Other Leagues Premier League

ေပါ့ဘာကို လာမယ့္ရာသီမွာ အသင္းနဲ႔အတူ ဆက္ရွိေစခ်င္ေၾကာင္းဆုိတဲ့ ဘာဘာေတာ့ဗ္

မန္ခ်က္စတာယူႏုိက္တက္တိုက္စစ္မွဴးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က သူ႕အတြက္ေတာ့ လက္ရွိေတြ႕ျမင္ေနရတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေပၚ ေဝဖန္မွဳေတြကို မမွ်တဘူးလို႔ ခံစားရၿပီး ဘာအေၾကာင္းေတြပဲရွိရွိ သူဟာ အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္ေၾကာင္း သုံးသပ္ေျပာၾကားလုိက္ပါတယ္။

ေပါ့ဘာဟာ ဒီေႏြရာသီမွာ အသင္းေျပာင္းေရႊ႕ဖို႔ အသံထြက္ေနခဲ့သူတစ္ဦးျဖစ္ၿပီး သူ႕ရဲ႕ ေအးဂ်င့္ျဖစ္သူ မီႏို ႐ိုင္ယိုလာက ကစားသမားကို အိုးလ္ထရက္ဖို႔ဒ္နဲ႔ ေဝးရာကို ေခၚေဆာင္သြားမယ္လုိ႔လည္း ထုတ္ေျပာဖူးတာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဒါသေတြနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ ဘာအေၾကာင္းနဲ႔ပဲျဖစ္ျဖစ္ ဂ်ဴဗင္တပ္စ္အက်ႌကို ဝတ္မိခဲ့တာကလည္း အဆုိးတစ္ခုျဖစ္ခဲ့ရပါတယ္။

ဆြီဒင္အသင္းေဖာ္ အယ္လ္ဘင္ အက္ခ္ဒဲလ္ကို အားေပးတဲ့ အက်ႌကို ဝတ္ဆင္တဲ့ လင္ဒီေလာ့ဖ္ကို လူေတြက သာမန္သာ ၾကည့္ခဲ့ၾကေပမယ့္ ဘလဲစ္ မာတြီဒီကို အားေပးဖို႔ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ နံပါတ္ ၁၄ အက်ႌကို ဝတ္ဆင္ခဲ့တဲ့ ေပါ့ဘာကိုေတာ့ သတိထားမိခဲ့ၾကၿပီး အျမင္မၾကည္လင္မွဳကလည္း ဆုိးရြားေနတယ္လုိ႔ ဆိုပါတယ္။

“ကၽြန္ေတာ္ကေတာ့ သူ႕ကို ယူႏုိက္တက္မွာပဲ ဆက္ေနေစခ်င္ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ တြဲၿပီး အေကာင္းဆုံးကစားမွာကိုလည္း ျမင္ခ်င္တယ္။ သူ႕ကို ကၽြန္ေတာ္တုိ႔အသင္းက ေနရာမေပးခဲ့ရင္ ေခၚၿပီး ေနရာေပးမယ့္အသင္းေတြက အမ်ားႀကီးပဲ။ ဥပမာအားျဖင့္ ဂ်ဴဗင္တပ္စ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ေပါ့။ အားလုံးသိၾကတဲ့အတုိင္း သူက ဘယ္အသင္းနဲ႔မဆို အံဝင္ႏုိင္တဲ့ ကစားသမားပါ”လို႔ ဘာဘာေတာ့ဗ္က ဆိုပါတယ္။

ဒါ့အျပင္ ေပါ့ဘာအေပၚ ေဝဖန္မွဳေတြကလည္း မွ်တမွဳမရွိေၾကာင္းနဲ႔ ဘာလုပ္လုပ္ ေဝဖန္ျပစ္တင္ေနတယ္ဆုိတာ မျဖစ္သင့္ေၾကာင္း၊ သူ႕အေနနဲ႔ လူငယ္ဘဝကတည္းက ေရာက္ရွိလာခဲ့တဲ့ ယူႏိုက္တက္အသင္းကို ကူညီႏုိင္ဖို႔ ႀကဳိးစားလုပ္ေဆာင္ေပးခဲ့တယ္ဆုိတာကိုလည္း ျမင္ေစခ်င္ေၾကာင္းနဲ႔ ႀကံ့ခိုင္မွဳ ရွိလာတာနဲ႔အမွ် အသင္းအတြက္ အေကာင္းဆုံးကစားေပးႏုိင္မယ့္သူျဖစ္ေၾကာင္း ဘာဘာေတာ့ဗ္က ပရိသတ္ေတြကို ျပင္သစ္သားဘက္က ကာကြယ္ေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က သူ့အတွက်တော့ လက်ရှိတွေ့မြင်နေရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအပေါ် ဝေဖန်မှုတွေကို မမျှတဘူးလို့ ခံစားရပြီး ဘာအကြောင်းတွေပဲရှိရှိ သူဟာ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။

ပေါ့ဘာဟာ ဒီနွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ အသံထွက်နေခဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာက ကစားသမားကို အိုးလ်ထရက်ဖို့ဒ်နဲ့ ဝေးရာကို ခေါ်ဆောင်သွားမယ်လို့လည်း ထုတ်ပြောဖူးတာကြောင့် ပရိသတ်တွေရဲ့ ဒေါသတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ဂျူဗင်တပ်စ်အင်္ကျီကို ဝတ်မိခဲ့တာကလည်း အဆိုးတစ်ခုဖြစ်ခဲ့ရပါတယ်။

ဆွီဒင်အသင်းဖော် အယ်လ်ဘင် အက်ခ်ဒဲလ်ကို အားပေးတဲ့ အင်္ကျီကို ဝတ်ဆင်တဲ့ လင်ဒီလော့ဖ်ကို လူတွေက သာမန်သာ ကြည့်ခဲ့ကြပေမယ့် ဘလဲစ် မာတွီဒီကို အားပေးဖို့ ဂျူဗင်တပ်စ်အသင်းရဲ့ နံပါတ် ၁၄ အင်္ကျီကို ဝတ်ဆင်ခဲ့တဲ့ ပေါ့ဘာကိုတော့ သတိထားမိခဲ့ကြပြီး အမြင်မကြည်လင်မှုကလည်း ဆိုးရွားနေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်ကတော့ သူ့ကို ယူနိုက်တက်မှာပဲ ဆက်နေစေချင်ပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲပြီး အကောင်းဆုံးကစားမှာကိုလည်း မြင်ချင်တယ်။ သူ့ကို ကျွန်တော်တို့အသင်းက နေရာမပေးခဲ့ရင် ခေါ်ပြီး နေရာပေးမယ့်အသင်းတွေက အများကြီးပဲ။ ဥပမာအားဖြင့် ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ပေါ့။ အားလုံးသိကြတဲ့အတိုင်း သူက ဘယ်အသင်းနဲ့မဆို အံဝင်နိုင်တဲ့ ကစားသမားပါ”လို့ ဘာဘာတော့ဗ်က ဆိုပါတယ်။

ဒါ့အပြင် ပေါ့ဘာအပေါ် ဝေဖန်မှုတွေကလည်း မျှတမှုမရှိကြောင်းနဲ့ ဘာလုပ်လုပ် ဝေဖန်ပြစ်တင်နေတယ်ဆိုတာ မဖြစ်သင့်ကြောင်း၊ သူ့အနေနဲ့ လူငယ်ဘဝကတည်းက ရောက်ရှိလာခဲ့တဲ့ ယူနိုက်တက်အသင်းကို ကူညီနိုင်ဖို့ ကြိုးစားလုပ်ဆောင်ပေးခဲ့တယ်ဆိုတာကိုလည်း မြင်စေချင်ကြောင်းနဲ့ ကြံ့ခိုင်မှု ရှိလာတာနဲ့အမျှ အသင်းအတွက် အကောင်းဆုံးကစားပေးနိုင်မယ့်သူဖြစ်ကြောင်း ဘာဘာတော့ဗ်က ပရိသတ်တွေကို ပြင်သစ်သားဘက်က ကာကွယ်ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.