Premier League

အာတီတာရဲ့စိတ်ကူးသစ် အလုပ်ဖြစ်ခဲ့တဲ့ ရှက်ဖီးလ်ဒ် 0-3 အာဆင်နယ်ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ 7ချက်

အာတီတာရဲ့စိတ်ကူးအသစ်က အလုပ်ဖြစ်ခဲ့ပြီး ပေးဂိုးမရှိ Clean Sheet နဲ့ ချိုမြိန်သွားခဲ့
ဒီပွဲမှာ အာတီတာက ၃၄၁၂ ကစားကွက်ကို ထုတ်သုံးလာခဲ့တာက ထူးခြားခဲ့တယ်။ Left Wing Back နေရာမှာ ဆီဘာယော့စ်က အံ့သြဖွယ်ရာ တာဝန်ယူခဲ့ရပြီး Left Cb. နေရာမှာတော့ ချာကာက ဝင်ကစားခဲ့ရတယ်။ ချာကာနဲ့ ဆီဘာယော့စ်က စီးဆင်းမှုရှိရှိ ကစားသွားခဲ့တယ်။ ဘယ်ခြမ်းက တီယာနေးကို တရာသီ ဆုံးရှူံးရချိန်မှာ အာတီတာရဲ့စိတ်ကူအသစ်က အလုပ်ဖြစ်ခဲ့တယ်။ ၁၄ ပွဲဆက် ဂိုးပေးခဲ့ရတဲ့ လီနိုရဲ့ ဂိုးပေါက်ဟာ ဒီနေ့မှာ Clean Sheet နဲ့အတူ အာဆင်နယ်ကို ချိုမြိန်စေခဲ့တယ်။

အူဘာမီယန်း၊ ဝီလီယံတို့ထက် ပိုသာလွန်တဲ့ ဒဏ်ရာက တကျော့ပြန် မာတီနယ်လီ
မာတီနယ်လီက ဒီနှစ်အစပိုင်းကမှ ဒဏ်ရာကနေ ပြန်သက်သာပြီး ကစားနိုင်ခဲ့သလို တဆက်တည်းပဲ ဘောလုံးကို သူဘယ်လောက်တောင် ချစ်မြတ်နိုးလဲဆိုတာ သူ့ရဲ့ဆာလောင်မွတ်သိမ်မှုကို သူ့ရဲ့ကစားအားမှာ မြင်လာခဲ့ရတယ်။ ဒီပွဲမှာ သူ့ရဲ့ခွန်အားရှိရှိ တက်တက်ကြွကြွနဲ့ ကစားပုံကနေ အာဆင်နယ်အတွက် တဂိုးပိတ်သွင်းယူသွားခဲ့တယ်။

သူ့ရဲ့ နောက်ဆုံး သွင်းဂိုးက လွန်ခဲ့တဲ့ ၁၅ လလောက်က စတန်းဖို့ဒ်ဘရစ်ချ်မှာ သွင်းယူခဲ့တာဖြစ်တယ်။ သူ့ရဲ့ဂိုးဆာလောင်မှု ဘယ်လောက်ပြင်းပြနေသလဲဆိုတာ သူ့ရဲ့အောင်ပွဲခံမှုပုံစံက အထင်ရှားဆုံး သက်သေပြခဲ့တယ်။ ဒီနေ့မှာ သူ့ရဲ့ဂိုးပေါက်တည့်ကန်သွင်းချက်မှတ်တမ်းက အူဘာမီယန်းရဲ့ နောက်ဆုံး ၃ ပွဲပေါင်းထက် သာခဲ့သလို ဝီလီယံရဲ့ ဒီတရာသီလုံး ဂိုးပေါက်တည့်မှုမှတ်တမ်းထက် ပိုသာလွန်ခဲ့တယ်။

တိုက်စစ်ကို ဦးဆောင်နေတဲ့ လာကာဇက်ရဲ့လွှမ်းမိုးမှု
အူဘာမီယန်းရဲ့ နောက်လိုက်နေရာ၊ အရန်လူနေရာကနေတဆင့် တိုက်စစ်ကို ဦးဆောင်လာတဲ့ လာကာဇက်ရဲ့ လွှမ်းမိုးမှုက ကြီးမားလာတာကို တွေ့ရတယ်။ ဗဟိုတိုက်စစ်မှာ အာဆင်နယ်ကို ကောင်းကောင်းဆွဲတင်ပြီး ခြေစွမ်းပြနေတယ်။ ဒီနေ့မှာလည်း သူ့ရဲ့သွင်းဂိုးက ကောင်းခဲ့ပြီး အာဆင်နယ်ရဲ့အထောင်တိုက်စစ်မှူးစစ်စစ်အဖြစ် နေရာယူပြခဲ့တယ်။ အမ်းမရိတ်စ်မြေမှာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ပြန်လည်တုံ့ပြန်နိုင်တဲ့ ခြေစွမ်းပြမှုမျိုးကို သူဆက်လက်ထိန်းသိမ်းပြီး အခုထက်ပိုတိုးတက်လာမယ်လို့ ယုံကြည်ခံထားရတဲ့ နေရာပေးမှုမျိုးကို အာတီတာကလည်း လမ်းဖွင့်ပေးခဲ့တာပါ။

အာတီတာကြွေးကြော်သလိုဖြစ်လာဖို့ ပွဲကစားချိန်လိုအပ်နေတဲ့ ပါတေး
ဂါနာရဲ့စွမ်းဆောင်ရည်ကို ဘယ်သူကမှ သံသယမဖြစ်ပေမယ့် ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာပြီးနောက်ပိုင်း သူက သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသဖို့ ရုန်းကန်နေရဆဲ အခြေအနေဖြစ်တယ်။ ဒါကိုကျော်ဖြတ်ရမယ်။ ပုံမှန်ခြေစွမ်းကို ထိန်းမထားနိုင်သေးတာကို တွေ့ရတယ်။ အာတီတာကတော့ လာမယ့်ပွဲစဉ်တွေမှာ ပါတေးရဲ့အကောင်းဆုံးခြေစွမ်းတွေကို မြင်တွေ့ရစေ့မယ်လို့ အာမခံပြီး ကြွေးကြော်ထားတယ်။ သူက အခုထက်ပိုတဲ့ ပွဲကစားချိန်တွေ လုံလုံလောက်လောက် လိုသေးတာကို တွေ့ရတယ်။ ဒီနေ့ပွဲမှာ ကွင်းလယ်လူ ပါတေးဟာ ပွဲနဲ့စိမ်းနေတဲ့ ခံစားမှုမျိုးနဲ့ ကစားနေတာကို တွေ့ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ကို လက်ပြနှုတ်ဆက်သွားတဲ့ ရှက်ဖီးလ်
ခရစ္စ ဝိုင်လ်ဒါရဲ့ ရှက်ဖီးလ်က အာဆင်နယ်ကို အဘက်ဘက်က မယှဉ်နိုင်ဘဲ ရှူံးခဲ့တာဖြစ်တယ်။ ရှက်ဖီးလ် ဒီလူစာရင်းက ချန်ပီယံရှစ်မှာပဲ ကစားနေဖို့ ထိုက်တန်တယ်လို့ သူပြောဖူးသလိုပဲ ရှက်ဖီးလ်က တန်းဆင်းရပါတော့မယ်။ ပရီးမီးယားလိဂ်ကို လက်ပြနှုတ်ဆက်သွားတဲ့ အသင်းတွေဟာ တရာသီအကြာမှာပဲ ချက်ချင်းပြန်တန်းတက်လာတာရှိသလို အချိန်အတော်ကြာအထိ ပြန်မလာနိုင်ဘဲ ရုန်းကန်သွားရတတ်တာလည်း ရှိနေတာကြောင့် ရှက်ဖီးလ်အနေနဲ့ ပရီးမီးယားလိဂ်ကို အမြန်ဆုံးပြန်လာဖို့ မျှော်လင့်ပါတယ်။

အာတီတာရဲ့ လက်ရုံးတဆူဖြစ်လာတဲ့ ချာကာ
တီယာနေးရဲ့ ဘယ်နောက်ခံအစွန်နေရာကို ဖြည့်ဆည်းဖို့ အာတီတာက စိတ်ကူးအသစ်ထုတ်ခဲ့တယ်။ တီယာနေးက ဒဏ်ရာကြောင့် တရာသီလုံးနားရတော့မယ်အချိန်မှာ ချာကာက အာတီတာရဲ့ စွယ်စုံအသုံးပြုနိုင်တဲ့ လက်ရုံးတဆူဖြစ်လာတယ်။

ဒီနေရာမှာ ဆာကာကိုလည်း အသုံးပြုခဲ့ဖူးပေမယ့် ခံစစ်တာဝန်တွေကြောင့် သူ့ရဲ့တိုက်စစ်အရည်အသွေးတွေကို ဆုံးရှုံးရတာကြောင့် အာတီတာတမျိုးပြောင်းကြံခဲ့တယ်။ ချာကာကို ယုံယုံကြည်ကြည်နဲ့ပဲ တီယာနေးရဲ့တာဝန်တွေကို ခွဲတမ်းချပေးခဲ့သလို သူ့ရဲ့ကိုးစားမှုအတိုင်း ချာကာကလည်း အမှန်တကယ် တာဝန်ကျေပြီး ခြေစွမ်းတည်ငြိမ်ခဲ့တယ်။

ယူရိုပါလိဂ်မှာ ဒဏ်ရာအကျပ်အတည်းကို အာတီတာ ဘယ်လိုရင်ဆိုင်မလဲ
ဒီနေ့ပွဲမှာ တီယာနေး၊ စမစ်သ်ရိုး၊ အူဘာမီယန်း၊ နဲ့ မာတင် အိုဒီဂွာဒ်တို့က အာဆင်နယ်ရဲ့ လူစာရင်းထဲမှာ မပါခဲ့ဘူး။ ဒီကစားသမား ၄ ဦးစလုံးက အာဆင်နယ်အတွက် ပုံမှန်လို ပွဲထွက်နေရမယ့်အချိန်မှာ ဘူကာယို ဆာကာရဲ့ ကြွက်သားဒဏ်ရာ ရရှိမှုက အာတီတာကို ထပ်မံပြီး ထိုးနှက်သွားခဲ့တယ်။ လာမယ့်ယူရိုပါလိဂ် ကွာတားဒုကျော့မှာ အာဆင်နယ်ရဲ့လူစာရင်းက တောင့်တင်းနိုင်ပါ့မလဆိုတာ သူ့အတွက် အတော်လေးစိုးရိမ်စရာ ရှိနေတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာတီတာရဲ႕စိတ္ကူးအသစ္က အလုပ္ျဖစ္ခဲ့ၿပီး ေပးဂိုးမရွိ Clean Sheet နဲ႔ ခ်ိဳၿမိန္သြားခဲ့
ဒီပြဲမွာ အာတီတာက ၃၄၁၂ ကစားကြက္ကို ထုတ္သုံးလာခဲ့တာက ထူးျခားခဲ့တယ္။ Left Wing Back ေနရာမွာ ဆီဘာေယာ့စ္က အံ့ၾသဖြယ္ရာ တာဝန္ယူခဲ့ရၿပီး Left Cb. ေနရာမွာေတာ့ ခ်ာကာက ဝင္ကစားခဲ့ရတယ္။ ခ်ာကာနဲ႔ ဆီဘာေယာ့စ္က စီးဆင္းမႈရွိရွိ ကစားသြားခဲ့တယ္။ ဘယ္ျခမ္းက တီယာေနးကို တရာသီ ဆုံးရႉံးရခ်ိန္မွာ အာတီတာရဲ႕စိတ္ကူအသစ္က အလုပ္ျဖစ္ခဲ့တယ္။ ၁၄ ပြဲဆက္ ဂိုးေပးခဲ့ရတဲ့ လီႏိုရဲ႕ ဂိုးေပါက္ဟာ ဒီေန႔မွာ Clean Sheet နဲ႔အတူ အာဆင္နယ္ကို ခ်ိဳၿမိန္ေစခဲ့တယ္။

အူဘာမီယန္း၊ ဝီလီယံတို႔ထက္ ပိုသာလြန္တဲ့ ဒဏ္ရာက တေက်ာ့ျပန္ မာတီနယ္လီ
မာတီနယ္လီက ဒီႏွစ္အစပိုင္းကမွ ဒဏ္ရာကေန ျပန္သက္သာၿပီး ကစားႏိုင္ခဲ့သလို တဆက္တည္းပဲ ေဘာလုံးကို သူဘယ္ေလာက္ေတာင္ ခ်စ္ျမတ္ႏိုးလဲဆိုတာ သူ႔ရဲ႕ဆာေလာင္မြတ္သိမ္မႈကို သူ႔ရဲ႕ကစားအားမွာ ျမင္လာခဲ့ရတယ္။ ဒီပြဲမွာ သူ႔ရဲ႕ခြန္အားရွိရွိ တက္တက္ႂကြႂကြနဲ႔ ကစားပုံကေန အာဆင္နယ္အတြက္ တဂိုးပိတ္သြင္းယူသြားခဲ့တယ္။

သူ႔ရဲ႕ ေနာက္ဆုံး သြင္းဂိုးက လြန္ခဲ့တဲ့ ၁၅ လေလာက္က စတန္းဖို႔ဒ္ဘရစ္ခ်္မွာ သြင္းယူခဲ့တာျဖစ္တယ္။ သူ႔ရဲ႕ဂိုးဆာေလာင္မႈ ဘယ္ေလာက္ျပင္းျပေနသလဲဆိုတာ သူ႔ရဲ႕ေအာင္ပြဲခံမႈပုံစံက အထင္ရွားဆုံး သက္ေသျပခဲ့တယ္။ ဒီေန႔မွာ သူ႔ရဲ႕ဂိုးေပါက္တည့္ကန္သြင္းခ်က္မွတ္တမ္းက အူဘာမီယန္းရဲ႕ ေနာက္ဆုံး ၃ ပြဲေပါင္းထက္ သာခဲ့သလို ဝီလီယံရဲ႕ ဒီတရာသီလုံး ဂိုးေပါက္တည့္မႈမွတ္တမ္းထက္ ပိုသာလြန္ခဲ့တယ္။

တိုက္စစ္ကို ဦးေဆာင္ေနတဲ့ လာကာဇက္ရဲ႕လႊမ္းမိုးမႈ
အူဘာမီယန္းရဲ႕ ေနာက္လိုက္ေနရာ၊ အရန္လူေနရာကေနတဆင့္ တိုက္စစ္ကို ဦးေဆာင္လာတဲ့ လာကာဇက္ရဲ႕ လႊမ္းမိုးမႈက ႀကီးမားလာတာကို ေတြ႕ရတယ္။ ဗဟိုတိုက္စစ္မွာ အာဆင္နယ္ကို ေကာင္းေကာင္းဆြဲတင္ၿပီး ေျခစြမ္းျပေနတယ္။ ဒီေန႔မွာလည္း သူ႔ရဲ႕သြင္းဂိုးက ေကာင္းခဲ့ၿပီး အာဆင္နယ္ရဲ႕အေထာင္တိုက္စစ္မႉးစစ္စစ္အျဖစ္ ေနရာယူျပခဲ့တယ္။ အမ္းမရိတ္စ္ေျမမွာ ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကို ျပန္လည္တုံ႔ျပန္ႏိုင္တဲ့ ေျခစြမ္းျပမႈမ်ိဳးကို သူဆက္လက္ထိန္းသိမ္းၿပီး အခုထက္ပိုတိုးတက္လာမယ္လို႔ ယုံၾကည္ခံထားရတဲ့ ေနရာေပးမႈမ်ိဳးကို အာတီတာကလည္း လမ္းဖြင့္ေပးခဲ့တာပါ။

အာတီတာေႂကြးေၾကာ္သလိုျဖစ္လာဖို႔ ပြဲကစားခ်ိန္လိုအပ္ေနတဲ့ ပါေတး
ဂါနာရဲ႕စြမ္းေဆာင္ရည္ကို ဘယ္သူကမွ သံသယမျဖစ္ေပမယ့္ ေပါင္ ၄၅ သန္းနဲ႔ ေရာက္ရွိလာၿပီးေနာက္ပိုင္း သူက သူ႔ရဲ႕အေကာင္းဆုံးပုံစံကို ျပသဖို႔ ႐ုန္းကန္ေနရဆဲ အေျခအေနျဖစ္တယ္။ ဒါကိုေက်ာ္ျဖတ္ရမယ္။ ပုံမွန္ေျခစြမ္းကို ထိန္းမထားႏိုင္ေသးတာကို ေတြ႕ရတယ္။ အာတီတာကေတာ့ လာမယ့္ပြဲစဥ္ေတြမွာ ပါေတးရဲ႕အေကာင္းဆုံးေျခစြမ္းေတြကို ျမင္ေတြ႕ရေစ့မယ္လို႔ အာမခံၿပီး ေႂကြးေၾကာ္ထားတယ္။ သူက အခုထက္ပိုတဲ့ ပြဲကစားခ်ိန္ေတြ လုံလုံေလာက္ေလာက္ လိုေသးတာကို ေတြ႕ရတယ္။ ဒီေန႔ပြဲမွာ ကြင္းလယ္လူ ပါေတးဟာ ပြဲနဲ႔စိမ္းေနတဲ့ ခံစားမႈမ်ိဳးနဲ႔ ကစားေနတာကို ေတြ႕ခဲ့ရပါတယ္။

ပရီးမီးယားလိဂ္ကို လက္ျပႏႈတ္ဆက္သြားတဲ့ ရွက္ဖီးလ္
ခရစၥ ဝိုင္လ္ဒါရဲ႕ ရွက္ဖီးလ္က အာဆင္နယ္ကို အဘက္ဘက္က မယွဥ္ႏိုင္ဘဲ ရႉံးခဲ့တာျဖစ္တယ္။ ရွက္ဖီးလ္ ဒီလူစာရင္းက ခ်န္ပီယံရွစ္မွာပဲ ကစားေနဖို႔ ထိုက္တန္တယ္လို႔ သူေျပာဖူးသလိုပဲ ရွက္ဖီးလ္က တန္းဆင္းရပါေတာ့မယ္။ ပရီးမီးယားလိဂ္ကို လက္ျပႏႈတ္ဆက္သြားတဲ့ အသင္းေတြဟာ တရာသီအၾကာမွာပဲ ခ်က္ခ်င္းျပန္တန္းတက္လာတာရွိသလို အခ်ိန္အေတာ္ၾကာအထိ ျပန္မလာႏိုင္ဘဲ ႐ုန္းကန္သြားရတတ္တာလည္း ရွိေနတာေၾကာင့္ ရွက္ဖီးလ္အေနနဲ႔ ပရီးမီးယားလိဂ္ကို အျမန္ဆုံးျပန္လာဖို႔ ေမွ်ာ္လင့္ပါတယ္။

အာတီတာရဲ႕ လက္႐ုံးတဆူျဖစ္လာတဲ့ ခ်ာကာ
တီယာေနးရဲ႕ ဘယ္ေနာက္ခံအစြန္ေနရာကို ျဖည့္ဆည္းဖို႔ အာတီတာက စိတ္ကူးအသစ္ထုတ္ခဲ့တယ္။ တီယာေနးက ဒဏ္ရာေၾကာင့္ တရာသီလုံးနားရေတာ့မယ္အခ်ိန္မွာ ခ်ာကာက အာတီတာရဲ႕ စြယ္စုံအသုံးျပဳႏိုင္တဲ့ လက္႐ုံးတဆူျဖစ္လာတယ္။

ဒီေနရာမွာ ဆာကာကိုလည္း အသုံးျပဳခဲ့ဖူးေပမယ့္ ခံစစ္တာဝန္ေတြေၾကာင့္ သူ႔ရဲ႕တိုက္စစ္အရည္အေသြးေတြကို ဆုံးရႈံးရတာေၾကာင့္ အာတီတာတမ်ိဳးေျပာင္းႀကံခဲ့တယ္။ ခ်ာကာကို ယုံယုံၾကည္ၾကည္နဲ႔ပဲ တီယာေနးရဲ႕တာဝန္ေတြကို ခြဲတမ္းခ်ေပးခဲ့သလို သူ႔ရဲ႕ကိုးစားမႈအတိုင္း ခ်ာကာကလည္း အမွန္တကယ္ တာဝန္ေက်ၿပီး ေျခစြမ္းတည္ၿငိမ္ခဲ့တယ္။

ယူ႐ိုပါလိဂ္မွာ ဒဏ္ရာအက်ပ္အတည္းကို အာတီတာ ဘယ္လိုရင္ဆိုင္မလဲ
ဒီေန႔ပြဲမွာ တီယာေနး၊ စမစ္သ္႐ိုး၊ အူဘာမီယန္း၊ နဲ႔ မာတင္ အိုဒီဂြာဒ္တို႔က အာဆင္နယ္ရဲ႕ လူစာရင္းထဲမွာ မပါခဲ့ဘူး။ ဒီကစားသမား ၄ ဦးစလုံးက အာဆင္နယ္အတြက္ ပုံမွန္လို ပြဲထြက္ေနရမယ့္အခ်ိန္မွာ ဘူကာယို ဆာကာရဲ႕ ႂကြက္သားဒဏ္ရာ ရရွိမႈက အာတီတာကို ထပ္မံၿပီး ထိုးႏွက္သြားခဲ့တယ္။ လာမယ့္ယူ႐ိုပါလိဂ္ ကြာတားဒုေက်ာ့မွာ အာဆင္နယ္ရဲ႕လူစာရင္းက ေတာင့္တင္းႏိုင္ပါ့မလဆိုတာ သူ႔အတြက္ အေတာ္ေလးစိုးရိမ္စရာ ရွိေနတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.