Premier League

အာဆင္နယ္အသင္းေဖာ္ေတြကို စာခ်ဳပ္သက္တမ္းတိုးဖို႔ကို အျမဲတမ္း ခက္ခဲေစခဲ့တဲ့ အုိေဇးလ္

အာဆင္နယ္အသင္းရဲ႕ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ ကစားသမားေတြကို အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားႏုိင္ဖို႔ စာခ်ဳပ္သစ္ေတြ ေပးအပ္ဖို႔အတြက္ေတာ့ လက္ရွိအခ်ိန္အထိ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနခဲ့ရၿပီး ဒါေတြဟာ ကြင္းလယ္လူ မီဆတ္ အိုေဇးလ္နဲ႔ တုိက္႐ိုက္နီးပါး သက္ဆုိင္ေနတယ္လို႔ ကစားသမားေဟာင္း ေပါလ္မာဆင္က ေကာက္ခ်က္ခ်လုိက္ပါတယ္။

၂၀၁၈ ခုႏွစ္က နည္းျပေဟာင္း အာဆင္ဝင္းဂါးလက္ထက္မွာ ေပးအပ္ခဲ့တဲ့ တစ္ပတ္ကို ေပါင္သုံးသိန္းခြဲတန္ စာခ်ဳပ္သစ္ ပုိင္ရွင္ အုိေဇးလ္ဟာ သူ႕ရဲ႕လစာေငြခ်ည္းပဲ တစ္ႏွစ္ကို ေပါင္ ၁၈.၂ သန္း က်သင့္ေစသူျဖစ္ၿပီး အသင္းရဲ႕ လစာေငြဘတ္ဂ်က္ထဲမွာ ေနာက္ထပ္ ကစားသမားတစ္ဦးကို သူနဲ႔ မနီး႐ိုးစြဲ ေပးေခ်ႏုိင္မယ့္ အခြင့္အေရးမ်ဳိး ကင္းမဲ့ေစတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမွာ အသင္းအတြက္ အေကာင္းဆုံးစိတ္ဓာတ္၊ အေကာင္းဆုံးေျခစြမ္းေတြနဲ႔ ကစားေပးေနခဲ့တဲ့ ကြင္းလယ္လူ အာရြန္ ရမ္ေဆးကို တစ္ပတ္ကို ေပါင္ႏွစ္သိန္းေပးဖို႔ ေတာ္ေတာ္ေလးစဥ္းစားခဲ့ရၿပီး ေနာက္ဆုံးမွာ နည္းျပ အူႏုိင္း အမ္မရီရဲ႕ တျခားကစားသမားသစ္ကို ရွာေဖြဖို႔ စဥ္းစားခဲ့ရတာဟာ အသင္းရဲ႕ မေခ်ာင္လည္လွတဲ့ လစာေငြ အသုံးစရိတ္ေၾကာင့္ဆုိရင္လည္း မမွားခဲ့ပါဘူး။

ေပါလ္မာဆင္က “အူဘာမီယန္းထြက္ခြာသြားခဲ့ရင္ေတာ့ အာဆင္နယ္အတြက္ ေဘးဆုိးႀကီးနဲ႔ ရင္ဆုိင္ရသလိုပါပဲ။ သူေတာင္းဆုိတဲ့ တစ္ပတ္ လုပ္ခ ေပါင္သုံးသိန္းေပးဖို႔ကလည္း အိုေဇးလ္ကို ေပးေနရတာနဲ႔ မျဖစ္ႏုိင္ပါဘူး။ သူဒီမွာ ရေနတဲ့ လစာကို တျခားကစားသမားေတြကလည္း လိုေတာ့လုိခ်င္ၾကမွာပါပဲ။ ဒါေပမယ့္ အသင္းအေနနဲ႔ ထပ္ၿပီး မတတ္ႏုိင္ေတာ့တာက ႀကီးမားတဲ့ ျပႆနာျဖစ္ေနခဲ့ပါတယ္”လို႔ သုံးသပ္သြားပါတယ္။

ဒါေပမယ့္ အူဘာမီယန္းကို ေရာင္းခ်ဖို႔ စဥ္းစားေနတဲ့ ဆုံးျဖတ္ခ်က္အတြက္ေတာ့ ေရာင္းခ်တာဟာလည္း တစ္မ်ဳိးေကာင္းမြန္ေၾကာင္းနဲ႔ သူ႕ကို ဒီမွာ စာခ်ဳပ္သစ္ခ်ဳပ္လုိက္ရင္ အသင္းအေနနဲ႔ ဆုဖလားေတြ ရယူႏုိင္ေအာင္ ပုိၿပီး အားျဖည့္မွဳေတြ ျပဳလုပ္ႀကဳိးစားရမွာျဖစ္သလို သူ႕ရဲ႕အသက္ကလည္း ၃၀ မွာ ရပ္မေနေၾကာင္းနဲ႔ အေျခအေနအားလုံးကို ေထာက္ခ်င့္ရင္ ေရာင္းခ်ျခင္းကသာ ပုိေကာင္းတဲ့ အေျဖျဖစ္မယ္လုိ႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ကစားသမားတွေကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ စာချုပ်သစ်တွေ ပေးအပ်ဖို့အတွက်တော့ လက်ရှိအချိန်အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး ဒါတွေဟာ ကွင်းလယ်လူ မီဆတ် အိုဇေးလ်နဲ့ တိုက်ရိုက်နီးပါး သက်ဆိုင်နေတယ်လို့ ကစားသမားဟောင်း ပေါလ်မာဆင်က ကောက်ချက်ချလိုက်ပါတယ်။

၂၀၁၈ ခုနှစ်က နည်းပြဟောင်း အာဆင်ဝင်းဂါးလက်ထက်မှာ ပေးအပ်ခဲ့တဲ့ တစ်ပတ်ကို ပေါင်သုံးသိန်းခွဲတန် စာချုပ်သစ် ပိုင်ရှင် အိုဇေးလ်ဟာ သူ့ရဲ့လစာငွေချည်းပဲ တစ်နှစ်ကို ပေါင် ၁၈.၂ သန်း ကျသင့်စေသူဖြစ်ပြီး အသင်းရဲ့ လစာငွေဘတ်ဂျက်ထဲမှာ နောက်ထပ် ကစားသမားတစ်ဦးကို သူနဲ့ မနီးရိုးစွဲ ပေးချေနိုင်မယ့် အခွင့်အရေးမျိုး ကင်းမဲ့စေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာ အသင်းအတွက် အကောင်းဆုံးစိတ်ဓာတ်၊ အကောင်းဆုံးခြေစွမ်းတွေနဲ့ ကစားပေးနေခဲ့တဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးကို တစ်ပတ်ကို ပေါင်နှစ်သိန်းပေးဖို့ တော်တော်လေးစဉ်းစားခဲ့ရပြီး နောက်ဆုံးမှာ နည်းပြ အူနိုင်း အမ်မရီရဲ့ တခြားကစားသမားသစ်ကို ရှာဖွေဖို့ စဉ်းစားခဲ့ရတာဟာ အသင်းရဲ့ မချောင်လည်လှတဲ့ လစာငွေ အသုံးစရိတ်ကြောင့်ဆိုရင်လည်း မမှားခဲ့ပါဘူး။

ပေါလ်မာဆင်က “အူဘာမီယန်းထွက်ခွာသွားခဲ့ရင်တော့ အာဆင်နယ်အတွက် ဘေးဆိုးကြီးနဲ့ ရင်ဆိုင်ရသလိုပါပဲ။ သူတောင်းဆိုတဲ့ တစ်ပတ် လုပ်ခ ပေါင်သုံးသိန်းပေးဖို့ကလည်း အိုဇေးလ်ကို ပေးနေရတာနဲ့ မဖြစ်နိုင်ပါဘူး။ သူဒီမှာ ရနေတဲ့ လစာကို တခြားကစားသမားတွေကလည်း လိုတော့လိုချင်ကြမှာပါပဲ။ ဒါပေမယ့် အသင်းအနေနဲ့ ထပ်ပြီး မတတ်နိုင်တော့တာက ကြီးမားတဲ့ ပြဿနာဖြစ်နေခဲ့ပါတယ်”လို့ သုံးသပ်သွားပါတယ်။

ဒါပေမယ့် အူဘာမီယန်းကို ရောင်းချဖို့ စဉ်းစားနေတဲ့ ဆုံးဖြတ်ချက်အတွက်တော့ ရောင်းချတာဟာလည်း တစ်မျိုးကောင်းမွန်ကြောင်းနဲ့ သူ့ကို ဒီမှာ စာချုပ်သစ်ချုပ်လိုက်ရင် အသင်းအနေနဲ့ ဆုဖလားတွေ ရယူနိုင်အောင် ပိုပြီး အားဖြည့်မှုတွေ ပြုလုပ်ကြိုးစားရမှာဖြစ်သလို သူ့ရဲ့အသက်ကလည်း ၃၀ မှာ ရပ်မနေကြောင်းနဲ့ အခြေအနေအားလုံးကို ထောက်ချင့်ရင် ရောင်းချခြင်းကသာ ပိုကောင်းတဲ့ အဖြေဖြစ်မယ်လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.