Premier League

ပရီးမီးယားလိဂ္ရဲ႕ လက္က်န္ေဘာလုံးရာသီကို တိုးခ်ဲ႕ကစားမယ့္ ဆုံးျဖတ္ခ်က္ကို အာဆင္ဝင္းဂါးႀကဳိဆုိ

ပရီးမီးယားလိဂ္တာဝန္ရွိသူေတြနဲ႔ ၿပဳိင္ပြဲဝင္အသင္း ၂၀ ရဲ႕ တာဝန္ရွိသူေတြ ပူးေပါင္းညႇိႏွဳိင္းေဆြးေႏြးၿပီး သေဘာတူညီခဲ့တဲ့ ဒီၿပဳိင္ပြဲကို အခ်ိန္အကန္႔အသတ္မရွိ ေနာက္ကို ေရႊ႕ဆုိင္းႏုိင္ၿပီး ျပန္လည္ၿပီးဆုံးေအာင္လည္း ကစားသြားၾကဖို႔ ဆုံးျဖတ္ခဲ့တဲ့အေပၚ ဖီဖာေဘာလုံးဖြံ႕ၿဖဳိးတုိးတက္ေရး အႀကီးအကဲ အာဆင္ဝင္းဂါက ႀကဳိဆုိေထာက္ခံေၾကာင္းေျပာၾကားလုိက္ပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က က်င္းပခဲ့တဲ့ ဒီအစည္းအေဝးမွာ ကနဦးေရႊ႕ဆုိင္းထားခဲ့တဲ့ ဧၿပီလ ၃ ရက္ေန႔ကေန ယာယီအားျဖင့္ ဧၿပီလ ၃၀ ရက္ေန႔အထိ တုိးျမႇင့္ဖို႔ သေဘာတူညီခဲ့ၾကတာလည္းျဖစ္ၿပီး အသင္းေတြအားလုံးအေနနဲ႔ေတာ့ ဒီရာသီကို ၿပီးဆုံးေအာင္ဆက္ကစားဖို႔ နည္းလမ္း ရွာေဖြသြားမယ္လုိ႔လည္း ပါရွိခဲ့ပါတယ္။

“ကၽြန္ေတာ္ကေတာ့ ပရီးမီးယားလိဂ္အေနနဲ႔ ဒီရာသီကုိ ၿပီးဆုံးေအာင္ ဆက္ကစားဖို႔က ဦးစားေပးစဥ္းစားသင့္တယ္လို႔ပဲ အျမဲယုံၾကည္ခဲ့တာပါ။ ဒီရာသီကို ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ၿပီးဆုံးေအာင္ကစားဖို႔ကို ေထာက္ခံၿပီး ဇြန္လမွာ မၿပီးဆုံးႏုိင္ရင္ေတာင္မွ ေနာက္ပုိင္းကာလေတြမွာ အဆုံးသတ္ႏုိင္ဖို႔ လုပ္ေဆာင္ရမွာပါ”လုိ႔ အာဆင္ဝင္းဂါးက ဆုိပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္နဲ႔ ေတြ႕ႀကဳံရတဲ့ အေျခအေနေတြအတြက္ေတာ့ သူ႕အေနနဲ႔ ေလာကမွာ ေဘာလုံးက အေရးအႀကီးဆုံးလုိ႔ေတာ့ ထင္ခဲ့ဖူးေပမယ့္ လက္ရွိမွာေတာ့ အသက္ရွင္သန္ေရးနဲ႔ က်န္းမာေရးက ပုိအေရးႀကီးေၾကာင္း ျပန္လည္ဆန္းစစ္မိခဲ့ေၾကာင္းဆိုခဲ့ၿပီး အေျခအေနေပၚ မူတည္ၿပီး ေဘးကင္းေအာင္ လုပ္ေဆာင္သြားရမယ္လုိ႔လည္း ဆုိခဲ့ပါတယ္။

ပရီးမီးယားလိဂ္အေနနဲ႔ေတာ့ လာမယ့္ဇြန္လမွာ က်င္းပမယ့္ ယူ႐ို ၂၀၂၀ ကို တစ္ႏွစ္ေရႊ႕ဆုိင္းလိုက္တာေၾကာင့္ ရလာမယ့္အခ်ိန္ကို အသုံးျပဳၿပီး ပြဲေတြကို ေနာက္ေရႊ႕ကစားႏုိင္ဖို႔ လုပ္ေဆာင္ေနသလို လာမယ့္ရာသီသစ္မွာလည္း EFL ကာရာေဘာင္းဖလားကို တစ္ရာသီ ရပ္နားၿပီး က်န္ပြဲစဥ္ေတြကိုပဲ ကစားသြားဖို႔ စီစဥ္ေနတယ္လုိ႔လည္း ေနာက္ဆုံးသတင္းေတြအရ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်တာဝန်ရှိသူတွေနဲ့ ပြိုင်ပွဲဝင်အသင်း ၂၀ ရဲ့ တာဝန်ရှိသူတွေ ပူးပေါင်းညှိနှိုင်းဆွေးနွေးပြီး သဘောတူညီခဲ့တဲ့ ဒီပြိုင်ပွဲကို အချိန်အကန့်အသတ်မရှိ နောက်ကို ရွှေ့ဆိုင်းနိုင်ပြီး ပြန်လည်ပြီးဆုံးအောင်လည်း ကစားသွားကြဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဖီဖာဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ အာဆင်ဝင်းဂါက ကြိုဆိုထောက်ခံကြောင်းပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးမှာ ကနဦးရွှေ့ဆိုင်းထားခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကနေ ယာယီအားဖြင့် ဧပြီလ ၃၀ ရက်နေ့အထိ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတာလည်းဖြစ်ပြီး အသင်းတွေအားလုံးအနေနဲ့တော့ ဒီရာသီကို ပြီးဆုံးအောင်ဆက်ကစားဖို့ နည်းလမ်း ရှာဖွေသွားမယ်လို့လည်း ပါရှိခဲ့ပါတယ်။

“ကျွန်တော်ကတော့ ပရီးမီးယားလိဂ်အနေနဲ့ ဒီရာသီကို ပြီးဆုံးအောင် ဆက်ကစားဖို့က ဦးစားပေးစဉ်းစားသင့်တယ်လို့ပဲ အမြဲယုံကြည်ခဲ့တာပါ။ ဒီရာသီကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပြီးဆုံးအောင်ကစားဖို့ကို ထောက်ခံပြီး ဇွန်လမှာ မပြီးဆုံးနိုင်ရင်တောင်မှ နောက်ပိုင်းကာလတွေမှာ အဆုံးသတ်နိုင်ဖို့ လုပ်ဆောင်ရမှာပါ”လို့ အာဆင်ဝင်းဂါးက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ တွေ့ကြုံရတဲ့ အခြေအနေတွေအတွက်တော့ သူ့အနေနဲ့ လောကမှာ ဘောလုံးက အရေးအကြီးဆုံးလို့တော့ ထင်ခဲ့ဖူးပေမယ့် လက်ရှိမှာတော့ အသက်ရှင်သန်ရေးနဲ့ ကျန်းမာရေးက ပိုအရေးကြီးကြောင်း ပြန်လည်ဆန်းစစ်မိခဲ့ကြောင်းဆိုခဲ့ပြီး အခြေအနေပေါ် မူတည်ပြီး ဘေးကင်းအောင် လုပ်ဆောင်သွားရမယ်လို့လည်း ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်အနေနဲ့တော့ လာမယ့်ဇွန်လမှာ ကျင်းပမယ့် ယူရို ၂၀၂၀ ကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တာကြောင့် ရလာမယ့်အချိန်ကို အသုံးပြုပြီး ပွဲတွေကို နောက်ရွှေ့ကစားနိုင်ဖို့ လုပ်ဆောင်နေသလို လာမယ့်ရာသီသစ်မှာလည်း EFL ကာရာဘောင်းဖလားကို တစ်ရာသီ ရပ်နားပြီး ကျန်ပွဲစဉ်တွေကိုပဲ ကစားသွားဖို့ စီစဉ်နေတယ်လို့လည်း နောက်ဆုံးသတင်းတွေအရ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.