါးခဲ့တာက အေတာ္ေလးရွားပါးျဖစ္စဥ္ပါ။ ခ်ယ္လ္ဆီးရဲ႕ ခံစစ္ကစားပုံကိုလည္း Credit ေပးရမယ္။ ဖိုဒင္နဲ႔ စတာလင္းဆီက ေမွ်ာ္လင့္စရာ တခ်ိဳ႕ရွိခဲ့ေပမယ့္ ပပ္ရဲ႕အသင္းက ဒီေလာက္ေပ်ာက္ဆုံးေနတာမ်ိဳး မျဖစ္သင့္ခဲ့တာပါ။ ပပ္က သူကိုယ္တိုင္ ဗိသုကာျဖစ္သလို သူကိုယ္တိုင္ အသင္းကို ျငမ္းဖ်က္ပစ္တာမ်ိဳး တခါတခါ လုပ္တတ္တယ္။ ေဒါ့မန္နဲ႔ပြဲ လူစာရင္းကို ၈ ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့တာက မန္စီးတီးရဲ႕ ဖလား ၄ လုံးအိပ္မက္ကို ပ်က္စီးေစခဲ့တယ္။

တိုက္စစ္က်ားရဲအသင္းကို အစြယ္တုံးေအာင္ ပြတ္သပ္ေပးခဲ့တဲ့ တူဟယ္လ္ရဲ႕စဥ္းစားပုံ
ဝါရင့္ခံစစ္မႉးႀကီး သီယာဂို ေဆးလ္ဗားကို ထုတ္သုံးခဲ့တဲ့ တူဟယ္လ္ရဲ႕ စဥ္းစားပုံက ေကာင္းေကာင္းအလုပ္ျဖစ္ခဲ့သလို ဘယ္ညာအစြန္ေတာင္ပံအတြဲျဖစ္တဲ့ ဘန္ေခ်းလ္ဝဲလ္နဲ႔ ရီးစ္ဂ်ိမ္းစ္တို႔က စီးတီးရဲ႕ ကန္ဆယ္လိုနဲ႔ ဇင္ခ်န္ကို အတြဲကို ပတ္ပတ္နပ္နပ္ ေက်ာသြားခဲ့တယ္။ စီးတီးလို တိုက္စစ္က်ားရဲအသင္းကို တုံးအေစခဲ့တဲ့အျပင္ Clean Sheet ပါ ယူျပခဲ့တာက တူဟယ္လ္ကို ေသခ်ာေပါက္ ခ်ီးက်ဴးရမွာျဖစ္တယ္။

အျပာေရာင္ေကာင္းကင္မွာ လင္းလက္ခဲ့တဲ့ သမာၻရင့္ၾကယ္ပြင့္ ေဆးလ္ဗား
တူဟယ္လ္က သူ႔ကို အားကိုးသေလာက္ သူကလည္း တကယ္အလုပ္ျဖစ္ခဲ့တယ္။ သူကစားျပတဲ့ပုံက ခ်ယ္လ္ဆီးရဲ႕ ေက်ာက္ေဆာင္ခံစစ္ကို ေနာက္တဆင့္ျမင့္ခဲ့တယ္။ ခ်ယ္လ္ဆီးခံစစ္မွာ သူက ရွင္းလင္းျဖတ္ထုတ္မႈအမ်ားဆုံးျပဳလုပ္ခဲ့သလို ၃၆ အ႐ြယ္နဲ႔ မလိုက္ဖက္ေအာင္ လင္းလက္ခဲ့တဲ့ သမာၻရင့္ၾကယ္ပြင့္အျဖစ္ သက္ေသျပၿပီး ခ်ယ္လ္ဆီးတသင္းလုံး လုံၿခဳံစိတ္ခ်ရေအာင္ ဦးေဆာင္မႈအေကာင္းဆုံး ေပးခဲ့တယ္။

မိုက္ကယ္ေဂ်ာ္ဒန္ရဲ႕ ဆင္ျခင္မႈနဲ႔လည္း မကယ္ဆယ္ႏိုင္ေသးတဲ့ စတာလင္း
ဒီပြဲမတိုင္ခင္မွာ ဂြါဒီယိုလာက စတာလင္းကို မိုက္ကယ္ေဂ်ာ္ဒန္နဲ႔ ႏႈိင္းစာၿပီး ဆင္ျခင္စရာအသိတခုနဲ႔အတူ မီဒီယာကို သင္ခန္းစာေပးခဲ့တယ္။ လူဘုံေရွ႕မွာ စတာလင္းရဲ႕ ေျခစြမ္းနဲ႔ပတ္သက္ၿပီး ”ကြင္းထဲမွာ သက္ေသျပစမ္းကြာ” ရာဇသံေပးခဲ့တယ္။ ဒါေပမယ့္ စတာလင္းရဲ႕ေျခစြမ္းက ဖိုဒင္နဲ႔သာ ယွဥ္ၾကည့္ရင္ အမ်ားႀကီးမွိန္ေဖ်ာ့သြားခဲ့ၿပီျဖစ္တယ္။ မန္ခ်က္စတာဒါဘီပြဲကစလို႔ ေနရာေပ်ာက္ေနခဲ့တဲ့ အဂၤလန္သားက ေနာက္ဆုံး ၁၀ ပြဲမွာ ၂ ဂိုးသာ သြင္းႏိုင္သလို ဒီပြဲမွာလည္း အရာထင္တာ တခုမွ မရွိခဲ့ဘဲ ခ်ယ္လ္ဆီးေက်ာက္ေဆာင္ခံစစ္ေအာက္မွာ ယက္ကန္ယက္ကန္သာျဖစ္ၿပီး နစ္ျမဳပ္ေနခဲ့တယ္။

ၾကည့္​​ေကာင္းလြန္းခဲ့တဲ့ ဂြါဒီယိုလာ Vs တူဟယ္လ္ နည္းဗ်ဴဟာတိုက္ပြဲ
ဒီပြဲက အ​ေတာ္ျပင္းပါတယ္။ ဂ်ာမနီက ေဘာ္ဒါေဟာင္းေတြ အဂၤလန္ FA မွာ ျပန္ဆုံၾကာတာျဖစ္တယ္။ အျပင္မွာလည္း ေဘာလုံးအေၾကာင္း ေဆြးေႏြးျငင္းခုံၾကရင္း ရင္းႏွီးလြန္းတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ နည္းဗ်ဴဟာတိုက္ပြဲက ခပ္ျပင္းျပင္းထန္ထန္နဲ႔ ရင္သပ္ရႈေမာစရာ ျဖစ္ခဲ့တယ္။ ၿပီးခဲ့တဲ့ ၅ ႀကိမ္ေတြ႕ဆုံမႈမွာ တူဟယ္က ၄ ႀကိမ္ က်ဆုံးထားတယ္။ ရခဲ့တဲ့ သေရတႀကိမ္ကလည္း ႏွစ္ေက်ာ့လည္းရလဒ္ ၁၅ ဂိုး ၅ ဂိုးနဲ႔ ပက္ပက္စက္စက္ ဂိုးေပးၿပီး ရႈံးထားတာျဖစ္ေပမယ့္ ဒီတႀကိမ္မွာေတာ့ တူဟယ္လ္က ပပ္ကို ေကာင္းေကာင္းလက္စားေခ်သြားခဲ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.