Analysis Article Premier League

မော်ရင်ညိုရဲ့အဖြစ်ကနေ ပညာမယူနိုင်တဲ့ ဂွါဒီယိုလာတစ်ယောက် အချိန်မီပြင်ဆင်နိုင်ပါ့မလား

မော်ဒန်ဘောလုံးမှာ အောင်မြင်ဖို့နဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အဓိကအချက်ကို အတိုချုပ်ပြောရင် တစ်ခုပဲ ရှိပါတယ်။ အဲ့ဒါက လုပ်အားနှုန်းပါ။ လုပ်အားနှုန်းကို အသင်းလိုက်စုစည်းမှုနဲ့ တွဲဖက်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပြီး ဒါကို လျစ်လျူရှုခဲ့မယ်ဆိုရင်တော့ အမှားတွေကို ခါးစည်းခံရဖို့ပဲ ရှိပါတယ်။ နောက်ပြီးတော့ နည်းရိုးလမ်းဟောင်းကြီးတွေကိုလည်း ဖက်တွယ်ထားလို့ မရဘဲ လိုက်လျောညီထွေ ဖြစ်ရမှာပါ။

Work Rate, Teamwork, Flexibility ဒီအချက်တွေထဲက တစ်ချက်လောက်ကို မလုပ်နိုင်တာနဲ့ အသင်းတစ်သင်းကို တစ်ဖက်အသင်းက ထိုးနှက်လေ့ရှိပြီး အသင်းကြီးတွေဟာ အသင်းငယ်တွေကို အနိုင်မယူနိုင်တဲ့ ဥပမာတွေကိုလည်း မြင်တွေ့ခဲ့ရသလို မော်ရင်ညိုကတော့ သူ့ရဲ့ ဘတ်စ်ကစားဗျူဟာက လုပ်အားနှုန်းကျဆင်းနေတဲ့ ကစားသမားတချို့နဲ့ စတင်ယိုင်နဲ့ခဲ့တာဖြစ်ပါတယ်။

ဒေဗင်ဆန် ဆန်ချက်ဇ်၊ အယ်လ်ဒါဝီရယ်လ်၊ ဗာတွန်ဂန်တို့နဲ့ မကျစ်လျစ်ခဲ့တဲ့ စပါးစ်နောက်တန်းမှာ ဒိုင်ယာ၊ ရိုဒန်တို့နဲ့ ပေါင်းထည့်ချိန်မှာလည်း မော်ရင်ညိုရဲ့ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းနိုင်ဘဲ လူတိုင်းသိနေတဲ့ ကစားကွက်မှာ ပြိုင်ဘက်တွေက မကြာခဏ ဒုက္ခပေးခြင်းကို ခံနေခဲ့ရသလို ပွဲတော်တော်များများမှာလည်း ကိန်း၊ ဆွန်တို့ အလုပ်မဖြစ်ချိန်မှာ အမှတ်တွေ လျော့ကျခဲ့ရတာကို မပြင်နိုင်ခဲ့သေးတာဖြစ်ပါတယ်။

ဒါဟာ နည်းရိုးလမ်းဟောင်းကြီးကို ဖက်တွယ်ထားခြင်းရဲ့ သက်သေဖြစ်ပြီး ပေါ်တိုမှာကတည်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးက စတင်ခဲ့တဲ့ ကစားကွက်ကို လက်ရှိအချိန်အထိ သုံးစွဲနေခြင်းဟာ မသင့်လျော်ဘူးလို့ ပြောရမှာဖြစ်သလို ဂွါဒီယိုလာနဲ့ တီကီတာကာဟာလည်း ဒီဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပြီး သူတို့တွေဟာ အောင်မြင်ခဲ့တဲ့ ကစားကွက်တွေကနေ ရုန်းမထွက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တီကီတာကာဟာ ရက်ရက်စက်စက် အောင်မြင်ခဲ့ပြီး ကွာခြားလှတဲ့ ရလဒ်တွေနဲ့ ပြိုင်ဘက်တွေကို ချေမှုန်းခဲ့ချိန်မှာ သူတို့ကို စောင့်ကြည့်ပြီး အနိုင်ယူဖို့ ကြံနေတဲ့ Direct Attacking ဗျူဟာက အလဲထိုးခဲ့ပါတယ်။ ဒီအချိန်မှာ ဂွါဒီယိုလာတို့ ခံစစ်ကို ပိုမိုပြင်ဆင်လာခဲ့ပြီး သူ့ရဲ့ တီကီတာကာကို ဖာထေးခဲ့ပေမယ့် Old School နည်းစနစ်တွေကိုတော့ မစွန့်ပစ်နိုင်သေးတာက ပြဿနာတစ်ရပ်ဖြစ်နေဆဲပါပဲ။

စစချင်းပြောခဲ့တဲ့ Work Rate, Teamwork နဲ့ Flexibility ဆိုတဲ့ စကားသုံးလုံးကို ပြန်ကောက်ရရင်တော့ မနေ့ညက ချဲလ်ဆီးကို ရှုံးခဲ့တာက စရမှာပါ။ အသင်းတစ်သင်းအတွက် တိုက်စစ်ဟာလည်း Work Rate ခံစစ်ဟာလည်း Work Rate ကနေ အစပြုတာဖြစ်ပြီး ဒီနေရာမှာ ဂွါဒီယိုလာဟာ ခံစစ်ကို Defensive Mentality ရှိတဲ့ ကစားသမားကို ပိုထည့်လိုက်ရင်ရမယ်ဆိုတဲ့ Old School အတွေးအခေါ်နဲ့ ပြင်ဆင်ခဲ့ချိန်မှာ တူဟယ်လ်ရဲ့ လုပ်အားနှုန်းမြင့်မားတဲ့ ကွင်းလယ်အောက်မှာ ပြားပြားဝပ်ခဲ့ရပါတယ်။

ဖာနန်ဒင်ညိုဟာ ဒီပွဲရဲ့ အမှားအယွင်းတစ်ရပ်ဖြစ်ပြီး သူ့ရဲ့ ခံစစ်သန်မှုနဲ့ အတွေ့အကြုံဟာ သူနဲ့ ထိပ်တိုက်တွေ့စရာမလိုတဲ့ ကွန်တေကို မသက်ရောက်ခဲ့သလို မေဆန်မောင့်နဲ့ အတွေ့မှာတော့ ဒိုင်သာမညှာရင် စောစောစီးစီး အနီပါထိနိုင်တဲ့ အချိန်မှာ ဂွါဒီယိုလာအနေနဲ့ ချန်ပီယံလိဂ် ကစားစရာ မလိုသေးဘဲ ဂွန်ဒိုးဝမ်နဲ့ ဘာနာဒိုတို့ကို ဘာကြောင့် ချွေတာခဲ့တာလဲဆိုတာ မေးခွန်းထုတ်စရာလည်းဖြစ်နေခဲ့တာပါ။

ဒီလိုနဲ့ ဂျေဆူးစ်နဲ့ ဒီဘရိုင်းနား ပြန်လည်ပါဝင်လာကတည်းက အသင်းရဲ့ ရလဒ်တွေ ကျဉ်းမြောင်းပြီး အသင်းလိုက်နဲ့ လုပ်အားနှုန်း ကျဆင်းလာတယ်လို့ ပြောတာမကြိုက်တဲ့ မန်စီးတီးဖန်တွေအတွက်တော့ ဒီအချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ချဲလ်ဆီးရဲ့ နှိပ်ကွပ်တာကို ခံခဲ့ရပြီး ကီပါကိုတောင် မခြိမ်းခြောက်နိုင်တော့တာဖြစ်ပါတယ်။

အက်ဖ်အေဖိုင်နယ်ကို တက်ရောက်သွားခဲ့တဲ့ တူဟယ်လ်ကတော့ သူ့ရဲ့ အလုပ်ကို သူလုပ်ပြီး အသင်းရဲ့ လုပ်အားနှုန်းကို ဆက်ထိန်းနိုင်ဖို့ တစ်ပွဲလုံး မျက်ခြေပြတ်မခံခဲ့ချိန်မှာ ဂွါဒီယိုလာကတော့ မော်ဒန်ဘောလုံးမှာ ဘာကိုမှ တရားသေလုပ်လို့ မရဘူးဆိုတာကို သင်ခန်းစာရသွားခဲ့တာဖြစ်ပြီး မော်ရင်ညိုနဲ့အတူ အမှားတွေနဲ့ တရားသေမူတွေကို သိရှိနားလည်ပြီး ပြောင်းလဲရမယ့်အချိန်ကို ရောက်နေခဲ့ပြီဖြစ်ပါတယ်။

ဘောလုံးလောက,ကနေ ဆာအဲလက်စ် ဖာဂူဆန်တစ်ယောက် အနိုင်နဲ့ စောစောစီးစီး ပိုင်းပြီး လက်ပြသွားတာတွေ၊ အာဆင်ဝင်းဂါးရဲ့ ဟန်သာ ရှိပြီး အဆံမရှိတဲ့ ကစားကွက်နဲ့ အလဟဿဖြစ်ခဲ့ရတာမျိုးတွေကို ပရိသတ်တွေကို ထပ်မပြချင်ဘူးဆိုရင်တော့ အိတ်ထဲက ပရီးမီးယားလိဂ်ကို ထားပြီး လာမယ့် ချန်ပီယံလိဂ်နဲ့ ကာရာဘောင်း စစ်မျက်နှာတွေမှာ ဂွါဒီယိုလာတစ်ယောက် ပြင်ချိန်တုန်း ပြင်ရဦးမှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေမာ္ဒန္ေဘာလုံးမွာ ေအာင္ျမင္ဖို႔နဲ႔ ရလဒ္ေကာင္းေတြ ရယူႏိုင္ဖို႔ အဓိကအခ်က္ကို အတိုခ်ဳပ္ေျပာရင္ တစ္ခုပဲ ရွိပါတယ္။ အဲ့ဒါက လုပ္အားႏႈန္းပါ။ လုပ္အားႏႈန္းကို အသင္းလိုက္စုစည္းမႈနဲ႔ တြဲဖက္ႏိုင္ရင္ေတာ့ အေကာင္းဆုံးျဖစ္ၿပီး ဒါကို လ်စ္လ်ဴရႈခဲ့မယ္ဆိုရင္ေတာ့ အမွားေတြကို ခါးစည္းခံရဖို႔ပဲ ရွိပါတယ္။ ေနာက္ၿပီးေတာ့ နည္း႐ိုးလမ္းေဟာင္းႀကီးေတြကိုလည္း ဖက္တြယ္ထားလို႔ မရဘဲ လိုက္ေလ်ာညီေထြ ျဖစ္ရမွာပါ။

Work Rate, Teamwork, Flexibility ဒီအခ်က္ေတြထဲက တစ္ခ်က္ေလာက္ကို မလုပ္ႏိုင္တာနဲ႔ အသင္းတစ္သင္းကို တစ္ဖက္အသင္းက ထိုးႏွက္ေလ့ရွိၿပီး အသင္းႀကီးေတြဟာ အသင္းငယ္ေတြကို အႏိုင္မယူႏိုင္တဲ့ ဥပမာေတြကိုလည္း ျမင္ေတြ႕ခဲ့ရသလို ေမာ္ရင္ညိဳကေတာ့ သူ႔ရဲ႕ ဘတ္စ္ကစားဗ်ဴဟာက လုပ္အားႏႈန္းက်ဆင္းေနတဲ့ ကစားသမားတခ်ိဳ႕နဲ႔ စတင္ယိုင္နဲ႔ခဲ့တာျဖစ္ပါတယ္။

ေဒဗင္ဆန္ ဆန္ခ်က္ဇ္၊ အယ္လ္ဒါဝီရယ္လ္၊ ဗာတြန္ဂန္တို႔နဲ႔ မက်စ္လ်စ္ခဲ့တဲ့ စပါးစ္ေနာက္တန္းမွာ ဒိုင္ယာ၊ ႐ိုဒန္တို႔နဲ႔ ေပါင္းထည့္ခ်ိန္မွာလည္း ေမာ္ရင္ညိဳရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို မျဖည့္ဆည္းႏိုင္ဘဲ လူတိုင္းသိေနတဲ့ ကစားကြက္မွာ ၿပိဳင္ဘက္ေတြက မၾကာခဏ ဒုကၡေပးျခင္းကို ခံေနခဲ့ရသလို ပြဲေတာ္ေတာ္မ်ားမ်ားမွာလည္း ကိန္း၊ ဆြန္တို႔ အလုပ္မျဖစ္ခ်ိန္မွာ အမွတ္ေတြ ေလ်ာ့က်ခဲ့ရတာကို မျပင္ႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။

ဒါဟာ နည္း႐ိုးလမ္းေဟာင္းႀကီးကို ဖက္တြယ္ထားျခင္းရဲ႕ သက္ေသျဖစ္ၿပီး ေပၚတိုမွာကတည္းက လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ နီးပါးက စတင္ခဲ့တဲ့ ကစားကြက္ကို လက္ရွိအခ်ိန္အထိ သုံးစြဲေနျခင္းဟာ မသင့္ေလ်ာ္ဘူးလို႔ ေျပာရမွာျဖစ္သလို ဂြါဒီယိုလာနဲ႔ တီကီတာကာဟာလည္း ဒီျဖစ္ရပ္မ်ိဳးနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး သူတို႔ေတြဟာ ေအာင္ျမင္ခဲ့တဲ့ ကစားကြက္ေတြကေန ႐ုန္းမထြက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

တီကီတာကာဟာ ရက္ရက္စက္စက္ ေအာင္ျမင္ခဲ့ၿပီး ကြာျခားလွတဲ့ ရလဒ္ေတြနဲ႔ ၿပိဳင္ဘက္ေတြကို ေခ်မႈန္းခဲ့ခ်ိန္မွာ သူတို႔ကို ေစာင့္ၾကည့္ၿပီး အႏိုင္ယူဖို႔ ႀကံေနတဲ့ Direct Attacking ဗ်ဴဟာက အလဲထိုးခဲ့ပါတယ္။ ဒီအခ်ိန္မွာ ဂြါဒီယိုလာတို႔ ခံစစ္ကို ပိုမိုျပင္ဆင္လာခဲ့ၿပီး သူ႔ရဲ႕ တီကီတာကာကို ဖာေထးခဲ့ေပမယ့္ Old School နည္းစနစ္ေတြကိုေတာ့ မစြန႔္ပစ္ႏိုင္ေသးတာက ျပႆနာတစ္ရပ္ျဖစ္ေနဆဲပါပဲ။

စစခ်င္းေျပာခဲ့တဲ့ Work Rate, Teamwork နဲ႔ Flexibility ဆိုတဲ့ စကားသုံးလုံးကို ျပန္ေကာက္ရရင္ေတာ့ မေန႔ညက ခ်ဲလ္ဆီးကို ရႈံးခဲ့တာက စရမွာပါ။ အသင္းတစ္သင္းအတြက္ တိုက္စစ္ဟာလည္း Work Rate ခံစစ္ဟာလည္း Work Rate ကေန အစျပဳတာျဖစ္ၿပီး ဒီေနရာမွာ ဂြါဒီယိုလာဟာ ခံစစ္ကို Defensive Mentality ရွိတဲ့ ကစားသမားကို ပိုထည့္လိုက္ရင္ရမယ္ဆိုတဲ့ Old School အေတြးအေခၚနဲ႔ ျပင္ဆင္ခဲ့ခ်ိန္မွာ တူဟယ္လ္ရဲ႕ လုပ္အားႏႈန္းျမင့္မားတဲ့ ကြင္းလယ္ေအာက္မွာ ျပားျပားဝပ္ခဲ့ရပါတယ္။

ဖာနန္ဒင္ညိဳဟာ ဒီပြဲရဲ႕ အမွားအယြင္းတစ္ရပ္ျဖစ္ၿပီး သူ႔ရဲ႕ ခံစစ္သန္မႈနဲ႔ အေတြ႕အႀကဳံဟာ သူနဲ႔ ထိပ္တိုက္ေတြ႕စရာမလိုတဲ့ ကြန္ေတကို မသက္ေရာက္ခဲ့သလို ေမဆန္ေမာင့္နဲ႔ အေတြ႕မွာေတာ့ ဒိုင္သာမညႇာရင္ ေစာေစာစီးစီး အနီပါထိႏိုင္တဲ့ အခ်ိန္မွာ ဂြါဒီယိုလာအေနနဲ႔ ခ်န္ပီယံလိဂ္ ကစားစရာ မလိုေသးဘဲ ဂြန္ဒိုးဝမ္နဲ႔ ဘာနာဒိုတို႔ကို ဘာေၾကာင့္ ေခြၽတာခဲ့တာလဲဆိုတာ ေမးခြန္းထုတ္စရာလည္းျဖစ္ေနခဲ့တာပါ။

ဒီလိုနဲ႔ ေဂ်ဆူးစ္နဲ႔ ဒီဘ႐ိုင္းနား ျပန္လည္ပါဝင္လာကတည္းက အသင္းရဲ႕ ရလဒ္ေတြ က်ဥ္းေျမာင္းၿပီး အသင္းလိုက္နဲ႔ လုပ္အားႏႈန္း က်ဆင္းလာတယ္လို႔ ေျပာတာမႀကိဳက္တဲ့ မန္စီးတီးဖန္ေတြအတြက္ေတာ့ ဒီအခ်က္ေတြနဲ႔ ဆန႔္က်င္ဘက္ျဖစ္တဲ့ ခ်ဲလ္ဆီးရဲ႕ ႏွိပ္ကြပ္တာကို ခံခဲ့ရၿပီး ကီပါကိုေတာင္ မၿခိမ္းေျခာက္ႏိုင္ေတာ့တာျဖစ္ပါတယ္။

အက္ဖ္ေအဖိုင္နယ္ကို တက္ေရာက္သြားခဲ့တဲ့ တူဟယ္လ္ကေတာ့ သူ႔ရဲ႕ အလုပ္ကို သူလုပ္ၿပီး အသင္းရဲ႕ လုပ္အားႏႈန္းကို ဆက္ထိန္းႏိုင္ဖို႔ တစ္ပြဲလုံး မ်က္ေျချပတ္မခံခဲ့ခ်ိန္မွာ ဂြါဒီယိုလာကေတာ့ ေမာ္ဒန္ေဘာလုံးမွာ ဘာကိုမွ တရားေသလုပ္လို႔ မရဘူးဆိုတာကို သင္ခန္းစာရသြားခဲ့တာျဖစ္ၿပီး ေမာ္ရင္ညိဳနဲ႔အတူ အမွားေတြနဲ႔ တရားေသမူေတြကို သိရွိနားလည္ၿပီး ေျပာင္းလဲရမယ့္အခ်ိန္ကို ေရာက္ေနခဲ့ၿပီျဖစ္ပါတယ္။

ေဘာလုံးေလာက,ကေန ဆာအဲလက္စ္ ဖာဂူဆန္တစ္ေယာက္ အႏိုင္နဲ႔ ေစာေစာစီးစီး ပိုင္းၿပီး လက္ျပသြားတာေတြ၊ အာဆင္ဝင္းဂါးရဲ႕ ဟန္သာ ရွိၿပီး အဆံမရွိတဲ့ ကစားကြက္နဲ႔ အလဟႆျဖစ္ခဲ့ရတာမ်ိဳးေတြကို ပရိသတ္ေတြကို ထပ္မျပခ်င္ဘူးဆိုရင္ေတာ့ အိတ္ထဲက ပရီးမီးယားလိဂ္ကို ထားၿပီး လာမယ့္ ခ်န္ပီယံလိဂ္နဲ႔ ကာရာေဘာင္း စစ္မ်က္ႏွာေတြမွာ ဂြါဒီယိုလာတစ္ေယာက္ ျပင္ခ်ိန္တုန္း ျပင္ရဦးမွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.