Premier League

ဂိုးစောင့်နတ်သား နာဗတ်စ်ကြောင့် လက်ရှိချန်ပီယံကို ပြိုင်ပွဲက ကန်ထုတ်လိုက်နိုင်တဲ့ PSG ပွဲအပြီး ထုတ်နုတ်ပြောစရာ 7ချက်

လီဝန်ဒေါစကီးနေရာကို သွေးသံရဲရဲနဲ့ အစားထိုးနိုင်ခဲ့တဲ့ ချူပိုမိုတင်း
အသင်းဟောင်း PSG နဲ့ နှစ်ကျော့လုံးမှာ သူက ဘိုင်ယန်အတွက် ၂ ပွဲ၊ ၂ ဂိုးသွင်းခဲ့တယ်။ လီဝန်ဒေါစကီးမရှိတဲ့အချိန်မှာ သူကတာဝန်ကျေခဲ့တယ်။ ဒါက သူလိုကစားသမားမျိုးအတွက် ဒီအသင်းကြီးအတွက် ပေးဆပ်တာက လုံလောက်တယ်လို့ ဆိုရမှာပါ။ အခုပွဲမှာဆိုရင် သူ့ရဲ့ ကန်သွင်းချက်နဲ့ ဘိုင်ယန်ကို ဦးဆောင်စေခဲ့ပြီး မျှော်လင့်ချက်ပြန်ရစေခဲ့တယ်။ ဘိုင်ယန်က သွေးသံရဲရဲနဲ့ PSG ကို နောက်တဂိုးသွင်းဖို့ ကြိုးစားပေမယ့် နောက်ဆုံးမှာတော့ အဝေးဂိုးစည်းမျဥ်းနဲ့ ချန်ပီယံလိဂ်ကို နှုတ်ဆက်ခဲ့ရတယ်။

ဂိုးမသွင်းတတ်တော့တဲ့ နေမာ
နေမာက ဒီပွဲမှာအတော်ကောင်းတယ်။ ဘိုင်ယန်ကို စိုက်ခဲ့တဲ့မြှားတွေကို အထပ်ထပ်ခွင်းခဲ့သူက နေမာပါ။ ပြေးလမ်းကြောင်းတွေနဲ့အတူ ဘိုင်ယန်ကို မွှေနှောက်ကစားသွားတယ်။ အပိုင်အခွင့်အရေး ၄ ကြိမ်လောက်ထိ ရတယ်။ ၂ လုံး တိုင်ထိတယ်။ ဂိုးမသွင်းတတ်တော့တဲ့ နေမာကို မြင်ခဲ့ရတာကလွဲရင် ကျန်တာအဆင်ပြေပါတယ်။ ဘလွန်းဒီအောဆုကို ရည်မှန်းရင်တော့ ဆီမီးဖိုင်နယ်မှာ အခုထက်ပိုပြီး လုပ်ပြရပါဦးမယ်။

ဂိုးကိုစောင့်တဲ့ နတ်သား ကေလာ နာဗတ်စ်
သူက ဒီပွဲမှာ Clean Sheet တော့ မရခဲ့ဘူး။ ချူပိုမိုတင်းရဲ့ ကန်ချက်ကို ခွင့်ပြုခဲ့ရပြီး ဂိုးပေးခဲ့ရတယ်။ ဒါပေမယ့် သူ့လက်စွမ်းက ဂိုးကိုစောင့်တဲ့ နတ်သားတပါးလို မြည်ဟည်းဟိန်းထွက်နေခဲ့တယ်။ ဘိုင်ယန်က နံရံကိုကန်နေရသလားထင်ရအောင်အထိကို လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။

ပထမအကျော့ ၁၀ ကြိမ်အထိ ကာကွယ်မှုပြုလုပ်ခဲ့သလို ဒီပွဲမှာလည်း ဘိုင်ယန်ရဲ့ခြိမ်းခြောက်မှု ၅ ကြိမ်ကို တားဆီးခဲ့တယ်။ သမ္ဘာရင့်ပြီး ပွဲကို ကောင်းကောင်းဖတ်နိုင်သူဖြစ်လို့ အန္တရာယ်ဇုန်ထဲက ဘောလုံးတွေကို ခပ်ပြတ်ပြတ် ထွက်ရှင်းခဲ့တာလည်း တွေ့ရတယ်။

လူစားဝင်ကစားသမားတွေ အလုပ်မဖြစ်ခဲ့တဲ့ ဘိုင်ယန်
ဘိုင်ယန်ရဲ့ အရန်လူစာရင်းက တကယ်မေးခွန်းထုတ်စရာဖြစ်တယ်။ ပွဲထွက်လူစာရင်းက ဗလတောင့်ပြီး အရန်ခုံအားက သေးကွေးကြုံလှီလွန်းတယ်။ နည်းပြဟန်စီဖလစ်ခ် လူစားလဲကစားစေခဲ့တဲ့ ဂျာဗီ ဟာနန်ဒက်စ်နဲ့ ဂျမားလ် မူစီယာလာတို့ဟာ ​ကွင်းထဲမှာ ပျောက်ချက်သားကောင်းနေခဲ့ကြတယ်။ ဒီလိုအဆင့်မျိုးမှာ ဘိုင်ယန်အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ကာကွယ်နိုင်တဲ့ လူစာရင်းမဟုတ်ခဲ့တာ၊ တောင့်တင်းမှုမရှိတာကို လက်ခံရပါမယ်။

သောင်းကျန်းနေတဲ့ PSG တိုက်စစ်ကို ပညာရည်နို့သောက်စို့စေခဲ့တဲ့ လူးကပ်စ် ဟာနန်ဒက်ဇ်
အတော့်ကို သူပုန်ထပြီး သောင်းကျန်းနေတဲ့ PSG တိုက်စစ်ကို ဘိုင်ယန်ခံစစ်မှာ ပညာရည်နို့ သောက်စို့စေခဲ့သူက လူးကပ်စ် ဟာနန်ဒက်ဇ်ပါ။ သူက တီကိုအသင်းကနေ ယူရိုသန်း ၈၀ နဲ့ ဂျာမနီကို ပြောင်းလာပြီး အခုပြခဲ့တဲ့ ခြေစွမ်းက ဘိုင်ယန်ရဲ့အနာဂတ်မှာ မှီတည်ပြီး အားကိုးရမယ့် စွမ်းဆောင်ရည်ကို တွေ့ခဲ့ရတယ်။

ကျောက်ဆောင်လို မာကျောခဲ့တယ်။ သေရေးရှင်ရေး နောက်ဆုံးမိနစ်ပိုင်းတွေမှာ နေမာရဲ့ ဂိုးသွင်းဖို့ အားထုတ်မှုကို ဖျက်ဆီးခဲ့ပုံက သူ့စိတ်ဓာတ်နဲ့ ပညာသားကို မြင်စေခဲ့တယ်။ နေမာ၊ အမ်ဘာပေတို့ကို ပွဲချိန်အတော်များများမှာ Shut Down ချပြီး အသက်မဲ့စေခဲ့သူပါ။

ချန်ပီယံလိဂ်ကပြုတ်အပြီးမှာ ဟန်ဆီဖလစ်ခ်ရဲ့ အနာဂတ်ဘယ်လိုရှိလာမလဲ
ဘိုင်ယန်က ပြီးခဲ့တဲ့နှစ်က အနိုင်ယူကျော်ဖြတ်ပြီး ဗိုလ်ဝင်ခံခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်က ပြိုင်ဘက်ဟောင်းအသင်းကို အခုတခါမှာတော့ အရေးနိမ့်ပြီး အိမ်ပြန်လာရတယ်။ ဒီနောက်မှာတော့ ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်ခ်က အသင်းကထွက်ခွာပြီး ဂျာမနီနည်းပြအဖြစ် တာဝန်ယူတော့မယ်လို့ သတင်းတွေဆူနေပါတယ်။

၁ ဂိုးသာလိုတော့ချိန်မှာ လီဝန်ဒေါစကီးကို လွမ်းဆွတ်ခဲ့ရတဲ့ ဘိုင်ယန်
တကယ်တမ်းမှာ ဘိုင်ယန်က မိနစ် ၄၀ မှာ အဖွင့်ဂိုးရတယ်။ နောက်တဂိုးသာ ထပ်ရရင် ကျိန်းသေပေါက် ဆီမီးတက်ပါမယ်။ ပွဲချိန် နောက်ဆုံး ၁၅ မိနစ်မှာ ပိုချက်တီနိုရဲ့အသင်းကို အသေဖိထားပြီး ကစားခဲ့တယ်။ အရာမထင်ခဲ့ဘူး။ အဆုံးအဖြတ်က လီဝန်ဒေါစကီးဖြစ်လာတယ်။ သူမပါတဲ့ ဘိုင်ယန်နဲ့ သူပါဝင်တဲ့ ဘိုင်ယန်က အတော်ခြားနားနေပါတယ်။

နာဘရီနဲ့ ဂေါရက်ဇကာတို့ကိုလည်း အားမကိုးခဲ့ရလို့ ၁ ဂိုးသာလိုတော့ချိန်မှာ ဘိုင်ယန်ပရိသတ်တွေ လီဝန်ဒေါစကီးကိုသာ လွမ်းဆွတ်နေရတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

လီဝန္ေဒါစကီးေနရာကို ေသြးသံရဲရဲနဲ႔ အစားထိုးႏိုင္ခဲ့တဲ့ ခ်ဴပိုမိုတင္း
အသင္းေဟာင္း PSG နဲ႔ ႏွစ္ေက်ာ့လုံးမွာ သူက ဘိုင္ယန္အတြက္ ၂ ပြဲ၊ ၂ ဂိုးသြင္းခဲ့တယ္။ လီဝန္ေဒါစကီးမရွိတဲ့အခ်ိန္မွာ သူကတာဝန္ေက်ခဲ့တယ္။ ဒါက သူလိုကစားသမားမ်ိဳးအတြက္ ဒီအသင္းႀကီးအတြက္ ေပးဆပ္တာက လုံေလာက္တယ္လို႔ ဆိုရမွာပါ။ အခုပြဲမွာဆိုရင္ သူ႔ရဲ႕ ကန္သြင္းခ်က္နဲ႔ ဘိုင္ယန္ကို ဦးေဆာင္ေစခဲ့ၿပီး ေမွ်ာ္လင့္ခ်က္ျပန္ရေစခဲ့တယ္။ ဘိုင္ယန္က ေသြးသံရဲရဲနဲ႔ PSG ကို ေနာက္တဂိုးသြင္းဖို႔ ႀကိဳးစားေပမယ့္ ေနာက္ဆုံးမွာေတာ့ အေဝးဂိုးစည္းမ်ဥ္းနဲ႔ ခ်န္ပီယံလိဂ္ကို ႏႈတ္ဆက္ခဲ့ရတယ္။

ဂိုးမသြင္းတတ္ေတာ့တဲ့ ေနမာ
ေနမာက ဒီပြဲမွာအေတာ္ေကာင္းတယ္။ ဘိုင္ယန္ကို စိုက္ခဲ့တဲ့ျမႇားေတြကို အထပ္ထပ္ခြင္းခဲ့သူက ေနမာပါ။ ေျပးလမ္းေၾကာင္းေတြနဲ႔အတူ ဘိုင္ယန္ကို ေမႊေႏွာက္ကစားသြားတယ္။ အပိုင္အခြင့္အေရး ၄ ႀကိမ္ေလာက္ထိ ရတယ္။ ၂ လုံး တိုင္ထိတယ္။ ဂိုးမသြင္းတတ္ေတာ့တဲ့ ေနမာကို ျမင္ခဲ့ရတာကလြဲရင္ က်န္တာအဆင္ေျပပါတယ္။ ဘလြန္းဒီေအာဆုကို ရည္မွန္းရင္ေတာ့ ဆီမီးဖိုင္နယ္မွာ အခုထက္ပိုၿပီး လုပ္ျပရပါဦးမယ္။

ဂိုးကိုေစာင့္တဲ့ နတ္သား ေကလာ နာဗတ္စ္
သူက ဒီပြဲမွာ Clean Sheet ေတာ့ မရခဲ့ဘူး။ ခ်ဴပိုမိုတင္းရဲ႕ ကန္ခ်က္ကို ခြင့္ျပဳခဲ့ရၿပီး ဂိုးေပးခဲ့ရတယ္။ ဒါေပမယ့္ သူ႔လက္စြမ္းက ဂိုးကိုေစာင့္တဲ့ နတ္သားတပါးလို ျမည္ဟည္းဟိန္းထြက္ေနခဲ့တယ္။ ဘိုင္ယန္က နံရံကိုကန္ေနရသလားထင္ရေအာင္အထိကို လက္စြမ္းျပ ကာကြယ္ခဲ့ပါတယ္။

ပထမအေက်ာ့ ၁၀ ႀကိမ္အထိ ကာကြယ္မႈျပဳလုပ္ခဲ့သလို ဒီပြဲမွာလည္း ဘိုင္ယန္ရဲ႕ၿခိမ္းေျခာက္မႈ ၅ ႀကိမ္ကို တားဆီးခဲ့တယ္။ သမာၻရင့္ၿပီး ပြဲကို ေကာင္းေကာင္းဖတ္ႏိုင္သူျဖစ္လို႔ အႏၲရာယ္ဇုန္ထဲက ေဘာလုံးေတြကို ခပ္ျပတ္ျပတ္ ထြက္ရွင္းခဲ့တာလည္း ေတြ႕ရတယ္။

လူစားဝင္ကစားသမားေတြ အလုပ္မျဖစ္ခဲ့တဲ့ ဘိုင္ယန္
ဘိုင္ယန္ရဲ႕ အရန္လူစာရင္းက တကယ္ေမးခြန္းထုတ္စရာျဖစ္တယ္။ ပြဲထြက္လူစာရင္းက ဗလေတာင့္ၿပီး အရန္ခုံအားက ေသးေကြးႀကဳံလွီလြန္းတယ္။ နည္းျပဟန္စီဖလစ္ခ္ လူစားလဲကစားေစခဲ့တဲ့ ဂ်ာဗီ ဟာနန္ဒက္စ္နဲ႔ ဂ်မားလ္ မူစီယာလာတို႔ဟာ ​ကြင္းထဲမွာ ေပ်ာက္ခ်က္သားေကာင္းေနခဲ့ၾကတယ္။ ဒီလိုအဆင့္မ်ိဳးမွာ ဘိုင္ယန္အေနနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ကာကြယ္ႏိုင္တဲ့ လူစာရင္းမဟုတ္ခဲ့တာ၊ ေတာင့္တင္းမႈမရွိတာကို လက္ခံရပါမယ္။

ေသာင္းက်န္းေနတဲ့ PSG တိုက္စစ္ကို ပညာရည္ႏို႔ေသာက္စို႔ေစခဲ့တဲ့ လူးကပ္စ္ ဟာနန္ဒက္ဇ္
အေတာ့္ကို သူပုန္ထၿပီး ေသာင္းက်န္းေနတဲ့ PSG တိုက္စစ္ကို ဘိုင္ယန္ခံစစ္မွာ ပညာရည္ႏို႔ ေသာက္စို႔ေစခဲ့သူက လူးကပ္စ္ ဟာနန္ဒက္ဇ္ပါ။ သူက တီကိုအသင္းကေန ယူ႐ိုသန္း ၈၀ နဲ႔ ဂ်ာမနီကို ေျပာင္းလာၿပီး အခုျပခဲ့တဲ့ ေျခစြမ္းက ဘိုင္ယန္ရဲ႕အနာဂတ္မွာ မွီတည္ၿပီး အားကိုးရမယ့္ စြမ္းေဆာင္ရည္ကို ေတြ႕ခဲ့ရတယ္။

ေက်ာက္ေဆာင္လို မာေက်ာခဲ့တယ္။ ေသေရးရွင္ေရး ေနာက္ဆုံးမိနစ္ပိုင္းေတြမွာ ေနမာရဲ႕ ဂိုးသြင္းဖို႔ အားထုတ္မႈကို ဖ်က္ဆီးခဲ့ပုံက သူ႔စိတ္ဓာတ္နဲ႔ ပညာသားကို ျမင္ေစခဲ့တယ္။ ေနမာ၊ အမ္ဘာေပတို႔ကို ပြဲခ်ိန္အေတာ္မ်ားမ်ားမွာ Shut Down ခ်ၿပီး အသက္မဲ့ေစခဲ့သူပါ။

ခ်န္ပီယံလိဂ္ကျပဳတ္အၿပီးမွာ ဟန္ဆီဖလစ္ခ္ရဲ႕ အနာဂတ္ဘယ္လိုရွိလာမလဲ
ဘိုင္ယန္က ၿပီးခဲ့တဲ့ႏွစ္က အႏိုင္ယူေက်ာ္ျဖတ္ၿပီး ဗိုလ္ဝင္ခံခဲ့တဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္က ၿပိဳင္ဘက္ေဟာင္းအသင္းကို အခုတခါမွာေတာ့ အေရးနိမ့္ၿပီး အိမ္ျပန္လာရတယ္။ ဒီေနာက္မွာေတာ့ ဘိုင္ယန္နည္းျပ ဟန္ဆီဖလစ္ခ္က အသင္းကထြက္ခြာၿပီး ဂ်ာမနီနည္းျပအျဖစ္ တာဝန္ယူေတာ့မယ္လို႔ သတင္းေတြဆူေနပါတယ္။

၁ ဂိုးသာလိုေတာ့ခ်ိန္မွာ လီဝန္ေဒါစကီးကို လြမ္းဆြတ္ခဲ့ရတဲ့ ဘိုင္ယန္
တကယ္တမ္းမွာ ဘိုင္ယန္က မိနစ္ ၄၀ မွာ အဖြင့္ဂိုးရတယ္။ ေနာက္တဂိုးသာ ထပ္ရရင္ က်ိန္းေသေပါက္ ဆီမီးတက္ပါမယ္။ ပြဲခ်ိန္ ေနာက္ဆုံး ၁၅ မိနစ္မွာ ပိုခ်က္တီႏိုရဲ႕အသင္းကို အေသဖိထားၿပီး ကစားခဲ့တယ္။ အရာမထင္ခဲ့ဘူး။ အဆုံးအျဖတ္က လီဝန္ေဒါစကီးျဖစ္လာတယ္။ သူမပါတဲ့ ဘိုင္ယန္နဲ႔ သူပါဝင္တဲ့ ဘိုင္ယန္က အေတာ္ျခားနားေနပါတယ္။

နာဘရီနဲ႔ ေဂါရက္ဇကာတို႔ကိုလည္း အားမကိုးခဲ့ရလို႔ ၁ ဂိုးသာလိုေတာ့ခ်ိန္မွာ ဘိုင္ယန္ပရိသတ္ေတြ လီဝန္ေဒါစကီးကိုသာ လြမ္းဆြတ္ေနရေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z