Bundesliga Premier League

ဆန္ခ်ဳိနဲ႔ တျခားေတာင္ပံကစားသမားတစ္ဦးကို လီဗာပူးလ္ ခ်ိန္ဆေခၚယူသြားဖြယ္ရွိ

လီဗာပူးလ္အသင္းအေနနဲ႔ ဒီရာသီၿပီးဆုံးခ်ိန္မွာ အသင္းအတြက္ အားျဖည့္မွဳအေနနဲ႔ ေတာင္ပံကစားသမားေကာင္းတစ္ဦးကို ေခၚယူဖို႔ ရွိေနရာမွာ ေဒါ့မြန္အသင္းရဲ႕ ေဂ်ဒန္ ဆန္ခ်ဳိကို ေခၚယူဖို႔ မေအာင္ျမင္ခဲ့ဘူးဆုိရင္ ေလဗာကူဆင္ရဲ႕ လီယြန္ ဘုိင္လီကို အဆင္သင့္ ကမ္းလွမ္းႏုိင္ဖို႔ ေစာင့္ၾကည့္ေနတယ္လုိ႔ ဆုိပါတယ္။

ေပါင္သန္း ၁၀၀ ေက်ာ္ တန္ဖိုးရွိေနတဲ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္ကစားသမားေဟာင္းကို လီဗာပူးလ္အသင္းအျပင္ သူ႕ရဲ႕အသင္းေဟာင္းနဲ႔ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာ ယူႏုိက္တက္တို႔ကလည္း ေခၚယူဖို႔ ႀကဳိးစားေနၾကၿပီး မန္စီးတီးအေနနဲ႔ သူတုိ႔ရဲ႕ ထြက္ခြာသြားႏုိင္တဲ့ ေတာင္ပံကစားသမားေတြေနရာမွာ ျပန္လည္အစားထိုးဖို႔ ခ်ိန္ရြယ္ေနတာလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းကေတာ့ ဒီေႏြရာသီမွာ ေဘာလုံးကၽြမ္းက်င္သူတခ်ဳိ႕ရဲ႕ ဆာဒီယို မာေနးေလာက္ အသင္းကို အက်ဳိးမျပဳဘဲ လိုအပ္ခ်က္ေတြ မ်ားစြာရွိေနတယ္လို႔ ေထာက္ျပခံထားရတဲ့ ေတာင္ပံတုိက္စစ္မွဴး မိုဟာမက္ ဆာလားကို ေဈးေကာင္းရရင္ ေရာင္းခ်သြားဖို႔ ရွိေနၿပီး ဒီအတြက္ ဆန္ခ်ဳိနဲ႔ ေတာင္ပံကစားသမားတစ္ဦးကို ျပန္လည္လ်ာထားေနခဲ့တာလုိ႔ သိရပါတယ္။

အဂၤလန္ေတာင္ပံကစားသမား ဆန္ခ်ဳိအေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္ကို ေရာက္ဖို႔ မ်ားေနတယ္လုိ႔ ဆုိေပမယ့္ လက္ရွိ ဥေရာပ ေဘာလုံးၿပဳိင္ပြဲေတြ ရပ္နားထားတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ဘာမွ မေျပာႏုိင္တဲ့ အေနအထားမွာ ရွိေနတဲ့အတြက္ လီဗာပူးလ္အေနနဲ႔ ႀကဳိးစားပုိင္ခြင့္ ရွိေနေသးတာလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီမွာ ေငြအနည္းငယ္သာ သုံးစြဲထားခဲ့ၿပီးတဲ့ေနာက္ ဖလားၿပဳိင္ပြဲေတြက ထြက္ခြာထားရတဲ့ အသင္းကို ျပန္လည္အားျဖည့္ဖို႔ စီစဥ္ေနရာမွာ ဆန္ခ်ဳိကို မရခဲ့ရင္ေတာ့ သူ႕ထက္ ေဈးသက္သာႏိုင္တဲ့ ခ်ဲလ္ဆီးရဲ႕ပစ္မွတ္ ဂ်ေမကာသား ဘုိင္လီကို ေပါင္သန္း ၈၀ ေလာက္နဲ႔ ၾကားျဖတ္ေခၚယူဖို႔ ႀကဳိးစားသြားႏုိင္တယ္လုိ႔ အေျပာင္းအေရႊ႕ေစာင့္ၾကည့္သူေတြက သုံးသပ္ထားေၾကာင္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီပြီးဆုံးချိန်မှာ အသင်းအတွက် အားဖြည့်မှုအနေနဲ့ တောင်ပံကစားသမားကောင်းတစ်ဦးကို ခေါ်ယူဖို့ ရှိနေရာမှာ ဒေါ့မွန်အသင်းရဲ့ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ မအောင်မြင်ခဲ့ဘူးဆိုရင် လေဗာကူဆင်ရဲ့ လီယွန် ဘိုင်လီကို အဆင်သင့် ကမ်းလှမ်းနိုင်ဖို့ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ပေါင်သန်း ၁၀၀ ကျော် တန်ဖိုးရှိနေတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်ကစားသမားဟောင်းကို လီဗာပူးလ်အသင်းအပြင် သူ့ရဲ့အသင်းဟောင်းနဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်တို့ကလည်း ခေါ်ယူဖို့ ကြိုးစားနေကြပြီး မန်စီးတီးအနေနဲ့ သူတို့ရဲ့ ထွက်ခွာသွားနိုင်တဲ့ တောင်ပံကစားသမားတွေနေရာမှာ ပြန်လည်အစားထိုးဖို့ ချိန်ရွယ်နေတာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ ဒီနွေရာသီမှာ ဘောလုံးကျွမ်းကျင်သူတချို့ရဲ့ ဆာဒီယို မာနေးလောက် အသင်းကို အကျိုးမပြုဘဲ လိုအပ်ချက်တွေ များစွာရှိနေတယ်လို့ ထောက်ပြခံထားရတဲ့ တောင်ပံတိုက်စစ်မှူး မိုဟာမက် ဆာလားကို ဈေးကောင်းရရင် ရောင်းချသွားဖို့ ရှိနေပြီး ဒီအတွက် ဆန်ချိုနဲ့ တောင်ပံကစားသမားတစ်ဦးကို ပြန်လည်လျာထားနေခဲ့တာလို့ သိရပါတယ်။

အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ဖို့ များနေတယ်လို့ ဆိုပေမယ့် လက်ရှိ ဥရောပ ဘောလုံးပြိုင်ပွဲတွေ ရပ်နားထားတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဘာမှ မပြောနိုင်တဲ့ အနေအထားမှာ ရှိနေတဲ့အတွက် လီဗာပူးလ်အနေနဲ့ ကြိုးစားပိုင်ခွင့် ရှိနေသေးတာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ ငွေအနည်းငယ်သာ သုံးစွဲထားခဲ့ပြီးတဲ့နောက် ဖလားပြိုင်ပွဲတွေက ထွက်ခွာထားရတဲ့ အသင်းကို ပြန်လည်အားဖြည့်ဖို့ စီစဉ်နေရာမှာ ဆန်ချိုကို မရခဲ့ရင်တော့ သူ့ထက် ဈေးသက်သာနိုင်တဲ့ ချဲလ်ဆီးရဲ့ပစ်မှတ် ဂျမေကာသား ဘိုင်လီကို ပေါင်သန်း ၈၀ လောက်နဲ့ ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားသွားနိုင်တယ်လို့ အပြောင်းအရွှေ့စောင့်ကြည့်သူတွေက သုံးသပ်ထားကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.