Premier League

ဘောလုံးမပေးလို့ ဂျူဗင်တပ်စ်တသင်းလုံးကို စိတ်အချဉ်ပေါက်နေတဲ့ ရော်နယ်လ်ဒို

ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဂျီနိုအသင်းနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိတာကြောင့် သူ့ကို ဘောလုံးမပေးပို့ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းသားတွေအားလုံးကို စိတ်အချဉ်ပေါက်ပြီး ဒေါမါန်တကြီး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

အဲဒီပွဲမှာ တူရင်ကလပ်အသင်းအနေနဲ့ ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့သော်ငြား ရော်နယ်လ်ဒိုက သူကိုယ်တိုင်ဂိုးမသွင်းခဲ့ရလို့ ပွဲအပြီးမှာ စိတ်မထိန်းနိုင်ဘဲ အသင်းအဝတ်လဲခန်းထဲ နံရံကို လက်သီးနဲ့ထိုးပြီး ပေါက်ကွဲခဲ့တယ်လို့ အီတလီသတင်းကဆိုခဲ့တာပါ။

အဲဒီပွဲစဉ်မှာ အသင်းဖော်တွေဟာ သူ့ကို ဘောလုံးပေးပို့ဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့တယ်လို့ ရော်နယ်လ်ဒိုက ထင်မြင်နေတာဖြစ်ပြီး ကွင်းထဲမှာ ဂျူဗင်တပ်စ်ဂိုးသမား ရှက်ဇနီနဲ့လည်း အချင်းများခဲ့သေးသလို သူ့ရဲ့ဂျာစီကို မြေကြီးပေါ် ပစ်ပေါက်ခဲ့သေးတာပါ။

ရော်နယ်လ်ဒိုအနေနဲ့ ဒီဖြစ်ရပ်အပြီးမှာ အသင်းအဝတ်လဲခန်းထဲမှာ နှုတ်ဆိတ်နေခဲ့ပြီးနောက် ဘယ်သူတဦးတယောက်ကိုမှ စကားပြောဆိုခြင်းမရှိဘဲ ကွင်းထဲက ထွက်ခွာသွားခဲ့တယ်လို့ သိရသလို ဂျူဗင်တပ်စ်နဲ့ ရော်နယ်လ်ဒိုတို့အကြား အက်ကြောင်းတွေထင်နေပြီလားဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်လာစေခဲ့တယ်။

ဇယားထိပ်ပိုင်းမှာ ပြတ်ပြတ်သားသားဦးဆောင်နေတဲ့ အင်တာမီလန်အသင်းကို အမီလိုက်ဖို့ ကြိုးစားနေရင်း အေစီမီလန်၊ အတ္တလန်တာ၊ နာပိုလီအသင်းတို့နဲ့ နေရာလုတိုက်ပွဲဝင်နေရတဲ့ ယူဗင်တပ်စ်အတွက် ရာသီမကုန်ခင် သတင်းဆိုးလည်း ဖြစ်လာခဲ့တယ်။

“သူ့လို ကစားသမားမျိုးက အမြဲတမ်းလိုလို တိုးတက်နေချင်တာပါ။ အခုဖြစ်ရပ်အတွက် သူ့ကို ပြစ်ဒဏ်ပေးဖို့ မရှိပါဘူး။ စိတ်လွတ်ထွက်သွားတဲ့ အခိုက်အတန့်တွေဆိုတာ ကစားသမားတိုင်းမှာ ရှိတတ်ပါတယ်။” လို့ ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက ဖြေရှင်းသွားခဲ့ကြောင်း သိရပါတယ်။

ရော်နယ်လ်ဒိုဟာ တူရင်မှာ မပျော်ရွှင်တော့ဘူးဆိုတဲ့ သတင်းတွေကလည်း ဒီဖြစ်ရပ်နဲ့အတူ ပိုပြီးကျယ်လောင်သွားခဲ့သလို ဒီနွေမှာ အသင်းကနေ ထွက်ခွာမယ်လို့ ခွာပြဲမှုတွေ ဖြစ်လာနိုင်ခြေလည်း တွေ့ရသလို သူ့အနေနဲ့ ရီးရဲလ်အသင်းဆီ ပြန်သွားမလား၊ အမေရိကန် သို့ တရုတ်ကိုပြောင်းမလားဆိုတဲ့ မေးခွန်းတွေလည်း ဆူပွက်လာခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ ဂ်ီႏိုအသင္းနဲ႔ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ျခင္း မရွိတာေၾကာင့္ သူ႔ကို ေဘာလုံးမေပးပို႔ခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းသားေတြအားလုံးကို စိတ္အခ်ဥ္ေပါက္ၿပီး ေဒါမါန္တႀကီး ေပါက္ကြဲခဲ့ေၾကာင္း သိရပါတယ္။

အဲဒီပြဲမွာ တူရင္ကလပ္အသင္းအေနနဲ႔ ၃-၁ ရလဒ္နဲ႔ အႏိုင္ရခဲ့ေသာ္ျငား ေရာ္နယ္လ္ဒိုက သူကိုယ္တိုင္ဂိုးမသြင္းခဲ့ရလို႔ ပြဲအၿပီးမွာ စိတ္မထိန္းႏိုင္ဘဲ အသင္းအဝတ္လဲခန္းထဲ နံရံကို လက္သီးနဲ႔ထိုးၿပီး ေပါက္ကြဲခဲ့တယ္လို႔ အီတလီသတင္းကဆိုခဲ့တာပါ။

အဲဒီပြဲစဥ္မွာ အသင္းေဖာ္ေတြဟာ သူ႔ကို ေဘာလုံးေပးပို႔ဖို႔ အႀကိမ္ႀကိမ္ပ်က္ကြက္ခဲ့တယ္လို႔ ေရာ္နယ္လ္ဒိုက ထင္ျမင္ေနတာျဖစ္ၿပီး ကြင္းထဲမွာ ဂ်ဴဗင္တပ္စ္ဂိုးသမား ရွက္ဇနီနဲ႔လည္း အခ်င္းမ်ားခဲ့ေသးသလို သူ႔ရဲ႕ဂ်ာစီကို ေျမႀကီးေပၚ ပစ္ေပါက္ခဲ့ေသးတာပါ။

ေရာ္နယ္လ္ဒိုအေနနဲ႔ ဒီျဖစ္ရပ္အၿပီးမွာ အသင္းအဝတ္လဲခန္းထဲမွာ ႏႈတ္ဆိတ္ေနခဲ့ၿပီးေနာက္ ဘယ္သူတဦးတေယာက္ကိုမွ စကားေျပာဆိုျခင္းမရွိဘဲ ကြင္းထဲက ထြက္ခြာသြားခဲ့တယ္လို႔ သိရသလို ဂ်ဴဗင္တပ္စ္နဲ႔ ေရာ္နယ္လ္ဒိုတို႔အၾကား အက္ေၾကာင္းေတြထင္ေနၿပီလားဆိုတဲ့ ယူဆခ်က္ေတြလည္း ထြက္ေပၚလာေစခဲ့တယ္။

ဇယားထိပ္ပိုင္းမွာ ျပတ္ျပတ္သားသားဦးေဆာင္ေနတဲ့ အင္တာမီလန္အသင္းကို အမီလိုက္ဖို႔ ႀကိဳးစားေနရင္း ေအစီမီလန္၊ အတၱလန္တာ၊ နာပိုလီအသင္းတို႔နဲ႔ ေနရာလုတိုက္ပြဲဝင္ေနရတဲ့ ယူဗင္တပ္စ္အတြက္ ရာသီမကုန္ခင္ သတင္းဆိုးလည္း ျဖစ္လာခဲ့တယ္။

“သူ႔လို ကစားသမားမ်ိဳးက အၿမဲတမ္းလိုလို တိုးတက္ေနခ်င္တာပါ။ အခုျဖစ္ရပ္အတြက္ သူ႔ကို ျပစ္ဒဏ္ေပးဖို႔ မရွိပါဘူး။ စိတ္လြတ္ထြက္သြားတဲ့ အခိုက္အတန႔္ေတြဆိုတာ ကစားသမားတိုင္းမွာ ရွိတတ္ပါတယ္။” လို႔ ဂ်ဴဗင္တပ္စ္နည္းျပ ပီယာလိုက ေျဖရွင္းသြားခဲ့ေၾကာင္း သိရပါတယ္။

ေရာ္နယ္လ္ဒိုဟာ တူရင္မွာ မေပ်ာ္႐ႊင္ေတာ့ဘူးဆိုတဲ့ သတင္းေတြကလည္း ဒီျဖစ္ရပ္နဲ႔အတူ ပိုၿပီးက်ယ္ေလာင္သြားခဲ့သလို ဒီေႏြမွာ အသင္းကေန ထြက္ခြာမယ္လို႔ ခြာၿပဲမႈေတြ ျဖစ္လာႏိုင္ေျခလည္း ေတြ႕ရသလို သူ႔အေနနဲ႔ ရီးရဲလ္အသင္းဆီ ျပန္သြားမလား၊ အေမရိကန္ သို႔ တ႐ုတ္ကိုေျပာင္းမလားဆိုတဲ့ ေမးခြန္းေတြလည္း ဆူပြက္လာခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.