La Liga Premier League

အူဘာမီယန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္တဲ့ ဘာစီလိုနာ

အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ မေခၚယူႏိုင္ခဲ့ေပမယ့္လည္း လက္မေလွ်ာ့ေသးဘဲ ဘာစီလိုနာအသင္းအေနနဲ႔ လာမည့္ေႏြရာသီမွာ ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနဆဲျဖစ္ပါတယ္။

ဂါဘြန္လက္ေရြးစင္တိုက္စစ္မွဴးဟာ အာဆင္နယ္အသင္းရဲ႕ အေျခအေနနဲ႔ ရလဒ္ေတြ ဆိုးရြားေနေပမယ့္လည္း သူ႕ရဲ႕ ထိပ္တန္းအရည္အေသြးေတြကိုေတာ့ ဆက္လက္ျပသေနႏိုင္ဆဲျဖစ္ၿပီး ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲမွာ အနီကတ္မထိခင္အထိ တစ္ဂိုးသြင္းယူၿပီး ေျခစြမ္းျပသခဲ့သူလည္းျဖစ္ပါတယ္။

လာမယ့္ေႏြရာသီမွာ အသက္ ၃၁ ႏွစ္ျပည့္မယ့္ အူဘာမီယန္းဟာ နည္းျပသစ္ မိုက္ကယ္ အာတီတာလက္ထက္မွာလည္း ခ်န္ပီယံလိဂ္ကစားခြင့္ရအိပ္မက္ဟာ ဝိုးတဝါးအေျခအေနမွာပဲ ဆက္လက္ျဖစ္ေပၚေနခဲ့ၿပီး အသင္းဟာလည္း အမွတ္ေပးဇယားအလယ္မွာသာ ယခုအခ်ိန္အထိ ရပ္တည္ေနခဲ့တာပါ။ အဓိက တိုက္စစ္မွဴး လူးဝစ္ဆြာရက္ဇ္ရဲ႕ ဒဏ္ရာရရွိေနမႈနဲ႔အတူ ကာတာလန္အသင္းအေနနဲ႔ အူဘာမီယန္းကို ေဆာင္းရာသီေစ်းကြက္မွာ ကနဦးအငွား+အၿပီးသတ္ သေဘာတူညီမွဳနဲ႔ ေခၚယူအားျဖည့္ခ်င္ခဲ့ေပမယ့္လည္း လန္ဒန္အသင္းဘက္က ျပတ္ျပတ္သားသား ျငင္းဆိုပယ္ခ်သြားခဲ့တာပါ။

ဘာစီလိုနာအသင္းရဲ႕ အားကစားဒါ႐ိုက္တာ အဲရစ္ အဘီဒယ္လ္က စပိန္အေျခစိုက္ Sport သတင္းဌာနကို ေျပာၾကားရာမွာေတာ့ “လာမယ့္ေႏြရာသီမွာ အသင္းအတြက္ ဆြာရက္ဇ္ဟာ ေကာင္းမြန္တဲ့ လုပ္အားႏႈန္းနဲ႔ ျပန္လာမွာျဖစ္ေပမယ့္လည္း လိုအပ္တဲ့ နံပါတ္ ၉ တုိက္စစ္မွဴးတစ္ဦးကိုေတာ့ ထပ္မံေခၚယူသြားဦးမွာျဖစ္ၿပီး ဝါရင့္တစ္ဦးလား လူငယ္တစ္ဦးလားေတာ့ ေသခ်ာမသိေသးပါဘူး”လို႔ ဆိုပါတယ္။

အဘီဒယ္လ္က သူဟာ အူဘာမီယန္းကို ႀကဳိက္ႏွစ္သက္သူတစ္ဦးျဖစ္ၿပီး ဒီကစားသမားရဲ႕ အေၾကာင္းကို သိသလို သူလုပ္ျပခဲ့တဲ့ အရာေတြကိုလည္း ေကာင္းေကာင္းသိထားေၾကာင္း၊ အသင္းတစ္သင္းအတြက္ အဆုံးျဖတ္ရလဒ္ေတြကို ယူေဆာင္ေပးႏုိင္တဲ့ ဒီတုိက္စစ္မွဴးမ်ဳိးကို ေဈးကြက္ထဲမွာ ရရွိႏုိင္ခဲ့ရင္ အသင္းကို အက်ဳိးျပဳမွာ ေသခ်ာေနလို႔ ေႏြရာသီမွာ ဘာျဖစ္လာမလဲဆုိတာ ထပ္ၿပီး ေစာင့္ၾကည့္သြားရဖို႔ ရွိတယ္လုိ႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းကို ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ မခေါ်ယူနိုင်ခဲ့ပေမယ့်လည်း လက်မလျှော့သေးဘဲ ဘာစီလိုနာအသင်းအနေနဲ့ လာမည့်နွေရာသီမှာ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းရဲ့ အခြေအနေနဲ့ ရလဒ်တွေ ဆိုးရွားနေပေမယ့်လည်း သူ့ရဲ့ ထိပ်တန်းအရည်အသွေးတွေကိုတော့ ဆက်လက်ပြသနေနိုင်ဆဲဖြစ်ပြီး ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာ အနီကတ်မထိခင်အထိ တစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြသခဲ့သူလည်းဖြစ်ပါတယ်။

လာမယ့်နွေရာသီမှာ အသက် ၃၁ နှစ်ပြည့်မယ့် အူဘာမီယန်းဟာ နည်းပြသစ် မိုက်ကယ် အာတီတာလက်ထက်မှာလည်း ချန်ပီယံလိဂ်ကစားခွင့်ရအိပ်မက်ဟာ ဝိုးတဝါးအခြေအနေမှာပဲ ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး အသင်းဟာလည်း အမှတ်ပေးဇယားအလယ်မှာသာ ယခုအချိန်အထိ ရပ်တည်နေခဲ့တာပါ။ အဓိက တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ရဲ့ ဒဏ်ရာရရှိနေမှုနဲ့အတူ ကာတာလန်အသင်းအနေနဲ့ အူဘာမီယန်းကို ဆောင်းရာသီဈေးကွက်မှာ ကနဦးအငှား+အပြီးသတ် သဘောတူညီမှုနဲ့ ခေါ်ယူအားဖြည့်ချင်ခဲ့ပေမယ့်လည်း လန်ဒန်အသင်းဘက်က ပြတ်ပြတ်သားသား ငြင်းဆိုပယ်ချသွားခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ အဲရစ် အဘီဒယ်လ်က စပိန်အခြေစိုက် Sport သတင်းဌာနကို ပြောကြားရာမှာတော့ “လာမယ့်နွေရာသီမှာ အသင်းအတွက် ဆွာရက်ဇ်ဟာ ကောင်းမွန်တဲ့ လုပ်အားနှုန်းနဲ့ ပြန်လာမှာဖြစ်ပေမယ့်လည်း လိုအပ်တဲ့ နံပါတ် ၉ တိုက်စစ်မှူးတစ်ဦးကိုတော့ ထပ်မံခေါ်ယူသွားဦးမှာဖြစ်ပြီး ဝါရင့်တစ်ဦးလား လူငယ်တစ်ဦးလားတော့ သေချာမသိသေးပါဘူး”လို့ ဆိုပါတယ်။

အဘီဒယ်လ်က သူဟာ အူဘာမီယန်းကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး ဒီကစားသမားရဲ့ အကြောင်းကို သိသလို သူလုပ်ပြခဲ့တဲ့ အရာတွေကိုလည်း ကောင်းကောင်းသိထားကြောင်း၊ အသင်းတစ်သင်းအတွက် အဆုံးဖြတ်ရလဒ်တွေကို ယူဆောင်ပေးနိုင်တဲ့ ဒီတိုက်စစ်မှူးမျိုးကို ဈေးကွက်ထဲမှာ ရရှိနိုင်ခဲ့ရင် အသင်းကို အကျိုးပြုမှာ သေချာနေလို့ နွေရာသီမှာ ဘာဖြစ်လာမလဲဆိုတာ ထပ်ပြီး စောင့်ကြည့်သွားရဖို့ ရှိတယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.