Premier League

ဝက်စ်ဟမ်းရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီဖြစ်ပေမယ့် အဆင့် ၄ အတွင်းဝင်ဖို့ ရေပန်းအစားဆုံးဖြစ်လာတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ၃ ပွဲဆက်အနိုင် ကစားနိုင်ခဲ့ပြီးနောက်မှာတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်းဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ မန်စီးတီး၊ ယူနိုက်တက်အသင်းတို့ရဲ့နောက်မှာ တတိယမြောက် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်လာပါတယ်။

လီဗာပူးလ်ဟာ ဝုဗ်၊ အာဆင်နယ်၊ အက်စတန် ဗီလာတို့ကို ဆက်တိုက်အနိုင်ယူခဲ့တာဖြစ်ပြီး အခုလို ၃ ပွဲဆက်အနိုင်ရလဒ်ဟာ ကလော့ပ်ရဲ့အသင်းအတွက် ဒီရာသီအဖွင့် ၃ ပွဲဆက် အနိုင်ရပြီးနောက် ပထမဆုံးပြန်လည်အောင်ပွဲဆင်နိုင်ခြင်းဖြစ်ပြီး ဒါဟာ သိသာထင်ရှားတဲ့ တိုးတက်မှုဖြစ်ခဲ့တယ်။

လီဗာပူးလ်ဟာ ဒီရာသီမှာ ပြည်တွင်း ဘာအောင်မြင်မှုမှ မရရှိဘဲ လက်ဗလာနဲ့ ဇာတ်သိမ်းရတော့မယ့် အနေအထားကနေ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တကျော့ပြန် ရုတ်ချည်း ခြေစွမ်းထောင်တက်လာခဲ့တာဖြစ်ပြီး အဆင့် ၄ နေရာလုနေတဲ့ ပြိုင်ဘက်တွေရဲ့ ခြေချော်မှုတွေကလည်း လီဗာပူးလ်ရဲ့ မျှော်လင့်ချက်တွေအတွက် တအားဖြစ်စေခဲ့တယ်။

လက်စတာစီးတီးက ၂ ပွဲဆက်ရှူံးသွားတယ်။ ရော့ဂျားစ်ရဲ့အသင်းက မနှစ်ကလည်း ရာသီအသိမ်းမှာ ဒီလိုအမှားမျိုးလုပ်ပြီး အဆင့် ၄ အပြင်ကို ထွက်ခဲ့ရဖူးတယ်။ စပါးစ်က နောက်ဆုံး ၂ ပွဲမှာ ၁ မှတ်သာရတယ်။ ချယ်လ်ဆီးက ဝက်စ်ဘရွမ်းကို ၅ ဂိုးပေးရပြီး သူတို့ရဲ့ ခြေချော်နိုင်စွမ်းကို ထုတ်ပြသွားတယ်။

ဆိုတော့ လီဗာပူးလ်က လက်ကျန် ၇ ပွဲ ကစားဖို့ရှိချိန်မှာ အဆင့် ၅ ချယ်လ်ဆီးအသင်း နဲ့ ၃ မှတ်အကွာကို ရောက်လာပြီး မီးမြှိုက်သလို ဖိအားပြင်းပြင်းပေးလာတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ အဆင့် ၄ နေရာလုတိုက်ပွဲမှာ လီဗာပူးလ်နဲ့ အပြိုင် တသင်းတည်းသော ဒေါင်းတင်မောင်းတင်ဖြစ်လာတဲ့အသင်းက လန်ဒန်မြို့ခံအသင်း ဝက်စ်ဟမ်းပါ။

မျိုသိပ်ထားသမျှကို အန်ထုတ်လိုက်တဲ့ လင်ဂတ်ရဲ့ခြေစွမ်းအားကိုးနဲ့ ဒေးဗစ်မွိုက်စ် ဝက်စ်ဟမ်းက နောက်ဆုံး ၃ ပွဲမှာ ရှုံးပွဲမရှိပဲ ၁ ပွဲ သရေ ၊ ၂ ပွဲနိုင်နဲ့ ၇ မှတ်တိတိ အရယူနိုင်ခဲ့ပြီး လူမိုက်ဝင်လုပ်နိုင်လာကာ ပွဲစဉ် ၃၁ အပြီးမှာတော့ အဆင့် ၄ နေရာကို တက်လှမ်း လာနိုင်ခဲ့တယ်။ သူတို့အသင်းက ချယ်လ်ဆီး၊ အဲဗာတန်နဲ့ တွေ့ဖို့ကလွဲရင် ကျန်တဲ့ပွဲတွေ အကုန်ချောင်နေသလောက် သူတို့ရဲ့အရှိန်ကို ထိုးနှက်လာခြေရှိတာကလည်း အနားယူနေရတဲ့ အန်တိုနီယို၊ ခရက်စ်ဝဲလ်၊ ဒေကလန် ရိုက်စ်တို့ရဲ့ ဒဏ်ရာပြဿနာတွေဖြစ်တယ်။

ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းက လီဗာပူးလ်နဲ့ ချဲလ်ဆီး တသင်းသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ကနေ လွဲချော်အောင်လုပ်နိုင်စွမ်းရှိနေတဲ့ အသင်းအဖြစ် ပွဲစဉ် တပွဲပြီးတပွဲ ပိုမိုပြီး ခြိမ်းခြောက်လာနိုင်တာကိုတော့ သတိထားစောင့်ကြည့်ရမှာ ဖြစ်တယ်။

နောက်ဆုံး ၄ ပွဲမှာ ၂ မှတ်သာရထားတဲ့ အဲဗာတန်က မန်စီးတီး၊ အာဆင်နယ်၊ စပါးစ်၊ ဝက်စ်ဟမ်း၊ ဗီလာတို့နဲ့ ပွဲကျပ်လာတော့မှာကြောင့် မီးစာကုန်ဆီခမ်းသွားပြီလို့ မှတ်ယူပြီး ဒီပြိုင်ပွဲကနေ ဖယ်ထုတ်လိုက်လို့ ရနေပြီဆိုရင် လီဗာပူးလ်တသင်းကသာ အဆင့် ၃ နေရာထိ တက်သိမ်းသွားနိုင်ခြေ ရှိနေတယ်။

လီဗာပူးလ်က အဆင့် ၄ ဝင်ဖို့ ၅၈ ရာခိုင်နှုန်း၊ လက်စတာက ၅၅ ရာနှုန်းနဲ့ ချယ်လ်ဆီးက ၄၆ ရာနှုန်း၊ ဝက်စ်ဟမ်းက ၃၅ ရာနှုန်းနဲ့ အမြင့်ဆုံးဖြစ်နိုင်ခြေပိုင်ဆိုင်ထားတဲ့ ကလော့ပ်က အဆင့် ၄ ဝင်ဖို့ အနီးစပ်ဆုံးနဲ့ အလားအလာအကောင်းဆုံးဖြစ်နေပါတယ်။

အကယ်လို့ ကံအကြောင်းမလှလို့ ရီးရဲလ်မက်ဒရစ်ကြောင့် ချန်ပီယံလိဂ်ကနေ စောစောပြန်ခဲ့ရသည် ရှိရင်တောင်မှ နောက်ရာသီ ချန်ပီယံလိဂ်အခွင့်အရေးက လီဗာပူးလ်အသင်းကို ဘယ်လိုမောင်းနှင်ရမလဲဆိုတာ သိတဲ့ ကလော့ပ်ကြောင့် ဒီအသင်းလက်ထဲမှာ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားပြီး ဥရောပအဆင့်မီအသင်းကြီးအဖြစ် ပြန်လည်လာမယ်လို့ မျှော်လင့်ထားမိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္အသင္းက ပရီးမီးယားလိဂ္ ၃ ပြဲဆက္အႏိုင္ ကစားႏိုင္ခဲ့ၿပီးေနာက္မွာေတာ့ ပရီးမီးယားလိဂ္မွာ အဆင့္ ၄ အတြင္းဝင္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ မန္စီးတီး၊ ယူႏိုက္တက္အသင္းတို႔ရဲ႕ေနာက္မွာ တတိယေျမာက္ ေရပန္းအစားဆုံးအသင္းအျဖစ္ ရပ္တည္လာပါတယ္။

လီဗာပူးလ္ဟာ ဝုဗ္၊ အာဆင္နယ္၊ အက္စတန္ ဗီလာတို႔ကို ဆက္တိုက္အႏိုင္ယူခဲ့တာျဖစ္ၿပီး အခုလို ၃ ပြဲဆက္အႏိုင္ရလဒ္ဟာ ကေလာ့ပ္ရဲ႕အသင္းအတြက္ ဒီရာသီအဖြင့္ ၃ ပြဲဆက္ အႏိုင္ရၿပီးေနာက္ ပထမဆုံးျပန္လည္ေအာင္ပြဲဆင္ႏိုင္ျခင္းျဖစ္ၿပီး ဒါဟာ သိသာထင္ရွားတဲ့ တိုးတက္မႈျဖစ္ခဲ့တယ္။

လီဗာပူးလ္ဟာ ဒီရာသီမွာ ျပည္တြင္း ဘာေအာင္ျမင္မႈမွ မရရွိဘဲ လက္ဗလာနဲ႔ ဇာတ္သိမ္းရေတာ့မယ့္ အေနအထားကေန အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ တေက်ာ့ျပန္ ႐ုတ္ခ်ည္း ေျခစြမ္းေထာင္တက္လာခဲ့တာျဖစ္ၿပီး အဆင့္ ၄ ေနရာလုေနတဲ့ ၿပိဳင္ဘက္ေတြရဲ႕ ေျခေခ်ာ္မႈေတြကလည္း လီဗာပူးလ္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြအတြက္ တအားျဖစ္ေစခဲ့တယ္။

လက္စတာစီးတီးက ၂ ပြဲဆက္ရႉံးသြားတယ္။ ေရာ့ဂ်ားစ္ရဲ႕အသင္းက မႏွစ္ကလည္း ရာသီအသိမ္းမွာ ဒီလိုအမွားမ်ိဳးလုပ္ၿပီး အဆင့္ ၄ အျပင္ကို ထြက္ခဲ့ရဖူးတယ္။ စပါးစ္က ေနာက္ဆုံး ၂ ပြဲမွာ ၁ မွတ္သာရတယ္။ ခ်ယ္လ္ဆီးက ဝက္စ္ဘ႐ြမ္းကို ၅ ဂိုးေပးရၿပီး သူတို႔ရဲ႕ ေျခေခ်ာ္ႏိုင္စြမ္းကို ထုတ္ျပသြားတယ္။

ဆိုေတာ့ လီဗာပူးလ္က လက္က်န္ ၇ ပြဲ ကစားဖို႔ရွိခ်ိန္မွာ အဆင့္ ၅ ခ်ယ္လ္ဆီးအသင္း နဲ႔ ၃ မွတ္အကြာကို ေရာက္လာၿပီး မီးျမႇိဳက္သလို ဖိအားျပင္းျပင္းေပးလာတယ္။ ၿပိဳင္ဆိုင္မႈျပင္းထန္လာတဲ့ အဆင့္ ၄ ေနရာလုတိုက္ပြဲမွာ လီဗာပူးလ္နဲ႔ အၿပိဳင္ တသင္းတည္းေသာ ေဒါင္းတင္ေမာင္းတင္ျဖစ္လာတဲ့အသင္းက လန္ဒန္ၿမိဳ႕ခံအသင္း ဝက္စ္ဟမ္းပါ။

မ်ိဳသိပ္ထားသမွ်ကို အန္ထုတ္လိုက္တဲ့ လင္ဂတ္ရဲ႕ေျခစြမ္းအားကိုးနဲ႔ ေဒးဗစ္မြိဳက္စ္ ဝက္စ္ဟမ္းက ေနာက္ဆုံး ၃ ပြဲမွာ ရႈံးပြဲမရွိပဲ ၁ ပြဲ သေရ ၊ ၂ ပြဲႏိုင္နဲ႔ ၇ မွတ္တိတိ အရယူႏိုင္ခဲ့ၿပီး လူမိုက္ဝင္လုပ္ႏိုင္လာကာ ပြဲစဥ္ ၃၁ အၿပီးမွာေတာ့ အဆင့္ ၄ ေနရာကို တက္လွမ္း လာႏိုင္ခဲ့တယ္။ သူတို႔အသင္းက ခ်ယ္လ္ဆီး၊ အဲဗာတန္နဲ႔ ေတြ႕ဖို႔ကလြဲရင္ က်န္တဲ့ပြဲေတြ အကုန္ေခ်ာင္ေနသေလာက္ သူတို႔ရဲ႕အရွိန္ကို ထိုးႏွက္လာေျခရွိတာကလည္း အနားယူေနရတဲ့ အန္တိုနီယို၊ ခရက္စ္ဝဲလ္၊ ေဒကလန္ ႐ိုက္စ္တို႔ရဲ႕ ဒဏ္ရာျပႆနာေတြျဖစ္တယ္။

ေဒးဗစ္မြိဳက္စ္ရဲ႕ ဝက္စ္ဟမ္းအသင္းက လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီး တသင္းသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္ကေန လြဲေခ်ာ္ေအာင္လုပ္ႏိုင္စြမ္းရွိေနတဲ့ အသင္းအျဖစ္ ပြဲစဥ္ တပြဲၿပီးတပြဲ ပိုမိုၿပီး ၿခိမ္းေျခာက္လာႏိုင္တာကိုေတာ့ သတိထားေစာင့္ၾကည့္ရမွာ ျဖစ္တယ္။

ေနာက္ဆုံး ၄ ပြဲမွာ ၂ မွတ္သာရထားတဲ့ အဲဗာတန္က မန္စီးတီး၊ အာဆင္နယ္၊ စပါးစ္၊ ဝက္စ္ဟမ္း၊ ဗီလာတို႔နဲ႔ ပြဲက်ပ္လာေတာ့မွာေၾကာင့္ မီးစာကုန္ဆီခမ္းသြားၿပီလို႔ မွတ္ယူၿပီး ဒီၿပိဳင္ပြဲကေန ဖယ္ထုတ္လိုက္လို႔ ရေနၿပီဆိုရင္ လီဗာပူးလ္တသင္းကသာ အဆင့္ ၃ ေနရာထိ တက္သိမ္းသြားႏိုင္ေျခ ရွိေနတယ္။

လီဗာပူးလ္က အဆင့္ ၄ ဝင္ဖို႔ ၅၈ ရာခိုင္ႏႈန္း၊ လက္စတာက ၅၅ ရာႏႈန္းနဲ႔ ခ်ယ္လ္ဆီးက ၄၆ ရာႏႈန္း၊ ဝက္စ္ဟမ္းက ၃၅ ရာႏႈန္းနဲ႔ အျမင့္ဆုံးျဖစ္ႏိုင္ေျခပိုင္ဆိုင္ထားတဲ့ ကေလာ့ပ္က အဆင့္ ၄ ဝင္ဖို႔ အနီးစပ္ဆုံးနဲ႔ အလားအလာအေကာင္းဆုံးျဖစ္ေနပါတယ္။

အကယ္လို႔ ကံအေၾကာင္းမလွလို႔ ရီးရဲလ္မက္ဒရစ္ေၾကာင့္ ခ်န္ပီယံလိဂ္ကေန ေစာေစာျပန္ခဲ့ရသည္ ရွိရင္ေတာင္မွ ေနာက္ရာသီ ခ်န္ပီယံလိဂ္အခြင့္အေရးက လီဗာပူးလ္အသင္းကို ဘယ္လိုေမာင္းႏွင္ရမလဲဆိုတာ သိတဲ့ ကေလာ့ပ္ေၾကာင့္ ဒီအသင္းလက္ထဲမွာ ပိုင္ပိုင္ႏိုင္ႏိုင္ ဆုပ္ကိုင္ထားၿပီး ဥေရာပအဆင့္မီအသင္းႀကီးအျဖစ္ ျပန္လည္လာမယ္လို႔ ေမွ်ာ္လင့္ထားမိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.