Premier League

မန်စီးတီးရဲ့ ချန်ပီယံလိဂ်ကျိန်စာဆိုးကို မှော်ဆရာဒီဘရိုင်းနားက ချေဖျက်ပေးနိုင်တော့မလား

မန်စီးတီးအသင်းက ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ သူတို့အသင်းရဲ့ မှော်ဆရာ ဒီဘရိုင်းနားကို ၄ နှစ် သက်တမ်းတိုးလိုက်တယ်။ တနှစ်ကို ပေါင်သန်း ၂၀ ပေးချေရမယ်။ ဒါဟာ မန်စီးတီးကို လွှမ်းမိုးနေတဲ့ ဒီဘရိုင်းနားရဲ့ အရှိန်အဝါဖြစ်ပြီး သူက ပရီးမီးယားလိဂ်ရဲ့ လစာအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့တယ်။

ဒီဘရိုင်းနားရဲ့ လုပ်ရပ်နဲ့ ရည်ရွယ်ချက်ကိုကြည့်ရင် သူက စာချုပ်သစ်ကိစ္စမှာ မန်စီးတီးနဲ့ စကားပြောဖို့ အေးဂျင့်ကို အသုံးမပြုဘူး။ Data ကုမ္ပဏီကို အပ်ပြီး သူ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ Report ရေးခိုင်းခဲ့တယ်။ ထွက်လာတဲ့အဖြေက ဒီဘရိုင်းနားရဲ့ ရည်ရွယ်ချက်ဖြစ်သလို အံ့အားသင့်စရာကောင်းတယ်။

ဒီဘရိုင်းနားကို ဆုံးရှုံးရရင် မန်စီးတီးဟာ သမိုင်းတလျှောက် ပထမဆုံးရယူဖို့ ရည်ရွယ်ထားတဲ့ ချန်ပီယံလိဂ်ဖလားနဲ့ ဘယ်လောက်ထိ အလှမ်းဝေးသွားမလဲဆိုတာ Data နဲ့ စာတမ်းက အတိအကျထွက်လာခဲ့တယ်။ ဒီနှစ်မှာ UCL ကိုသိမ်းမယ်လို့ ဖလား ၄ လုံး အိပ်မက်မက်နေတဲ့ မန်စီးတီးနဲ့ ဂွါဒီယိုလာအတွက် ငြင်းကွယ်မရတဲ့ အမှန်တရားဖြစ်တယ်။

သူက ဒါကိုကိုင်ပြီး မန်စီးတီးရဲ့အောင်မြင်မှုမှာ သူဘယ်လောက်ထိ အခရာကျနေလဲဆိုတာ ပြောပြီးသားဖြစ်စေခဲ့တယ်။ စာချုပ်အတွက် ညှိနှိုင်းခဲ့ပြီးနောက်မှာ ချန်ပီယံလိဂ်ဖလားကို အရယူမယ်ဆိုတဲ့ ဘုံပန်းတိုင်အတွက် နှစ်ဖက်သဘောတူညီမှုရခဲ့တယ်။ ဒီလိုနဲ့ သူက စီးတီးမှာ နောက်ထပ် ၄ နှစ်ထပ်နေဖို့ ဖြစ်လာတယ်။

” နှစ်တွေသာပြောင်းသွားတယ်၊ ဒီကျိန်စာဆိုးချည်းပဲ ” …. ဒါက မနှစ်က လိုင်ယွန်ကိုရှူံးပြီး မန်စီးတီး UCL က ထွက်ရတော့ ဒီဘရိုင်းနားရဲ့ နှုတ်က ထွက်လာတဲ့ စိတ်ပျက်လက်ပျက်စကားဖြစ်တယ်။ တကယ်လည်းမှန်ကန်နေတယ်။ စီးတီးက ကွာတားဖိုင်နယ်ကနေ နောက်ဆုံး ၃ နှစ်ဆက်ထွက်ခဲ့ရတဲ့ အသင်းဖြစ်တယ်။

မန်စီးတီးနဲ့အတူ ဒီဘရိုင်းနား မကိုင်မြှောက်ရသေးတဲ့ တခုတည်းသော အောင်မြင်မှုက ချန်ပီယံလိဂ်ဖလားဖြစ်တယ်။ ဒီနှစ်မှာတော့ ဂွါဒီယိုလာက မန်စီးတီးနဲ့ နောက်ဆုံး ၅ နှစ်အတွင်း ပထမဆုံးအကြိမ် UCL ဆီမီးဖိုင်နယ်ကို တက်ဖို့ မောင်းတင်ထားတယ်။ ဒေါ့မန်ကို ကွာတား ပထမ အကျော့မှာ ၂-၁ နဲ့ နိုင်ထားတယ်။

ချန်ပီယံလိဂ်ဖလားက ဘယ်လ်ဂျီယံသားရဲ့ အိပ်မက်လည်းဖြစ်တယ်။ မန်စီးတီးရဲ့ အိပ်မက်လည်းဖြစ်တယ်။ ပပ် ဂွါဒီယိုလာရဲ့အိပ်မက်လည်း ဖြစ်တယ်။ ဘုံအိပ်မက်တွေပေါင်းဆုံလာချိန်မှာ စိတ်ပျက်ခဲ့ရတဲ့ အတိတ်ဆိုး၊ အနာဆိုး၊ ကျိန်စာဆိုးကို တော်လှန်ဖို့ဖြစ်လာတယ်။

အခုလာမယ့် ဒေါ့မန်နဲ့ ကွာတားဒုကျော့ဟာ ဂွါဒီယိုလာလက်ထက် အရေးအပါဆုံးနဲ့ သမိုင်းကိုအသစ်ရေးထိုးဖို့ဖြစ်လာတယ်။ ဒီဘရိုင်းနားက မှော်ဆရာတယောက်အနေနဲ့ စီးတီးရဲ့ ချန်ပီယံလိဂ်ကျိန်စာဆိုးကို ချေဖျက်ပေးနိုင်မလားဆိုတာကတော့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

မန္စီးတီးအသင္းက ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းကပဲ သူတို႔အသင္းရဲ႕ ေမွာ္ဆရာ ဒီဘ႐ိုင္းနားကို ၄ ႏွစ္ သက္တမ္းတိုးလိုက္တယ္။ တႏွစ္ကို ေပါင္သန္း ၂၀ ေပးေခ်ရမယ္။ ဒါဟာ မန္စီးတီးကို လႊမ္းမိုးေနတဲ့ ဒီဘ႐ိုင္းနားရဲ႕ အရွိန္အဝါျဖစ္ၿပီး သူက ပရီးမီးယားလိဂ္ရဲ႕ လစာအျမင့္ဆုံး ကစားသမားျဖစ္လာခဲ့တယ္။

ဒီဘ႐ိုင္းနားရဲ႕ လုပ္ရပ္နဲ႔ ရည္႐ြယ္ခ်က္ကိုၾကည့္ရင္ သူက စာခ်ဳပ္သစ္ကိစၥမွာ မန္စီးတီးနဲ႔ စကားေျပာဖို႔ ေအးဂ်င့္ကို အသုံးမျပဳဘူး။ Data ကုမၸဏီကို အပ္ၿပီး သူ႔စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ Report ေရးခိုင္းခဲ့တယ္။ ထြက္လာတဲ့အေျဖက ဒီဘ႐ိုင္းနားရဲ႕ ရည္႐ြယ္ခ်က္ျဖစ္သလို အံ့အားသင့္စရာေကာင္းတယ္။

ဒီဘ႐ိုင္းနားကို ဆုံးရႈံးရရင္ မန္စီးတီးဟာ သမိုင္းတေလွ်ာက္ ပထမဆုံးရယူဖို႔ ရည္႐ြယ္ထားတဲ့ ခ်န္ပီယံလိဂ္ဖလားနဲ႔ ဘယ္ေလာက္ထိ အလွမ္းေဝးသြားမလဲဆိုတာ Data နဲ႔ စာတမ္းက အတိအက်ထြက္လာခဲ့တယ္။ ဒီႏွစ္မွာ UCL ကိုသိမ္းမယ္လို႔ ဖလား ၄ လုံး အိပ္မက္မက္ေနတဲ့ မန္စီးတီးနဲ႔ ဂြါဒီယိုလာအတြက္ ျငင္းကြယ္မရတဲ့ အမွန္တရားျဖစ္တယ္။

သူက ဒါကိုကိုင္ၿပီး မန္စီးတီးရဲ႕ေအာင္ျမင္မႈမွာ သူဘယ္ေလာက္ထိ အခရာက်ေနလဲဆိုတာ ေျပာၿပီးသားျဖစ္ေစခဲ့တယ္။ စာခ်ဳပ္အတြက္ ညႇိႏႈိင္းခဲ့ၿပီးေနာက္မွာ ခ်န္ပီယံလိဂ္ဖလားကို အရယူမယ္ဆိုတဲ့ ဘုံပန္းတိုင္အတြက္ ႏွစ္ဖက္သေဘာတူညီမႈရခဲ့တယ္။ ဒီလိုနဲ႔ သူက စီးတီးမွာ ေနာက္ထပ္ ၄ ႏွစ္ထပ္ေနဖို႔ ျဖစ္လာတယ္။

” ႏွစ္ေတြသာေျပာင္းသြားတယ္၊ ဒီက်ိန္စာဆိုးခ်ည္းပဲ ” …. ဒါက မႏွစ္က လိုင္ယြန္ကိုရႉံးၿပီး မန္စီးတီး UCL က ထြက္ရေတာ့ ဒီဘ႐ိုင္းနားရဲ႕ ႏႈတ္က ထြက္လာတဲ့ စိတ္ပ်က္လက္ပ်က္စကားျဖစ္တယ္။ တကယ္လည္းမွန္ကန္ေနတယ္။ စီးတီးက ကြာတားဖိုင္နယ္ကေန ေနာက္ဆုံး ၃ ႏွစ္ဆက္ထြက္ခဲ့ရတဲ့ အသင္းျဖစ္တယ္။

မန္စီးတီးနဲ႔အတူ ဒီဘ႐ိုင္းနား မကိုင္ေျမႇာက္ရေသးတဲ့ တခုတည္းေသာ ေအာင္ျမင္မႈက ခ်န္ပီယံလိဂ္ဖလားျဖစ္တယ္။ ဒီႏွစ္မွာေတာ့ ဂြါဒီယိုလာက မန္စီးတီးနဲ႔ ေနာက္ဆုံး ၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ UCL ဆီမီးဖိုင္နယ္ကို တက္ဖို႔ ေမာင္းတင္ထားတယ္။ ေဒါ့မန္ကို ကြာတား ပထမ အေက်ာ့မွာ ၂-၁ နဲ႔ ႏိုင္ထားတယ္။

ခ်န္ပီယံလိဂ္ဖလားက ဘယ္လ္ဂ်ီယံသားရဲ႕ အိပ္မက္လည္းျဖစ္တယ္။ မန္စီးတီးရဲ႕ အိပ္မက္လည္းျဖစ္တယ္။ ပပ္ရဲ႕အိပ္မက္လည္း ျဖစ္တယ္။ ဘုံအိပ္မက္ေတြေပါင္းဆုံလာခ်ိန္မွာ စိတ္ပ်က္ခဲ့ရတဲ့ အတိတ္ဆိုး၊ အနာဆိုး၊ က်ိန္စာဆိုးကို ေတာ္လွန္ဖို႔ျဖစ္လာတယ္။ အခုလာမယ့္ ေဒါ့မန္နဲ႔ ကြာတားဒုေက်ာ့ဟာ ဂြါဒီယိုလာလက္ထက္ အေရးအပါဆုံးနဲ႔ သမိုင္းကိုအသစ္ေရးထိုးဖို႔ျဖစ္လာတယ္။ ဒီဘ႐ိုင္းနားက ေမွာ္ဆရာတေယာက္အေနနဲ႔ စီးတီးရဲ႕ ခ်န္ပီယံလိဂ္က်ိန္စာဆိုးကို ေခ်ဖ်က္ေပးႏိုင္မလားဆိုတာကေတာ့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.