La Liga

အက္သလက္တီကိုအတြက္ ကစားေပးႏိုင္ဖို႔ နီးစပ္လာတဲ့ ေကာ္စတာ

အက္သလက္တီကိုအသင္းရဲ႕ အဓိကတိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ အသင္းရဲ႕အတူ ေလ့က်င့္ခန္းျပန္ဆင္းေနႏိုင္ၿပီျဖစ္ၿပီး လီဗာပူးအသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ ရႈံးထြက္ပြဲစဥ္မွာ ျပန္လည္ပါဝင္လာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သိရပါတယ္။

ဒီေယဂိုေကာ္စတာဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ႏိုဝင္ဘာလကတည္းက အနားယူေနရသူျဖစ္ၿပီး ဒီရာသီမွာ အသင္းအတြက္ လာလီဂါ ၁၁ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့တာ ေတြ႕ရပါတယ္။

မိုရာတာနဲ႔ ဂ်ာအိုဖီးလစ္တို႔ ဒဏ္ရာျပႆနာေတြနဲ႔ ႀကဳံေတြ႕ေနရတဲ့ အက္သလက္တီက္ုအသင္းအတြက္ ေကာ္စတာျပန္လာမယ့္ သတင္းဟာ ဝမ္းသာစရာျဖစ္ခဲ့ပါတယ္။

ေကာ္စတာဟာ ၂၀၁၄-၁၅ ေဘာလုံးရာသီမွာ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕သြားခဲ့သူျဖစ္ၿပီး အဲဒီမတိုင္ခင္ ၂ ရာသီမွာ အက္သလက္တီကိုအတြက္ ၅၂ ပြဲမွာ ၃၆ ဂိုးအထိသြင္းေပးႏိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးကေန ျပန္ေရာက္လာခ်ိန္မွာေတာ့ ၄၇ ပြဲမွာ ၇ ဂိုးသာ သြင္းယူႏိုင္တဲ့အထိ ေျခစြမ္းက်သြားခဲ့ရပါတယ္။

ဘာပဲျဖစ္ျဖစ္ တိုက္စစ္ပိုင္း အခက္ႀကဳံေနခ်ိန္မွာ အခ်ိန္အခါသင့္ေရာက္လာခဲ့တဲ့ ၃၁ ႏွစ္သားႀကီးကို ႀကိဳဆိုရမွာပဲ ျဖစ္ၿပီး အရင္တုန္းကလို မာေက်ာထက္ျမက္တဲ့ ကစားဟန္္နဲ႔ အသင္းအတြက္ စြမ္းေဆာင္ရည္ေတြကို ျပသႏုိင္မလား ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
CHANKO
SPORTS A2Z.

UNICODE: အက်သလက်တီကိုအသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အသင်းရဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေနိုင်ပြီဖြစ်ပြီး လီဗာပူးအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ဒီယေဂိုကော်စတာဟာ ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာလကတည်းက အနားယူနေရသူဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် လာလီဂါ ၁၁ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာ တွေ့ရပါတယ်။

မိုရာတာနဲ့ ဂျာအိုဖီးလစ်တို့ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့ အက်သလက်တီက်ုအသင်းအတွက် ကော်စတာပြန်လာမယ့် သတင်းဟာ ဝမ်းသာစရာဖြစ်ခဲ့ပါတယ်။

ကော်စတာဟာ ၂၀၁၄-၁၅ ဘောလုံးရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး အဲဒီမတိုင်ခင် ၂ ရာသီမှာ အက်သလက်တီကိုအတွက် ၅၂ ပွဲမှာ ၃၆ ဂိုးအထိသွင်းပေးနိုင်ခဲ့ပေမယ့် ချဲလ်ဆီးကနေ ပြန်ရောက်လာချိန်မှာတော့ ၄၇ ပွဲမှာ ၇ ဂိုးသာ သွင်းယူနိုင်တဲ့အထိ ခြေစွမ်းကျသွားခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် တိုက်စစ်ပိုင်း အခက်ကြုံနေချိန်မှာ အချိန်အခါသင့်ရောက်လာခဲ့တဲ့ ၃၁ နှစ်သားကြီးကို ကြိုဆိုရမှာပဲ ဖြစ်ပြီး အရင်တုန်းကလို မာကျောထက်မြက်တဲ့ ကစားဟန်နဲ့ အသင်းအတွက် စွမ်းဆောင်ရည်တွေကို ပြသနိုင်မလား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
CHANKO
SPORTS A2Z.