Premier League
ချဲလ်ဆီးရဲ့ တိုက်စစ်ကို အကြွရွဆုံး ဖန်ဆင်းနေတဲ့ တူဟယ်လ်ရဲ့ အပါးနပ်ဆုံးရွေးချယ်မှု တိုက်စစ် ၃ ဖော်အတွဲကို ရှီးယားရားသုံးသပ်
ပရီးမီးယားလိဂ် ဂန္ထဝင်တိုက်စစ်မှူးကြီး အလန် ရှီးယားရားက မောင့်၊ ပူလီရှစ်ချ်၊ ခိုင်ဟာဗတ်ဇ်တို့ တိုက်စစ်အတွဲဟာ ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ အပါးနပ်ဆုံးရွေးချယ်မှုဖြစ်တယ်လို့ သုံးသပ်ခဲ့ပြီး တချိန်တည်းမှာပဲ ဒါဟာ ဗာနာ၊ ဂျရူး၊ တန်မီ အေဘရာဟမ်တို့အတွက် ပုံမှန်ပွဲထွက်တနေရာ ပျောက်ဆုံးတော့မလားဆိုတဲ့ စိုးရိမ်စရာ သတင်းဆိုးတခုလည်း ဖြစ်လာခဲ့ပါတယ်။
အကြောင်းကတော့ ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲစဥ်မှာ ချယ်လ်ဆီးတိုက်စစ်ရဲ့ အဆိုပါ ၃ ဦးရဲ့တွဲဖက်မှုဟာ တူဟယ်လ်လက်ထက် ဂိုးအမြူးဆုံးပွဲလည်း ဖြစ်ခဲ့တဲ့အပြင် အသင်းရဲ့ ကြောက်စရာအကောင်းဆုံးနဲ့ အမြူးကြွဆုံး တိုက်စစ်စီးဆင်းမှုနဲ့ အလျင်မြန်ဆုံး၊ အသွက်လက်ဆုံး ထိုးဖောက်မှုတွေကို ပုံဖော်သွားပြီး ပဲလေ့စ်ခံစစ်ကို နားချိန်မရှိအောင်ကို တရစပ်ဒုက္ခပေးသွားခဲ့တာပါ။
ပဲလေ့စ်ကွင်းမှာ ချယ်ဆီးအသင်းက ၁-၄ နဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဥ်မှာ ပူလီရှစ်ချ်က ၂ ဂိုး၊ ခိုင်ဟာဗတ်ဇ်က ၁ ဂိုးနဲ့ ကတ်ဇူးမားက ၁ ဂိုးသွင်းယူခဲ့ပြီး ဒါဟာ တူဟယ်လ်လက်ထက် ခံစစ်ပိုင်း ထက်မြက်သလောက် အသင်းတိုက်စစ်ပိုင်းက ဂိုးမြူးမှုမှာ အားနည်းနေသေးတယ်ဆိုတဲ့ ဝေဖန်သံတွေကို ချေဖျက်သွားနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရတယ်။
အဲဒီပွဲမှာ တူဟယ်လ်က ဂျရူး၊ တီမို ဗာနာနဲ့ အေဘရာဟမ်တို့ကို အရန်ခုံပို့ခဲ့ပြီး လမ်းပတ်လက်ထက် ခေါင်းအကိုက်ဆုံးပြဿနာဖြစ်ခဲ့တဲ့ ချယ်လ်ဆီးရဲ့တိုက်စစ်ပွဲထုတ်မှုကို စိတ်ကူးအသစ်နဲ့ ကွန့်မြူးခဲ့သလို ခိုင်ဟာဗတ်ဇ်ကို False Nine ဆန်ဆန် တိုက်စစ်မှာ လွတ်လွတ်လပ်လပ် ကစားစေရင်း မောင့်နဲ့ ပူလီရှစ်ချ်တို့ကို သူနဲ့ တွဲဖက်အမိဆုံး ချိတ်ဆက်စေရင်း ခြေစွမ်းပြစေခဲ့တာဖြစ်ပါတယ်။
” ဂျရူးနဲ့ အေဘရာဟမ်တို့ကို အရန်ခုံမှာထိုင်ခိုင်းပြီး ခိုင်ဟာဗတ်ဇ်၊ မောင့်၊ ပူလီရှစ်ချ်တို့ကို တိုက်စစ်မှာ ဦးဆောင်ခိုင်းခဲ့တာက သိပ်ကိုမိုက်တဲ့ အစီအစဥ်ဗျို့။ တူဟယ်လ်ဆီက အပါးနပ်ဆုံး လူထုတ်ပုံကို မြင်ခဲ့ရတယ်လို့ ကျွန်တော်ပြောပါမယ်။ ”
“တကယ်လို့ ဂျရူးတို့ အေဘရာဟမ်တို့နဲ့သာဆို အသင်းတိုက်စစ်က ဒီလိုမြူးကြွနေခဲ့မှာမဟုတ်ဘူး။ သူတို့က ပြိုင်ဘက်ခံစစ်မှူးနှစ်ဦးကြားမှာပဲ ကျောက်ချနေရာယူပြီး အပိုင်အခွင့်အရေးကို စောင့်ကစားချင်တာမဟုတ်လား ”
” ကူယာတီနဲ့ ကာဟေးလ်တို့ဆိုတာလည်း ခံစစ်ဇုန်ထဲက ထွက်ပြီး ကစားရရင် သိပ်ကြောက်ကြတာလေ။ သူတို့နောက်မှာ နေရာလွတ်တွေထားပြီး အပြင်ထွက်ကစားရင် ဒုက္ခဖြစ်တော့မယ်ဆိုတာ သူတို့ကောင်းကောင်းသိထားတာကိုး။ ”
ဒါကြောင့် ဟာဗတ်ဇ်တို့အုပ်စုက သူတို့ကို မျှားထုတ်ပြီး အခွင့်အရေး​ကောင်းတွေ တခုပြီးတခု ဆက်တိုက်ဖန်တီးပြီး တိုက်စစ်ဆင်သွားတာ မပိုင်ဘူးလားဗျာ။ ဟာဗတ်ဇ်ဆိုရင် တဂိုးသွင်း၊ တဂိုးဖန်တီးခဲ့တယ်။ ”
ဒါပေမယ့် ကျွန်တော့်အထင်ကတော့ သူ့အတွက် နောက်ထပ် ၂ ဂိုးလောက် ထပ်ရခဲ့သင့်သေးတာဗျ။ တိုက်စစ်ဆင်ကစားပုံက လှလွန်းလိုက်တာဗျာ။ ” လို့ အလန်ရှီးယားရားက တူဟယ်လ်ရဲ့ ပါးနပ်တဲ့ ဆုံးဖြတ်ချက်တရပ်နဲ့အတူ ချယ်လ်ဆီးတိုက်စစ်ကို အကြွရွဆုံး ဖန်ဆင်းသွားခဲ့တဲ့ ဟာဗတ်ဇ်၊ မောင့်၊ ပူလီရှစ်ချ်တို့ကို ချီးမွမ်းခန်းဖွင့်သွားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ပရီးမီးယားလိဂ် ဂန္ထဝင်တိုက်စစ်မှူးကြီး အလန် ရှီးယားရားက မောင့်၊ ပူလီရှစ်ခ်ျ၊ ခိုင်ဟာဗတ်ဇ်တို့ တိုက်စစ်အတွဲဟာ ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ အပါးနပ်ဆုံးရွေးချယ်မှုဖြစ်တယ်လို့ သုံးသပ်ခဲ့ပြီး တချိန်တည်းမှာပဲ ဒါဟာ ဗာနာ၊ ဂျရူး၊ တန်မီ အေဘရာဟမ်တို့အတွက် ပုံမှန်ပွဲထွက်တနေရာ ပျောက်ဆုံးတော့မလားဆိုတဲ့ စိုးရိမ်စရာ သတင်းဆိုးတခုလည်း ဖြစ်လာခဲ့ပါတယ်။
ပဲလေ့စ်ကွင်းမှာ ချယ်ဆီးအသင်းက ၁-၄ နဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ ပူလီရှစ်ခ်ျက ၂ ဂိုး၊ ခိုင်ဟာဗတ်ဇ်က ၁ ဂိုးနဲ့ ကတ်ဇူးမားက ၁ ဂိုးသွင်းယူခဲ့ပြီး ဒါဟာ တူဟယ်လ်လက်ထက် ခံစစ်ပိုင်း ထက်မြက်သလောက် အသင်းတိုက်စစ်ပိုင်းက ဂိုးမြူးမှုမှာ အားနည်းနေသေးတယ်ဆိုတဲ့ ဝေဖန်သံတွေကို ချေဖျက်သွားနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရတယ်။
အဲဒီပွဲမှာ တူဟယ်လ်က ဂျရူး၊ တီမို ဗာနာနဲ့ အေဘရာဟမ်တို့ကို အရန်ခုံပို့ခဲ့ပြီး လမ်းပတ်လက်ထက် ခေါင်းအကိုက်ဆုံးပြဿနာဖြစ်ခဲ့တဲ့ ချယ်လ်ဆီးရဲ့တိုက်စစ်ပွဲထုတ်မှုကို စိတ်ကူးအသစ်နဲ့ ကွန့်မြူးခဲ့သလို ခိုင်ဟာဗတ်ဇ်ကို False Nine ဆန်ဆန် တိုက်စစ်မှာ လွတ်လွတ်လပ်လပ် ကစားစေရင်း မောင့်နဲ့ ပူလီရှစ်ခ်ျတို့ကို သူနဲ့ တွဲဖက်အမိဆုံး ချိတ်ဆက်စေရင်း ခြေစွမ်းပြစေခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.