Premier League

ဂိုးဖြုန်းလွန်းလို့ မန်စီးတီး အပြစ်ဒဏ်ခံရတဲ့ မန်စီးတီး 1:2 လိဒ်စ်ယူနိုက်တက် ပွဲပြီး ထုတ်နုတ် ပြောစရာ ၇ ချက်

ဂိုးဖြုန်းလွန်းတဲ့ မန်စီးတီး အပြစ်ဒဏ်ခံရ
မန်စီးတီးက နောက်ကလိုက်ကစားရတဲ့ အခြေအနေကို မရင်းနှီးလွန်းတာကို တွေ့ရတယ်။ ဦးဆောင်ဂိုးပေးခဲ့ရလို့ ချေပဂိုးရလိုဇောနဲ့ တိုက်စစ်ကို အဆုံးထိတင်ကစားတယ်။ ဖွင့်ကစားလွန်းအားကြီးလို့ လိဒ်စ်ရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံလိုက်ရတာဖြစ်တယ်။ ၁၀ ယောက်နဲ့ လိဒ်စ်ကို ဖိကစားလွန်းပေမယ့် ဂိုးဖြုန်းတီးမှုတွေကပဲ အစ်တီဟတ်ရှုံးပွဲကို မမျှော်လင့်ထားဘဲ ခံစားသွားစေရတဲ့ အချက်လည်းဖြစ်တယ်။ ၂၀၀၄ ခုနှစ်နောက်ပိုင်း မန်စီးတီးကို ပထမဆုံးအနိုင်ရတဲ့ လိဒ်စ်ရဲ့အောင်ပွဲလည်းဖြစ်တယ်။

၁၀ ယောက်တည်းနဲ့ ဇွဲကြီးလွန်းတဲ့ လိဒ်စ်ရဲ့ ထိုက်တန်တဲ့ အောင်ပွဲ
တန်းတက်လာကတည်းက စိတ်လှုပ်ရှားစရာ ကစားပုံကို ပြသခဲ့တဲ့ လိဒ်စ်က ဒီနေ့ပွဲမှာ သူတို့အသင်းရဲ့ တိုက်ပွဲစိတ်ပြင်းထန်မှု၊ နိုင်လိုစိတ်ကြီးမားမှုနဲ့ စုစည်းညီညွတ်မှုကို ထပ်မံပြသသွားခဲ့တယ်။ လက်ရှိမန်စီးတီးလို အဆင့်အတန်းမျိုးရှိတဲ့အသင်းကို ၁၀ ယောက်တည်းနဲ့ အနိုင်ကစားဖို့ဆိုတာ ဘယ်အသင်းမှမမက်နိုင်တဲ့ အိပ်မက်ပါ။ ဘီယယ်လ်ဆာရဲ့အသင်းက ဒါကိုလုပ်ပြသွားခဲ့တယ်။

ပထမပိုင်းပြီးခါနီး အနီကတ်နဲ့ ခံစစ်လူ ကူးပါးတယောက် အထုတ်ခံရလိုက်ချိန်မှာ ခံစစ်ကို စည်းစနစ်တကျ စုစည်းကစားခဲ့တဲ့ ဒီအသင်းက ချေပဂိုးပေးပြီးချိန်မှာလည်း အသင်းရဲ့စည်းကမ်းကြီးတဲ့ ကစားပုံက ပျက်ယွင်းမသွားခဲ့ဘူး။ ဂိုးပေါက်တည့်မှု ၂ ကြိမ်မှာ ၂ ဂိုးရယူသွားခဲ့တယ်။

ချန်ပီယံလိဂ်ကို ပိုအာရုံစိုက်ခဲ့တဲ့ ဂွါဒီယိုလာရဲ့မဟာအမှား
အားကျစရာကောင်းလွန်းတဲ့ စီးတီးရဲ့လူအင်အားတောင့်တင်းမှုက ဂွါဒီယိုလာရဲ့ဖလားလေးလုံးအိပ်မက်ကို အကောင်အထည်ဖော်နေတာဖြစ်ပြီး ဒီနေ့မှာတော့ လူအလှည့်အပြောင်း ခပ်ကြမ်းကြမ်းလုပ်သွားခဲ့တယ်။ ချန်ပီယံလိဂ်ကို ပိုအာရုံစိုက်ခဲ့တဲ့ ပပ်ရဲ့မဟာအမှားပါ။ ဒီဘရိုင်းနား၊ ရူဘင် ဒီယက်စ်၊ ဂွန်ဒိုးဝမ်၊ မာရက်ဇ်၊ ရိုဒရီတို့လို အသင်းရဲ့အူတိုင်ကစားသမားတွေကို ဖြုတ်ပြီး အရန်ကစားသမားတွေနဲ့ တပ်ဆင်ခဲ့တဲ့ နည်းဗျူဟာကြောင့် ပေးဆပ်မှုကြီးမားလွန်းခဲ့တာဖြစ်တယ်။ ပရီးမီးယားလိဂ်၊ မန်စီးတီးအိမ်ကွင်းမှာ ၄၅ မိနစ်အထက် လူ ၁၀ ယောက်နဲ့ကစားပြီး အနိုင်ရတဲ့ ပထမဆုံးအသင်းက လိဒ်စ်အဖြစ် မှတ်တမ်းဝင်စေခဲ့တယ်။

VAR ဖောက်ပြန်တဲ့ဇာတ်ထဲက လိဒ်စ်ရဲ့ အနိုင် ၃မှတ်
လီယမ် ကူးပါးက ဂျေဆူးစ်ကို ပြစ်ဒဏ်ဘောကျူးလွန်းမှုနဲ့ ပထမပိုင်းပြီးခါနီးမှာ ကွင်းလယ်ဒိုင် အန်ဒရေ မာရီနာက အဝါကတ်ပြသခဲ့တယ်။ ဒါပေမယ့် VAR ကို ပြန်လည်ကြည့်ရှုပြီးချိန်မှာတော့ အဝါကတ်ပြစ်ဒဏ်ကို ပယ်ဖျယ်ပြီး တိုက်ရိုက်အနီကတ်ပြခဲ့တာဖြစ်တယ်။ VAR ခင်းတဲ့ဇာတ်က လိဒ်စ်ကို အတော်လေးနစ်နာစေခဲ့တာဖြစ်တယ်။ နာကျင်စေလိုတဲ့ ရည်ရွယ်ချက်မရှိတဲ့ ကူးပါးရဲ့ဖျက်ထုတ်မှုက အနီကတ်နဲ့ မထိုက်တန်တဲ့ကျူးလွန်မှုလို့ ဝေဖန်မွုတွေ ရှိလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် VAR ဖောက်ပြန်တဲ့ဇာတ်ထဲက လိဒ်စ်ရဲ့ အနိုင် ၃မှတ်ကလည်း VAR ရဲ့ မမျှတမှုတွေကို ဖုံးကွယ်မသွားစေဖို့ လိုတယ်။

ချန်ပီယံဖြစ်ဖို့ သေချာပြီလား မန်စီးတီး?
ဒီပွဲက အံ့အားသင့်စရာကောင်းတဲ့ရှုံးနိမ့်မှုဖြစ်သလို မန်စီးတီးရဲ့ ဒီရာသီ EPL ရှူံးပွဲ ၄ ပွဲထဲက အစ်တီဟတ်မှာ ၃ ကြိမ်မြောက် ရှုံးခြင်းဖြစ်တယ်။ အဆင့် ၂ နေရာက ယူနိုက်တက်ကို ၁၄ မှတ်ဖြတ်ပြီး ဇယားထိပ်က ဆက်ပြေးတယ်။ ယူနိုက်တက်က ၂ ပွဲလျော့ကစားထားတယ်။ မန်စီးတီးက လက်ကျန် ၆ ပွဲ၊ ယူနိုက်တက်က လက်ကျန် ၈ ပွဲကစားရမယ်။ မန်စီးတီး နောက်ထပ် ၄ ပွဲနိုင်တာနဲ့ ပရီးမီးယားလိဂ်ဖလားကို သိမ်းနိုင်ပြီဖြစ်တယ်။ ဒါဟာ မန်စီးတီးအနေနဲ့ နောက်ဆုံး ၄ နှစ်အတွင်း ၃ ကြိမ်မြောက်ရယူနိုင်မယ့် ပရီးမီးယားလိဂ်ဆုဖလားလည်း ဖြစ်လာပါလိမ့်မယ်။

လိဒ်စ်ကစားသမားတွေရဲ့ ဝိညာဉ်က ရယူပေးတဲ့ အောင်ပွဲ
ဒီစကားကို ဘီယယ်လ်တာကိုယ်တိုင်က ထုတ်ပြောခဲ့တာပါ။ ဒီနေ့အောင်ပွဲက လိဒ်စ်ကစားသမားတွေရဲ့ ဝိညာဉ်က ရယူပေးခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ ထက်သန်ပြင်းပြတဲ့ တညီတညွတ်တည်းစိတ်ဓာတ်က အောင်ပွဲနဲ့ ထိုက်တန်တယ်လို့ သူက ဆိုခဲ့သလို မျှမျှတတနဲ့ ဆုံးဖြတ်ရင်တော့ ခြေစွမ်းအရ အနိုင်ရသင့်တဲ့အသင်းက မန်စီးတီးလို့ ဝန်ခံသွားခဲ့တယ်။

၂၀၁၂ ခုနှစ်က သမိုင်းတကျော့ပြန်လည်မလား?
ဆာအဲလက်စ် ဖာဂူဆန်ခေတ်က ယူနိုက်တက်ရဲ့ ၂၀၁၂ ခုနှစ်ဖြစ်ရပ်ပါ။ ပရီးမီးလိဂ်ဖလားကို ရယူဖို့ ဇယားကို ဦးဆောင်ထားခဲ့တယ်။ ယူနိုက်တက်က လက်ကျန် ၆ ပွဲတိတိသာ ကစားရမယ်။ အဆင့် ၂ နေရာက မန်စီးတီးကို ၈ မှတ်ဖြတ်တောက်ထားခဲ့တယ်။ ရာသီသိမ်းမှာတော့ အားလုံးထင်ထားတာနဲ့ ဆန့်ကျင်ပြီး မန်စီးတီး ပရီးမီးယားလိဂ်ဖလားကို ဗိုလ်ဝင်ခံခဲ့တယ်။ အခုလည်း အလားတူဖြစ်ရပ်က စောင့်ကြိုနေတာဖြစ်တယ်။

ယူနိုက်တက်က လက်ကျန် ၂ ပွဲကိုသာ အနိုင်ကစားရင် စီးတီးနဲ့ ၈ မှတ်အကွာကို ရောက်လာမယ်။ နှစ်သင်းစလုံးက လက်ကျန်ထပ်ကစားဖို့ ၆ ပွဲသာကျန်ရှိတော့ချိန်မှာ ယူနိုက်တက်က လွန်ခဲ့တဲ့ ၉ နှစ်ကို တကျော့ပြန်လက်စားချေမလားဆိုတာ စိတ်ဝင်စားမှုအရှိန် အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂိုးျဖဳန္းလြန္းတဲ့ မန္စီးတီး အျပစ္ဒဏ္ခံရ
မန္စီးတီးက ေနာက္ကလိုက္ကစားရတဲ့ အေျခအေနကို မရင္းႏွီးလြန္းတာကို ေတြ႕ရတယ္။ ဦးေဆာင္ဂိုးေပးခဲ့ရလို႔ ေခ်ပဂိုးရလိုေဇာနဲ႔ တိုက္စစ္ကို အဆုံးထိတင္ကစားတယ္။ ဖြင့္ကစားလြန္းအားႀကီးလို႔ လိဒ္စ္ရဲ႕ အျပစ္ဒဏ္ေပးျခင္းကို ခံလိုက္ရတာျဖစ္တယ္။ ၁၀ ေယာက္နဲ႔ လိဒ္စ္ကို ဖိကစားလြန္းေပမယ့္ ဂိုးျဖဳန္းတီးမႈေတြကပဲ အစ္တီဟတ္ရႈံးပြဲကို မေမွ်ာ္လင့္ထားဘဲ ခံစားသြားေစရတဲ့ အခ်က္လည္းျဖစ္တယ္။ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း မန္စီးတီးကို ပထမဆုံးအႏိုင္ရတဲ့ လိဒ္စ္ရဲ႕ေအာင္ပြဲလည္းျဖစ္တယ္။

၁၀ ေယာက္တည္းနဲ႔ ဇြဲႀကီးလြန္းတဲ့ လိဒ္စ္ရဲ႕ ထိုက္တန္တဲ့ ေအာင္ပြဲ
တန္းတက္လာကတည္းက စိတ္လႈပ္ရွားစရာ ကစားပုံကို ျပသခဲ့တဲ့ လိဒ္စ္က ဒီေန႔ပြဲမွာ သူတို႔အသင္းရဲ႕ တိုက္ပြဲစိတ္ျပင္းထန္မႈ၊ ႏိုင္လိုစိတ္ႀကီးမားမႈနဲ႔ စုစည္းညီၫြတ္မႈကို ထပ္မံျပသသြားခဲ့တယ္။ လက္ရွိမန္စီးတီးလို အဆင့္အတန္းမ်ိဳးရွိတဲ့အသင္းကို ၁၀ ေယာက္တည္းနဲ႔ အႏိုင္ကစားဖို႔ဆိုတာ ဘယ္အသင္းမွမမက္ႏိုင္တဲ့ အိပ္မက္ပါ။ ဘီယယ္လ္ဆာရဲ႕အသင္းက ဒါကိုလုပ္ျပသြားခဲ့တယ္။

ပထမပိုင္းၿပီးခါနီး အနီကတ္နဲ႔ ခံစစ္လူ ကူးပါးတေယာက္ အထုတ္ခံရလိုက္ခ်ိန္မွာ ခံစစ္ကို စည္းစနစ္တက် စုစည္းကစားခဲ့တဲ့ ဒီအသင္းက ေခ်ပဂိုးေပးၿပီးခ်ိန္မွာလည္း အသင္းရဲ႕စည္းကမ္းႀကီးတဲ့ ကစားပုံက ပ်က္ယြင္းမသြားခဲ့ဘူး။ ဂိုးေပါက္တည့္မႈ ၂ ႀကိမ္မွာ ၂ ဂိုးရယူသြားခဲ့တယ္။

ခ်န္ပီယံလိဂ္ကို ပိုအာ႐ုံစိုက္ခဲ့တဲ့ ဂြါဒီယိုလာရဲ႕မဟာအမွား
အားက်စရာေကာင္းလြန္းတဲ့ စီးတီးရဲ႕လူအင္အားေတာင့္တင္းမႈက ဂြါဒီယိုလာရဲ႕ဖလားေလးလုံးအိပ္မက္ကို အေကာင္အထည္ေဖာ္ေနတာျဖစ္ၿပီး ဒီေန႔မွာေတာ့ လူအလွည့္အေျပာင္း ခပ္ၾကမ္းၾကမ္းလုပ္သြားခဲ့တယ္။ ခ်န္ပီယံလိဂ္ကို ပိုအာ႐ုံစိုက္ခဲ့တဲ့ ပပ္ရဲ႕မဟာအမွားပါ။ ဒီဘ႐ိုင္းနား၊ ႐ူဘင္ ဒီယက္စ္၊ ဂြန္ဒိုးဝမ္၊ မာရက္ဇ္၊ ႐ိုဒရီတို႔လို အသင္းရဲ႕အူတိုင္ကစားသမားေတြကို ျဖဳတ္ၿပီး အရန္ကစားသမားေတြနဲ႔ တပ္ဆင္ခဲ့တဲ့ နည္းဗ်ဴဟာေၾကာင့္ ေပးဆပ္မႈႀကီးမားလြန္းခဲ့တာျဖစ္တယ္။ ပရီးမီးယားလိဂ္၊ မန္စီးတီးအိမ္ကြင္းမွာ ၄၅ မိနစ္အထက္ လူ ၁၀ ေယာက္နဲ႔ကစားၿပီး အႏိုင္ရတဲ့ ပထမဆုံးအသင္းက လိဒ္စ္အျဖစ္ မွတ္တမ္းဝင္ေစခဲ့တယ္။

VAR ေဖာက္ျပန္တဲ့ဇာတ္ထဲက လိဒ္စ္ရဲ႕ အႏိုင္ ၃မွတ္
လီယမ္ ကူးပါးက ေဂ်ဆူးစ္ကို ျပစ္ဒဏ္ေဘာက်ဴးလြန္းမႈနဲ႔ ပထမပိုင္းၿပီးခါနီးမွာ ကြင္းလယ္ဒိုင္ အန္ဒေရ မာရီနာက အဝါကတ္ျပသခဲ့တယ္။ ဒါေပမယ့္ VAR ကို ျပန္လည္ၾကည့္ရႈၿပီးခ်ိန္မွာေတာ့ အဝါကတ္ျပစ္ဒဏ္ကို ပယ္ဖ်ယ္ၿပီး တိုက္႐ိုက္အနီကတ္ျပခဲ့တာျဖစ္တယ္။ VAR ခင္းတဲ့ဇာတ္က လိဒ္စ္ကို အေတာ္ေလးနစ္နာေစခဲ့တာျဖစ္တယ္။ နာက်င္ေစလိုတဲ့ ရည္႐ြယ္ခ်က္မရွိတဲ့ ကူးပါးရဲ႕ဖ်က္ထုတ္မႈက အနီကတ္နဲ႔ မထိုက္တန္တဲ့က်ဴးလြန္မႈလို႔ ေဝဖန္မြဳေတြ ရွိလာတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ VAR ေဖာက္ျပန္တဲ့ဇာတ္ထဲက လိဒ္စ္ရဲ႕ အႏိုင္ ၃မွတ္ကလည္း VAR ရဲ႕ မမွ်တမႈေတြကို ဖုံးကြယ္မသြားေစဖို႔ လိုတယ္။

ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာၿပီလား မန္စီးတီး?
ဒီပြဲက အံ့အားသင့္စရာေကာင္းတဲ့ရႈံးနိမ့္မႈျဖစ္သလို မန္စီးတီးရဲ႕ ဒီရာသီ EPL ရႉံးပြဲ ၄ ပြဲထဲက အစ္တီဟတ္မွာ ၃ ႀကိမ္ေျမာက္ ရႈံးျခင္းျဖစ္တယ္။ အဆင့္ ၂ ေနရာက ယူႏိုက္တက္ကို ၁၄ မွတ္ျဖတ္ၿပီး ဇယားထိပ္က ဆက္ေျပးတယ္။ ယူႏိုက္တက္က ၂ ပြဲေလ်ာ့ကစားထားတယ္။ မန္စီးတီးက လက္က်န္ ၆ ပြဲ၊ ယူႏိုက္တက္က လက္က်န္ ၈ ပြဲကစားရမယ္။ မန္စီးတီး ေနာက္ထပ္ ၄ ပြဲႏိုင္တာနဲ႔ ပရီးမီးယားလိဂ္ဖလားကို သိမ္းႏိုင္ၿပီျဖစ္တယ္။ ဒါဟာ မန္စီးတီးအေနနဲ႔ ေနာက္ဆုံး ၄ ႏွစ္အတြင္း ၃ ႀကိမ္ေျမာက္ရယူႏိုင္မယ့္ ပရီးမီးယားလိဂ္ဆုဖလားလည္း ျဖစ္လာပါလိမ့္မယ္။

လိဒ္စ္ကစားသမားေတြရဲ႕ ဝိညာဥ္က ရယူေပးတဲ့ ေအာင္ပြဲ
ဒီစကားကို ဘီယယ္လ္တာကိုယ္တိုင္က ထုတ္ေျပာခဲ့တာပါ။ ဒီေန႔ေအာင္ပြဲက လိဒ္စ္ကစားသမားေတြရဲ႕ ဝိညာဥ္က ရယူေပးခဲ့တာျဖစ္တယ္လို႔ သူတို႔ရဲ႕ ထက္သန္ျပင္းျပတဲ့ တညီတၫြတ္တည္းစိတ္ဓာတ္က ေအာင္ပြဲနဲ႔ ထိုက္တန္တယ္လို႔ သူက ဆိုခဲ့သလို မွ်မွ်တတနဲ႔ ဆုံးျဖတ္ရင္ေတာ့ ေျခစြမ္းအရ အႏိုင္ရသင့္တဲ့အသင္းက မန္စီးတီးလို႔ ဝန္ခံသြားခဲ့တယ္။

၂၀၁၂ ခုႏွစ္က သမိုင္းတေက်ာ့ျပန္လည္မလား?
ဆာအဲလက္စ္ ဖာဂူဆန္ေခတ္က ယူႏိုက္တက္ရဲ႕ ၂၀၁၂ ခုႏွစ္ျဖစ္ရပ္ပါ။ ပရီးမီးလိဂ္ဖလားကို ရယူဖို႔ ဇယားကို ဦးေဆာင္ထားခဲ့တယ္။ ယူႏိုက္တက္က လက္က်န္ ၆ ပြဲတိတိသာ ကစားရမယ္။ အဆင့္ ၂ ေနရာက မန္စီးတီးကို ၈ မွတ္ျဖတ္ေတာက္ထားခဲ့တယ္။ ရာသီသိမ္းမွာေတာ့ အားလုံးထင္ထားတာနဲ႔ ဆန႔္က်င္ၿပီး မန္စီးတီး ပရီးမီးယားလိဂ္ဖလားကို ဗိုလ္ဝင္ခံခဲ့တယ္။ အခုလည္း အလားတူျဖစ္ရပ္က ေစာင့္ႀကိဳေနတာျဖစ္တယ္။

ယူႏိုက္တက္က လက္က်န္ ၂ ပြဲကိုသာ အႏိုင္ကစားရင္ စီးတီးနဲ႔ ၈ မွတ္အကြာကို ေရာက္လာမယ္။ ႏွစ္သင္းစလုံးက လက္က်န္ထပ္ကစားဖို႔ ၆ ပြဲသာက်န္ရွိေတာ့ခ်ိန္မွာ ယူႏိုက္တက္က လြန္ခဲ့တဲ့ ၉ ႏွစ္ကို တေက်ာ့ျပန္လက္စားေခ်မလားဆိုတာ စိတ္ဝင္စားမႈအရွိန္ အျမင့္ဆုံးကို ေရာက္ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.