La Liga Premier League

ဆာလားနဲ႔ မာေနးတုိ႔ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တုိ႔ဆီ ေရာက္ဖို႔မရွိဘူးလို႔ မက္မာနာမန္ေျပာ

လီဗာပူးလ္အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ အဂၤလန္လက္ေရြးစင္ေဟာင္း စတိဗ္ မက္မာနာမန္က သူတုိ႔အသင္းရဲ႕ အဓိက ၾကယ္ပြင့္ကစားသမားႏွစ္ဦးျဖစ္တဲ့ မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတုိ႔အေနနဲ႔ စပိန္ဘီလူးေတြျဖစ္ၾကတဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ရစ္တို႔ဆီ ေရာက္ႏုိင္ေျခမရွိဘူးလို႔ တြက္ခ်က္ျပလုိက္ပါတယ္။

သူ႕ရဲ႕ကစားသမားဘဝမွာ အဂၤလန္ကစားသမားထဲက ရွားရွားပါးပါးေျပာင္းေရႊ႕မွဳအျဖစ္ အသက္ ၂၇ ႏွစ္အရြယ္ ၁၉၉၉ ခုႏွစ္ ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ခဲ့ဖူးတဲ့ မက္မာနာမန္ဟာ ဘာေနဗ်ဴးမွာ လာလီဂါဖလားႏွစ္ႀကိမ္၊ ခ်န္ပီယံလိဂ္ႏွစ္ႀကိမ္နဲ႔ စပိန္စူပါဖလား၊ ယူအီးအက္ဖ္ေအ စူပါဖလားေတြကို တစ္ႀကိမ္စီ ေအာင္ျမင္မွဳရယူႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။

မက္မာနာမန္က လက္ရွိအေနအထားအရ ရီးရဲလ္မက္ဒရစ္အသင္းဟာ အီဒင္ ဟာဇက္ရွိေနခဲ့သလို ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ႐ိုဒရီဂိုကိုလည္း ေခၚယူထားခဲ့ေၾကာင္း၊ ဒါ့အျပင္ ေဆာင္းရာသီမွာလည္း ဖလာမင္ဂိုကေန ရိန္နီယာကိုပါ ထပ္မံေခၚယူထားခဲ့လို႔ သူတုိ႔အေနနဲ႔ ဆာလားနဲ႔ မာေနးကို ေခၚယူဖို႔ အေျခအေနမေပးဘူးလို႔ သုံးသပ္သြားခဲ့ပါတယ္။

“ဒီရာသီမွာ ခ်န္ပီယံလိဂ္က ထြက္ခြာခဲ့ရေပမယ့္ အေျခအေနအရပ္ရပ္ကို ခ်ိန္ထုိးၾကည့္ရင္ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတုိ႔ကို အသာစီး ရယူႏုိင္ခဲ့တာဟာ လီဗာပူးလ္နဲ႔ အဂၤလန္အသင္းေတြပါပဲ။ ဒါေၾကာင့္ ေအာင္ျမင္မွဳေတြအတြက္ေတာ့ သူတုိ႔အသင္းေတြဆီကို ဆာလားနဲ႔ မာေနးတုိ႔က ေျပာင္းေရႊ႕ႏုိင္စရာ မရွိပါဘူး”လို႔ မက္မာနာမန္က ဆိုပါတယ္။

ခ်န္ပီယံလိဂ္ဖလားကို လီဗာပူးလ္အသင္းနဲ႔အတူ ရယူႏုိင္ခဲ့တဲ့ ဒီေတာင္ပံတုိက္စစ္အတြဲဟာ ၿပီးခဲ့တဲ့ ရာသီကလည္း ပရီးမီးယားလိဂ္ေရႊဖိနပ္ကို အာဆင္နယ္ရဲ႕ အူဘာမီယန္းနဲ႔အတူ ပူးတြဲဆြတ္ခူးခဲ့ၾကသူေတြျဖစ္ၿပီး ဒီရာသီမွာေတာ့ အသင္းရဲ႕ ႏွစ္ ၃၀ ၾကာ ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ရွင္းလင္းၿပီး ပြဲေတြ ျပန္ကစားႏုိင္တာနဲ႔ ရယူႏုိင္ဖို႔ ေစာင့္ဆိုင္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း စတိဗ် မက်မာနာမန်က သူတို့အသင်းရဲ့ အဓိက ကြယ်ပွင့်ကစားသမားနှစ်ဦးဖြစ်တဲ့ မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့အနေနဲ့ စပိန်ဘီလူးတွေဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ရစ်တို့ဆီ ရောက်နိုင်ခြေမရှိဘူးလို့ တွက်ချက်ပြလိုက်ပါတယ်။

သူ့ရဲ့ကစားသမားဘဝမှာ အင်္ဂလန်ကစားသမားထဲက ရှားရှားပါးပါးပြောင်းရွှေ့မှုအဖြစ် အသက် ၂၇ နှစ်အရွယ် ၁၉၉၉ ခုနှစ် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ဖူးတဲ့ မက်မာနာမန်ဟာ ဘာနေဗျူးမှာ လာလီဂါဖလားနှစ်ကြိမ်၊ ချန်ပီယံလိဂ်နှစ်ကြိမ်နဲ့ စပိန်စူပါဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားတွေကို တစ်ကြိမ်စီ အောင်မြင်မှုရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

မက်မာနာမန်က လက်ရှိအနေအထားအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အီဒင် ဟာဇက်ရှိနေခဲ့သလို တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ရိုဒရီဂိုကိုလည်း ခေါ်ယူထားခဲ့ကြောင်း၊ ဒါ့အပြင် ဆောင်းရာသီမှာလည်း ဖလာမင်ဂိုကနေ ရိန်နီယာကိုပါ ထပ်မံခေါ်ယူထားခဲ့လို့ သူတို့အနေနဲ့ ဆာလားနဲ့ မာနေးကို ခေါ်ယူဖို့ အခြေအနေမပေးဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

“ဒီရာသီမှာ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပေမယ့် အခြေအနေအရပ်ရပ်ကို ချိန်ထိုးကြည့်ရင် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို အသာစီး ရယူနိုင်ခဲ့တာဟာ လီဗာပူးလ်နဲ့ အင်္ဂလန်အသင်းတွေပါပဲ။ ဒါကြောင့် အောင်မြင်မှုတွေအတွက်တော့ သူတို့အသင်းတွေဆီကို ဆာလားနဲ့ မာနေးတို့က ပြောင်းရွှေ့နိုင်စရာ မရှိပါဘူး”လို့ မက်မာနာမန်က ဆိုပါတယ်။

ချန်ပီယံလိဂ်ဖလားကို လီဗာပူးလ်အသင်းနဲ့အတူ ရယူနိုင်ခဲ့တဲ့ ဒီတောင်ပံတိုက်စစ်အတွဲဟာ ပြီးခဲ့တဲ့ ရာသီကလည်း ပရီးမီးယားလိဂ်ရွှေဖိနပ်ကို အာဆင်နယ်ရဲ့ အူဘာမီယန်းနဲ့အတူ ပူးတွဲဆွတ်ခူးခဲ့ကြသူတွေဖြစ်ပြီး ဒီရာသီမှာတော့ အသင်းရဲ့ နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ရှင်းလင်းပြီး ပွဲတွေ ပြန်ကစားနိုင်တာနဲ့ ရယူနိုင်ဖို့ စောင့်ဆိုင်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.