Match Report Premier League UCL&UEL

ဒုတိယအကျော့မှာ ပေါ်တိုကို ရှုံးပေမယ့် ပထမအကျော့ရလဒ်နဲ့ နောက်တစ်ဆင့်တက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲကို အိမ်ကွင်းအဖြစ် ကစားခဲ့ရတဲ့ ဆီဗီလာကွင်း ဆန်းချက်ပစ်ဟွမ်မှာ ပေါ်တိုအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ပထမအကျော့က အဝေးကွင်း ရလဒ်ကောင်းကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

သီယာဂို ဆေးလ်ဗား ပြန်လည်ပါဝင်လာပြီး ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲက အလုပ်ဖြစ်ခဲ့တဲ့ တိုက်စစ်အခင်းအကျင်းကို အသုံးပြုခဲ့ပေမယ့် ညာတောင်ပံက ဟဒ်ဆန်-အိုဒွိုင်း ပါဝင်မလာတာကတော့ ရှေ့က သုံးယောက်ဖြစ်တဲ့ ဟာဗတ်ဇ်၊ မေဆန်မောင့်နဲ့ ပူလီရှစ်ချ်တို့ကို အားလျော့စေခဲ့ပြီး ဂျိမ်းစ်နဲ့ နားလည်မှုကတော့ အနည်းငယ် လွဲနေခဲ့ပါတယ်။

ကွင်းလယ်က အန်ဂိုလို ကွန်တေ အကောင်းဆုံး ကြိုးစားတာကို မြင်ရပေမယ့် အကွက်စေ့စေ့နဲ့ ပိတ်ဆို့ပြီး အဝေးကွင်းမှာ ရလဒ်ကောင်းနိုင်ဖို့ ကြိုးစားနေတဲ့ ပေါ်တိုကြောင့် ဂိုးသမား မန်ဒီပါ တစ်ကြိမ် အမှားလုပ်ခဲ့မိပြီး ခံစစ်က ဂျော်ဂျင်ညို ဝင်ဖျက်တာ မြန်လို့သာ စောစောစီးစီး ဂိုးမပေးခဲ့ရတာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပေမယ့် အိမ်ကွင်းမှာ ကစားတဲ့ ချဲလ်ဆီးတို့ရဲ့ ပုံစံက နိုင်ပွဲရယူနိုင်သူတွေနဲ့မတူဘဲ ပေါ်တိုတို့ကတောင် ပိုမို ခြိမ်းခြောက်နေခဲ့သလို ကွင်းလယ်မှာ ဖန်တီးမှုကောင်းမွန်တဲ့ ကစားသမားတွေ မပါဝင်လို့သာ အိမ်ရှင်တွေ သက်သာနေခဲ့တာဖြစ်ပြီး အဆုံးသတ်မှုတွေ ကတော့ နှစ်ဖက်စလုံး ဆိုးရွားနေခဲ့ပါတယ်။

နည်းပြ တူဟယ်လ်ကတော့ သူ့ရဲ့ အလွဲလွဲအချော်ချော် တိုက်စစ်ကို အရန်ခုံတန်းကနေ စိတ်ပျက်နေတဲ့ ပုံစံကို အထင်းသား မြင်ခဲ့ရပြီး ဒီနေ့ပွဲမှာ တောင်ပံသမားတွေရဲ့ ပံ့ပိုးမှုတွေကို တိုက်စစ်ဆင် အဆုံးသတ်တဲ့ ပူလီရှစ်ချ်ရဲ့ မပိုင်နိုင်မှုတွေက ဟာဗတ်ဇ်ထက် ဆိုးခဲ့ပြီး ပေါ်တိုကတော့ ကလေးကွက်တွေနဲ့ တိုက်စစ်ဆင်နေခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဇီးယက်ရှ်ပေးတာကို ပူလီရှစ်ချ် အသုံးမချနိုင်တာက ချဲလ်ဆီးတို့ အိမ်ကွင်းရှုံးဖို့ ဖြစ်လာခဲ့ပြီး တစ်မိနစ်အကြာမှာတော့ ညာတောင်ပံက ဖြတ်တင်ဘောကို ပေါ်တိုရဲ့ အီရန်တိုက်စစ်မှူး တာရီမီက လေထဲက ဘိုင်စကယ်ကစ်နဲ့ ဂိုးသမား မန်ဒီ ကြောင်ကြည့်နေရအောင် ကန်သွင်းပြသွားခဲ့လို့ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီပွဲရလဒ်နဲ့ ခြေစွမ်းကို ပရိသတ်တွေ စိတ်ပျက်ခဲ့ရပေမယ့် ပထမအကျော့က အဝေးကွင်းမှာ မေဆန်မောင့်၊ ချေးဝဲလ်တို့ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိထားခဲ့တာကတော့ ဒီနေ့ပွဲကို Cover လုပ်ဖို့ လုံလောက်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပေမယ့် အသင်းရဲ့ တိုက်စစ်ကို ဖော်ဆောင်ဖို့တော့ နည်းပြ တူဟယ်လ်မှာ လုပ်စရာတွေ တစ်ပုံကြီး ရှိနေခဲ့သလို လာမယ့်ပွဲတွေမှာ မဖြစ်မနေ ပြင်ဆင်ရဦးမှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲကို အိမ်ကွင်းအဖြစ် ကစားခဲ့ရတဲ့ ဆီဗီလာကွင်း ဆန်းချက်ပစ်ဟွမ်မှာ ပေါ်တိုအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ပထမအကျော့က အဝေးကွင်း ရလဒ်ကောင်းကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

သီယာဂို ဆေးလ်ဗား ပြန်လည်ပါဝင်လာပြီး ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲက အလုပ်ဖြစ်ခဲ့တဲ့ တိုက်စစ်အခင်းအကျင်းကို အသုံးပြုခဲ့ပေမယ့် ညာတောင်ပံက ဟဒ်ဆန်-အိုဒွိုင်း ပါဝင်မလာတာကတော့ ရှေ့က သုံးယောက်ဖြစ်တဲ့ ဟာဗတ်ဇ်၊ မေဆန်မောင့်နဲ့ ပူလီရှစ်ခ်ျတို့ကို အားလျော့စေခဲ့ပြီး ဂျိမ်းစ်နဲ့ နားလည်မှုကတော့ အနည်းငယ် လွဲနေခဲ့ပါတယ်။



နည်းပြ တူဟယ်လ်ကတော့ သူ့ရဲ့ အလွဲလွဲအချော်ချော် တိုက်စစ်ကို အရန်ခုံတန်းကနေ စိတ်ပျက်နေတဲ့ ပုံစံကို အထင်းသား မြင်ခဲ့ရပြီး ဒီနေ့ပွဲမှာ တောင်ပံသမားတွေရဲ့ ပံ့ပိုးမှုတွေကို တိုက်စစ်ဆင် အဆုံးသတ်တဲ့ ပူလီရှစ်ခ်ျရဲ့ မပိုင်နိုင်မှုတွေက ဟာဗတ်ဇ်ထက် ဆိုးခဲ့ပြီး ပေါ်တိုကတော့ ကလေးကွက်တွေနဲ့ တိုက်စစ်ဆင်နေခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဇီးယက်ရှ်ပေးတာကို ပူလီရှစ်ခ်ျ အသုံးမချနိုင်တာက ချဲလ်ဆီးတို့ အိမ်ကွင်းရှုံးဖို့ ဖြစ်လာခဲ့ပြီး တစ်မိနစ်အကြာမှာတော့ ညာတောင်ပံက ဖြတ်တင်ဘောကို ပေါ်တိုရဲ့ အီရန်တိုက်စစ်မှူး တာရီမီက လေထဲက ဘိုင်စကယ်ကစ်နဲ့ ဂိုးသမား မန်ဒီ ကြောင်ကြည့်နေရအောင် ကန်သွင်းပြသွားခဲ့လို့ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.