Premier League

၀က်စ်ဟမ်းမှာ ထူးရှယ်ခြေစွမ်းပြနေတဲ့ အာဆင်နယ်ပရိသတ်တွေမချစ်တဲ့ လင်ဂတ်ကို ခေါ်ယူဖို့ အာတီတာစီစဉ်နေ

အာဆင်နယ်နည်းပြ အာတီတာဟာ လာမယ့်နွေရာသီစျေးကွက်မှာ ဝက်စ်ဟမ်းမှာ အငှားရောက်ရှိနေပြီး ခြေစွမ်းပြ၊ ဂိုးတွေသွင်းနေတဲ့ လင်ဂတ်ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပြီး သူ့အတွက် တပတ် ပေါင် ၁သိန်း၁သောင်း လစာပေးချေသွားမယ်လို့ The Sun သတင်းက ဖော်ပြသွားခဲ့ပါတယ်။

အာတီတာရဲ့အနာဂတ်ကို အာဆင်နယ်မှာ ဆက်လက်မြင်တွေ့ရဖို့ လာမယ့်နွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုတွေက အဓိကကျနေပြီး အသင်းအတွက် အကျိုးပြုနိုင်မယ့် ကစားသမားသစ်တွေကို အမိအရ ခေါ်ယူနိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

လင်ဂတ်ဟာ ယူနိုက်တက်မှာ နေရာမရခဲ့ပေမယ့် ဝက်စ်ဟမ်းကို ရောက်ရှိစဥ်ကတည်းက ၉ ပွဲကစား၊ ၈ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားတာကြောင့် လက်တလော ဘောလုံးလောကမှာ လူပြောအများဆုံး ကိစ္စရပ်ဖြစ်လာပြီး အသက် ၂၈ အရွယ်မှာ ထတောက်လာတဲ့ ကောက်ရိုးမီးဖြစ်နေမလားဆိုတဲ့ သံသယတွေကလည်း အာဆင်နယ်ပရိသတ်တွေဘက်မှာ ရှိနေတာပါ။

လင်ဂတ်ဟာ ၂၀၁၉ ခုနှစ် FA ဖလားပွဲစဥ်တုန်းက အမ်းမရိတ်စ်မြေမှာ သူ့ရဲ့အောင်ပွဲခံမှုနဲ့အတူ အာဆင်နယ်ပရိသတ်တွေကို မလေးမစားပြုမူဖူးတာကြောင့် အာဆင်နယ်ပရိသတ်တွေမချစ်တဲ့ ကစားသမားအဖြစ် အမုန်းဖွဲ့ခံရထားတာဖြစ်ပြီး အာတီတာအနေနဲ့ သူ့ကို ခေါ်ယူမယ်ဆိုရင် ပရိသတ်တွေက အမ်းမရိတ်စ်မြေကို စုတ်ဖြဲပစ်ကြလိမ့်မယ်လို့ ဖာဒီနန်ကလည်း ဆိုသွားခဲ့တယ်။

” ကျွန်တော်တော့ဖြင့် အာဆင်နယ်က လင်ဂတ်ကို ခေါ်ရဲမယ်မထင်ဘူး။ အမ်းမရိတ်စ်ကွင်းမှာ လင်ဂတ်လုပ်ခဲ့ဖူးတဲ့ Dance Floor မှာလမ်းလျှောက်တဲ့ အကပုံစံက ပရိသတ်တွေကို အတော်လေးစိတ်တိုစေခဲ့ဖူးတယ်ဗျ။ သူသာရောက်လာရင် ဒီကွင်းတခုလုံးကို မီးတင်ရှို့ကြလိမ့်မယ်ထင်တယ်ဗျို့။ သူက အမ်းမရိတ်စ်ကွင်းမှာ မလေးမစား ထောင့်မကျိုး လုပ်ခဲ့ဖူးတာကိုး ” လို့ ယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်က သူ့အမြင်ကို ပြောပြသွားပါသေးတယ်။

တဖက်မှာတော့ အသင်းရဲ့ရေရှည်အကျိုးကိုသာ ကြည့်တတ်တဲ့ ပရိသတ်တွေက လင်ဂတ်ရဲ့​ခြေစွမ်းက လက်ရှိ မိမိတို့အသင်းကို တောင့်တင်းစေနိုင်တယ်လို့ ယူဆနေသူတွေရှိပြီး ပုဂ္ဂိုလ်ရေးအမုန်းတရားနဲ့ ခံစားမှုတွေကို ဘေးဖယ်ပြီးကြည့်မယ်ဆိုရင် သူဟာ အသင်းအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လာမယ်လို့ သုံးသပ်ထားကြပါတယ်။

တွစ်တာမှာလည်း ” ဒါကရယ်စရာမဟုတ်ဘူး။ ငါတို့အသင်း သူ့ကိုလိုအပ်တယ်။” ” ငါက လင်ဂတ်ပရိသတ်တော့ မဟုတ်ဘူး။ ဒါပေမယ့် သူလုပ်ပြနေတာတွေကို ကြည့်ရင် ငါတို့ ဘာလို့ သူ့ကို မခေါ်ရမှာလဲ။ အမုန်းတရားတွေကိုတော့ နားမလည်နိုင်ဘူး ” ” ငါတို့အသင်းသားတွေထက်တောင် ခြေစွမ်းပိုကောင်းနေတဲ့ လင်ဂတ်ကို ခေါ်သာခေါ်စမ်းပါ ” ဆိုတဲ့ အာဆင်နယ်ပရိသတ်တွေရဲ့ မှတ်ချက်ကို အများအပြားထုတ်ဖော်နေကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္နည္းျပ အာတီတာဟာ လာမယ့္ေႏြရာသီေစ်းကြက္မွာ ဝက္စ္ဟမ္းမွာ အငွားေရာက္ရွိေနၿပီး ေျခစြမ္းျပ၊ ဂိုးေတြသြင္းေနတဲ့ လင္ဂတ္ကို ေခၚယူဖို႔ မ်က္စိက်ေနတယ္လို႔ သိရၿပီး သူ႔အတြက္ တပတ္ ေပါင္ ၁သိန္း၁ေသာင္း လစာေပးေခ်သြားမယ္လို႔ The Sun သတင္းက ေဖာ္ျပသြားခဲ့ပါတယ္။

အာတီတာရဲ႕အနာဂတ္ကို အာဆင္နယ္မွာ ဆက္လက္ျမင္ေတြ႕ရဖို႔ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕လႈပ္ရွားမႈေတြက အဓိကက်ေနၿပီး အသင္းအတြက္ အက်ိဳးျပဳႏိုင္မယ့္ ကစားသမားသစ္ေတြကို အမိအရ ေခၚယူႏိုင္ဖို႔ လိုအပ္ေနတာလည္း ျဖစ္ပါတယ္။

လင္ဂတ္ဟာ ယူႏိုက္တက္မွာ ေနရာမရခဲ့ေပမယ့္ ဝက္စ္ဟမ္းကို ေရာက္ရွိစဥ္ကတည္းက ၉ ပြဲကစား၊ ၈ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ထားတာေၾကာင့္ လက္တေလာ ေဘာလုံးေလာကမွာ လူေျပာအမ်ားဆုံး ကိစၥရပ္ျဖစ္လာၿပီး အသက္ ၂၈ အ႐ြယ္မွာ ထေတာက္လာတဲ့ ေကာက္႐ိုးမီးျဖစ္ေနမလားဆိုတဲ့ သံသယေတြကလည္း အာဆင္နယ္ပရိသတ္ေတြဘက္မွာ ရွိေနတာပါ။

လင္ဂတ္ဟာ ၂၀၁၉ ခုႏွစ္ FA ဖလားပြဲစဥ္တုန္းက အမ္းမရိတ္စ္ေျမမွာ သူ႔ရဲ႕ေအာင္ပြဲခံမႈနဲ႔အတူ အာဆင္နယ္ပရိသတ္ေတြကို မေလးမစားျပဳမူဖူးတာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြမခ်စ္တဲ့ ကစားသမားအျဖစ္ အမုန္းဖြဲ႕ခံရထားတာျဖစ္ၿပီး အာတီတာအေနနဲ႔ သူ႔ကို ေခၚယူမယ္ဆိုရင္ ပရိသတ္ေတြက အမ္းမရိတ္စ္ေျမကို စုတ္ၿဖဲပစ္ၾကလိမ့္မယ္လို႔ ဖာဒီနန္ကလည္း ဆိုသြားခဲ့တယ္။

” ကြၽန္ေတာ္ေတာ့ျဖင့္ အာဆင္နယ္က လင္ဂတ္ကို ေခၚရဲမယ္မထင္ဘူး။ အမ္းမရိတ္စ္ကြင္းမွာ လင္ဂတ္လုပ္ခဲ့ဖူးတဲ့ Dance Floor မွာလမ္းေလွ်ာက္တဲ့အကပုံစံက ပရိသတ္ေတြကို အေတာ္ေလးစိတ္တိုေစခဲ့ဖူးတယ္ဗ်။ သူသာေရာက္လာရင္ ဒီကြင္းတခုလုံးကို မီးတင္ရႈိ႕ၾကလိမ့္မယ္ထင္တယ္ဗ်ိဳ႕။ သူက အမ္းမရိတ္စ္ကြင္းမွာ မေလးမစား ေထာင့္မက်ိဳး လုပ္ခဲ့ဖူးတာကိုး ” လို႔ ယူႏိုက္တက္ကစားသမားေဟာင္း ဖာဒီနန္က သူ႔အျမင္ကို ေျပာျပသြားပါေသးတယ္။

တဖက္မွာေတာ့ အသင္းရဲ႕ေရရွည္အက်ိဳးကိုသာ ၾကည့္တတ္တဲ့ ပရိသတ္ေတြက လင္ဂတ္ရဲ႕​ေျခစြမ္းက လက္ရွိ မိမိတို႔အသင္းကို ေတာင့္တင္းေစႏိုင္တယ္လို႔ ယူဆေနသူေတြရွိၿပီး ပုဂၢိဳလ္ေရးအမုန္းတရားနဲ႔ ခံစားမႈေတြကို ေဘးဖယ္ၿပီးၾကည့္မယ္ဆိုရင္ သူဟာ အသင္းအတြက္ ေကာင္းမြန္တဲ့ ေခၚယူမႈျဖစ္လာမယ္လို႔ သုံးသပ္ထားၾကပါတယ္။

တြစ္တာမွာလည္း ” ဒါကရယ္စရာမဟုတ္ဘူး။ ငါတို႔အသင္း သူ႔ကိုလိုအပ္တယ္။” ” ငါက လင္ဂတ္ပရိသတ္ေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ သူလုပ္ျပေနတာေတြကို ၾကည့္ရင္ ငါတို႔ ဘာလို႔ သူ႔ကို မေခၚရမွာလဲ။ အမုန္းတရားေတြကိုေတာ့ နားမလည္ႏိုင္ဘူး ” ” ငါတို႔အသင္းသားေတြထက္ေတာင္ ေျခစြမ္းပိုေကာင္းေနတဲ့ လင္ဂတ္ကို ေခၚသာေခၚစမ္းပါ ” ဆိုတဲ့ အာဆင္နယ္ပရိသတ္ေတြရဲ႕ မွတ္ခ်က္ကို အမ်ားအျပားထုတ္ေဖာ္ေနၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.