Premier League

အာတီတာရဲ့စိတ်ကူးသစ် အလုပ်ဖြစ်ခဲ့တဲ့ ရှက်ဖီးလ်ဒ် 0:3 အာဆင်နယ်ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ 7ချက်

အာတီတာရဲ့စိတ်ကူးအသစ်က အလုပ်ဖြစ်ခဲ့ပြီး ပေးဂိုးမရှိ Clean Sheet နဲ့ ချိုမြိန်သွားခဲ့
ဒီပွဲမှာ အာတီတာက ၃၄၂၁ ကစားကွက်ကို ထုတ်သုံးလာခဲ့တာက ထူးခြားခဲ့တယ်။ Left Wing Back နေရာမှာ ဆီဘာယော့စ်က အံ့သြဖွယ်ရာ တာဝန်ယူခဲ့ရပြီး Left Cb. နေရာမှာတော့ ချာကာက ဝင်ကစားခဲ့ရတယ်။ ချာကာနဲ့ ဆီဘာယော့စ်က စီးဆင်းမှုရှိရှိ ကစားသွားခဲ့တယ်။ ဘယ်ခြမ်းက တီယာနေးကို တရာသီ ဆုံးရှူံးရချိန်မှာ အာတီတာရဲ့စိတ်ကူအသစ်က အလုပ်ဖြစ်ခဲ့တယ်။ ၁၄ ပွဲဆက် ဂိုးပေးခဲ့ရတဲ့ လီနိုရဲ့ ဂိုးပေါက်ဟာ ဒီနေ့မှာ Clean Sheet နဲ့အတူ အာဆင်နယ်ကို ချိုမြိန်စေခဲ့တယ်။

အူဘာမီယန်း၊ ဝီလီယံတို့ထက် ပိုသာလွန်တဲ့ ဒဏ်ရာက တကျော့ပြန် မာတီနယ်လီ
မာတီနယ်လီက ဒီနှစ်အစပိုင်းကမှ ဒဏ်ရာကနေ ပြန်သက်သာပြီး ကစားနိုင်ခဲ့သလို တဆက်တည်းပဲ ဘောလုံးကို သူဘယ်လောက်တောင် ချစ်မြတ်နိုးလဲဆိုတာ သူ့ရဲ့ဆာလောင်မွတ်သိမ်မှုကို သူ့ရဲ့ကစားအားမှာ မြင်လာခဲ့ရတယ်။ ဒီပွဲမှာ သူ့ရဲ့ခွန်အားရှိရှိ တက်တက်ကြွကြွနဲ့ ကစားပုံကနေ အာဆင်နယ်အတွက် တဂိုးပိတ်သွင်းယူသွားခဲ့တယ်။

သူ့ရဲ့ နောက်ဆုံး သွင်းဂိုးက လွန်ခဲ့တဲ့ ၁၅ လလောက်က စတန်းဖို့ဒ်ဘရစ်ချ်မှာ သွင်းယူခဲ့တာဖြစ်တယ်။ သူ့ရဲ့ဂိုးဆာလောင်မှု ဘယ်လောက်ပြင်းပြနေသလဲဆိုတာ သူ့ရဲ့အောင်ပွဲခံမှုပုံစံက အထင်ရှားဆုံး သက်သေပြခဲ့တယ်။ ဒီနေ့မှာ သူ့ရဲ့ဂိုးပေါက်တည့်ကန်သွင်းချက်မှတ်တမ်းက အူဘာမီယန်းရဲ့ နောက်ဆုံး ၃ ပွဲပေါင်းထက် သာခဲ့သလို ဝီလီယံရဲ့ ဒီတရာသီလုံး ဂိုးပေါက်တည့်မှုမှတ်တမ်းထက် ပိုသာလွန်ခဲ့တယ်။

တိုက်စစ်ကို ဦးဆောင်နေတဲ့ လာကာဇက်ရဲ့လွှမ်းမိုးမှု
အူဘာမီယန်းရဲ့ နောက်လိုက်နေရာ၊ အရန်လူနေရာကနေတဆင့် တိုက်စစ်ကို ဦးဆောင်လာတဲ့ လာကာဇက်ရဲ့ လွှမ်းမိုးမှုက ကြီးမားလာတာကို တွေ့ရတယ်။ ဗဟိုတိုက်စစ်မှာ အာဆင်နယ်ကို ကောင်းကောင်းဆွဲတင်ပြီး ခြေစွမ်းပြနေတယ်။ ဒီနေ့မှာလည်း သူ့ရဲ့သွင်းဂိုးက ကောင်းခဲ့ပြီး အာဆင်နယ်ရဲ့အထောင်တိုက်စစ်မှူးစစ်စစ်အဖြစ် နေရာယူပြခဲ့တယ်။ အမ်းမရိတ်စ်မြေမှာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ပြန်လည်တုံ့ပြန်နိုင်တဲ့ ခြေစွမ်းပြမှုမျိုးကို သူဆက်လက်ထိန်းသိမ်းပြီး အခုထက်ပိုတိုးတက်လာမယ်လို့ ယုံကြည်ခံထားရတဲ့ နေရာပေးမှုမျိုးကို အာတီတာကလည်း လမ်းဖွင့်ပေးခဲ့တာပါ။

အာတီတာကြွေးကြော်သလိုဖြစ်လာဖို့ ပွဲကစားချိန်လိုအပ်နေတဲ့ ပါတေး
ဂါနာရဲ့စွမ်းဆောင်ရည်ကို ဘယ်သူကမှ သံသယမဖြစ်ပေမယ့် ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာပြီးနောက်ပိုင်း သူက သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသဖို့ ရုန်းကန်နေရဆဲ အခြေအနေဖြစ်တယ်။ ဒါကိုကျော်ဖြတ်ရမယ်။ ပုံမှန်ခြေစွမ်းကို ထိန်းမထားနိုင်သေးတာကို တွေ့ရတယ်။ အာတီတာကတော့ လာမယ့်ပွဲစဉ်တွေမှာ ပါတေးရဲ့အကောင်းဆုံးခြေစွမ်းတွေကို မြင်တွေ့ရစေ့မယ်လို့ အာမခံပြီး ကြွေးကြော်ထားတယ်။ သူက အခုထက်ပိုတဲ့ ပွဲကစားချိန်တွေ လုံလုံလောက်လောက် လိုသေးတာကို တွေ့ရတယ်။ ဒီနေ့ပွဲမှာ ကွင်းလယ်လူ ပါတေးဟာ ပွဲနဲ့စိမ်းနေတဲ့ ခံစားမှုမျိုးနဲ့ ကစားနေတာကို တွေ့ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ကို လက်ပြနှုတ်ဆက်သွားတဲ့ ရှက်ဖီးလ်
ခရစ္စ ဝိုင်လ်ဒါရဲ့ ရှက်ဖီးလ်က အာဆင်နယ်ကို အဘက်ဘက်က မယှဉ်နိုင်ဘဲ ရှူံးခဲ့တာဖြစ်တယ်။ ရှက်ဖီးလ် ဒီလူစာရင်းက ချန်ပီယံရှစ်မှာပဲ ကစားနေဖို့ ထိုက်တန်တယ်လို့ သူပြောဖူးသလိုပဲ ရှက်ဖီးလ်က တန်းဆင်းရပါတော့မယ်။ ပရီးမီးယားလိဂ်ကို လက်ပြနှုတ်ဆက်သွားတဲ့ အသင်းတွေဟာ တရာသီအကြာမှာပဲ ချက်ချင်းပြန်တန်းတက်လာတာရှိသလို အချိန်အတော်ကြာအထိ ပြန်မလာနိုင်ဘဲ ရုန်းကန်သွားရတတ်တာလည်း ရှိနေတာကြောင့် ရှက်ဖီးလ်အနေနဲ့ ပရီးမီးယားလိဂ်ကို အမြန်ဆုံးပြန်လာဖို့ မျှော်လင့်ပါတယ်။

အာတီတာရဲ့ လက်ရုံးတဆူဖြစ်လာတဲ့ ချာကာ
တီယာနေးရဲ့ ဘယ်နောက်ခံအစွန်နေရာကို ဖြည့်ဆည်းဖို့ အာတီတာက စိတ်ကူးအသစ်ထုတ်ခဲ့တယ်။ တီယာနေးက ဒဏ်ရာကြောင့် တရာသီလုံးနားရတော့မယ်အချိန်မှာ ချာကာက အာတီတာရဲ့ စွယ်စုံအသုံးပြုနိုင်တဲ့ လက်ရုံးတဆူဖြစ်လာတယ်။

ဒီနေရာမှာ ဆာကာကိုလည်း အသုံးပြုခဲ့ဖူးပေမယ့် ခံစစ်တာဝန်တွေကြောင့် သူ့ရဲ့တိုက်စစ်အရည်အသွေးတွေကို ဆုံးရှုံးရတာကြောင့် အာတီတာတမျိုးပြောင်းကြံခဲ့တယ်။ ချာကာကို ယုံယုံကြည်ကြည်နဲ့ပဲ တီယာနေးရဲ့တာဝန်တွေကို ခွဲတမ်းချပေးခဲ့သလို သူ့ရဲ့ကိုးစားမှုအတိုင်း ချာကာကလည်း အမှန်တကယ် တာဝန်ကျေပြီး ခြေစွမ်းတည်ငြိမ်ခဲ့တယ်။

ယူရိုပါလိဂ်မှာ ဒဏ်ရာအကျပ်အတည်းကို အာတီတာ ဘယ်လိုရင်ဆိုင်မလဲ
ဒီနေ့ပွဲမှာ တီယာနေး၊ စမစ်သ်ရိုး၊ အူဘာမီယန်း၊ နဲ့ မာတင် အိုဒီဂွာဒ်တို့က အာဆင်နယ်ရဲ့ လူစာရင်းထဲမှာ မပါခဲ့ဘူး။ ဒီကစားသမား ၄ ဦးစလုံးက အာဆင်နယ်အတွက် ပုံမှန်လို ပွဲထွက်နေရမယ့်အချိန်မှာ ဘူကာယို ဆာကာရဲ့ ကြွက်သားဒဏ်ရာ ရရှိမှုက အာတီတာကို ထပ်မံပြီး ထိုးနှက်သွားခဲ့တယ်။ လာမယ့်ယူရိုပါလိဂ် ကွာတားဒုကျော့မှာ အာဆင်နယ်ရဲ့လူစာရင်းက တောင့်တင်းနိုင်ပါ့မလဆိုတာ သူ့အတွက် အတော်လေးစိုးရိမ်စရာ ရှိနေတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.