Premier League

ဗန္ပါစီရဲ႕ အေျပာင္းအေရႊ႕မ်ဳိး ၿပဳိင္ဘက္ေတြၾကားမွာ ဒုတိယအႀကိမ္ျဖစ္ေပၚဦးမွာလား

အာဆင္နယ္အသင္းနဲ႔ လက္ရွိအခ်ိန္အထိ စာခ်ဳပ္သက္တမ္းတုိးျမႇင့္ဖို႔ သေဘာတူညီမွဳ မရရွိေသးတဲ့ တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို လာမယ့္ေႏြရာသီမွာ ေရာင္းခ်သြားဖို႔ တာဝန္ရွိသူေတြက ျပင္ဆင္ေနၿပီး ဒါကို မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ၾကားျဖတ္ ေခၚယူႏုိင္ဖို႔ ေစာင့္ၾကည့္ေနပါတယ္။

ေျမာက္လန္ဒန္အသင္းမွာ ေျခစြမ္းျပသထားႏုိင္ေပမယ့္ အသင္းရဲ႕ ရပ္တည္မွဳေတြနဲ႔ ခ်န္ပီယံလိဂ္ကို ၿပဳိင္ဆုိင္ခြင့္မရတဲ့ အေျခအေနမွာ စာခ်ဳပ္သစ္အတြက္ ဒီအသင္းေခါင္းေဆာင္နဲ႔ တာဝန္ရွိသူေတြၾကား မေျပမလည္ျဖစ္ခဲ့တာျဖစ္ၿပီး ကစားသမားဘက္က ေတာင္းဆုိတဲ့ ေပါင္သုံးသိန္းကို မေပးႏုိင္လုိ႔ျဖစ္တယ္လို႔လည္း သတင္းရင္းျမစ္တခ်ဳိ႕က ဆုိပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မွဳကို တြန္းလွန္ေနရၿပီး က်န္းမာေရးျပန္လည္ေကာင္းမြန္ဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ အာဆင္နယ္နည္းျပ မုိက္ကယ္ အာတီတာကေတာ့ သူ႕ရဲ႕ တုိက္စစ္မွဴးကို အသင္းမွာ ဆက္လက္ရွိေနေစခ်င္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆုိႏုိင္ဖို႔ အသင္းသားအားလုံးကိုပါ ဝိုင္းဝန္းလုပ္ေဆာင္ဖို႔ ဆုိထားခဲ့ပါတယ္။

ဒါေပမယ့္ အသင္းရဲ႕ စီးပြားေရးနဲ႔ စီမံခန္႔ခြဲေရးကို တာဝန္ယူထားရတဲ့သူေတြျဖစ္တဲ့ မန္ေနဂ်င္းဒါ႐ိုက္တာ ဗီႏိုင္း ဗင္ကာတီရွမ္နဲ႔ အားကစား ဒါ႐ိုက္တာ ရာအူးလ္ ဆန္ယီဟီတုိ႔ကေတာ့ စာခ်ဳပ္သက္တမ္းမတိုးႏိုင္ရင္ ကြင္းလယ္လူ အာရြန္ ရမ္ေဆးလိုမ်ဳိး အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္မလႊတ္ရေစဖို႔ ဒီေႏြရာသီမွာ ေပါင္သန္း ၅၀ နဲ႔ အၿပီးအျပတ္ေရာင္းခ်သြားဖို႔ ႀကံရြယ္ေနခဲ့ၾကတာပါ။

ဒီအေျခအေနကိုေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက သတိျပဳမိခဲ့ၿပီး တျခားအသင္းေတြထက္ လက္ဦးမွဳ ရယူသြားဖို႔ စီစဥ္ေနသလို ၂၀၁၂ ခုႏွစ္က အာဆင္နယ္အသင္းေခါင္းေဆာင္တုိက္စစ္မွဴး ေရာ္ဘင္ ဗန္ပါစီကို ေခၚယူခဲ့တဲ့အျဖစ္ကလည္း ရွိခဲ့တာေၾကာင့္ ဒုတိယအႀကိမ္အျဖစ္ အမ္းမရိတ္ကေန အိုးလ္ထရက္ဖို႔ဒ္ကို ကလင္ဒါက် သေဘာတူညီႏုိင္ၾကဦးမလား ေစာင့္ၾကည့္သြားရမွာျဖစ္တယ္လို႔ ေဒးလီးေမးလ္မွာ ေဖာ္ျပထားပါတယ္။

REF: DAILY MAIL & THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းနဲ့ လက်ရှိအချိန်အထိ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီမှု မရရှိသေးတဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို လာမယ့်နွေရာသီမှာ ရောင်းချသွားဖို့ တာဝန်ရှိသူတွေက ပြင်ဆင်နေပြီး ဒါကို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကြားဖြတ် ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေပါတယ်။

မြောက်လန်ဒန်အသင်းမှာ ခြေစွမ်းပြသထားနိုင်ပေမယ့် အသင်းရဲ့ ရပ်တည်မှုတွေနဲ့ ချန်ပီယံလိဂ်ကို ပြိုင်ဆိုင်ခွင့်မရတဲ့ အခြေအနေမှာ စာချုပ်သစ်အတွက် ဒီအသင်းခေါင်းဆောင်နဲ့ တာဝန်ရှိသူတွေကြား မပြေမလည်ဖြစ်ခဲ့တာဖြစ်ပြီး ကစားသမားဘက်က တောင်းဆိုတဲ့ ပေါင်သုံးသိန်းကို မပေးနိုင်လို့ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တချို့က ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တွန်းလှန်နေရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်ဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာကတော့ သူ့ရဲ့ တိုက်စစ်မှူးကို အသင်းမှာ ဆက်လက်ရှိနေစေချင်ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အသင်းသားအားလုံးကိုပါ ဝိုင်းဝန်းလုပ်ဆောင်ဖို့ ဆိုထားခဲ့ပါတယ်။

ဒါပေမယ့် အသင်းရဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲရေးကို တာဝန်ယူထားရတဲ့သူတွေဖြစ်တဲ့ မန်နေဂျင်းဒါရိုက်တာ ဗီနိုင်း ဗင်ကာတီရှမ်နဲ့ အားကစား ဒါရိုက်တာ ရာအူးလ် ဆန်ယီဟီတို့ကတော့ စာချုပ်သက်တမ်းမတိုးနိုင်ရင် ကွင်းလယ်လူ အာရွန် ရမ်ဆေးလိုမျိုး အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရစေဖို့ ဒီနွေရာသီမှာ ပေါင်သန်း ၅၀ နဲ့ အပြီးအပြတ်ရောင်းချသွားဖို့ ကြံရွယ်နေခဲ့ကြတာပါ။

ဒီအခြေအနေကိုတော့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက သတိပြုမိခဲ့ပြီး တခြားအသင်းတွေထက် လက်ဦးမှု ရယူသွားဖို့ စီစဉ်နေသလို ၂၀၁၂ ခုနှစ်က အာဆင်နယ်အသင်းခေါင်းဆောင်တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီကို ခေါ်ယူခဲ့တဲ့အဖြစ်ကလည်း ရှိခဲ့တာကြောင့် ဒုတိယအကြိမ်အဖြစ် အမ်းမရိတ်ကနေ အိုးလ်ထရက်ဖို့ဒ်ကို ကလင်ဒါကျ သဘောတူညီနိုင်ကြဦးမလား စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ဒေးလီးမေးလ်မှာ ဖော်ပြထားပါတယ်။

REF: DAILY MAIL & THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.