Premier League

နေမာကို ယူရိုသန်း ၃၀၀ နဲ့ ကမ်းလှမ်းတဲ့ ရီးရဲလ်ကမ်းလှမ်းချက် PSG ရဲ့ ခပ်ပြတ်ပြတ် ငြင်းပယ်ချခြင်းခံခဲ့ရ

ပြင်သစ်အထက်တန်းလွှာအသင်း PSG အသင်းရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ တိုက်စစ်မှူးနေမာကို စပိန်ဘီလူးကြီး ရီးရဲလ် မက်ဒရစ်အသင်းက ယူရိုသန်း ၃၀၀ နဲ့ ဝယ်ယူမယ်ဆိုတဲ့ အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုဟာ ပယ်ချခံခဲ့ရကြောင်း နေမာရဲ့ အေးဂျင့်ဟောင်းက L’Equipe သတင်းကို ပြောပြသွားခဲ့တာပါ။

အဲဒါဟာ ၂၀၁၉ ခုနှစ်က ရီးရဲလ် မက်ဒရစ်ရဲ့ ငွေပုံပေး ကမ်းလှမ်းမှုကို PSG အသင်းက အမှန်တကယ် ရရှိခဲ့တာဖြစ်ပြီး ငွေထုပ်ပိုက်ပြီး ရောက်လာတဲ့ ရီးရဲလ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ကို PSG အသင်းပိုင်ရှင် နက်ဆာက ” နေမာကို တဘီလီလျံပေးရင်တောင် မရောင်းနိုင်ဘူး” လို့ အပြတ်ငြင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဘရာဇီးလ်သားဟာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ဘာစီလိုနာအသင်းကနေ PSG ကို ပြောင်းလာခဲ့တာဖြစ်ပြီး သူ့ကို ရီးရဲလ်က စိတ်ဝင်တစားနဲ့ ပြန်လည်ကမ်းလှမ်းမယ်ဆိုတဲ့ ယူဆချက်တွေဟာလည်း အခုအချိန်မှာ အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

” အဲဒီအချိန်တုန်းက နေမာက ရီးရဲလ်ကိုပြောင်းဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ ရီးရဲလ်က သူ့ကို ယူရိုသန်း ၃၀၀ ပေးပြီး ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် နက်ဆာက နေမာဟာ တဘီလီယံပေးရင်တောင် မပြောင်းနိုင်ဘူးဆိုတဲ့အကြောင်း ခပ်ပြတ်ပြတ်ငြင်းခဲ့တယ်” လို့ နေမာရဲ့ အေးဂျင့်ဟောင်းဖြစ်သူ Ribeiro က ပြန်လည်ဖော်ထုတ်ပြောပြခဲ့တာပါ။

နေမာအနေနဲ့ လက်ရှိမှာ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်လာပေမယ့် သူ့ရဲ့ တန်ကြေးနဲ့ လစာငွေကို PSG ကလွဲပြီး ဘယ်အသင်းကမှ တတ်နိုင်မှာ မဟုတ်ဘူးလို့ Ribeiro က ပြောပြသွားခဲ့သေးသလို အများထင်နေသလို ရီးရဲလ်၊ ဘာဆာအသင်းတွေက သူ့ကို ခေါ်ယူနိုင်ဖို့ဆိုရင် ဓန အင်အားကျဆင်းနေတာဖြစ်ပြီး ဒီနှစ်မှာတော့ နေမာဟာ PSG ကို ချန်ပီယံလိဂ်ဖလားရယူပေးပြီး ဘလွန်းဒီအောဆုကို သိမ်းပိုက်သွားမှာဖြစ်တယ်လို့ Ribeiro က ပြောသွားခဲ့ပါတယ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.