Premier League

လီဗာပူးလ်ရဲ့ ကြောက်မက်ဖွယ် နိုင်လိုစိတ်ပြန်မြင်ရတဲ့ ဗီလာကို 2:1 နဲ့နိုင်ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ ၇ ချက်

ဆောက်ဂိတ်ကို ပညာထပ်ပြလိုက်တဲ့ အာနိုးလ်
ထရန့် အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဒီနေ့ပွဲမှာ သူ့ရဲ့အကောင်းဆုံးပုံစံနဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြပြီး ကစားသွားခဲ့တယ်။ ခြေစွမ်းကျနေတယ်လို့ ဝေဖန်ခံရပြီး အင်္ဂလန်လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ နာကျည်းချက်က ဒီနေ့ ဆောက်ဂိတ် ကိုယ်တိုင်လာကြည်တဲ့ပွဲမှာ သူ့ကိုပေါက်ကွဲစေခဲ့တယ်။ အက်စတန် ဗီလာက သူ့ကိုဦးတည်ပြီး လီဗာပူးလ်ခံစစ်ကို ဖောက်ခွဲဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ထရာဇီဂေးနဲ့ ဝက်ကင်းစ်တို့အလုပ်မဖြစ်ခဲ့တဲ့အပြင် အာနိုးလ်က လီဗာပူးလ်ရဲ့ နောက်ကျအနိုင်ဂိုးရှင်အဖြစ်ပါ ပွဲခံသွားခဲ့တယ်။ သူက ယူရိုပြိုင်ပွဲအတွက် ကိုင်လီ ဝေါလ်ကာထက် ထိုက်တန်ကြောင်း ပြသခဲ့တယ်။

လီဗာပူးလ်ရဲ့ ကြောက်မက်ဖွယ် နိုင်လိုစိတ်တွေ ပြန်မြင်ရတဲ့ပွဲ
ပထမအကျော့က ၇-၂ ရလဒ်နဲ့ ဗီလာကို ဒူးထောက်ခဲ့ရတဲ့ လီဗာပူးလ်က အခုအန်ဖီးလ်မြေမှာတော့ ကြောက်မက်ဖွယ် နိုင်လိုစိတ်ကို ပြသပြီး နိုင်ပွဲဆောင်ခဲ့တယ်။ ဒီပွဲမတိုင်မီက လီဗာပူးလ်က ပရီးမီးယားလိဂ်နောက်ဆုံး အန်ဖီးလ် ၅ ပွဲဆက် ရှုံးထားတယ်။ အန်ဖီးလ်မြေမှာ ဒီဇင်ဘာက နောက်ဆုံးအနိုင်ရထားတာဖြစ်တယ်။ ကလော့ပ်က ပြန်လည်သွတ်သွင်းသွားခဲ့တဲ့ နိုင်ပွဲစိတ်ဓာတ်က အဆင့် ၄ ဝင်ဖို့ လီဗာပူးလ်ကို ခပ်ပြင်းပြင်း မောင်းနှင်နေတာကို တွေ့ရတယ်။

ဂရီးလစ်ရှ်ကို လွမ်းဆွတ်နေရတဲ့ ဗီလာ
ဂျက်ဂရီးလစ်ရှ် မပါဝင်တဲ့ ဗီလာက ဖန်တီးမှုအပိုင်းမှာ အတော်ရုန်းကန်နေရတယ်။ ညို့သကျည်းဒဏ်ရာ အရှင်းမပျောက်သေးလို့ ဒီပွဲကို ထပ်မံလွဲချော်ခဲ့သလို ဗီလာကလည်း သူ့လို အားကိုးရတဲ့ ကစားသမားမပါဝင်လို့ ထပ်မံရုန်းကန်ရတယ်။ လီဗာပူးလ်က နိုင်ပွဲနဲ့ ထိုက်ခဲ့တယ်။ လိုအပ်တာကို ရအောင်ယူသွားတယ်။ ဗီလာထက် ပိုကောင်းခဲ့တယ်။ ဒါကငြင်းမရခဲ့လို့ ဗီလာတို့ဟာ လီဗာပူးလ်ကို ကောင်းကောင်းဒုက္ခပေးနိုင်နတဲ့ ဂရီးလစ်ရှ်ကို လွမ်းဆွတ်ခဲ့ရတယ်။

VAR ထိုးနှက်မှုနဲ့ အလွမ်းသင့်နေဆဲ လီဗာပူးလ်
ဒီရာသီ လီဗာပူးလ်နဲ့ VAR ရဲ့ ထိုးနှက်မှုတွေက ပြောမဆုံးအောင်ကို ဖြစ်ရတယ်။ ဒီနေ့ပွဲမှာလည်း ဖာမီနိုရဲ့ သွင်းဂိုးဟာ မှားယွင်းစွာ ပယ်ဖျက်ခြင်းခံခဲ့ရတယ်။ VAR ရဲ့ အဆိုးရွားဆုံး ဆုံးဖြတ်ချက်တွေထဲက တခုပါပဲ။ လူကျွံဘောဥပေဒကို အတော်လေးသတိထားပြီး ပြင်ဆင်တော့ဖို့ ဖြစ်တယ်။ ဂျိုတာရဲ့ ပေးပို့မှုကနေတဆင့် ဖာမီနိုရဲ့ ချေပဂိုးဟာ ဘာအကြောင်းပြချက်နဲ့မှ မပေးစရာမရှိတဲ့ ဂိုးမျိုးဖြစ်တယ်။ ဆုံးဖြတ်ချက်မှားပါတယ်။ ဒီအမှားတွေက ပွဲတပွဲရဲ့ ရသပိုင်းကို အတော့်ကိုဖျက်ဆီးနေတယ်။ ပရိသတ်တွေအတွက် ဒေါသထွက်စရာကောင်းပါတယ်။ VAR ထိုးနှက်မှုနဲ့ အလွမ်းသင့်နေဆဲ လီဗာပူးလ်ကို ဆက်လက်မြင်တွေ့ခဲ့ရတယ်လို့သာ ပြောရတော့မှာပါ။

အင်္ဂလန်ရဲ့ ယူရိုလူစာရင်းကို မျက်စိကျလာတဲ့ ဝပ်ကင်းစ်
ဗီလာတိုက်စစ်မှူး ဝပ်ကင်းစ်အကြောင်း နည်းနည်းပြောချင်ပါတယ်။ အင်္ဂလန်ရဲ့ ယူရိုလူစာရင်းမှာ ဟာရီကိန်းက အဓိကတိုက်စစ်မှူးအဖြစ် ရွေးချယ်ခံရဖို့ သေချာပြီးသားဖြစ်တယ်။ မေးခွန်းက သူ့ရဲ့အရန်လူနေရာကို ဘယ်သူနဲ့အားဖြည့်မလဲဆိုတာပါ။ ဒီနေ့ပွဲမှာ သူ့ရဲ့ကန်သွင်းမှုက အတော်လေးလှပခဲ့ပြီး ဗီလာကို ဦးဆောင်စေခဲ့တယ်။ ဒီရာသီမှာ သူ့သွင်းဂိုးက ၁၂ ဂိုးရှိလာပြီဖြစ်တယ်။ ကယ်လ်ဗတ် လူဝင်နဲ့အပြိုင် သူ့ကိုစဉ်းစားဖို့ ဆောက်ဂိတ်မှာ တာဝန်ရှိလာသလို သူက ဒီရာသီရဲ့ အကောင်းဆုံး ခေါ်ယူမှုတွေထဲက တခုအဖြစ် သက်သေပြခဲ့ပါတယ်။

ဖာဘင်ညို၊ ဗိုင်နယ်လ်ဒမ်၊ မီလ်နာတို့ရဲ့ သက်လုံကောင်းတဲ့ ကွင်းလယ်အတွဲ
ဒီ ၃ ဦးက လီဗာပူးလ်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ လျင်မြင်ဖျတ်လတ်တဲ့ ကွင်းလယ်အတွဲတော့ မဟုတ်သေးဘူး။ ဒါပေမယ့် သက်လုံအားကောင်းမှု၊ မရပ်မနားပြေးလွှားနိုင်မှု၊ နေရာယူပုံ အမြော်အမြင်ရှိမှု၊ ဘောလုံးပြန်လည်ဆယ်ယူမှုတွေက အသင်းကို အတော်လေးအကျိုးပြုခဲ့တယ်။

ဘောလုံးဆုံးရှုံးချိန်မှာ သူတို့က စိန်ပွင့်သဏ္ဍန် ကွင်းလယ်ကို ပုံဖော်ပြီး ဦးဆောင် မောင်းနှင်ပြီးကစားခဲ့ကြတယ်။ လျင်မြန်မှုနဲ့ ဆုံးဖြတ်ချက်ချမှုအပိုင်းမှာ မီလ်နာက အတော်လေးအားကိုးခဲ့ရသလို ဒီအပိုင်းမှာတော့ အယ်လ်ကန်တာရာက သူ့လိုလုပ်နိုင်ဖို့ဆိုတာ မလွယ်ကူတဲ့အရာပါ။

လီဗာပူးလ်က ဘရာဇီးလ်သားတွေရဲ့ကံကြမ္မာ
ဂိုးသမား အယ်လစ်ဆန်က အတော်လေးလက်စွမ်းကျဆင်းနေတာကို တွေ့ရတယ်။ ရီးရဲလ်နဲ့ပွဲမှာ သူက ၁ဂိုးကနေ ၂ ဂိုးလောက်အထိ ကာကွယ်နိုင်ခဲ့ဖို့ ကောင်းတယ်။ ဒီနေ့မှာလည်း ဝက်ကင်းစ်ရဲ့ဦးဆောင်ဂိုးကို သူက ကာကွယ်နိုင်ဖို့ တတ်နိုင်ပေမယ့် လက်စွမ်းကျနေခဲ့ပြန်တယ်။ သူ့ရဲ့ ဘောလုံးကိုင်ကစားမှုနဲ့ ဖြန့်ဝေပေးပို့မှုကတော့ အတော်လေးအားရစရာ ရှိနေသေးတယ်။ ဖာဘင်ညိုကတော့ ကွင်းလယ်မှာ ပြောစရာတချက်မှ မလိုအောင် ပြောင်မြောက်တဲ့ကစားပုံကို ပြသခဲ့တယ်။ သူ့ကို မျှော်လင့်ထားတဲ့အတိုင်း အပြည့်အဝ ကျေနပ်စေခဲ့တယ်။

ဖာမီနိုဟာ ပုံမှန်ခြေစွမ်းကို ပြန်ရနေတာကို အားရစရာတွေ့ရတယ်။ ပါးနပ်တယ်။ ဖြတ်ထိုးဉာဏ်နဲ့ ကစားခဲ့တယ်။ သူ့ဂိုး ခွင့်ပြုမခံခဲ့ရတာတော့ အကောင်းထဲက အဆိုးဖြစ်ခဲ့တယ်။ ခြေစွမ်းအရတော့ မေးခွန်းထုတ်စရာ မရှိအောင်ကို သူက ပြန်လည်တည်ငြိမ်လာခဲ့ပြီဖြစ်တယ်။ အနိုင်ဂိုးလိုအပ်ချိန်မှာ သူ့ကိုလူစားလဲခဲ့လို့ ပရိသတ်တွေ စိတ်ပျက်ခဲ့ရသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဆာက္ဂိတ္ကို ပညာထပ္ျပလိုက္တဲ့ အာႏိုးလ္
ထရန႔္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ဒီေန႔ပြဲမွာ သူ႔ရဲ႕အေကာင္းဆုံးပုံစံနဲ႔ စြမ္းေဆာင္ရည္ကို ထုတ္ျပၿပီး ကစားသြားခဲ့တယ္။ ေျခစြမ္းက်ေနတယ္လို႔ ေဝဖန္ခံရၿပီး အဂၤလန္လူစာရင္းမွာ ခ်န္လွပ္ခံခဲ့ရတဲ့ နာက်ည္းခ်က္က ဒီေန႔ ေဆာက္ဂိတ္ ကိုယ္တိုင္လာၾကည္တဲ့ပြဲမွာ သူ႔ကိုေပါက္ကြဲေစခဲ့တယ္။ အက္စတန္ ဗီလာက သူ႔ကိုဦးတည္ၿပီး လီဗာပူးလ္ခံစစ္ကို ေဖာက္ခြဲဖို႔ ပစ္မွတ္ထားခဲ့ေပမယ့္ ထရာဇီေဂးနဲ႔ ဝက္ကင္းစ္တို႔အလုပ္မျဖစ္ခဲ့တဲ့အျပင္ အာႏိုးလ္က လီဗာပူးလ္ရဲ႕ ေနာက္က်အႏိုင္ဂိုးရွင္အျဖစ္ပါ ပြဲခံသြားခဲ့တယ္။ သူက ယူ႐ိုၿပိဳင္ပြဲအတြက္ ကိုင္လီ ေဝါလ္ကာထက္ ထိုက္တန္ေၾကာင္း ျပသခဲ့တယ္။

လီဗာပူးလ္ရဲ႕ ေၾကာက္မက္ဖြယ္ ႏိုင္လိုစိတ္ေတြ ျပန္ျမင္ရတဲ့ပြဲ
ပထမအေက်ာ့က ၇-၂ ရလဒ္နဲ႔ ဗီလာကို ဒူးေထာက္ခဲ့ရတဲ့ လီဗာပူးလ္က အခုအန္ဖီးလ္ေျမမွာေတာ့ ေၾကာက္မက္ဖြယ္ ႏိုင္လိုစိတ္ကို ျပသၿပီး ႏိုင္ပြဲေဆာင္ခဲ့တယ္။ ဒီပြဲမတိုင္မီက လီဗာပူးလ္က ပရီးမီးယားလိဂ္ေနာက္ဆုံး အန္ဖီးလ္ ၅ ပြဲဆက္ ရႈံးထားတယ္။ အန္ဖီးလ္ေျမမွာ ဒီဇင္ဘာက ေနာက္ဆုံးအႏိုင္ရထားတာျဖစ္တယ္။ ကေလာ့ပ္က ျပန္လည္သြတ္သြင္းသြားခဲ့တဲ့ ႏိုင္ပြဲစိတ္ဓာတ္က အဆင့္ ၄ ဝင္ဖို႔ လီဗာပူးလ္ကို ခပ္ျပင္းျပင္း ေမာင္းႏွင္ေနတာကို ေတြ႕ရတယ္။

ဂရီးလစ္ရွ္ကို လြမ္းဆြတ္ေနရတဲ့ ဗီလာ
ဂ်က္ဂရီးလစ္ရွ္ မပါဝင္တဲ့ ဗီလာက ဖန္တီးမႈအပိုင္းမွာ အေတာ္႐ုန္းကန္ေနရတယ္။ ညိဳ႕သက်ည္းဒဏ္ရာ အရွင္းမေပ်ာက္ေသးလို႔ ဒီပြဲကို ထပ္မံလြဲေခ်ာ္ခဲ့သလို ဗီလာကလည္း သူ႔လို အားကိုးရတဲ့ ကစားသမားမပါဝင္လို႔ ထပ္မံ႐ုန္းကန္ရတယ္။ လီဗာပူးလ္က ႏိုင္ပြဲနဲ႔ ထိုက္ခဲ့တယ္။ လိုအပ္တာကို ရေအာင္ယူသြားတယ္။ ဗီလာထက္ ပိုေကာင္းခဲ့တယ္။ ဒါကျငင္းမရခဲ့လို႔ ဗီလာတို႔ဟာ လီဗာပူးလ္ကို ေကာင္းေကာင္းဒုကၡေပးႏိုင္နတဲ့ ဂရီးလစ္ရွ္ကို လြမ္းဆြတ္ခဲ့ရတယ္။

VAR ထိုးႏွက္မႈနဲ႔ အလြမ္းသင့္ေနဆဲ လီဗာပူးလ္
ဒီရာသီ လီဗာပူးလ္နဲ႔ VAR ရဲ႕ ထိုးႏွက္မႈေတြက ေျပာမဆုံးေအာင္ကို ျဖစ္ရတယ္။ ဒီေန႔ပြဲမွာလည္း ဖာမီႏိုရဲ႕ သြင္းဂိုးဟာ မွားယြင္းစြာ ပယ္ဖ်က္ျခင္းခံခဲ့ရတယ္။ VAR ရဲ႕ အဆိုး႐ြားဆုံး ဆုံးျဖတ္ခ်က္ေတြထဲက တခုပါပဲ။ လူကြၽံေဘာဥေပဒကို အေတာ္ေလးသတိထားၿပီး ျပင္ဆင္ေတာ့ဖို႔ ျဖစ္တယ္။ ဂ်ိဳတာရဲ႕ ေပးပို႔မႈကေနတဆင့္ ဖာမီႏိုရဲ႕ ေခ်ပဂိုးဟာ ဘာအေၾကာင္းျပခ်က္နဲ႔မွ မေပးစရာမရွိတဲ့ ဂိုးမ်ိဳးျဖစ္တယ္။ ဆုံးျဖတ္ခ်က္မွားပါတယ္။ ဒီအမွားေတြက ပြဲတပြဲရဲ႕ ရသပိုင္းကို အေတာ့္ကိုဖ်က္ဆီးေနတယ္။ ပရိသတ္ေတြအတြက္ ေဒါသထြက္စရာေကာင္းပါတယ္။ VAR ထိုးႏွက္မႈနဲ႔ အလြမ္းသင့္ေနဆဲ လီဗာပူးလ္ကို ဆက္လက္ျမင္ေတြ႕ခဲ့ရတယ္လို႔သာ ေျပာရေတာ့မွာပါ။

အဂၤလန္ရဲ႕ ယူ႐ိုလူစာရင္းကို မ်က္စိက်လာတဲ့ ဝပ္ကင္းစ္
ဗီလာတိုက္စစ္မႉး ဝပ္ကင္းစ္အေၾကာင္း နည္းနည္းေျပာခ်င္ပါတယ္။ အဂၤလန္ရဲ႕ ယူ႐ိုလူစာရင္းမွာ ဟာရီကိန္းက အဓိကတိုက္စစ္မႉးအျဖစ္ ေ႐ြးခ်ယ္ခံရဖို႔ ေသခ်ာၿပီးသားျဖစ္တယ္။ ေမးခြန္းက သူ႔ရဲ႕အရန္လူေနရာကို ဘယ္သူနဲ႔အားျဖည့္မလဲဆိုတာပါ။ ဒီေန႔ပြဲမွာ သူ႔ရဲ႕ကန္သြင္းမႈက အေတာ္ေလးလွပခဲ့ၿပီး ဗီလာကို ဦးေဆာင္ေစခဲ့တယ္။ ဒီရာသီမွာ သူ႔သြင္းဂိုးက ၁၂ ဂိုးရွိလာၿပီျဖစ္တယ္။ ကယ္လ္ဗတ္ လူဝင္နဲ႔အၿပိဳင္ သူ႔ကိုစဥ္းစားဖို႔ ေဆာက္ဂိတ္မွာ တာဝန္ရွိလာသလို သူက ဒီရာသီရဲ႕ အေကာင္းဆုံး ေခၚယူမႈေတြထဲက တခုအျဖစ္ သက္ေသျပခဲ့ပါတယ္။

ဖာဘင္ညိဳ၊ ဗိုင္နယ္လ္ဒမ္၊ မီလ္နာတို႔ရဲ႕ သက္လုံေကာင္းတဲ့ ကြင္းလယ္အတြဲ
ဒီ ၃ ဦးက လီဗာပူးလ္ရဲ႕ စိတ္လႈပ္ရွားစရာ အေကာင္းဆုံးနဲ႔ လ်င္ျမင္ဖ်တ္လတ္တဲ့ ကြင္းလယ္အတြဲေတာ့ မဟုတ္ေသးဘူး။ ဒါေပမယ့္ သက္လုံအားေကာင္းမႈ၊ မရပ္မနားေျပးလႊားႏိုင္မႈ၊ ေနရာယူပုံ အေျမာ္အျမင္ရွိမႈ၊ ေဘာလုံးျပန္လည္ဆယ္ယူမႈေတြက အသင္းကို အေတာ္ေလးအက်ိဳးျပဳခဲ့တယ္။ ေဘာလုံးဆူံးရႉံးခ်ိန္မွာ သူတို႔က စိန္ပြင့္သ႑န္ ကြင္းလယ္ကို ပုံေဖာ္ၿပီး ဦးေဆာင္ ေမာင္းႏွင္ၿပီးကစားခဲ့ၾကတယ္။ လ်င္ျမန္မႈနဲ႔ ဆုံးျဖတ္ခ်က္ခ်မႈအပိုင္းမွာ မီလ္နာက အေတာ္ေလးအားကိုးခဲ့ရသလို ဒီအပိုင္းမွာေတာ့ အယ္လ္ကန္တာရာက သူ႔လိုလုပ္ႏိုင္ဖို႔ဆိုတာ မလြယ္ကူတဲ့အရာပါ။

လီဗာပူးလ္က ဘရာဇီးလ္သားေတြရဲ႕ကံၾကမၼာ
ဂိုးသမား အယ္လစ္ဆန္က အေတာ္ေလးလက္စြမ္းက်ဆင္းေနတာကို ေတြ႕ရတယ္။ ရီးရဲလ္နဲ႔ပြဲမွာ သူက ၁ဂိုးကေန ၂ ဂိုးေလာက္အထိ ကာကြယ္ႏိုင္ခဲ့ဖို႔ ေကာင္းတယ္။ ဒီေန႔မွာလည္း ဝက္ကင္းစ္ရဲ႕ဦးေဆာင္ဂိုးကို သူက ကာကြယ္ႏိုင္ဖို႔ တတ္ႏိုင္ေပမယ့္ လက္စြမ္းက်ေနခဲ့ျပန္တယ္။ သူ႔ရဲ႕ ေဘာလုံးကိုင္ကစားမႈနဲ႔ ျဖန႔္ေဝေပးပို႔မႈကေတာ့ အေတာ္ေလးအားရစရာ ရွိေနေသးတယ္။ ဖာဘင္ညိဳကေတာ့ ကြင္းလယ္မွာ ေျပာစရာတခ်က္မွ မလိုေအာင္ ေျပာင္ေျမာက္တဲ့ကစားပုံကို ျပသခဲ့တယ္။ သူ႔ကို ေမွ်ာ္လင့္ထားတဲ့အတိုင္း အျပည့္အဝ ေက်နပ္ေစခဲ့တယ္။

ဖာမီႏိုဟာ ပုံမွန္ေျခစြမ္းကို ျပန္ရေနတာကို အားရစရာေတြ႕ရတယ္။ ပါးနပ္တယ္။ ျဖတ္ထိုးဉာဏ္နဲ႔ ကစားခဲ့တယ္။ သူ႔ဂိုး ခြင့္ျပဳမခံခဲ့ရတာေတာ့ အေကာင္းထဲက အဆိုးျဖစ္ခဲ့တယ္။ ေျခစြမ္းအရေတာ့ ေမးခြန္းထုတ္စရာ မရွိေအာင္ကို သူက ျပန္လည္တည္ၿငိမ္လာခဲ့ၿပီျဖစ္တယ္။ အႏိုင္ဂိုးလိုအပ္ခ်ိန္မွာ သူ႔ကိုလူစားလဲခဲ့လို႔ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.