Premier League

ဆွန်အပြင် သူ့ကိုပါ ခဲတလုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်သွားခဲ့တဲ့ ဆိုးလ်ရှားကြောင့် မော်ရင်ညို ယမ်းပုံမီးကျပေါက်ကွဲ

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ စပါးစ် ၁-၃ ယူနိုက်တက်ပွဲအပြီးမှာ ယူနိုက်တက်ရဲ့ အဖွင့်ဦးဆောင်ဂိုးကို VAR နဲ့ ပယ်ဖျက်ခံရတဲ့ ဖြစ်ရပ်ရဲ့ အဓိကတရားခံအဖြစ် ဟန်ဆောင်လှဲချခဲ့တဲ့ ဆွန်ဟောင်မင်အပြင် မော်ရင်ညိုကိုပါ ခဲတလုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်သွားခဲ့တဲ့ ဆိုးလ်ရှားရဲ့ဝေဖန်ထိုးနှက်မှုက မော်ရင်ညိုကို ဒေါသပေါက်ကွဲစေခဲ့ကြောင်း သိရပါတယ်။

ဒီပွဲအပြီးမှာ စကားလုံးစစ်ဆင်ရေးဆင်နွှဲခဲ့ကြတဲ့ ဆိုးလ်ရှားနဲ့ မော်ရင်ညိုတို့ရဲ့ ပြိုင်ဆိုင်မှုက အတော်လေးဂယက်ထသွားခဲ့ပြီး ဆိုးလ်ရှားက ” ကျွန်တော်တို့ ရတဲ့ဂိုးက ခွင့်ပြုပေးခဲ့ရမှာပါ။ ကွင်းထဲမှာ အခုလို ၁၀ မိနစ်လောက် ဟန်ချလှဲချနေခဲ့တဲ့ ဆွန်ဟောင်မင်သာ ကျွန်တော့်သားဖြစ်နေမယ်ဆိုရင် ကျွန်တော်တော့ သူ့ကို ဒီည အငတ်ထားပစ်မှာပဲ ” လို့ ပြောဆိုမှုဟာ မော်ရင်ညိုရဲ့ မာနကို ဆွပေးခဲ့သလို ဖြစ်ခဲ့တာပါ။

မော်ရင်ညိုရဲ့ ပွဲပြီးပြောစကားတွေမှာ ဆိုးလ်ရှားရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်သွားခဲ့ပြီး ဆွန်ဟောင်မင်ကို ကလေးဆန်ဆန် မှတ်ချက်ချခဲ့တဲ့ ဆိုးလ်ရှားရဲ့လူကြီးလူကောင်းမဆန်မှုဟာ အင်မတန်စိတ်​ပျက်စရာကောင်းကြောင်း ပြောဆိုသွားခဲ့ပါတယ်။

” အဝေးကွင်းမှတ်တမ်းသိပ်ကောင်းတဲ့ အသင်းကို ကျွန်တော်တို့အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတာပါ။ ယူနိုက်တက်က အတော်လေးကောင်းမွန်တဲ့အသင်းပါ။ ဒါပေမယ့် ဒီရှုံးပွဲအတွက် ကျွန်တော့်ကစားသမားတွေကို စိတ်ပျက်စရာ မရှိဘူး ”

” သူတို့တွေ အစွမ်းကုန်ပေးဆပ်ကစားခဲ့ကြတာပါ။ ယူနိုက်တက်ရဲ့ ပထမနဲ့ ဒုတိယဂိုးတွေအပြီးမှာ ကျွန်တော်တို့က ဒီပွဲရဲ့ အကောင်းဆုံး ဂိုးအခွင့်အရေးတွေကို ရခဲ့တယ်။ နိုင်တဲဲ့အသင်းက အနိုင်နဲ့ထိုက်တန်သလို ကျွန်တော့်တို့ အသင်းကလည်း ရလဒ်ကိုပြောင်းပြန်လှန်ချင်တဲ့ အားထုတ်မှုနဲ့ ထိုက်ထိုက်တန်တန် ကစားခဲ့တာပါ။ ”

” ဆွန်ဟောင်မင်ကို ဆိုးလ်ရှားပြောခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောပါမယ်။ သူ​ ဒီလိုပြောခဲ့တာကို ကျွန်တော်တော်တော်ကြီး အံ့အားသင့်သွားလေသတည်းပေါ့ဗျာ။ ကျွန်တော်သာ ယူနိုက်တက်က ကစားသမားတယောက်ကို ဒီညအငတ်ထားပစ်မယ်လို့ပြောရင် ဆိုးလ်ရှားဘယ်လိုတုံ့ပြန်မလဲ သိချင်ပါတယ် ”

” ဒီမှာ ကျွန်တော်ပြောမယ်။ ခင်ဗျားတို့က တကယ်ကို အကျင့်စာရိတ္တပျက်နေတဲ့သူတွေဗျာ။ ဆွန်နီက ကျွန်တော့်သားဖြစ်နေတာ တကယ်ကံကောင်းထောက်မသွားတာပါ။ ဘာလို့လဲဆိုတော့ သူ့အဖေက ဆိုးလ်ရှားလိုလူထက် ပိုကောင်းတဲ့ဖခင်မျိုးဖြစ်နေတာကိုးဗျာ။ ”

” ကျွန်တော်က ဖခင်ဆိုရင်တော့ ကျွန်တော့်ကလေးကို အမြဲတမ်းအစားကျွေးရမှာပဲဗျ။ အငတ်တော့မထားနိုင်ဘူး။ ခိုးပြီးကျွေးရမယ်ဆိုရင်လည်း ခိုးဝှက်ပြီးတော့ ကျွေးရမှာပဲဗျ။ ဒါဖခင်ရဲ့တာဝန်လေ။ ကျွန်တော်ကတော့ ဆိုလ်းရှားကို တော်တော်ကြီးစိတ်ပျက်မိပါတယ်” လို့ မော်ရင်ညိုက ယူနိုက်တက်နဲ့ပွဲအပြီးမှာ ဒေါသပေါက်ကွဲထွက်ပြီး ပြောသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက ကစားခဲ့တဲ့ စပါးစ္ ၁-၃ ယူႏိုက္တက္ပြဲအၿပီးမွာ ယူႏိုက္တက္ရဲ႕ အဖြင့္ဦးေဆာင္ဂိုးကို VAR နဲ႔ ပယ္ဖ်က္ခံရတဲ့ ျဖစ္ရပ္ရဲ႕ အဓိကတရားခံအျဖစ္ ဟန္ေဆာင္လွဲခ်ခဲ့တဲ့ ဆြန္ေဟာင္မင္အျပင္ ေမာ္ရင္ညိဳကိုပါ ခဲတလုံးတည္းနဲ႔ ငွက္ႏွစ္ေကာင္ပစ္သြားခဲ့တဲ့ ဆိုးလ္ရွားရဲ႕ေဝဖန္ထိုးႏွက္မႈက ေမာ္ရင္ညိဳကို ေဒါသေပါက္ကြဲေစခဲ့ေၾကာင္း သိရပါတယ္။

ဒီပြဲအၿပီးမွာ စကားလုံးစစ္ဆင္ေရးဆင္ႏႊဲခဲ့ၾကတဲ့ ဆိုးလ္ရွားနဲ႔ ေမာ္ရင္ညိဳတို႔ရဲ႕ ၿပိဳင္ဆိုင္မႈက အေတာ္ေလးဂယက္ထသြားခဲ့ၿပီး ဆိုးလ္ရွားက ” ကြၽန္ေတာ္တို႔ ရတဲ့ဂိုးက ခြင့္ျပဳေပးခဲ့ရမွာပါ။ ကြင္းထဲမွာ အခုလို ၁၀ မိနစ္ေလာက္ ဟန္ခ်လွဲခ်ေနခဲ့တဲ့ ဆြန္ေဟာင္မင္သာ ကြၽန္ေတာ့္သားျဖစ္ေနမယ္ဆိုရင္ ကြၽန္ေတာ္ေတာ့ သူ႔ကို ဒီည အငတ္ထားပစ္မွာပဲ ” လို႔ ေျပာဆိုမႈဟာ ေမာ္ရင္ညိဳရဲ႕ မာနကို ဆြေပးခဲ့သလို ျဖစ္ခဲ့တာပါ။

ေမာ္ရင္ညိဳရဲ႕ ပြဲၿပီးေျပာစကားေတြမွာ ဆိုးလ္ရွားရဲ႕ ေဝဖန္မႈေတြကို ျပင္းျပင္းထန္ထန္ ျပန္လည္တုံ႔ျပန္သြားခဲ့ၿပီး ဆြန္ေဟာင္မင္ကို ကေလးဆန္ဆန္ မွတ္ခ်က္ခ်ခဲ့တဲ့ ဆိုးလ္ရွားရဲ႕လူႀကီးလူေကာင္းမဆန္မႈဟာ အင္မတန္စိတ္​ပ်က္စရာေကာင္းေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။

” အေဝးကြင္းမွတ္တမ္းသိပ္ေကာင္းတဲ့ အသင္းကို ကြၽန္ေတာ္တို႔အိမ္ကြင္းမွာ လက္ခံကစားခဲ့ရတာပါ။ ယူႏိုက္တက္က အေတာ္ေလးေကာင္းမြန္တဲ့အသင္းပါ။ ဒါေပမယ့္ ဒီရႈံးပြဲအတြက္ ကြၽန္ေတာ့္ကစားသမားေတြကို စိတ္ပ်က္စရာ မရွိဘူး ”

” သူတို႔ေတြ အစြမ္းကုန္ေပးဆပ္ကစားခဲ့ၾကတာပါ။ ယူႏိုက္တက္ရဲ႕ ပထမနဲ႔ ဒုတိယဂိုးေတြအၿပီးမွာ ကြၽန္ေတာ္တို႔က ဒီပြဲရဲ႕ အေကာင္းဆုံး ဂိုးအခြင့္အေရးေတြကို ရခဲ့တယ္။ ႏိုင္တဲဲ့အသင္းက အႏိုင္နဲ႔ထိုက္တန္သလို ကြၽန္ေတာ့္တို႔ အသင္းကလည္း ရလဒ္ကိုေျပာင္းျပန္လွန္ခ်င္တဲ့ အားထုတ္မႈနဲ႔ ထိုက္ထိုက္တန္တန္ ကစားခဲ့တာပါ။ ”

” ဆြန္ေဟာင္မင္ကို ဆိုးလ္ရွားေျပာခဲ့တဲ့ စကားနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ေျပာပါမယ္။ သူ​ ဒီလိုေျပာခဲ့တာကို ကြၽန္ေတာ္ေတာ္ေတာ္ႀကီး အံ့အားသင့္သြားေလသတည္းေပါ့ဗ်ာ။ ကြၽန္ေတာ္သာ ယူႏိုက္တက္က ကစားသမားတေယာက္ကို ဒီညအငတ္ထားပစ္မယ္လို႔ေျပာရင္ ဆိုးလ္ရွားဘယ္လိုတုံ႔ျပန္မလဲ သိခ်င္ပါတယ္ ”

” ဒီမွာ ကြၽန္ေတာ္ေျပာမယ္။ ခင္ဗ်ားတို႔က တကယ္ကို အက်င့္စာရိတၱပ်က္ေနတဲ့သူေတြဗ်ာ။ ဆြန္နီက ကြၽန္ေတာ့္သားျဖစ္ေနတာ တကယ္ကံေကာင္းေထာက္မသြားတာပါ။ ဘာလို႔လဲဆိုေတာ့ သူ႔အေဖက ဆိုးလ္ရွားလိုလူထက္ ပိုေကာင္းတဲ့ဖခင္မ်ိဳးျဖစ္ေနတာကိုးဗ်ာ။ ”

” ကြၽန္ေတာ္က ဖခင္ဆိုရင္ေတာ့ ကြၽန္ေတာ့္ကေလးကို အၿမဲတမ္းအစားေကြၽးရမွာပဲဗ်။ အငတ္ေတာ့မထားႏိုင္ဘူး။ ခိုးၿပီးေကြၽးရမယ္ဆိုရင္လည္း ခိုးဝွက္ၿပီးေတာ့ ေကြၽးရမွာပဲဗ်။ ဒါဖခင္ရဲ႕တာဝန္ေလ။ ကြၽန္ေတာ္ကေတာ့ ဆိုလ္းရွားကို ေတာ္ေတာ္ႀကီးစိတ္ပ်က္မိပါတယ္” လို႔ ေမာ္ရင္ညိဳက ယူႏိုက္တက္နဲ႔ပြဲအၿပီးမွာ ေဒါသေပါက္ကြဲထြက္ၿပီး ေျပာသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.